← Chapters

တက္ကသိုလ် လူ့အသိုင်းအဝိုင်း အသေးလေး တစ်ခု

Vol. 22 Ch. 318

တက္ကသိုလ် လူ့အသိုင်းအဝိုင်း အသေးလေး တစ်ခု

Vol. 22 Ch. 318

အဆုံးတွင် ဖုန်းယွီသည် မှုန်သိုးသိုးဖြင့် ထွက်သွားတော့သည်။ မထွက်ခွာခင်က သူက ခါးထက်ရှိ ပေဂျာကို ပြလိုက်သည်။ ဖုန်းယွီသည် ဘေကျင်းကို မလာခင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ တရုတ်စာ ပို့လို့ရသည့် ပေဂျာ အမျိုးအစား ဖြစ်သည်။ ပေဂျာတစ်ခု ကုန်ကျငွေသည် အတော်လေး များပေသည်။

ဖုန်းယွီသည် ဘက်စ်ကားပေါ်သို့ပြန်တက်ပြီး ဘူတာကို ပြန်မသွားတော့ပေသည်။ သူက တက္ကစီကို တားလိုက်သည်။

“ဘေကျင်းတက္ကသိုလ်။ ကျေးဇူးတင်ပါတယ်။”

ဒါရိုက်ဘာက မမောင်းသေးပေ။ ဘေကျင်းတက္ကသိုလ်သည် ဘေကျင်းပညာရေးတက္ကသိုလ်နှင့် အရမ်းမဝေးပေ။ သို့သော် ၁၀ကီလိုမီတာခန့် လှမ်းပေသည်။ တက္ကစီခက မနည်းပေ။ ကျောင်းသား တစ်ယောက်အနေဖြင့် တက်နိုင်မည်လော။ ဘေကျင်းတက္ကသိုလ်တွင် ဆင်းရဲသည့် ကျောင်းသားများစွာ ရှိပေသည်။

ဖုန်းယွီသည် ၁၀ယွမ် ငွေစက္ကူ နှစ်ရွက်ကို ထုတ်လိုက်ပြီး

“ပြန်မအမ်းနဲ့တော။”

တက္ကစီဒရိုက်ဘာသည် ချက်ခြင်းပင် မောင်းထွက်သွားတော့သည်။ ချမ်းသာသည့် ကျောင်းသား တစ်ယောက်နှင့် တွေ့ဆုံခြင်းက သူ့အတွက် ကံကောင်းချင်းပင် ဖြစ်သည်။ ဒါရိုက်ဘာအနေဖြင့် ထိုပိုက်ဆံ ပမာဏ ရရန်အတွက် ၁၀နာရီကျော် အလုပ်လုပ်ရန် လိုအပ်သည်။ သူသည် ထိုကလေး၏ ကြီးပြင်းလာမှုကို အံ့အားသင့်နေသည်။ သူ့မိဘများက သူ့အား လက်မဖွာရန် မဆုံးဖြတ်ခဲ့ဘူးလား။

“ကားဆရာ ဘေကျင်းတက္ကသိုလ်နဲ့ ဘေကျင်းတက္ကသိုလ်အနားမှာ ရောင်းနေတဲ့ တိုက်ခန်းတွေ မရှိဘူးလား။”

ဖုန်းယွီသည် ဘေကျင်းပညာရေးတက္ကသိုလ် အဆောင်၏ အခြေအနေကို မြင်ပြီးနောက် သူ့အနေဖြင့် ဘေကျင်းတက္ကသိုလ်ရှိ အဆောင် အခြေအနေကိုလည်း ခန့်မှန်းနိုင်ပေသည်။ ယင်းက သေချာပေါက် အိုဟောင်းနေမည် ဖြစ်ကာ ပြတင်းပေါက်များကိုလည်း သစ်သားဖြင့် လုပ်ထားမည်ပင်။

ဖုန်းယွီသည် တက္ကသိုလ် စတက်ပြီးနောက် သူ့ ဆန္ဒများ ဖြည့်ဆည်းနိုင်ရန်အတွက် လီနကို ဦးနှောက်ဆေးခြင်း ပြုလုပ်ချင်ပေ၏။

သူတို့ ပထမဦးဆုံးအခေါက်တွင် လီနကို ဟိုတယ်ကို ခေါ်ပါက စောဒကတက်ခြင်းနှင့် ကြုံတွေ့ရနိုင်ပေသည်။ အကယ်၍ သူသာ ဘေကျင်းတွင် အိမ်တစ်အိမ်ရှိပါက ပိုလွယ်ကူမည် ဖြစ်သည်။ နောက်နှစ်တွင် လီနအဖေသည် သူတို့ ဆက်ဆံရေးကို ဆန့်ကျင်ရန်အတွက် အလွန်နောက်ကျတော့မည် ဖြစ်သည်။

တက္ကသိုလ်ရှိ အတန်းများကား အထက်တန်းကျောင်းထက် ပိုပြီး သက်တောင့်သက်သာ ဖြစ်သည်ပင်။ ယခုလက်ရှိ ဘေကျင်းတက္ကသိုလ်က အနာဂတ်နှစ်များကကဲ့သို့ မကြီးသေးပေ။ ဖုန်းယွီသည် မော်တော်ဆိုင်ကယ် တစ်စီးရှိလျှင်တောင် လုံလောက်ပြီ ဖြစ်သည်။

ဒါရိုက်ဘာက ဘရိတ်ကို နင်းမိမလို ဖြစ်သွားပြီး... ဘာ ဒီကလေးက တိုက်ခန်းတစ်ခန်းတောင် ဝယ်ချင်တာလား။

အခြားမြို့ကလူတွေက ဘေကျင်းက တိုက်ခန်းတွေက သူတို့ ဇနပုဒ်က တိုက်ခန်းတွေလောက် ဈေးပေါမယ်လို့ တွေးနေတာလား။ ထပ်ပြောရမယ်ဆိုရင် ပုဂ္ဂလိက တိုက်ခန်းရောင်းဝယ်မှုက လွန်ခဲ့တဲ့ နှစ်အနည်ငယ်ကမှ စတာလေ။ ဘယ်သူက မင်းကို တိုက်ခန်းရောင်းချင်မှာလဲ။

“ငါတော့ သေချာ မသိဘူး။ မင်း တခြားသူတွေကို မေးကြည့်လိုက်။”

ဖုန်းယွီက သက်ပြင်းချလိုက်သည်။ အနာဂတ်တွင် အိမ်ခြံမြေပွဲစားများ နေရာတိုင်းတွင် ရှိမည် ဖြစ်သည်။ အခုလက်ရှိတွင် အိမ်ခြံမြေပွဲစားများ မည်သည့် နေရာ ရောက်နေသနည်း။ အိမ်ခြံမြေပွဲစားမရှိဘဲ သူ့အနေဖြင့် တိုက်ခန်းများကို ဝယ်ယူနိုင်မည်နည်း။

သူ့ဘေကျင်း အရောင်းကိုယ်စားလှယ်သည်လည်း မယုံကြည်ရပေ။ သူ့ကို ပြောသည့် အိမ်များနှင့် တိုက်ခန်းများသည် ကျောင်းနှင့် ဝေးပေ၏။

.....

ဘေကျင်းတက္ကသိုလ်တွင် ဖုန်းယွီသည် သူ့ခရီးဆောင်အိတ်ကို သယ်ပြီး အဆောင်ကို ဖြည်းဖြည်းချင်း တက်လာခဲ့သည်။ သူ့အားအကုန်ကို လီန၏ ခရီးဆောင်အိတ်များ သယ်ရန်အတွက် အသုံးပြုခဲ့သည်။ ကံကောင်းချင်တော့ သူသည် ခရီးဆောင်အိတ် အများကြီး မသယ်ခဲ့ခြင်းပင် ဖြစ်သည်။ အကယ်၍ သူလိုအပ်သည့်ပစ္စည်းများ ရှိပါက သူဝယ်ယူနိုင်ပေသည်။ ကျောင်းအပြင်ဖက်တွင် နေ့စဉ်သုံး ပစ္စည်းများကို ရောင်းချသည့် ဆိုင်များ ရှိပေ၏။

“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ဖုန်းယွီပါ။ စီမံခန့်ခွဲမှုကောလိပ်ကပဲ။ ကျွန်တော်ကလည်း ဘင်းမြို့တော်ကပါပဲ။”

“မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ။ ငါတို့တွေ အကုန်လုံး တစ်တန်းထဲပဲ။ ငါတို့အကုန် မင်းကို စောင့်နေတာ။ သူကလည်း ဘင်းမြို့တော်ကပဲ။ မင်း ဘူတာရုံမှာ လာကြိုတဲ့ ဘက်စ်ကားနဲ့ မလိုက်ခဲ့ဘူးလား။”

အသက်နှစ်ဆယ် ဝန်းကျင်အရွယ်ရှိ တစ်စုံ တစ်ယောက်က ပြောလိုက်သည်။ ပြီးနောက် ရှက်နေသည့် အတန်းဖော်ကို လက်ညှိုးထိုးလိုက်သည်။

“မင်းကလည်း ဘင်းမြို့တော်ကပဲလား။ အဲတာဆိုရင် အမှတ်ခြောက် အထက်တန်းကျောင်းက ဝမ်လေ့ပဲ ဖြစ်မယ်။ ငါက အမှတ်သုံး အထက်တန်းကျောင်းက။”

ဘင်းမြို့တော်မှ ဘေကျင်းတက္ကသိုလ်ကို ဝင်ရောက်ခွင့်ရသည့် ကျောင်းသား အနည်းငယ်သာ ရှိသည်။ ပြီးနောက် သူသည်လည်း ဖုန်းယွီနှင့် ကောလိပ် တစ်ခုတည်းတွင် ဖြစ်သည်။ ဖုန်းယွီသည် ဘေကျင်းကို မလာခင် သိခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် အနာဂတ်တွင် ထိုကျောင်းသားများ သူ့ကုမ္ပဏီတွင် အလုပ်လုပ်ရန်အတွက် စည်းရုံးချင်သည်။

ဝမ်လေ့က မက်တပ်ထရပ်လိုက်ကာ သူ့လက်ကို ထုတ်လိုက်ပြီး

“မင်္ဂလာပါ။ ငါ မင်းကို သိတယ်။ မင်းက ဝင်ခွင့်စာမေးပွဲ ဖြေဖို့မလိုဘဲ ဝင်ခွင့်ရခဲ့တဲ့ တစ်ယောက်မလား။ မင်းက ငါ့အတန်းဖော် လီယုံနဲ့ အတူတူပဲ။”

ဖုန်းယွီ၏ ဝင်ခွင့်စာမေးပွဲ ဖြေရန်မလိုဘဲ တက္ကသိုလ်ကို ဝင်ခွင့်ရရှိသည့် သတင်းက ဘင်းမြို့တော် အနှံ့ ပျံ့နှံ့သွားခဲ့သည်။ ဘင်းမြို့တော်ရှိ ကျောင်းအများစုတောင် ဖုန်းယွီအကြောင်းပြောပြီး သူတို့ ကျောင်းသားများကို အားပေးကြသည်။

ဖုန်းယွီ၏ အခန်းဖော်များသည် သူတို့ကိုယ် သူတို့နှင့် အသက်ကို မိတ်ဆက်ကြသည်။ အသက်နှစ်ဆယ် ဝန်းကျင်ရှိ အတန်းဖော် တစ်ယောက်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“ငါတို့အခန်းမှာ ငါက အသက်အကြီးဆုံးပဲ။ ပြီးတော့ ငါကဘေကျင်းကပဲ။ နောင်ကျ မင်းတို့မှာ အခက်အခဲရှိမယ်ဆိုရင် ငါ့ဆီလာခဲ့ ငါကူညီပေးမဘ်။”

ဖုန်းယွီက သာ့ကော(အစ်ကိုကြီး)ကို ကြည့်လိုက်သည်။ သူက သူတို့နှင့် အသက်အနည်းငယ် ကြီးသည်။ ပြီးနောက် သူသည် ဝင်ခွင့်စာမေးပွဲကို အကြိမ်များစွာ ကျခဲ့သည်။သို့သော် ထိုသူသည် ခေါင်းဆောင်နိုင်ပေသည်။ သူ့တွင် ခေါင်းဆောင်စွမ်းရည်များ ရှိသည်။ သူသည် ဘေကျင်းမှလည်း ဖြစ်သည့်အတွက်ကြောင့်လည်း ဖြစ်ပုံပေါ်၏။ အကူအညီလိုရင်တောင်းနိုင်သည့် ဆိုသည့်အတွက်ကြောင့် ဖုန်းယွီသည် သူ့အား ကူညီနိုင်မနိုင်ကို စမ်းကြည့်မည်ပင်။

“ထျန်လေ့ ငါတို့ ကျောင်းနားက နေရာတွေနဲ့ ရင်းနှီးလား။ ဒီပတ်ဝန်းကျင်မှာ တိုက်ခန်းအရောင်းတွေ ရှိလား။”

ထျန်လေ့က မှင်သက်သည့် မျက်နှာထားဖြင့်

“မင်းက တိုက်ခန်းဝယ်မလို့လား။ ဘာလို့ မင်းက တိုက်ခန်း ဝယ်ချင်ရတာလဲ။ ငါတို့ အဆောင် စည်းကမ်းက တင်းကြပ်တယ်နော်။ တကယ်လို့ ညကျ ကျောင်းသားတွေ အဆောင်ကို ပြန်မလာဘူးဆိုရင် သူတို့တွေ ဒဏ်ပေးခံရတယ်။”

ဖုန်းယွီ၏ ဝတ်စားပုံအရ ဖုန်းယွီသည် အသက်မကြီးသေးကြောင်း သိပေသည်။ ထျန်လေ့သည် ဖုန်းယွီ၏ မိသားစုသည် သေချာပေါက် ချမ်းသာမှန်းသိပေသည်။ သူ့ခါးထက်တွင် ချိတ်ထားသည့် ပေဂျာသည် နောက်ဆုံးထွက် မော်ဒယ် ဖြစ်သည်။ သို့သော် ထျန်လေ့လုံးဝ မမျှော်လင့်ထားသည့်ကား ဖုန်းယွီမိသားစုကား ဖုန်းယွီကို ဘေကျင်းတွင် တိုက်ခန်းဝယ်ပေးရန်အတွက် အလွန်ချမ်းသာသည့် ဆိုသည့်အချက်ပင် ဖြစ်သည်။ ဖုန်းယွီက သူ့မြို့ကို ပြန်သွားလျှင် ဘေကျင်းမှာ ရှိတဲ့ တိုက်ခန်းကို ပြန်ရောင်းမှာလား။

“သေချာတာတော့ အဲ့တိုက်ခန်းက ကျွန်တော်နေဖို့ပဲ။ ကျွန်တော်မှာ လုပ်စရာတွေ အများကြီး ရှိတယ်။ ပြီးတော့ ကျွန်တော်က ပျင်းတယ်။ ကျွန်တော် ပစ္စည်းတွေ ရှုပ်ရှုပ်ပွပွနဲ့ နေရတာကို သဘောမတွေ့ဘူး။ စိတ်မပူပါနဲ့။ ကျွန်တော် တိုက်ခန်းကို ကျောင်းပိတ်ရက်တွေမှ ပြန်မှာပါ။ ဒီအဆောင်မှာ ကျွန်တော် ကျောင်းဖွင့်တဲ့နေ့တွေ နေမှာပါ။”

ဖုန်းယွီသည့် သူ့စီးပွားရေးလုပ်ငန်းများကိုလည်း ကြပ်မက်ရန် လိုသေးသည်။ တိုက်ခန်းနှင့်သာဆိုလျှင် သူသည် ရုံးခန်းအဖြစ်လည်း အသုံးပြုနိုင်သည်။ ပြီးနောက် သူ့အနေဖြင့် လီနကိုလည်း ခေါ်ထားနိုင်သည်။ ယင်းက သူ့၏ ရည်ရွယ်ချက် အစစ်အမှန်ပင် ဖြစ်သည်။

“အမ်... အနောက်ဂိတ်မှာ အသစ်စက်စက် တိုက်နှစ်လုံးတော့ ရှိတယ်။ ဒါပေမဲ့ အဲ့တိုက်ခန်းတွေက ရောင်းဖို့လားဆိုတာတော့ မသေချာဘူး။ ငါမင်းကို ကူမေးပေးမယ်လေ။ သဘက်ခါကျရင် စစ်ရေးလေ့ကျင့်မှုက စတော့မှာ။ မနက်ဖြန်ကျ ငါသွားမေးပေးမယ် ညနေကျ မင်းကို ပြန်ပြောမယ်လေ။”

ဟ.. သူက နောက်နေ့ နေ့လည်ခင်းမှာ အဖြေပြန်ပေးမယ်လို့ ယုံကြည်ချက် ရှိရှိနဲ့ ပြောလိုက်တာလား။ ဒီထျန်လေ့မိသားစုက ဘေကျင်းမှာ တကယ်ပဲ အဆက်အသွယ်အချို့ ရှိမဲ့ပုံပဲ။

“ကျေးဇူးပါပဲ။ ဒါနဲ့ မင်းတို့တွေ ဘာအစီအစဉ်တွေ စီစဉ်ထားသလဲ။”

“ငါတို့တွေက နောက်လေးနှစ်ကျရင်လည်း အတူတူ နေရမှာဆိုတော့ ငါတို့တွေ အပြင်သွားပြီး စားသောက်ဖို့ စီစဉ်ထားတယ်။ ငါတို့အချင်းချင်း ပိုပြီး ရင်းနှီးသွားအောင်ပေါ့။”

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။ မင်းတို့အားလုံးကို စောင့်ရအောင် လုပ်မိတဲ့အတွက် ဒီနေ့ ငါ ဒကာခံမယ်”

ဖုန်းယွီသည် အတန်းဖော်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ပိုင်ဆိုင်ခြင်းက မည်မျှ အရေးကြီးမှန်း သိပေ၏။ အမြန်ဆုံး နည်းလမ်းက သူ့ပိုက်ဆံများကို အသုံးပြုခြင်းပင် ဖြစ်သည်။

အခန်းဖော်များကလည်း ဖုန်းယွီ သူတို့ကို ဒကာခံမည် ကြားသောအခါ ပျော်ရွှင်သွားကြ၏။ သူတို့အားလုံးသည် ကျောင်းသားများသာ ဖြစ်သေးသည်၊။ သူတို့ မိသားစုကလည်း မချမ်းသာပေ။ သူတို့အားလုံးကည ဖုန်းယွီ၏ မိသားစုသည် အလွန်ချမ်းသာမှန်း ပြောနိုင်ပေသည်။

ထျန်လေ့ တစ်ယောက်သာ မပျော်ရွှင် ဖြစ်နေသည်။ သူသည် အဆောင်တွင် အသက်အကြီးဆုံး ဖြစ်သည်။ သူ့အနေဖြင့် အဆောင်၏ ခေါင်းဆောင် ဖြစ်ချင်သည်။ သူသည် ညစာ အတူတူစားရန် အကြံပေးခဲ့သူ ဖြစ်သည်။ သူ့အနေဖြင့် အတန်းဖော်များထံမှ အတန်းခေါင်းဆောင် သို့မဟုတ် ဒုတိယ အတန်းခေါင်းဆောင် ဖြစ်ရန်အတွက် ထောက်ခံမှု လိုချင်သည်။

သို့သော် ဖုန်းယွီသည် သူတို့အားလုံးကို ဒကာခံမည် ဆိုကတည်းက ဖုန်းယွီသည် အတန်းခေါင်းဆောင် ဖြစ်ချင်ပါက အခြားသော အတန်းဖော်များက သေချာပေါက် သူ့ကို ထောက်ခံပေးမည်ပင်။

ထျန်လေ့မည့်သည့်အရာ စဉ်းစားနေသည်ကို ဖုန်းယွီ ပြောနိုင်ပေသည်။ သူက ပြုံးလိုက်ကာ

“ထျန်လေ့က ငါတို့ထဲမှာ အသက်ကြီးဆုံးပဲ ပြီးတော့ သူက ဘေကျင်းက။ ငါ့အထင်တော့ သူက ငါတို့ အတန်းခေါင်းဆောင် အဖြစ်သင့်ဆုံးထင်တယ်။ အို ဟုတ်သား ထျန်လေ့ အတန်းကော်မတီမှာကော ပါဦးမှာလား။ ဘယ်ရာထူးယူမှာလဲ။ ငါတို့ကို ပြောနော်။ မင်းကို သေချာပေါက် ငါတို့ အားလုံး ထောက်ပံ့ပေးမယ်။”

ထျန်လေ့က အပျော်လွန်သွားသည်။ ဖုန်းယွီသည် အတန်းကော်မတီတွင် ပါဝင်ရန် စိတ်ဆန္ဒမရှိသည်လော။ ယင်းက မှန်ပေသည်။ ဖုန်းယွီ မိသားစုသည် အလွန်ချမ်းသာ၏။ ပြီးနောက် သူ့အနေဖြင့် အတန်းကော်မတီတွင် ရာထူးယူရန်လည်း မလိုအပ်ပေ။

“မင်းတို့အားလုံး ငါ့ကို ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်လို့ ငါအတန်းခေါင်းဆောင် ဖြစ်လာမယ်ဆိုရင် မင်းတို့ ဘေကျင်းမှာ ကြုံရတဲ့ အခက်အခဲတိုင်းမှာ ငါတက်စွမ်းသမျှ ကူညီပေးမယ်လို့ ကတိပေးတယ်။”

ထျန်လေ့၏ ပုံစံအရ သူသည် အတန်းခေါင်းဆောင် ဖြစ်ချင်သည်မှာ သိသာလွန်းပေ၏။

“ကောင်းပြီလေ။ သွားကြရအောင်။ ငါတို့တွေ ညစာစားတော့မှ ဆက်ပြောကြမယ်။ ငါတို့ နောက်ကျရင် လူတွေ ပြုံတိုးနေရလိမ့်မယ်။”

ဖုန်းယွီမှ လွဲပြီး ကျန်သည့် သူများက အတန်းကော်မတီတွင် ပါဝင်ချင်ကြသည်။ ဖုန်းယွီသည်လည်း ကျောင်းပြင်ပ လှုပ်ရှားမှုများတွင် မပါဝင်လိုပေ။ အကြောင်းမှာ သူ့တွင် အချိန် မလောက်၍ ဖြစ်၏။

ငါက ဒီကို စီမံခန့်ခွဲမှုပညာကို သင်ယူဖို့အတွက် လာခဲ့တယ်။ ပြီးတော့ ကျွမ်းကျင်တဲ့သူတွေကို စည်းရုံးမယ်။ တစ်ချိန်တည်းမှာ ငါ့မိဘတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့လာခဲ့တာ။ မင်းတို့တွေက ဒီကိုလာတာက ပိုကောင်းတဲ့ အလုပ်ကိုင် အခွင့်အလမ်းတွေရဖို့ပဲ။ မင်းတို့တွေ အကုန်လုံးက အတန်းကော်မတီမှာ ရာထူးရဖို့ ကြိုးစားကြမယ်။

ဘဝမှာ ငါတို့ရဲ့ ပန်းတိုင်က တူညီကြတာ မဟုတ်ဘူး။

All Chapters