ဖုန်းယွီကို ကြိုတင် အကာအကွယ်ယူခြင်း
Vol. 22 Ch. 317
ဘေကျင်းအရောက်တွင် တစ်ယောက်ယောက်က လာပြီး ဖုန်းယွီကို အပြန်လက်မှတ် အထပ်လိုက် ပေးခဲ့သည်။ ဖုန်းယွီသည် လက်မှတ်များကို မိသားစုဝင်များကို ပေး၏။ ပြီးနောက် ကျောင်းသားများသည် သူတို့ သက်ဆိုင်ရာ တက္ကသိုလ်များကို သွားရောက်မည် ဖြစ်သည်။
“ရှောင်ဖုန်း မင်းရဲ့ တက္ကသိုလ်ကို သွားပြီးတော့ ရောက်ကြောင်း အစီရင်ခံသင့်တယ်မလား။”
လီနအဖေက မေးလိုက်သည်။
“ဦးလေးလီ။ ကျွန်တော် မလောပါဘူး။ ဦးလေးက ခရီးဆောင်အိပ်တွေ အများကြီးပဲ။ ကျွန်တော်က လက်ဆွဲအိတ် တစ်လုံးပဲပါတယ်။ ဘာလို့ ဦးလေးတို့ကို လီနတက္ကသိုလ်ကို အရင်မပို့ပေးရမှာလဲ။”
ဖုန်းယွီက ပြောလိုက်ပြီးနောက် လီန ခရီးဆောင်အိတ်များကို ဘေကျင်းပညာရေးတက္ကသိုလ်သို့ သွားမည့် ဘက်စ်ကားပေါ် ကူတင်ပေးလိုက်၏။
ဘေကျင်းရှိ တက္ကသိုလ်များသည် ပိုကောင်းပေ၏။ ထိုခေတ်အခါက တက္ကသိုလ်များက ဘူတာရုံမှ ကျောင်းသားများကို ကြိုရန်အတွက် ဘက်စ်ကားများ စီစဉ်ပေးသည်။ ဘက်စ်ကားများက အိုဟောင်းနေသော်ငြား ကျောင်းများအတွက် အဆင်ပြေလှ၏။
လီ၏ အဖေက ဖုန်းယွီ လက်ထဲမှ အိတ်ကို ကိုင်လိုက်ပြီးနောက်
“ရှောင်ဖုန်း ငါတို့က မင်းရဲ့ အကူအညီကို မလိုအပ်ဘူး။ ဟိုမယ်ကြည့် တစ်ယောက်ယောက်က ဘေကျင်းတက္ကသိုလ်ဆိုတဲ့ ကဒ်ကို ကိုင်ထားတယ်။ မင်းသွားပြီး အစီရင်ခံလိုက်တာ ကောင်းမယ်။ ဒီ ခရီးဆောင်အိတ်တွေကို ငါတို့နဲ့ပဲ ထားခဲ့လိုက်။ ငါတို့ နိုင်ပါတယ်။”
ဖုန်းယွီက ခေါင်းမော့လိုက်သည်။ ပြီးနောက် လီနအဖေနှင့် မျက်လုံချင်း ဆိုင်သွားတော့သည်။ သူမအဖေ၏ မျက်လုံးထဲတွင် ခြိမ်းခြောက်မှု အငွေ့အသက် ပါနေသည်။
ချီး ဦးလေးက ဦးလေးသမီး ကျွန်တော်နဲ့ ထွက်ပြေးမှာကို စိုးရိမ်နေတာလား။ ကောင်းသားပဲ ကျွန်တော်လည်း အဲတာကို စောစော ဖြစ်ဖို့အတွက်ပဲ ဆုတောင်းနေတာ။
ဟမ့်. ဦးလေးလီက တစ်ခုခု သတိပြုမိတာ ဖြစ်မယ်။ ငါ့စိတ်ထားကို ဖုံးကွယ်ထားသင့်လား။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ဒီကိစ္စကို အနှေးနဲ့အမြန် သိမှာပဲ။ ဒါက သူမအဖေကို ငါတို့ အကြောင်း သိဖို့အတွက် အခွင့်အရေးကောင်း တစ်ခုပဲ။ ငါ လီနကို သေချာပေါက် ကျောင်းကို လိုက်ပို့ရမယ်။
လီနက ရုတ်တရက် ပြောလိုက်သည်။
“အဖေ သမီးလက်တွေ နာနေပြီ။ ဖုန်းယွီမှာ ခရီးဆောင်အိတ် အများကြီး မပါလို့ သမီးတို့ကို ကူညီတာလေ။ အဖေ တစ်ယောက်တည်းလည်း ဒီလောက် များတဲ့ ပစ္စည်းတွေကို မသယ်နိုင်ဘူး။”
ဖုန်းယွီက ချက်ချင်းပင် ပြုံးလိုက်ပြီး
“ဦးလေး ဒါအမှန်ပဲ။ ဦးလေးလီလည်း ဒီပစ္စည်းတွေ အကုန် တစ်ယောက်တည်း သယ်ရတော့ ပင်ပန်းရောပေါ့။ ကျွန်တော် ကူညီပေးပါရစေ။ စီနီယာ ဒါက ဘေကျင်း ပညာရေးတက္ကသိုလ်ကို သွားဖို့ ဘက်စ်ကားလား။”
“ဘေကျင်းပညာရေးတက္ကသိုလ်လား။ ဒီဘက်စ်ကားပေါ် မြန်မြန်တက်။ ခုံက ပြည့်တော့မှာ။ ဒီဘက်စ်က မင်းတို့ကို တက္ကသိုလ်ကို ပို့ပေးမှာ ပြီးတော့ ဒီကို ပြန်လာပြီး ကြိုရဦးမှာ။ ဘေကျင်းက အကျယ်ကြီးပဲ။ ကျောင်းသားတွေ ကြိုဖို့အတွက် ကားအများကြီး မရှိဘူး။ ကျောင်းသားအသစ်တွေ အများကြီး လမ်းပျောက်ကုန်လိမ့်မယ်။”
ဘက်စ်ကားပေါ် တက်ပြီးနောက် ဖုန်းယွီသည် လီနဘေးတွင် ထိုင်ချင်ခဲ့သည်။ သို့သော် လီနအဖေက သူ့ကို တွန်းလိုက်သည်။ သူက ဖုန်းယွီကို စိုက်ကြည့်နေသည်။ သူသည် ဖုန်းယွီကို ကြိုတင်ကာကွယ်မှု ယူနေခြင်း ဖြစ်သည်။
ယင်းကို စိတ်ထဲထားရန် မလိုပေ။ ငါတို့တွေ အတူတူ မထိုင်ရရင်တောင် အချင်းချင်း ကြည့်လို့ ရသေးတာပဲ။
“အာ.. နင်တို့တွေ အကုန် ဘင်းမြို့တော်ကပဲလား။ ငါက အမှတ်ခြောက် အထက်တန်းကျောင်းက။ ငါက အင်္ဂလိပ်စာ ကောလိပ်မှာ တက်ရမှာ။”
မိန်းကလေး တစ်ယောက်က လီနဖက် လှည့်လိုက်ပြီး ပြုံးလျက်သား မေးလိုက်သည်။
“ငါက အမှတ်သုံး အထက်တန်းကျောင်းက။ ငါလည်း အင်္ဂလိပ်စာ ကောလိပ်ကပဲ။ ငါတို့တွေ နောက်ကျ အတန်းဖော်တွေ ဖြစ်မှာပဲ။ ငါတို့တွေ တစ်ဆောင်ထဲတောင် အတူတူ နေရင် နေရနိုင်တယ်။”
လီနက ပြုံးလျက် ပြောလိုက်သည်။ အကယ်၍ တစ်မြို့တည်းသားနှင့် အတူတူ သင်ကြားရပါက အချင်းချင်း ကူညီစောင့်မ နိုင်ပေသည်။
“ဒါက နင့်အစ်ကိုလား။”
ထိုမိန်းကလေးက ဖုန်းယွီကို လက်ညှိုးထိုးကာ မေးလိုက်သည်။
လီနက သူမအဖေကို တစ်ချက် ခိုးကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“မဟုတ်ဘူး။ သူက ငါ့ရဲ့ အထက်တန်းကျောင်းဖော်။ သူကလည်း ဘေကျင်းတက္ကသိုလ်ကို သွားမှာ။ သူက အခု ငါ့ခရီးဆောင်အိတ်ကို ကူပေးရုံပဲ။”
နင့်အတန်းဖော်လား။ ထိုမိန်းကလေးက တခဏတာ စဉ်းစားလိုက်၏။ ယင်းက ထိုမျှ မလွယ်ကူမှန်း သိပေသည်။ မည်သည့် အတန်းဖော်က တက္ကသိုလ်မတူဘဲ ခရီးဆောင်အိတ်ကို ကူသယ်ပေးမည်နည်း။ သို့သော် ထိုလူငယ်လေးက ဘေကျင်းတက္ကသိုလ်တွင် ပညာသင်ကြားခွင့် ရသည့်အတွက် အဆင့်ကတော့ ကောင်းမည်ပင်။
“ဟမ့် နန ဘက်စ်ကား စထွက်ပြီ။ ကောင်းကောင်းထိုင်တော့။”
လီန၏ အဖေက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
ဘက်စ်ကားက ခပ်မြန်မြန် မသွားပေ။ လမ်းအခြေအနေသည် အနာဂတ်နှစ်များကကဲ့သို့ မကောင်းပြီး လမ်းမထက်တွင် ယဉ်များစွာ မရှိသော်ငြား လူများစွာသည် လမ်းမထက်တွင် စက်ဘီးစီးနေကြဆဲ ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် ဘက်စ်ကားသည် တက္ကသိုလ်ဝန်းထဲတွင် ရပ်လိုက်သည်။ ကျောင်းသားအဖွဲ့အစည်းမှ ကျောင်းသားများသည် ပထမနှစ်များကို ဝင်ခွင့်ဖောင်တငန်ရန်အတွက် လာကြသည်။ ပြီးနောက် သူတို့ သက်ဆိုင်ရာ အဆောင်ကို ပို့ပေးကြသည်။ ပြီးမှ သူတို့ ခရီးဆောင်အိတ်များကို လာယူကြသည်။
လီန၏အဖေသည် ဖုန်းယွီ ခရီးဆောင်အိတ်ကို သယ်သည်ကို မြင်သည့်အခါ အေးတိအေးစက်ဖြင့် ရယ်လိုက်သည်။
“ရှောင်ဖုန်း ဒီခရီးဆောင်အိတ် နှစ်အိတ်ကို သယ်သွားတော့။ ငါ့ဒူးနာနေပြီ။”
ဦးလေးပဲ ကျွန်တော် အကူအညီကို မလိုဘူးလို့ ပြောခဲ့တာမလား။ အဲ့တာဆို ဘာလို့ အကူအညီ လာတောင်းပြန်တာလား။
“ဟုတ်ကဲ့။ ဦးလေး အနားယူသင့်တယ်။ ဒီပစ္စည်းတွေကို ကြည့်ထားပေး ကျွန်တော် ခေါက်တုံ့ခေါက်ပြန် သယ်လိုက်မယ်။”
ဖုန်းဘွီသည် ဖြည်းဖြည်းချင်း ခရီးဆောင်အိတ်နှစ်အိတ်နှင့်အတူ လီနအဆောင်ရှိ လှေကားပေါ် တက်သွားတော့သည်။ ပြီးနောက် သူသည် ပြန်ဆင်းလာပြီး ကျန်သည့် ခရီးဆောင်အိတ်များကို သယ်တော့သည်။
ထိုအချိန်က တက္ကသိုလ်များသည် ကျောင်းသားများကို တော်တော်လေး ထောက်ပံ့ပေသည်။ အိပ်ရာခင်းများ၊ စောင်များ၊ မျက်နှာသုတ်တဘက်၊ တဘက်နှင့် သွားတိုက်တံ အစရှိသဖြင့် အရာအားလုံး အခမဲ့ ဖြစ်သည်။
ခေါက်တုံ့ခေါက်ပြန် သယ်ပြီးနောက် ဖုန်းယွီ ချွေးစို့လာတော့သည်။
လီနသည့် ဖုန်းယွီ ချွေး သုတ်ရန်အတွက် တဘက်ကို ကမ်းပေးသည့်အချိန် သူ့အဖေ ရောက်ချလာပြီး သူမထံမှ တဘက်ကို ယူသွားတော့သည်။ သူ့အဖေသည် နဖူးထပ်မှ ချွေးများကို သုတ်လိုက်သည်။
ဖုန်းယွီသည် သူ့လက်ကို မြန်မြန်သိမ်းလိုက်ပြီး ရယ်လိုက်ကာ
“နင့်အိတ်ကို ဖြေကူပေးရဦးမလား။”
လီနအဖေက ဖုန်းယွီကို ထပ်တားလိုက်ကာ
“ရှောင်ဖုန်း ဒီနေ့ မင်းငါတို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အိတ်ဖြေတာလောက်ကတော့ ငါတို့ လုပ်နိုင်တယ်။ ဘက်စ်ကားကလည်း ဘူတာရုံကို ပြန်သွားတော့မှာ။ မင်းသွားသင့်ပြီထင်တယ်။”
ဟာဗျာ ဦးလေးက ကျွန်တော်ကို မောင်းထုတ်နေတာလား။
ကျွန်တော်က ခရီးဆောင်အိတ် အကုန်သယ်ပြီး ချွေးထွက်နေတုန်း ရှိသေးတယ်။ ဒီမှာ တခဏလောက် နားလို့တောင် မရတော့ဘူးလား။
အနာဂတ် ယောက္ခမသည် ကိုင်တွွယ်ရန် ခက်ခဲပေသည်။ ဘာပဲ ဖြစ်ဖြစ် ဦးလေး သမီးရဲ့ အသည်းနှလုံးကို ကျွန်တော် ရပြီးသားပဲ။ သူနောက်ဆုံးမှာ ကျွန်တော် အပိုင်ပဲ ဖြစ်လာလိမ့်မယ်။
“ဦးလေးလီ လွန်ခဲ့တဲ့ နှစ်နာရီလောက်ကတည်းက ဘက်စ်ကားက ဘူတာရုံကနေ ထွက်သွားလောက်ပြီ။ တကယ်လို့ ကျွန်တော် အခုသွားပြီး စောင့်ရင် နေပူပူထဲ နောက်ထပ် နှစ်နာရီလောက် ရပ်စောင့်ရမှာ။”
လီနအဖေသည် တွန့်ဆုတ်နေသည်။ ငါတော်တော်လေး လွန်သွားလား။ ငါဒီမှာ ရှိနေရင့် လီနကို သူဘာမှ မလုပ်နိုင်ပါဘူး။
ဖုန်းယွီသည် မြန်မြန်ဆန်ဆန်ပင် လီန၏ ခရီးဆောင်အိတ်ကို ဖြေပေးလိုက်သည်။ လီနသည် သူမ အင်္ကျီများကို ထုတ်လိုက်ပြီးနောက် သူမရဲ့ အိပ်များကို ခုတင်အောက်တွင် ထားလိုက်သည်။
အဆောင် တစ်ခန်းတွင် လူရှစ်ယောက် နေရပြီး အိပ်စင်များ ဖြစ်ပေသည်။ စားပွဲခုံအဟောင်းကြီး တစ်ခုရှိပြီး စားပွဲပေါ်တွင် ဓာတ်ဘူးဟောင်း တစ်လုံး ရှိပေသည်။ ယင်းက သတ္တုနှင့်မဟုတ်ပေ။ အခြေအနေက တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေသည်။
အနာဂတ်တွင် တက္ကသိုလ်အားလုံးတွင် အပေါ်အိပ်စင် တစ်ခုသာရှိပြီးအောက်တွင် ဗီဒို၊စားပွဲခုံနှင့် စာအုပ်စင်ရှိပေသည်။ အချို့သော အခန်းများတွင် အိမ်သာရေချိုးခန်း တပါတည်းပါရှိသည်။
ဟန့် နောက်မှ လီနအတွက် သေတ္တာနှစ်လုံး ဝယ်ပေးရမယ်။ အဲတာက သူ့ပစ္စည်းတွေ သိမ်းဖို့အတွက် လွယ်ကူလိမ့်မယ်။ တက္ကသိုလ်က ဒီအဆောင်ကိုပြန်လည် ပြင်ဆင်ဖို့အတွက် ငါ့ကိုခွင့်ပြုနိုင်မလား။
ဒီမှာ စာအုပ်စင် အချို့ ရှိရမယ်။ ပြီးတော့ အပေါ် အိပ်စင်ကို တက်ဖို့အတွက်လည်း လှေကား တစ်ခု ထားရမယ်။ ပြီးတော့ အပေါ် အိပ်စင်ရဲ့ဘေးမှာ အိပ်နေတုန်း မပြုတ်ကျအောင် အကာလည်း တပ်ရမယ်။
ဒီစောင်ကလည်း မထူဘူး။ ပြီးတော့ အိပ်ရာခင်းကိုလည်း ပြောင်းရမယ်။ လီနက ခြင်ထောင်လည်း လိုမှာပဲ။ ညကျရင် ဒီမှာ ခြင်တွေ ရှိလိမ့်မယ်။ ရေနွေးဓာတ်ဘူးကလည်း မလုံလောက်ဘူး။ နောက်မှ အနည်းဆုံး ၁၀ဘူးလောက် ဝယ်ပေးရမယ်။
သူက ငါ့ရည်းစားလေ သေချာပေါက် ဂရုစိုက်ပေးရမှာပေါ့။ ဟမ့် ငါ့မှာ အချိန်ရရင် သူ့အတန်းဖော်တွေကို ညစာ လိုက်ကျွေးရမယ်။ ဒီလိုဆို လီနကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။
လီနအဖေသည် ဖုန်းယွီ သူ့သမီးအိပ်ရာ ကြည့်နေသည်ကို မြင်သည့်အခါ ဒေါသထွက်သွားတော့သည်။ မင်းဘာတွေ တွေးနေတာလဲ။ သူက ငါ့သမီးအိပ်ရာပေါ်ကို တက်ချင်တာလား။ ငါသူ့ကို သတိပေးမှ ရတော့မယ်။
“နန သမီးကို လိုက်ပို့တဲ့ ကျောင်းသား တစ်ယောက်ပြောတာကို မှတ်မိလား။ အဆောင်ကို ပေးတဲ့ လျှပ်စစ်က ကန့်သတ်ထားတယ်။ ညဆိုရင် မီးဖျက်ပြီဆိုတာနဲ့ အိပ်သင့်တယ်။ ပြီးတော့ ဖယောင်းတိုင် မသုံးနဲ့ မီးလောင်တက်တယ်။ ပြီးတော့ သမီးရဲ့ ပိုက်ဆံတွေကို သေချာသိမ်းနော်။ အပြင်ကနေ သမီးပိုက်ဆံတွေ ခိုးဖို့အတွက် စောင့်ကြည့်နေတဲ့သူတွေ ရှိနိုင်တယ်။ ပိုအရေးကြီးတာက တစ်မြို့တည်းကဆိုပြီး အကြောင်းပြချက်ပေးတဲ့ လူတွေနဲ့ မရောနဲ့။”
ထိုသို့ ပြောပြီးနောက် လီနအဖေက ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။
ဖုန်းယွီက “.....”
အေး... ဒါက ဘာအဓိပ္ပာယ်ကြီးလဲ။ ဦးလေးက လီနကို သူခိုး၊ မီးကို သတိထားကာကွယ်ဖို့ ပြောနေတာလား။ ဒါမှမဟုတ်ရင် ငါ့နဲ့ မကပ်ဖို့ ပြောနေတာလား။