အခန်း (၃၁၆)
Vol. 22 Ch. 316
ဆိုနီက ငိုယိုနေပြီး ဖုန်းယွီက စိတ်ပျော်ရွှင် ကျေနပ်နေသည်။
အချိန်ကာလ တစ်ခု ဖြတ်သန်းပြီး မကြာမီတွင် ဖုန်းယွီသည် သူ့ခရီးဆောင်အိတ်ကို ထုတ်ပိုးပြီး ဘေကျင်းကို သွားရန် ပြင်တော့သည်။ တက္ကသိုလ် စဖွင့်တောမည် ဖြစ်၏။
အားလပ်ရက်အတွင်း ဒေသအတွင်း မီးရှူးမီးပန်း ကြိမ်ဖန်များစွာ ဖောက်ခဲ့သည်။ ယင်းက တက္ကသိုလ်တက်ခွင့်ရသည့် သားသမီးများအတွက် မိဘများက ဂုဏ်ပြုချင်းပင် ဖြစ်သည်။ မိဘများက သူတို့သားသမီးများက တက္ကသိုလ်ကို တက်ခွင့်ရကြောင်း ဒေသ တစ်ခုလုံးကို သိစေချင်ကာ သူတို့သည် တက္ကသိုလ်တက်ပြီးနောက် အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည် ဖြစ်၏။
ခရိုင်မှူး ဖြစ်သူ ဝမ်သဲကွမ်း၏ သားသည်လည်း သူနှင့် ဆန့်ကျင်ခြင်း မရှိပေ။ သူ့သားသည် ဘေကျင်းနည်းပညာ တက္ကသိုလ်ကို တက်ရောက်ခွင့် ရရှိကာ ဝင်ခွင့် ဖြေရန်လည်း မလိုအပ်ခဲ့ပေ။ သူက ထိပ်တန်းကျောင်းသားများ ဖုန်းယွီနှင့် လျိုခွင်ကဲ့သို့ဖြစ်သည်။ လျိုခွင်သည် နာမည်ကြီး တက္ကသိုလ် တစ်ခုကို တက်ခွင့် ရခဲ့၏။
လျိုခွင်သည် ထိပ်တန်းကျောင်းသား တစ်ယောက် ဖြစ်ကာ သူ့အနေဖြင့် တက္ကသိုလ် ဝင်ခွင့်ရရန်အတွက် အကူအညီများလည်း မလိုအပ်ခဲ့ပေ။ သူ့အမှတ်အရ သူသည် ဟွာချင်းတက္ကသိုလ်တွင် နေရာ တစ်ခု ရခဲ့သည်။ ဒုတိယ အမှတ်အများဆုံး တက္ကသိုလ်သည် သူ့ထက် သုံးမှတ်သာ နည်းသည်။ ပြီးနောက် သူသည်လည်း တက္ကသိုလ် တစ်ခုထဲသို့ ဝင်ခွင့် ရခဲ့ကာ သူနှင့်လည်း အတန်းဖော် ဖြစ်၏။
အမှတ်သုံး အထက်တန်းကျောင်း ကျောင်းအုပ်သည် ပျော်ရွှင်နေ၏။ ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်ရခဲ့သည့် ကျောင်းသားများ များပြားလာကာ ဆိုဗီယက်ပြည်ထောင်စု နွေရာသီ စခန်းသည် အမြဲရှိတော့မည် ဖြစ်သည်။ အနာဂတ်တွင် တက္ကသိုလ်သို့ ဝင်ခွင့်ရသည့် ကျောင်းသားများ များလာမည် ဖြစ်သည်။
ယင်းအတွက်ကြောင့် ဖုန်းယွီနှင့် သူ့သူငယ်ချင်းများသည် ဂုဏ်ထူးဆောင် ကျောင်းသားများအဖြစ် ဆုပေးခံရသည်။
အားလပ်ချိန်တွင် ဖုန်းယွီသည် အလုပ်ရှုပ်နေသည်။ ဝမ်တုန့်ကျွင်း၊ လီနနှင့် အခြားသူများက သူတို့ အားလပ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။ သူတို့က မွေးရပ်မြေကို အလည်သွားပြီး ဆွေမျိုးများဆီ သွားလည်ကြသည်။ သူတို့မိဘများသည်လည်း သူတို့အတွက် ဂုဏ်ယူကြကာ သူတို့ဆွေမျိုးအားလုံးနှင့် သူငယ်ချင်းများကို သူတို့ ကလေးများသည် စွမ်းဆောင်ရည် ရှိကြောင်း ပြသချင်ပေ၏။
သူတို့ ကလေးများ၏ လုပ်နိုင်စွမ်းကို ကြွားလုံးထုတ်ချင်းက တခြားသူများကိုလည်း အားကျစေ၏။
ယင်းက ဒေသအတွက် လေးနက်သည့်ကာလ တစ်ခု ဖြစ်ပေသည်။ ဒေသက ဘင်းမြို့တော်သို့ ကျောင်းသားနှင့် မိသားစုများ လာရန်အတွက် ဘက်စ်ကားများကိုတောင် စီစဉ်ပေးသည်။ အချို့ကျောင်းသားများက ဘင်းမြို့တော်တွင် ရှိသည့် တက္ကသိုလ်များသို့ ဝင်ခွင့်ရကြသည်။ အခြားသော ကျောင်းသားများက တခြားတက္ကသိုလ်သို့ ဝင်ခွင့် ရကြပြီး သူတို့ သက်ဆိုင်ရာ မြို့သို့ သွားရန်အတွက် ဘင်းမြို့တော်တွင် ရထားစီးရမည် ဖြစ်သည်။
ထိုခေတ်အခါက အနာဂတ်နှစ်များထက်ပိုပြီး လွတ်လပ်ခွင့် ရကြသည်။ မိဘများက ဘင်းမြို့တော်ကို သူတို့ သားသမီးများ ပို့ရန် လိုက်ကြသည်။ သူတို့က တက္ကသိုလ် ပညာရေးသည် အရေးကြီးသည်ဟု မြင်ကြပြီး နောက်နှစ်များအထိ နှိုင်းယှဉ်ကြလေ့ ရှိသည်။ တစ်ချိန်တည်းတွင် သူတို့က မြို့တော်တွင် လည်ပတ်ရန်အတွက် အခွင့်အရေးများကိုလည်း ရယူကြပေသည်။ အကြောင်းမှာ ဒေသတွင်း နေထိုင်သည့် ပြည်သူများသည် ယခုအခါ ပိုပြီး ချမ်းသာလာသည့်အတွက် ဖြစ်သည်။
ဝမ်တုန့်ကျွင်း၏ အမေ၊ လီန၏ အဖေနှင့် လျိုခွင်၏ မိဘများသည်လည်း ဤနေရာသို့ ရောက်နေကြသည်။ ဘင်းမြို့တော်ကို တစ်ယောက်တည်း လာသည့်သူမှာ ဖုန်းယွီသာ ဖြစ်သည်။
ဖုန်းရှင်းထိုက်က ဘေကျင်းတွင် ဘာမှ ထွေထွေထူးထူး စိတ်ဝင်စားဖွယ်ပြီးနောက် အလွန်ရှုပ်သည်ဟု ပြောခဲ့သည်။ သူ့တွင် အချိန်ရှိပါက လူရှင်းသည့် နေရာများကို သွားရောက် လည်ပတ်မည်ပင်။ သူသည် မနှစ်က ဘေကျင်းကို အာရှအားကစားပြိုင်ပွဲကို သွားရောက်ကြည့်ရှု လည်ပတ်ခဲ့သည်။ ပြီးနောက် သူသည် ခရီးသွားနေရာများကိုလည်း လည်ပတ်ပြီး ဖြစ်သည်။ သူ့အနေဖြင့် ယခုတစ်ခေါက်တွင် သူ့သားနှင့် မလိုက်သွားတော့ပေ။ သူ့အနေဖြင့် စက်ရုံ ချဲ့ထွင်ရေးတွင်လည်း ကြပ်မတ်ရန် လိုအပ်ပေသည်။
သူ့သားသည်လည်း ပထမဆုံးအကြိမ် ဘေကျင်းကို ရောက်ဖူးခြင်း မဟုတ်ပေ။ ဖုန်းယွီသည် အရွယ်ရောက်လာပြီ ဖြစ်သည့်အတွက် သူ့ကိုယ်တိုင် သွားလည်နိုင်သည်။ သူ့နှင့် ခရီးအတူသွားရန်အတွက် သူငယ်ချင်းများစွွာလည်း ရှိပေသည်။
ဖုန်းယွီသည် ရှန်းယန်မြို့တော် မြို့ပြင်ဖက်တွင် ထျန်ဖုန်းဝက်ခြံနှင့် ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံအတွက် မြေဝယ်ခဲ့သည်။ စက်ရုံ၏ ဆောက်လုပ်ရေးသည် မြန်ဆန်ပေသည်။ သို့သော် ဖုန်းရှင်းထိုက်က စက်ယန္တရားများ တပ်ဆင်ခြင်းကို ကိုယ်တိုင်ကိုယ်ကြ မြင်တွေ့လို၏။
သူ့အဖေကို ထိုစက်ပစ္စည်းများအကြောင်း သိမသိ မေးလိုသည်။
မည်သို့ပင် ဖြစ်စေ သူ့အဖေနှစ်သက်ကတည်းက သူ့စိတ်တိုင်းကျ လုပ်မည် ဖြစ်သည်။ သူ့အဖေသည်လည်း သူ့အမေကို အားလပ်ရက်အတွင်း ရှန်ယန်းသို့ ခေါ်ကာ လည်ပတ်နိုင်ပေသည်။ ရှန်းယန်သည်လည်း အားလပ်ရက်အတွက် နေရာကောင်း တစ်ခု ဖြစ်သည်။ လည်ပတ်ရန် နေရာ အချို့ရှိပြီး ခရီးသွားချိန်တွင် သူ့တို့ အချစ်များ တဖန် နုပျိုနိုင်ပေ၏။
“တုန့်ကျွင်း ဒါက မင်းနဲ့ မင်းအမေအတွက်။ လျိုခွင် ဒီလက်မှက်က မင်းနဲ့ မင်းမိဘတွေအတွက်....."
ဘင်းမြို့တော်တွင် တစ်ယောက်ယောက်က လက်မှတ်အထပ်လိုက်ဖြင့် လိုက်ဝေနေ၏။ ထိုသူသည် ဘူတာရုံ၏ မန်နေဂျာ ဖြစ်သည်။
“ရှောင်ယွီ မင်းမိသားစုက တကယ်ကို စွမ်းဆောင်နိုင်စွမ်း ရှိတာပဲ။ မင်းက ဘူတာရုံ မန်နေဂျာကိုတောင် သိတယ်။ ဒီလက်မှတ်တွေက အိပ်စင်ပါတယ်။”
လျိုခွင်ရဲ့ အဖေက ပြောလိုက်သည်။
“ဘူတာရုံမန်နေဂျာက ကျွန်တော် ယောက်ဖရဲ့ သူငယ်ချင်းလေ။ ကျွန်တော်တို့တွေက ဘေကျင်းကို မနက်ဖြန် မနက်ခင်းမှာ ရောက်မှာ။ ပြန်ဖို့ လက်မှတ်တွေကလည်း အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော်တို့တွေ ဘေကျင်းကို ရောက်တာနဲ့ ဘူတာရုံက အပြန်လက်မှတ်ကို ထုတ်ပေးလိမ့်မယ်။”
ဘူတာရုံ မန်နေဂျာသည် သူ့ယောက်ဖ၏ သူငယ်ချင်း မဟုတ်ပေ။ ထိုက်ဟွကုန်သွယ်ရေးသည် ဘူတာရုံနှင့် မြောက်များစွာသော စီးပွားရေးများ လုပ်ခဲ့သည့်အတွက် ဖြစ်သည်။ ပြီးနောက် ဖုန်းယွီသည်လည်း ထိုလက်မှတ်များကို ရောက်ခဲ့သည်။
မိသားစုနှင့် အတူလာသည့် ကျောင်းသား ဒါဇင်ကျော်ရှိသည်။ သူတို့အားလုံးသည် စင်္ကြန်ကို ဖြတ်ပြီးသည်နှင့် သူတို့သည် ရထားလက်မှတ်ကို ရရှိကြသည်။
လူတိုင်းက သူတို့ တန်းစီရန် မလိုသည့်အတွက် အံ့အားသင့်နေကြသည်။ ယင်းက ကောင်းမွန်ပေသည်။ ဖုန်းယွီမိသားစုသည် အဆက်အသွယ် အလွန်ကောင်းပေ၏။
ထိုအုပ်စုထဲတွင် မပျော်ရွှင်သည့်သူ တစ်ယောက်ရှိသည်။ သူ့အနေဖြင့် ဖုန်းယွီက သူ့သမီးကို အခြားသူများထက် ပိုဂရုစိုက် ဆက်ဆံနေသည်ဟု တွေးမိသည်။ သူက သူ့သမီး၏ ခရီးဆောင် အိတ်များကိုပင် သယ်ပေးသည်။
ဒီကလေးက ငါ့သမီးကို ကြိုက်နေတာလား။ လူကြီးလီက သူ့စိတ်ထဲတွင် တွေးနေသည်။
အကယ်၍ သူ့သမီးသာ တက္ကသိုလ် ဝင်ခွင့် မရခဲ့ပါက သူသည် ရည်းစားထားရမည့် အရွယ် ရောက်နေပြီ ဖြစ်သည်။ သို့သော် ယခုတွင် သူ့သမီးက တက္ကသိုလ်တွင် စာလေ့လာရမည် ဖြစ်သည်။ အနာဂတ်တွင် သူ့သမီးသည် မိသားစုကို ထောက်ပံရန် လိုအပ်လာမည် ဖြစ်သည်။ အကယ်၍ သူ့သမီးသာ ရည်းစားထားပါက သူ့ပညာရေးကို နှောက်ယှက်ရာ ရောက်မည်လော။
ဒီဖုန်းမိသားစုက ချမ်းသာတယ် ဒါပေမဲ့ ဒီကလေးက ငါ့သမီးနဲ့ မလိုက်ဖက်ဘူး။ လယ်တောဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်သားက ငါ့သမီးနဲ့ ပိုပြီး လိုက်ဖက်တယ်။ သမီးကို နောက်မှ သတိပေးရဦးမယ်။
အကယ်၍ ဖုန်းယွီသာ လီနအဖေ တွေးနေသည်ကို သိပါက ဖုန်းယွီ သွေးဆောင့်တိုးလိမ့်မည်ပင်။ ဘီလျံနာ တစ်ဦးက လယ်တောဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့ သားနဲ့တောင် နှိုင်းယှဉ်လို့ မရဘူးလား။ လယ်တောဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်း ငါနဲ့ ယှဉ်နိုင်လို့လား။ ငါ့စက်ရုံမှာ အလုပ်သမားပေါင်း ထောင်ချီရှိတာ ပြီးတော့ စက်ရုံအသစ်တွေလည်း ဆောက်နေတုန်းပဲ သောင်းချီတဲ့ အလုပ်သမားတွေက ငါ့အတွက် အလုပ်လုပ်ပေးနေတာ။ ဘာတွေတွေးနေတာလဲ။
ဖုန်းယွီ၏ စီစဉ်မှုက အလွန်ပင် အစီစဉ်ကျနပေ၏။ လူတိုင်းသည် ရထားတွဲ တစ်တွဲထဲတွင် ရှိကာ ခရီးဆောင် ပစ္စည်းများ တင်ပြီးနောက် ဖုန်းယွီသည် အောက်အိပ်စင်တွင် အနားယူရန် ထိုင်လိုက်သည်။
ချီး ဘေကျင်းမှာ တက္ကသိုလ်သွားတက်မှာပဲကို ဘာလို့ ဒီလောက် ပစ္စည်းတွေ အများကြီး ထုတ်မှာလဲ။ ခရီးဆောင်အိပ် အကုန်လုံးက အလေးကြီးတွေ။ ဘေစဉ်တောင် ယူလာတဲ့ ကျောင်းသားတွေတောင် ရှိတာလား။
ထိုခေတ်အခါက လူတိုင်းက ပိုက်ဆံ ချွေတာလိုကြသည်။
တခဏကြာပြီးနောက် အခြားသော ခရီးသည်များလည်း ရထားပေါ်ကို စတင် တက်ကြသည်။ ပြတင်းပေါက်မှ တဆင့် ဖုန်းယွီသည် ရထားထဲသို့ ပြေးလာသည့် လူအုပ်အချို့ကို တွေ့ပေသည်။ သူတို့ထဲမှ အများစုသည် ကျောင်းပြန်သွားမည့် ကျောင်းသားများပင် ဖြစ်သည်။
ဖုန်းယွီတို့အဖွဲ့က လူအုပ်ကို မြင်သည့်အခါ သူတို့သည် ပျော်ရွှင်ကြပေ၏။ ရထားမှာ စောစော ထွက်ခွာနိုင်မည့်အတွက် ဖြစ်သည်။
ဖုန်းယွီသည် တုန့်ကျွင်းကို ကြည့်လိုက်သည်။ ဝမ်တုန့်ကျွင်းက ပျော်ရွှင်သည့်ပုံ မပေါ်ပေ။
“ဘာမှားလို့လဲ။ မင်းဘေကျင်းမှာ စာသင်ရမှာ မပျော်ဘူးလား။”
ဝမ်တုန့်ကျွင်းက မှုန်သိုးသိုးမျက်နှာထားဖြင့်
“မင်းဘာတွေ ပြောနေတာလဲ။ အဲ့မှာ လူအရမ်းထူတယ်ကွ။”
ဟ။ လူထူထပ်က မင်းကို ဘာလုပ်နေလို့လဲ။ မင်းက ကျန်းဟန်ကိုစိတ်ပူနေတာလား။ ဘာမှ မဖြစ်ဘူး။ ကျန်းဟန်က ဘေကျင်းကို လေယာဉ်နဲ့ လာလိမ့်မယ်။
“ငါတို့တွေ ညစာ မစားရသေးဘူးမလား။ ဒီလောက်များတဲ့ လူအုပ်နဲ့ဆိုရင်သူတို့တွေက ငါတို့ကို ညစာ လာပို့ပါ့မလား။”
ဝမ်တုန့်ကျွင်းက ပြောလိုက်သည်။
ဖုန်းယွီက သူ့ကို စိုက်ကြည့်လိုက်ပြီး ချီး မင်း မှုန်သိုးသိုး ဖြစ်နေတာက ဒီဟာကြောင့်လား။
ချီးပဲ မင်းစိတ်ထဲမှာ အစားပဲ။ မင်း နေ့လည် ၃နာရီကမှ စားထားတာ အခု အစားအကြောင်း စဉ်းစားသေးတာလား။
ဖုန်းယွီက တကယ်ပင် ဝမ်တုန့်ကျွင်းအမေကို အော်ပြောလိုက်ချင်သည်။
“အန်တီ ဝမ်တုန့်ကျွင်းကို သေချာ ကြည့်ဦး။ သူက အိပ်စောင်တွေကို စားဖို့ လုပ်နေပြီ။”
“ငါ ဝက်အူချောင်း အချို့နဲ့ ပေါင်မုန့်ပါလာတယ်။ မင်း ဗိုက်ဆာမှာ မပူနဲ့။ ထပ်ပြောရမယ်ဆိုရင် အစားအသောက် အတွဲက ငါတို့ရဲ့ နောက်မှာပဲ။ သူတို့တွေ သေချာပေါက် ညစာ လာပို့လိမ့်မယ်။ လာငါဖဲပါလာတယ်။ ဘယ်သူတွေ ကစားချင်လည်း ရှာရအောင်။”
ဝမ်တုန့်ကျွင်းက ဖဲကစားမည်ဟု ကြားသောအခါ သူ့မျက်နှာက ပြောင်းသွားသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“လာ လျိုခွင်နဲ့ ကစားရအောင်။ ငါတို့တွေက ပြည်နယ် အစိုးရဆုကို ရထားတဲ့ သူနဲ့ တဖွဲ့တည်း ဖွဲ့မယ်ဟေ့။”