← Chapters

စစ်ရေးလေ့ကျင့်ခန်း ပျက်ကွက်ခြင်း

Vol. 22 Ch. 319

စစ်ရေးလေ့ကျင့်ခန်း ပျက်ကွက်ခြင်း

Vol. 22 Ch. 319

ပထမဆုံး ကျောင်းဖွင့်သည်နှင့် ပထမဆုံး လှုပ်ရှားမှုကား စစ်ရေးလေ့ကျင့်မှုပင် ဖြစ်သည်။ ဝမ်တုန့်ကျွင်းကဲ့သို့ အားအင်အပြည့်ဖြင့် လူမျိုးအတွက် ယင်းက ဘာမျှ မဟုတ်ပေ။ သူတို့အနေဖြင့် ပျော်တော် ပျော်နေမည် ဖြစ်သည်။ သို့သော် ဖုန်းယွီအတွက် ယင်းက အလဟသ ဖြစ်သည်။

အကယ်၍ ယင်းစစ်ရေးလေ့ကျင့်မှုသည် ကျောင်းသားများ အချင်းချင်း ပိုမိသိမည်ဆိုလျှင် ဖုန်းယွီသည် သူ့အတန်းဖော်များကို ညစာဖိတ်ကျွေးချင်းက ပို အကျိုးဖြစ်မည် ဖြစ်၏။ အသင်းလိုက် လုပ်ရသည့် အားကစားများ ဖြစ်သည့် ဘောလုံးကန်ခြင်းနှင့် ဘက်စကတ်ဘောကစားခြင်းက ထိုပျင်းစရာကောင်းသည့် စစ်ရေးလေ့ကျင့်မှုထက် ပိုကောင်းပေ၏။

ဖုန်းယွီသည် စစ်ရေးလေ့ကျင့်မှု ပျက်ကွက်ရန်အတွက် လုပ်နေကြ လှည့်စားမှုမျိုးကို လုပ်ရမည် ဖြစ်သည်။

“ဆရာ ကျွန်တော်မှာ ခြေဖနှောင့်အရွက်ဆိုင်း ရောဂါရှိတယ်။ ကျွန်တော် ဒီ စစ်ရေးလေ့ကျင့်မှုမျာ ပါဝင်နိုင်မှာ မဟုတ်ဘူး။”

ဖုန်းယွီက လေ့ကျင့်ခန်းတွင် မပါဝင်ရန်အတွက် ဆရာကို ဆေးစစ်ချက် အတုကို တင်ခဲ့သည်။ ဖုန်းယွီသည် ထိုဆေးစစ်ချက်အတွက် ယွမ် ၁၀၀ကုန်ခဲ့သည်။

ဘင်းမြို့တော် မဟုတ်သော်ငြား ဆေးစစ်ချက် အတုကို အလွယ်တကူပင် ရနိုင်ပေ၏။

ဆရာက ဖုန်းယွီကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။

“ဖြေဖနှောင့် အရွတ်ဆွဲတဲ့လား။ ဘာလို့ မင်းမနေ့ညက ဘောလုံး ကစားနေရတာလဲ။ ဒီရောဂါနဲ့ မင်းဘောလုံး ကစားနိုင်တာလား။ ငါ့အထင်တော့ မင်း ဆေးရုံကနေ ဆေးစစ်ချက်အမှားကို ယူခဲ့တယ်နဲ့တူတယ်။”

ဆရာ၏ လေသံအရ ဖုန်းယွီ၏ ဆေးစစ်ချက်သည် အတုဖြစ်ကြောင်း သိနေပုံပေါသည်။ သူအမှန်တကယ် ပြောချင်သည်ကား မင်းရဲ့ ဆေးစစ်ချက် အတုကို သိမ်းထား။ ငါ့ကို ဒီအကြောင်း ပြောမိအောင် မလုပ်နဲ့။

ချီးပဲ ငါ ဘာလို့ မနေ့က ဘောလုံး ကစားမိခဲ့ပါလိမ့်။

စစ်ရေးလေ့ကျင့်မှုသည် တစ်လခန့် ကြာမည် ဖြစ်သည်။ ဖုန်းယွီသည် စစ်ရေးလေ့ကျင့်မှုတွင် မပါဝင်ချင်ပေ။ သူ့အနေဖြင့် အချိန်ကို ကောင်းကောင်း အသုံးချရန် ရှိသည်။ သူ့အနေဖြင့် သူ့စီးပွားရေး လုပ်ငန်းများကိုလည်း ကြပ်မတ်ရဦးမည် ဖြစ်သည်။ ယခုအချိန်သည် ငြိမ်းချမ်းရေး ကာလ ဖြစ်သည်။ တရုတ်သည် မည်သည့် စစ်ပွဲကိုမှ ပါဝင်ချင်းမရှိပေ။ အဘယ်တွက် စစ်ရေးလေ့ကျင့်မှု လုပ်ရသနည်း။

နောင်ကျ စစ်ဖြစ်ခဲ့လျှင်တောင် တရုတ်နိုင်ငံတွင် စစ်သားများစွာ ရှိပေ၏။ သူ့အနေဖြင့် ထိုစစ်ပွဲတွင် ပါဝင်ရန်အတွက် အခွင့်အရေး ရမည် မဟုတ်ချေ။ အနာဂတ်တွင် စစ်ပွဲများ၌ စစ်သားများတောင် မလိုတော့ပေ။ နည်းပညာမြင့် လက်နက်စနစ်များကို အသုံးပြုမည် ဖြစ်သည်။ စစ်ပွဲများကို ပိုက်ဆံက ဆုံးဖြတ်မည်ပင်။

ထပ်ပြောရပါက ထိုစစ်ရေးလေ့ကျင့်မှုက ကျောင်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအပေါ် သက်ရောက်မှု ရှိသည်။ ဖုန်းယွီသည် အရပ်ရှည်ချင်သေး၏။

“ဆရာ ကျွန်တော် ကျွန်တော်တို့ ကျောင်းရဲ့ ဘောလုံးကွင်းက ဟောင်းနေပြီလို့ ကြားတယ်။ ကျွန်တော်မိသားစုမှာ ပိုက်ဆံ အများကြီး ရှိတယ်။ ဘာလို့ ကျွန်တော်ကို ကျောင်းဘောလုံးကွင်း ပြန်လည်ပြုပြင်ခွင့် မပေးရမှာလဲ။”

ဆေးစစ်ချက်က အလုပ်မဖြစ်ဘူးဆိုရင် ငါ ပိုက်ဆံ အသုံးပြုလို့ရတယ်။

ဆရာက ထိုကျောင်းသားကို စိုက်ကြည့်လိုက်သည်။ ထိုကျောင်းသားက သူ့အား အရူးလုပ်ရန် ကြိုးပမ်းနေသည်လော။ ဘောလုံးကွင်းကို ပြန်လည်ပြုပြင်ခြင်းက ယွမ် သိန်းချီ ကုန်ကျမည် ဖြစ်သည်။ သန်းချီတောင် ကုန်ကျနိုင်ပေသည်။ အကယ်၍ မိသားစုသည် ထိုမျှ ချမ်းသာလျှင်တောင် မိဘများကို ကျောင်းကို ပိုက်ဆံအများကြီး ထုတ်ပေးရန် သဘောတူမည်လော။

ဆရာ တစ်ယောက်အနေဖြင့် သူသည် စစ်ရေးလေ့ကျင့်ခန်းတွင် မပါဝင်လိုသည့် ကျောင်းသားများစွာကို တွေ့ခဲ့ဖူးသည်။ ဖုန်းယွီက ပထမဆုံး အကြိမ်မဟုတ်ပေ။ ကျောင်းသားများ၏ အကြောင်းပြချက်အားလုံးသည် အတူတူပင် ဖြစ်သည်။ သို့သော် သူသည် ယမန်နေ့က ဖုန်းယွီ ဘောလုံးကစားနေသည်ကို မမြင်ခဲ့ပေ။ သို့သော် သူသည် ထိုနည်းကို အသုံးပြုကာ မရေမတွက်နိုင်သည့် ကျောင်းသားများ၏ လုပ်ကြံဇာတ်အတုကို ဖော်ထုတ်နိုင်ခဲ့သည်။

“မင်းက ကျောင်းရဲ့ ဘောလုံးကွင်းကို ပြန်လည် ပြုပြင်ချင်တာလား။ ကောင်းပြီလေ။ အဲ့တာဆို ငါက ကျောင်းကိုယ်စားပြုပြီး မင်းကို ကျေးဇူးတင်လိုက်ပါမယ်။ ငါတို့ ကျောင်းက မနှစ်ကတည်းက ဘောလုံးကွင်းကို ပြန်လည် ပြုပြင်ချင်ခဲ့တာ။ ဒါပေမဲ့ ငါတို့မှာ ဘက်ဂျက်အလုံအလောက် မရှိဘူး။ ယွမ် ၁သန်းက လုံလောက်မှာပါ။”

ဆရာက သရော်လိုက်သည်။ ကလေး မင်း ယွမ် ၁သန်းလို့ ကြားတဲ့အခါ ဖြစ်မဲ့ ပုံကို မြင်ချင်မိသား။ မင်း တက္ကသိုလ် ဝင်ခွင့် မဖြေရတိုင်း မင်းကိုယ်မင်း ဟုတ်လှပြီလို့ ထင်နေတာလား။ ငါလည်း အရင်က ဝင်ခွင့် ဖြေဖို့ ကင်းလွတ်ခွင့် ရခဲ့တာပဲ။ ပြီးတော့ ငါ့ ဒေါက်တာဘွဲ့အတွက်တောင် စကောလားရှစ် ရထားတယ်။

“ကိစ္စမရှိဘူးဆရာ။ ကျွန်တော် ပိုက်ဆံ ပြင်ဆင်ဖို့လိုတယ်။ ဒီရက်ပိုင်း စစ်ရေးလေ့ကျင့်တဲ့အချိန်တွင် မလာနိုင်မှာ ကျွန်တော် စိုးရိမ်မိတယ်။”’

ဖုန်းယွီက မြန်မြန်ဆန်ဆန်ပင် သဘောတူလိုက်သည်။

ပြီးနောက် သူသည် တက္ကသိုလ်တွင် နောက်နှစ်အနည်းငယ်ကြာအထိ တက်ရမည်ပင်။ သူ့အနေဖြင့် အသစ်ပြုပြင်ထားသည့် ဘောလုံးကွင်းကို အသုံးပြုနိုင်ပေသည်။ ဘောလုံးကွင်း ကောင်းကောင်းနှင့် ဆိုလျှင် သူသည် ဘောလုံး ကောင်းကောင်း ကစားနိုင်ပေသည်။

နောက်ထပ်နှစ်နှစ်အတွင်း သူသည် မိုးလုံလေလုံ အားကစားကွင်းကိုလည်း ပြန်လည် ပြုပြင်မည် ဖြစ်သည်။ သို့သော် သူ့အနေဖြင့် အမည်ပေးခွင့်ကို တောင်းဆိုမည် ဖြစ်သည်။ အခြားသူများကို သူကျောင်းကို လှူထားသည့် အရာများကို ပေးမသိဘဲ နေမည်နည်း။ ယင်းနည်းလမ်းဖြင့် ဘေကျင်းတက္ကသိုလ်မှ ဘွဲ့ရရှိသူများက ထိုက်ဟွကုန်သွယ်ရေးကို သတိရနေမည် ဖြစ်ကာ သူ့အတွက် ထိုတက္ကသိုလ်မှ ဘွဲ့ရများကို စုဆောင်းရန်အတွက် ပိုမို လွယ်ကူမည် ဖြစ်သည်။

“မင်းကိုယ်မင်း ဟုတ်လှပြီလို့ ထင်နေတာလား။ ကိစ္စမရှိဘူးလား။ ယွမ် တစ်သန်းက ဘယ်လောက် များလည်းဆိုတာ မင်းသိရဲ့လား။ ပါမောက္ခတစ်ယောက်ရဲ့ သုတေသနရန်ပုံငွေက ဘယ်လောက်များလဲဆိုတာ မင်းသိရဲ့လား။ ဘေကျင်းတက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းရဲ့ ဆောင်ပုဒ်ကို အမှတ်ရနေရမယ်။ ပြီးတော့ ရိုးသားရမယ်။ မင်း အလိမ်အညာ လီဆယ်တာတွေ မပြောသင့်ဘူး။"

ဆရာက ဖုန်းယွီက ပြင်းပြင်းထန်ထန် ဆုံးမလိုက်သ်ည။

ထိုကျောင်းသားသည် တော်တော်လွန်လာပြီ ဖြစ်သည်။ အကယ်၍ ဆရာသာ သူ့ရမှတ်များကို မမြင်ခဲ့လျှင် ဖုန်းယွီက အင်္ဂလိပ်စာနှင့် ရုရှားတွင် ကျွမ်းကျင်ပြီး အင်တာဗျူးတွင် အမှတ်အများဆုံး ရခဲ့သည်ကို မသိလျှင် သူ့အနေဖြင့် ဖုန်းယွီကို ပြင်းပြင်းထန်ထန် အပြစ်ပေးမည် ဖြစ်သည်။

နောင်ကျ ဖုန်းယွီသည် အစိုးရ အေဂျင်စီများတွင် တာဝန်ထမ်းဆောင်ပြီး အလိမ်အညာများ ပြောပါက တရုတ်၏ အနာဂတ်သည်လည်း ပျက်ဆီးသွားပေလိမ့်မည်။

“ဆရာ ဘေကျင်း တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ဒီအကြောင်းတွေကို သိပါတယ်။ ကျွန်တော်တကယ်ကို ယွမ် ၁သန်း တက်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော် ပြောတာတွေကို ဆရာ နားထောင်ပေးပါ။ ဆရာ့ရုံးခန်းက လေနှင့်မိုး လျှပ်စစ်ပန်ကာက လွန်ခဲ့တဲ့ နှစ်နှစ်က ဝယ်ခဲ့တာ။ မနှစ်က ဒလက်မဲ့ပန်ကာ မိတ်ဆက်ပြီးတော့ ဒီပန်ကာထုတ်လုပ်မှုကို ရပ်နားလိုက်တယ်။ ကျွန်တော်မိသားစုက လေနှင့်မိုး အမှတ်တံဆိပ်ကို ပိုင်တယ်။"

ဖုန်းယွီက သူ့ကိုယ်သူ လက်ညှိုးထိုး ပြောလိုက်သည်။

“လေနှင်မိုး အမှတ်တံဆိပ်က မင်းမိသားစုက ပိုင်တာလား။”

ဆရာက မှင်သက်သွားသည်။ သူပြောနေတာတွေက အမှန်တွေလား။

လေနှင့်မိုး အမှတ်တံဆိပ်သည် တရုတ်နိုင်ငံတွင် အကျော်ကြားဆုံး အိမ်သုံးလျှပ်စစ်ပစ္စည်းအမှတ်တံဆိပ် ဖြစ်သည်။ ရေနွေးငွေ့စက်၊ လျှပ်စစ်ပန်ကာများသည် ရောင်းကောင်းပြီး ပြည်ပကိုတောင် တင်ပို့ရသည်။ အကယ်၍ ဖုန်းယွီပြောသည်သာ အမှန်သာ ဖြစ်ခဲ့လျှင် သူသည် အမှန်ပင် ယွမ် တစ်သန်း တက်နိုင်မည်ပင်။

“ဆရာ ကျွန်တော်တို့ ကျောင်းရဲ့ သင်ကြားမှုမှာ နည်းပညာ အကြောင်းကိုလည်း ပြောထားတယ်။ ကျွန်တော်တို့ မိသားစုရဲ့ ထုတ်ကုန်တွေက နည်းပညာဖြင့် ထုတ်ကုန်တွေပဲ။ အို ဟုတ်သား ကျွန်တော်တို့ ကျောင်းရဲ့ ဇီဝအင်ဂျင်နီယာဌာနကို သုတေသနရန်ပုံငွေ လှူဒါန်းချင်တယ်။ ဒီနည်းလမ်းနဲ့ဆို ပါမောက္ခဆရာကြီး ဆရာမကြီးတွေက သူတို့ သုတွေသနအတွက် ရန်ပုံငွေတွေ ပိုရသွားလိမ့်မယ်။ ကျွန်တော်အနေနဲ့ နောက်ပိုင်းကျ အသေးစိတ် ပြောပြမယ်။”

ဆရာသည် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ ထိုဖုန်းယွီကျောင်းသားသည် ကျောင်း၏ ပါမောက္ခများ သုတေသနအတွက် ရန်ပုံငွေများကိုတောင် ထုတ်ပေးချင်သည်လော။

ဘာလို့ ငါတို့ ကောလိပ်က ဒီကျောင်းသားကို ခေါ်မိတာလဲ။

ဒီ ကျောင်းသားက သူ့လေ့လာမှုကို ဂရုမစိုက်ဘူး ပြီးတော့ အလုပ်အတွက်လည်း စိတ်မပူဘူး။ ငါ ဒီကျောင်းသားကို ဘယ်လို ထိန်းရမလဲ။ ဒါပေမဲ့ ဒါက ငါ့အတွက်တော့ အောင်မြင်မှုတော့ ဖြစ်မှာ။ အကယ်၍ ဖုန်းယွီက ကျောင်းကို အမှန်တကယ် လှူခဲ့ပါက သူ့အနေဖြင့် ရာထူးတိုးခံရနိုင်ပေသည်။

“ငါ့အနေနဲ့ ပထမဆုံး တက္ကသိုလ်ဘုတ်အဖွဲ့ကို ပြောရဦးမယ်။ ငါက ဘာ ဆုံးဖြတ်ချက်မှ မချမှတ်နိုင်ဘူး။ မနက်ဖြန် မနက်ကျရင် ငါမင်းကို ကျောင်းခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ခေါ်သွားမယ်။ ငါတို့တွေ အဲ့အစည်းအဝေးပြီးမှ စစ်ရေးလေ့ကျင့်မှုအကြောင်း ပြောကြတာပေါ့။”

နောက်တစ်နေ့တွင် အခြားကျောင်းသားများသည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည်။ ဖုန်းယွီသည် ဆရာနှင့်အတူ တက္ကသိုလ်ရုံးခန်းကို သွားခဲ့သည်။ ဖုန်းယွီသည် တက္ကသိုလ်ခေါင်းဆောင်များကို သူ့ကျောင်းကို လှူဒါန်းလိုသည့် အကြောင်းအရာများကို ရှင်းပြသည်။

သို့သော် ထိုအချိန်တွင် ဖုန်းယွီ၏ တောင်းဆိုမှုများက မရိုးရှင်းတော့ပေ။ သူ့အနေဖြင့် ဘောလုံးကွင်းအတွက် နာမည်ပေးခွင့်ကို တောင်းဆိုချင်သည်။ သူသည် နှစ်တိုင်း အချို့သော ပရောဂျက်များတွင် လှူဒါန်းမည်ဟု ကတိပေးလိုက်သည်။ ပြီးနောက် တက္ကသိုလ်အနေဖြင့် သူ့အား အမည်ပေးခွင့်ကို ပြန်ပေးရမည် ဖြစ်သည်။ ယင်းက Sir Shaw တရုတ်နိုင်ငံတွင် ကျောင်းများး လာလှူသည်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ တစ်ခုတည်းသော ကွဲပြားခြားနားချက်သည် ဒေသ အစိုးရနှင့် ကျောင်းသည် ဆောက်လုပ်ရေး ကုန်ကျစရိတ်အပိုင်းကို ပြရန် လိုအပ်သည်။ ဖုန်းယွီသည် ကုန်ကျငွေများအားလုံးကို ပေးချေမည် ဖြစ်ကာ တက္ကသိုလ်အနေဖြင့် တပြားမျှ စိုက်ထုတ်ရန် မလိုပေ။

သုသေသန ရန်ပုံငွေများအတွက်မူ ဖုန်းယွီသည် ပါမောက္ခများနှင့် တွေ့ဆုံးပြီး သူတို့၏ သုတေသနအကြောင်းများကို သိပြီးမှသာ ပြောနိုင်မည် ဖြစ်သည်။ ဖုန်းယွီသည် သူစိတ်ဝင်စားသည့် သုသေသနများအတွက်သာ ငွေထုတ်ပေးမည် ဖြစ်ကာ ယင်းက ကျောင်းအတွက် လှူဒါန်းခြင်းမဟုတ်ပေ။ ထို့အပြင် ထွက်လာသည့် သုတေသန ရလဒ်ကိုလည်း ဖုန်းယွီနှင့် တက္ကသိုလ် အတူတကွ ပိုင်ဆိုင်ခွင့် ရရပေမည်။ ဖုန်းယွီအနေဖြင့် ထိုသုသေသနကိုတောင် ဝယ်ယူနိုင်သည့် အခွင့်အရေး ရှိရမည်ပင်။

ဖုန်းယွီက ဆေးဝါးများကို သုတေသန ပြုလုပ်မည့် ပါမောက္ခအုပ်စုနှင့် တွေ့ဆုံပြီးနောက် သူသည် စိတ်လှုပ်ရှားသွားခဲ့သည်။

သူ့အနေဖြင့် အနာဂတ်တွင် အဆပေါင်းရာချီ ပြန်ရနိုင်ပေသည်။ ယင်းက ကြီးမားသည့် အခွင့်အရေး တစ်ခုပင် ဖြစ်၏။

ဖုန်းယွီသည်လည်း ယခု ရင်းနှီးမြှပ်နှံမှုမှ အကျိုးအမြတ်များကိုလည်း ရယူချင်သည်။ တက္ကသိုလ်အနေဖြင့်လည်း သူ့အကြောင်းပြချက်နှင့် ဆေးစစ်ချက် အတုကို လက်ခံရမည် ဖြစ်သည်။ သူ့အနေဖြင့် စစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ရန်လည်း မလိုအပ်တောပေ။ သူ့အနေဖြင့် နောက်ဆုံး နေ့မှသာ တက်ရောက်ရန် လိုမည်ပင်။

ဆရာက ဖုန်းယွွီ၏ ကျောကို ပုတ်လိုက်ပြီးနောက် သူတို့ ရုံးခန်းထဲမှာ ထွက်သွားတော့သည်။ သူက ဖုန်းယွီကို ချီးကျူးနေတော့သည်။ တရုတ်နိုင်ငံ၏ အနာဂတ်ကို ဖုန်းယွီကဲ့သို့ ငယ်ရွယ်သည့် လူငယ် တစ်ယောက်လက်ထဲကို ကမ်းသင့်ပေ၏။

ဘာသာပြန်မှတ်စု ခုနက ဆရာက ဘာပြောလိုက်ပါလိမ့်။

All Chapters