ကပ်ဆိုးကြီး..ဓါးကြီးရဲ့သတ်ဖြတ်မှု
Vol. 50 Ch. 696
ထိုပြစ်ဒါဏ်သုံးခုက အင်မော်တယ်တို့၏နောက်ဆုံးအားထားရာဖြစ်ပြီး အားလုံးက မာန်ကျင့်ကြံသူများကို ဦးတည်တိုက်ခိုက်သည့် တိုက်ခိုက်မှုများဖြစ်သည်။ ထို့ပြင် မာန်ပြည်ထောင်၏ဂုဏ်သရေတိုးပွားလာမှုကို ရပ်တန့်သွားအောင် ပြုလုပ်ခဲ့သည်။
ဒုတိယရတနာက မာန်ကျင့်ကြံသူ အားလုံးကို ရည်မှန်းထားသည်။ ဒုတိယမာန်နတ်ဘုရားသခင်ဧ။် ဦးခေါင်းကိုဖျက်ဆီးခြင်းနှင့်အတူ သူတို့၏သွေးမျိုးဆက်ကိုပါ တိုက်ခိုက်ခံရသည်။ မာန်သွေးမျိုးဆက်မရှိသူများက မထိခိုက်သော်လည်း ထိုသွေးမျိုးဆက်ရှိသူများအတွက်မူ ဘေးဥပဒ်ဖြစ်လိမ့်မည်။
ထိုအခိုက်အတန့်တွင် မာန်ကျင့်ကြံသူများ သွေးချောင်းဆိုးလိုက်ရသည်။ သူတို့၏သွေးမျိုးဆက်ကို တံဆိပ်ခတ်ခံရသကဲ့သို့ သူတို့၏ခန္ဓာကိုယ်များသည် လျင်မြန်စွာ ညှိုးနွမ်းလာသည်။ သူတို့အားလုံးက စွမ်းအားလှိုင်းများနှင့်အတူ နောက်သို့လွင့်စင်သွားသည်။
ရွှယ်ရှဖြစ်ဖြစ် ချီလေ့ထျန်းဖြစ်ဖြစ်.. မည်သူမဆို သွေးချောင်းဆိုးပြီး ဒဏ်ရာကြီးကြီးမားမားရခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် ပြာအတိဖြစ်သွားသော မာန်ကျင့်ကြံသူတစ်သောင်းနီးပါးပင် ရှိသေးသည်။
ကျန်ရှိသောမာန်ကျင့်ကြံသူများက ပြင်းထန်စွာ ဒဏ်ရာများရပြီး နောက်သို့
တရွတ်တိုက် လွင့်စင်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ စစ်မြေပြင်မှာ မာန်ကျင့်ကြံသူတစ်ယောက်မှ မကျန်ခဲ့တော့ပေ။
သူတို့၏သွေးမျိုးဆက်များ တိုက်ခိုက်ခံရပြီးနောက် လူဘယ်နှစ်ယောက်ရှင်လဲ သေလဲဆိုတာ မသိနိုင်တော့ပေ။ သူတို့အားလုံးပျောက်ဆုံးသွားပြီး စုမင်နှင့် သူ့အစ်ကိုကြီးရုပ်တု အခြားရုပ်တုများသာ ကျန်ရှိခဲ့သည်။ ကျန်သူများမှာ အင်မော်တယ်များဖြစ်သည်။
ထိုအချိန်တွင် မာန်ကျင့်ကြံသူများ ချောင်းဆိုးလိုက်သော သွေးများက လေထဲ၌ စုစည်းသွားလေသည်။ ထို့နောက် အင်မော်တယ်များကို ဖုံးအုပ်ရန် မြေပြင်ပေါ်သို့လျင်မြန်စွာ ရောက်ရှိလာသော အနီရောင်မှော်အစီအရင်အဖြစ် ပြောင်းလဲသွားသည်။
“နား ထောင်ကြ... အင်မော်တယ်တွေ.. မင်းတို့အားလုံးက မာန်ပြည်ထောင်မှာရှိတဲ့ မင်းတို့ရဲ့ဂိုဏ်းတွေဆီ ပို့ခံရလိမ့်မယ်..မှော်အစီအရင်နဲ့ မင်းတို့နေရာရောက်အောင်သွားပြီး ကုသနေကြ... နောက်တစ်ကြိမ် ငါတို့ဆင်းသက်လာရင် မာန်ပြည်ထောင်ကို အတူဖျက်စီးကြမယ်...”
ကောင်းကင်ယံ၌ တစ်ခုတည်းသော ကျန်ရှိနေသော မှော်အစီအရင်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အနီရောင်မှော်အစီအရင်က တုန်လှုပ်လာပြီး အင်မော်တယ်များ ပျောက်ကွယ်သွားလေသည်။
အင်မော်တယ်အားလုံး ပျောက်ကွယ်သွားသောအခါတွင် အလောင်းများ၊ သွေးစိမ်းများ နှင့်တစ်ဦးတည်းသောရှင်သန်သူ စုမင်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ရူးသွပ်မှုများ မရှိတော့ဘဲ တည်ငြိမ်သွားခဲ့သည်။ အင်မော်တယ်၏နည်းပရိယာယ်များကြောင့် သူ့ရန်သူများ မည်မျှ အစွမ်းထက်ကြောင်း သိလာရပြန်သည်။
၎င်းတို့က အင်မော်တယ်များဖြစ်ကြပြီး၊ အလွန်တည်တံ့ခဲ့သောမျိုးနွယ်စုဖြစ်ပြီး မရေမတွက်နိုင်သောနှစ်များကြာအောင် စိုးစံခဲ့ကြသည်။
သို့သော် မာန်ပြည်ထောင်ရှိဥပဒေသများ
လုံး၀မချိုးနှိမ်နိုင်သော အဖိုးမဖြတ်နိုင်သော ရတနာများ ပေးပို့ခြင်းသည် ကြီးမားသောအဖိုးအခကိုပေးဆပ်ရကြောင်း စုမင် ကောင်းကောင်းနားလည်သည်။
ထိုအဖိုးအခက မည်သည့်အရာနှင့်ပေးဆပ်ရကြောင်း စုမင် မသိနိုင်ခဲ့ပေ။ သို့သော် အင်မော်တယ်များလည်း အထိနာခဲ့ရသည်။
ဤတိုက်ပွဲက အောင်နိုင်သူမရှိခဲ့ပေ။ အင်မော်တယ်များအနိုင်မရရှိခဲ့သလို မာန်
ကျင့်ကြံသူများလည်း အောင်မြင်မှုမရရှိခဲ့ပေ။ အတိတ်က ထို့သို့သွေးမျိုးဆက်တိုက်ခိုက်မှုမျိုးလုပ်ခံရလျှင် လူအများစုသေဆုံးရလိမ့်မည်။ ယခုမူ ဒါဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြသည်။ သူတို့၏သွေးများလောင်ကျွမ်းသွားခဲ့သော်လည်း သူတို့၏ကျင့်ကြံစွမ်းအားများ အဆမတန်တိုးပွားလာခဲ့သည်။
ထို့အတွက်ကြောင့် ထိုးနှက်မှု၏ သက်ရောက်မှုသည် ကြီးမားသော်လည်း အသက်ရှင်ကျန်ရစ်သူ အများအပြားရှိခဲ့သည်။ ထိုတိုက်ခိုက်မှုမှ လွတ်မြောက်သွားခြင်းကြောင့် သူတို့၏ကျင့်ကြံစွမ်းအားများ နောက်ထပ်ပေါက်ကွဲထွက်လာနိုင်သည်။
ထိုဖြစ်ရပ်က မာန်ကျင့်ကြံသူများအတွက် ဆိုးရွားသည့်အရာမဟုတ်ပေ။
အင်မော်တယ်များအတွက် ထိုတိုက်ပွဲမှာ ကျဆုံးသူများပြားလှလေသသည်။သူတို့ ထွက်မသွားနိုင်ခဲ့ပေ။ မာန်ပြည်ထောင်ရှိ ၎င်းတို့၏ဂိုဏ်းခွဲများဆီသို့ ပြန်ပို့ခံရခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း ၎င်းတို့က ယခင်ကကဲ့သို့ မာနကြီးပြီး ဘဝင်မြင့်ထောင်လွှားနိုင်ခြင်း မရှိတော့ပေ။
အင်မော်တယ်များကို ၎င်းတို့၏ ဂိုဏ်းခွဲများသို့ ပြန်လာရန် ပြောနေသည့်မှော်အစီအရင်မှ အသံသည် တစ်ခုခုကို ထင်ရှားစေသည်။
ထိုအချိန်တွင် အင်မော်တယ်ပြည်မှ နောက်ထပ်လူထပ်မပို့နိုင်သောကြောင့် မာန်ပြည်ထောင်ရှိ အင်မော်တယ်များကို အသုံးချခဲ့သည်။ သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် မာန်ပြည်ထောင်ရှိ အင်မော်တယ်များကို အတင်းအကျပ်ခိုင်းစေခိုင်းခဲ့သည်။
နောက်ဆုံးတွင် သွေးမျိုးဆက်ကိုတိုက်ခိုက်ခြင်းသည်လည်း မာန်ပြည်ထောင်ရှိလူများအတွက်သာဖြစ်သည်။ အရှေ့မြေရိုင်းနယ်မြေနှင့် တောင်ပိုင်းအရုဏ်ဦးနယ်မြေများမှ ထွက်လာသော မာန်ကျင့်ကြံသူအများအပြားမှာ ပျက်စီးမှုတစ်စုံတစ်ရာမရှိခဲ့ပေ။
၎င်းက အရှေ့မြေရိုင်းမျှော်စင်၏ပိုင်ဆိုင်မှုကိုဆုံးဖြတ်ရန်အတွက် အင်မော်တယ်နှင့်နတ်ဆိုးများအကြားစစ်ပွဲတစ်ခုဖြစ်ပွားခဲ့သည်။ ယခုမူ အင်မော်တယ်များနှင့် မာန်ကျင့်ကြံသူများ အကြားတိုက်ပွဲတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ ဤတိုက်ပွဲတွင် မည်သူမျှ အနိုင်မရခဲ့ဘဲ နောက်ဆုံးရလဒ်မှာ နှစ်ဖက်စလုံး ဆုံးရှုံးမှုကြီးစွာ ခံစားခဲ့ရသည်။
ကောင်းစွာမပြီးဆုံးနိုင်သော တစ်ခုတည်းသောအရာမှာ စုမင်၏ ပုန်းခိုနေသောအင်မော်တယ်များကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ပင် ဖြစ်သည်။
လောကကြီးကို ဖျက်ဆီးနိုင်သော တတိယမြောက်တည်ရှိမှုက ကောင်းကင်ရှိ မှော်အစီအရင်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ဤတည်ရှိမှု၏ စွမ်းအားက အလွန်ကြီးမားသောကြောင့် ကောင်းကင်၌ တစ်ခုတည်းသောမှော်အစီအရင်ပင် ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
မှော်အစီအရင်က တုန်တုန်ယင်ယင်ဖြင့် ပြိုကျနေသော လက္ခဏာများ စတင်ပြသသော်လည်း လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ စုမင် ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက မူလက ထွက်ခွာရန် ရည်ရွယ်ထားသော်လည်း ယခုတွင် ဆက်နေရန် ရွေးချယ်ခဲ့သည်။
ထိုစစ်ပွဲက ပြီးသွားသော်လည်း သူ့မှာ လုပ်စရာတွေ ရှိနေဆဲပင်ဖြစ်သည်။
စုမင်က ရုတ်တရက်ပျံသန်းကာ ငြိမ်သက်နေသော မဟာယွီ ဧကရာဇ်မြို့တော်ဆီသို့ ညွှန်ပြလိုက်သည်။
“မဟာယွီဧကရာဇ် မြို့တော်..အင်မော်တယ်တွေအသုံးပြုတဲ့မှော်အစီအရင်ကို ချေမှုန်းပစ်လိုက်... ဒါဆိုရင် နောက်တစ်ခါ သူတို့ဆင်းသက်ဖို့ ခက်ခဲသွားလိမ့်မယ်...”
ထိုအရာက စုမင်လုပ်ချင်သောအရာဖြစ်သည်။ သူ ရှေ့ကို ချိန်ရွယ်ပြီးနောက် မဟာယွီ ဧကရာဇ် မြို့တော်က ဖြည်းညှင်းစွာ တုန်လှုပ်သွားခဲ့သည်။ ထို့နောက် ကောင်းကင်သို့ ပျံတက်သွားသည်။
ခုနက စုမင်မှာ အင်မော်တယ်၏မှော်အစီအရင်ကို ဖျက်ဆီးလိုက်လျှင် နောက်ထပ်
အင်မော်တယ်များဆင်းသက်လာမည်ကို သိသောကြောင့် မလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ဝိညာဉ်က နဂါးငွေ့တန်းရှိ အဆုံးမဲ့တိုက်ကြီးများကြားတွင် မှော်အစီအရင်အများအပြားကို တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။
သို့သော် မာန်ပြည်ထောင်၏ကောင်းကင်တွင် မှော်အစီအရင်တစ်ခုတည်းသာရှိသောကြောင့် အင်မော်တယ်များက အဖိုးမဖြတ်နိုင်သောရတနာသုံးမျိုးကိုပေးပို့ခဲ့သည်။ နောက်ဆုံးတွင် အင်မော်တယ်များက မာန်ပြည်ထောင်ရှိဂိုဏ်းခွဲများဆီသို့ အသီးသီးပြန်သွားကြလေသည်။
ထို့ကြောင့် သူက ထိုနောက်ဆုံးအစီအရင်ကို ဖျက်ဆီးခဲ့မည်ဆိုလျှင် အင်မော်တယ်များက လက်တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့က မှော်အစီအရင် များကို ပိုမိုအသက်သွင်းရန် ဖြစ်နိုင်ချေရှိသည်။ စုမင် အမိန့်ပေးလိုက်သောကြောင့် မဟာယွီအင်ပါယာနန်းတော်ကြီးက ပို၍ လျင်မြန်စွာ ခရီးဆက်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် မှော်အစီအရင်ရှိ အဖျက်အစီးစွမ်းအားရှိသော တည်ရှိမှုသည် ပိုမိုအားကောင်းလာသည်။ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသံကြီးနှင့်အတူ အပြာရောင်အလင်းတန်းများ လျင်မြန်စွာ ထွက်ပေါ်လာသည်။
ထိုအရာက အပြာရောင်ဓားတစ်လက်ဖြစ်ခဲ့သည်။
ဓား၏အဓိကရည်ရွယ်ချက်မှာ သတ်ဖြတ်ရန်ဖြစ်ပြီး အပြာရောင်အလင်းတန်းမှာ ချိပ်တံဆိပ်ခတ်ရန် အဓိကအသုံးပြုသည်။ ထိုအရာက...အယသက်ရှိအားလုံးကို ဖျက်ဆီးပစ်သော ဓားပင်ဖြစ်သည်။ ထိုနေရာမှ ပြန့်ကျဲနေသော အရှိန်အဝါက စုမင်၏ကြက်သီးတဖြန်းဖြန်းထစေပြီး သူ့နှလုံးသား တုန်လှုပ်သွားသည်။ ဤသည်မှာ တတိယအဆင့်ထက် စွမ်းအားနိမ့်သူများအားလုံးကို ဖျက်ဆီးနိုင်သည့် သတ်ဓားဖြစ်သည်။
“အင်မော်တယ်တွေရဲ့မှော်အစီအရင်ကို ချိပ်ပိတ်လိုက်... တကယ်လို့ ငါ မသေခဲ့ရင် ဒီနေရာက အင်မော်တယ်ဂိုဏ်းတွေကို ဖျက်ဆီးပစ်မယ်...”
စုမင်က ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူ့ဆီသို့ အပြာရောင်ဓား နီးကပ်လာချိန်တွင် သူက မြို့တော်ကြီးကို
ထိန်းချုပ်ကာ ကောင်းကင်ယံရှိမှော်အစီအရင် ကို တိုက်ခိုက်လိုက်သည်။
မှော်အစီအရင်က ပျက်စီးသွားခဲ့သည်။ ထို့နောက် စုမင်က အဝေးရှိအင်မော်တယ်ပြည်မှ အဆုံးမဲ့ ညည်းတွားသံများကို ကြားလိုက်ရသည်။
ကောင်းကင်ကြီးက တဂျိန်းဂျိန်း တုန်လှုပ်သွားလေသည်...
ထို့နောက် အပြာရောင်ဓားရှည်က စုမင်ထံသို့ တဖြည်းဖြည်း နီးကပ်လာလေသည်။