ပါမောက္ခနှင့် ဆွေးနွေးခြင်း
Vol. 22 Ch. 320
ပါမောက္ခစွန်းက သူ့ရှေ့ရှိ ကျောင်းသားကို ကြည့်နေသည်။ ယင်းတက္ကသိုလ်တွင် အသက်သုံးဆယ် မတိုင်ခင် သူတို့ကိုယ်ပိုင် စီးပွားရေးကို လုပ်ကိုင်ခဲ့သည့် ကျောင်းသားများကို သူတွေ့ဖူးသည်။
ဖုန်းယွီကဲ့သို့ ကျောင်းသားမျိုးကို သူတွေ့ရသည်ကား ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ၁၈နှစ်ဝန်းကျင် ကျောင်းသားတစ်ယောက်သည် အောင်မြင်သည့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကို ပိုင်ဆိုင်ပေသည်။ ပါမောက္ခများကို သုတေသနလုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးမည်ဟု ပြောသည့် အကြောင်းကိုလည်း သူပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ အကယ်၍ ဒုတိယ ကျောင်းအုပ်သာ ထိုအကြောင်းကို မပြောပါက ယင်းက ဟာသသခုပမာ ဖြစ်နေမည်ပင်။
“ပါမောက္ခစွန်း ဆရာက ပါမောက္ခစွန်းလား။ ဆရာက ဇီဝအင်ဂျင်နီယာသုတေသနကို လုပ်နေတာလား။”
ဖုန်းယွီက ထိုပါမောက္ခကို ကြည့်လိုက်သည်။
“ရှောင်ဖုန်း၊ မဟုတ်ဘူး ဖုန်းယွီ... တောင်းပန်ပါတယ်..... အာ... မစ္စတာဖုန်း”
ပါမောက္ခစွန်းသည် ဖုန်းယွီကို မည်သို့ ခေါ်ရမှန်း မသိတော့ပေ။ ဘေကျင်းတက္ကသိုလ်၏ ကျောင်းသား တစ်ယောက်အနေဖြင့် ရှောင်ဖုန်းသို့မဟုတ် ကျောင်းသားဖုန်းဟု ခေါ်သင့်ပေသည်။ သို့သော် ယနေ့တွင် ဖုန်းယွီ၏ အခြေအနေက ကွဲပြားနေပေသည်။ သူသည် သူ့သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေ ရှာပေးမည့် သူ ဖြစ်သည်။ ထို့အတွက်ကြောင့် ပါမောက္ခစွန်းက ဖုန်းယွီကို မစ္စတာဖုန်းဟု ခေါ်သင့်မှန်း အသိရလိုက်ပေ၏။
“ပါမောက္ခစွန်း ကျွန်တော်ကို ရှောင်ဖုန်း ဒါမှမဟုတ် ဖုန်းယွီလို့ ခေါ်လို့ ရပါတယ်။”
ဖုန်းယွီက ပါမောက္ခစွန်း ဘယ်လိုခေါ်ရမှန်းမသိ ဖြစ်နေသည်ကို ခံစားနေရသည်။ သို့သော် ဖုန်းယွီက စိတ်ထဲမထားပေ။ ဖုန်းယွီသည် ပါမောက္ခများနှင့် ပြည်နယ်အစိုးရ အဆင့်မြင့် အစိုးရအဖွဲ့ဝင်များနှင့်တောင် တွေ့ဖူးပေ၏။ ထိုသူများအားလုံးက ဖုန်းယွီကို မစ္စတာဖုန်း သို့မဟုတ် မန်နေဂျာဖုန်းဟု ခေါ်ဆိုကြ၏။
“အဲတာဆို ငါမင်းကို ရှောင်ဖုန်းလို့ပဲ ခေါ်တော့မယ်။ ငါတို့တွေက ဇီဝဗေဒဌာနက။ ငါတို့ တက္ကသိုလ်မှာတော့ ဇီဝအင်ဂျင်နီယာ ဌာန မရှိသေးဘူး။”
ယင်းက ဖုန်းယွီကို အံ့ဩသွားစေသည့်အချက်ပင် ဖြစ်၏။ သူ့အရင်ဘဝတွင် ဇီဝအင်ဂျင်နီယာနှင့် ပတ်သက်သည့် အကြောင်းအရင်းများကို ကြားဖူးသည်။ သို့သော် သူ့အနေဖြင့် ဘေကျင်းတက္ကသိုလ်တွင် ယင်းဌာန မရှိသည်ကို မသိခဲ့ပေ။ တက္ကသိုလ်၏ ခေါင်းဆောင်များက ယမန်နေ့ အစည်းအဝေးတွင် ယင်းအကြောင်းကို မလစ်ဟခဲ့ပေ။
သို့သော် ဇီဝဗေဒနှင့် ဇီဝအင်ဂျင်နီယာသည် တစ်ဂိုဏ်းထဲ ဖြစ်ရမည်ပင်။ ဇီဝဗေဒ သုတေသန လုပ်ငန်းများတွင်လည်း သူအလိုရှိသည့် ဆေးများ ပါဝင်ပေ၏။
“ပါမောက္ခစွန်း ဇီဝဗေဒမှာ ဇီဝဓာတုကော ပါလား။”
ဖုန်းယွီက မေးလိုက်သည်။
“သေချာတာပေါ့။ ဇီဝဓာတုကလည်း ငါတို့ ကျောင်းသားတွေ သင်ယူရတဲ့ ဘာသာရပ် တစ်ခုပဲ။ ဇီဝဗေဒမှာ ပါဝင်တာတွေက........
ပါမောက္ခစွန်းသည် သူကျွမ်းကျင်သည့် နယ်ပယ်ကို စတင်ပြောပြတော့၏။ ဖုန်းယွီက စိတ်ပါဝင်စားစွာ နားထောင်၏။ ထိုပါမောက္ခစွန်းသည် ဖုန်းယွီ ရှာဖွေနေသည့်လူ အမှန်ပင် ဖြစ်ပေ၏။
ဖုန်းယွီသည် ပါမောက္ခစွန်းပြောသည်ကို နာရီဝက် ကြာအောင် နားထောင်ခဲ့သည်။ ပြီးမှ သူက ဖြတ်ပြော၏။ ပါမောက္ခစွန်းသည် အပင်နှင့် လူများ အစရှိသည့် အကြောင်းများကို ပြောခဲ့သည်။ ဖုန်းယွီသည် သူပြောသည့် အရာများကို နားမလည်ပေ။
“ပါမောက္ခစွန်း ဆရာရဲ့ ကျွမ်းကျင်မှုတွေကို ထုတ်ကုန်တွေ အဖြစ် ပြောင်းလို့ ရနိုင်လား။ လူသားအားလုံးအတွက် အကျိုးဖြစ်ထွန်းနိုင်စေတဲ့ ထုတ်ကုန်ပေ။ ဥပမာအနေနဲ့ ကယ်လ်စီယမ်၊ ဇင့်၊ စီလီနီယမ် အစရှိတဲ့ ဆေးပြားတွေပေါ့။ အဲ့ဆေးပြားတွေက ကျွန်တော်တို့ ခန္ဓာကိုယ်က မြန်မြန် ဆုတ်ယူနိုင်မဲ့ အရာမျိုးပေါ့။ ဒါမှမဟုတ်ရင် ဗိုက်တာမင် အမိုင်နိုအက်ဆစ် ဆေးတွေကလည်း ကျွန်တော်တို့ရဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်တယ်မဟုတ်လား။ ဒါမှမဟုတ်ရင် အချို့သော ဆေးပြားတွေက ကျွန်တော်တို့ အိပ်ပျော်စေတယ်၊ အရပ်ရှည်စေတဲ့ ပြီးတော့ ပိန်စေတဲ့ အဲလို ဆေးမျိုးတွေကိုကော လုပ်နိုင်သလား။”
ဖုန်းယွီသည် ထိုဈေးများဖြင့် သူငွေရှာမည့် အကြောင်းကိုတော့ ထည့်ပြောခြင်း မရှိပေ။ သူက လူသားအားလုံးအတွက် အကျိုးဖြစ်စေနိုင်သည့် အကြောင်းကိုသာ ပြောခဲ့သည်။ ယင်းက အလွန်ကောင်းမွန်သည့် ပြောဆိုချက်ပင် ဖြစ်ကာ ပါမောက္ခစွန်းက ပြုံးနေ၏။
“မင်းပြောတဲ့ အရာအချို့ကို ငါသုတေသနလုပ်ထားတယ်။ ငါတို့ ဌာနမှာ ရှိတဲ့ အခြားပါမောက္ခတွေကလည်း မင်းပြောတဲ့ အရာတွေကို သုတေသန ပြုလုပ်ချင်တာ။ ဒါပေမဲ့ ငါတို့မှာ လုံလောက်တဲ့ ရံပုံငွေ မရှိဘူးလေ။”
ပါမောက္ခစွန်းသည် ဖုန်းယွီကို ကြည့်လိုက်သည်။
ဖုန်းယွွီက “......”
ချီး အဲ့ခေတ်က ပါမောက္ခတွေက မှန်ကန်ပြီးတော့ သစ္စာရှိတယ်လို့ ဘယ်သူ ပြောခဲ့တာလား။ ဒီ ပါမောက္ခက ငွေပဲ လိုချင်တာ။ ဘာပဲ ဖြစ်ဖြစ် ဒါကလည်း ကောင်းတဲ့ အရာပဲလေ။
“အဲတာဆိုရင် ကျွန်တော်က ငွေရေးကြေးရေး ထောက်ပံ့ပါမယ်။ ဒါပေမဲ့ ဒီ သုတေသနရလဒ်တွေကို ဘယ်သူကပိုင်ဆိုင်မှာလဲ။”
ဖုန်းယွီက ပြုံးကာ မေးလိုက်၏။
“သုတေသနတွေရဲ့ ရလဒ်တွေလား။ သေချာတာတော့ ကျောင်းက ပိုင်မှာပဲလေ။”
ပါမောက္ခစွန်းက ပြောလိုက်၏။
“သုတေသန စာစောင်ထဲမှာ မင်းနာမည် ပါချင်တာလား။ အဲ့တာဆိုရင်တော့ ငါတို့ ကောလိပ်ကို မင်းပြောင်းလာမှ ရမယ်။ ဒါပေမဲ့ မင်းအနေနဲ့ သုတေသန ကျောင်းသားဖြစ်ဖို့ အရင်ဆုံး လိုသေးတယ်။”
ဟမ့်.. ကြံကြံဖန်ဖန် ဘယ်သူက ဒီ သုတေသနမှာ ပါချင်လို့လဲ။ ငါက ဒီသုတေသနအတွက် ရံပုံငွေ ထောက်ပံ့မှာ ပြီးတော့ မင်းတို့ ပို့ချတာကိုလည်း ငါက လိုက်ပြီး လေ့လာရဦးမှာ ပြီးတော့ ကျောင်းက ဓာတ်ခွဲခန်းတွေနဲ့ စက်ပစ္စည်းတွေ ပေးထားလိမ့်မယ်။ ဘယ်လို့လို့ တက္ကသိုလ်က သုတေသန ရလဒ်တွေကို ပိုင်ဆိုင်မှာလဲ။ ငါကို့လည်းပေးရမှာပေါ့။
ယခုလက်ရှိတွင် ဓါတ်ခွဲခန်း တည်ဆောက်ဖို့ အခက်အခဲ မရှိဘူးဆိုရင် ငါက မင်းတို့နဲ့ အလုပ်တောင် တွဲမလုပ်ဘူး။ ကိုယ်ပိုင် ဓာတ်ခွဲခန်း တည်ထောင်ပြီး သုတေသန လုပ်မှာပေါ့။
“ပါမောက္ခစွန်း ကျွန်တော်အထင်တော့ ဆရာက ကျွန်တော်ပြောတာတွေကို မရှင်းလင်းဘူးနဲ့ တူတယ်။ ကျွန်တော်က အကျိုးအမြတ် ပြန်မရတဲ့ အရာအတွက် ပိုက်ဆံ သုံးမှာမှ မဟုတ်တာ။ ကျွန်တော် အနေနဲ့ ငွေရေးကြေးရေး ထောက်ပံ့တယ်ဆိုတာက ကျွန်တော် သုတေသန ရလဒ်တွေကို လိုချင်တာကြောင့်လေ။ တက္ကသိုလ်အတွက် ဒီသုတေသန ရလဒ်တွေက အောင်မြင်မှု ဒါမှမဟုတ်ရင် ဂုဏ်ယူစရာ တစ်ခု။ ဒါပေမဲ့ ကျွန်တော် အတွက်ကျတော့ ဒီ သုတေသန ရလဒ်တွေကို ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက် အသုံးပြုလို့ရတယ်။ ဆရာ့ရဲ့ ဉယျာဉ်က ရလာတဲ့ အသီးအပွင့်တွေကို ဈေးကွက်ထဲတင်ပြီး အများကောင်းကျိုးအတွက် မလုပ်ချင်ဘူးလား။ လူတိုင်းက ဆရာ့ကို ချီးကျူးကြမှာ။”
လူတိုင်းကို အကျိုးအမြတ် ဖြစ်စေမှာလား။ လူတိုင်းက ချီးကျူးကြမှာလား။
ပါမောက္ခစွန်းက စိတ်လှုပ်ရှားလာကာ သူ့မျက်နှာသည် အနီရောင်ကို ပြောင်းသွားတော့၏။ သူသည် အရင်က ထိုအကြောင်းကို စဉ်းစားဖူးသည်။ သူ့အနေဖြင့် နိုဘယ်လ်ဆု ရယူချင်သည်။ အကယ်၍ နိုဘယ်လ်ဆု မရခဲ့လျှင်တောင် လူအများထံမှ ချီးကျူးမှုများကလည်း ကောင်းမွန်သည့် အရာပင် ဖြစ်သည်။
သို့သော် သူ့အနေဖြင့် သုတေသန ရလဒ်များကို ဖုန်းယွီလက်ထဲ လွဲပေးရန် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည့်သူ မဟုတ်ပေ။ ထို့အပြင် သူတို့ သုတေသနပြုချက်များကို တက္ကသိုလ်က ပိုင်ဆိုင်ပေသည်. သူ့အနေဖြင့် တစ်စုံ တစ်ယောက်က သူတို့၏ သုတေသနရလဒ်များအား ပိုင်ဆိုင်သည်ဆိုသည့် အချက်ကို တစ်ခါမျှ မကြားခဲ့ဖူးပေ။
သို့သော် အတိတ်က သူတို့ သုတေသန လုပ်ငန်းများတွင် တစ်ယောက်မျှ ငွေကြေးထောက်ပံ့ခဲ့ခြင်း မရှိပေ။
ဖုန်းယွီသည် ပါမောက္ခစွန်း ဆွဲဆောင်ခံလိုက်ရသည်ကို မြင်သွားပြီး သူက ဆက်ပြောလိုက်သည်။
“ပါမောက္ခစွန်း ကျွန်တော် ဒီလိုလည်း စဉ်းစားတယ်။ ငါမောက္ခသာ ကျွန်တော်ကို သုတေသန ရလဒ်တွေကို ပေးမယ်ဆိုရင် ကျွန်တော်က ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံး အနှံ ရောင်းမယ်။ ရလာတဲ့ အကျိုးအမြတ်တွေကနေပြီးတော့ ဆရာနဲ့ ဆရာ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ သုတေသနလုပ်ငန်းတွေမှာ ပြန်လည် အသုံးချလို့ ရလာမယ်။ ကျွန်တော်တို့တွေ အနောက်နိုင်ငံတွေဆီကနေတောင် ငွေရှာနိုင်တယ်။ ဒါက တော်တော်ကြီးကို ကြီးမားတဲ့ အောင်မြင်မှုပဲ။”
“သေချာတာကတော့ ဒီသုတေသနကို ဦးဆောင်တဲ့ ဆရာ့အနေနဲ့ ဆုအချို့ရမှာပဲ။ ဒါက ပါမောက္ခတို့ရဲ့ နယ်ပယ်မှာရှိတဲ့ ပါမောက္ခတွေကို သုတေသနတွေ ပြုလုပ်ဖို့ ပိုပြီး စိတ်ခွန်အားပေးရာ ရောက်တယ်။ လူတွေကလည်း ဇီဝဗေဒကို ပိုပြီး စိတ်ဝင်စားလာတော့မှာ။ ကျွန်တော်တို့တွေ ဒီဘာသာရပ်ကို တရုတ်နိုင်ငံ တစ်ခုလုံး သိစေပြီး လူတွေကို ဇီဝဗေဒရဲ့ အံ့ဩဖွယ်ရာတွေကို မြင်ခိုင်းနိုင်မှာ။"
ဖုန်းယွီက ပိုပိုပြီး ချဲ့ကား ပြောလိုက်သည်။သို့သော် ပါမောက္ခစွန်းသည် ဖုန်းယွီ ပြောသည့် အရာများကို နှစ်သက်ပေ၏။ ယင်းက သူ့အိပ်မက်ပင် ဖြစ်သည်။
“ဒါပေမဲ့ မင်းပြောတဲ့ အရာကို လုပ်မယ်ဆိုရင် တကယ်ပဲ ငွေရှာနိုင်မှာလား။”
လူတွေက တကယ်ပဲ ကယ်လ်ဆီယမ်၊ ဗိုက်တာမင်၊ ကိုယ်ခန္ဓာ ကြီးစေတဲ့ ပစ္စည်းတွေ ပြီးတော့ ပိန်ဆေးတွေကို တကယ်ပဲ ဝယ်ပါ့မလား။
“အသေအချာပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးကလည်း ကြောက်စရာ ကောင်းလောက်တဲ့ နှုန်းနဲ့ တိုးတက်နေတာ။ ဆရာ့မှာ မြေးမရှိဘူးလား။ ဆရာ့မြေးကို အရပ်မရှည်စေချင်ဘူးလား။ ပြီးတော့ ဆရာကြည့်ရတာ ပင်ပန်းနေတဲပုံပဲ။ ဆရာက လွယ်လွယ်လေးနဲ့ ပင်ပန်းတက်လား။ တကယ်လို့ ဒီမှာ အားဖြည့် အချိုရည် ရှိမယ်ဆိုရင် ဆရာရဲ့ ပင်ပန်းမှုတွေကို ဖြေလျော့နိုင်တယ်။ ဒါမှမဟုတ်ရင် အိပ်ငိုက်တာလည်း မဖြစ်စေဘူးဆိုရင် ဆရာ သောက်သုံးမှာလား။ တကယ်လို့ တရုတ်နိုင်ငံမှာ မဝယ်ဘူးဆိုရင်တောင် ကမ္ဘာပေါ်မှာ တစ်နေရာရာက ဝယ်မဲ့သူ ရှိမှာပဲ။ အဲ့တာက သေချာပေါက်ကို ပိုက်ဆံ ရှာပေးနိုင်တယ်။”
ဖုန်းယွီသည်လည်း လောဘမကြီးပေ။ အကယ် သူပြောသည့် အရာ တစ်ခုခုသာ အောင်အောင်မြင်မြင်ဖြင့် ထုတ်လုပ်နိုင်ပါက အနည်းဆုံး သန်းရာချီ အကျိုးအမြတ် ရမည် ဖြစ်သည်။ အကယ်၍ နှစ်ခု သို့မဟုတ် နှစ်ခုထက် ပိုပါက အကျိုးအမြတ်က ပိုတောင် များဦးမည် ဖြစ်သည်။
အချို့သော အရာများကို ရှာတွေ့ထားပြီး ဖြစ်သည်။ သို့သော် မည်သူမျှ အသုံးပြုရမည့်ပုံ မသိပေ။ ဥပမာအနေဖြင့် L-carnitine ဖြစ်သည်။ နောင်လာမည့် နှစ်များတွင် ပိန်ဆေးအများစုတွင် L-carnitine အပိုင်း ပါဝင်ပေသည်။ သို့သော် ယခုလက်ရှိတွင် ယင်းကို ကျန်းမာရေး ဖြည့်စွက်စာအဖြစ်သာ အသုံးပြုပြီး အများအားဖြင့် ကလေးများ၏ နို့မှုန့်များတွင် ဖြစ်သည်။
အကယ်၍ ထိုပါမောက္ခများအနေဖြင့် သူတို့ သုတေသန မအောင်မြင်တောင် L-carnitine ၏ အခြားအသုံးဝင်ပုံကို တွေ့ရှိပါက ဖုန်းယွီအနေဖြင့် သူတို့ကို သန်းရာချီ ပေးမည် ဖြစ်သည်။
“ဆရာ ဒီအကြောင်းကို စဉ်းစားကြည့်ဦးမယ်။ အခြားသူတွေနဲ့လည်း ဆွေးနွေးဖို့ လိုသေးတယ်။ဆရာမင်းကို နောက်ထပ် နှစ်ရက်နေမှ အဖြေပြန်ပေးမယ်။”
အမှန်တကယ်တွင် ဖုန်းယွီသည် ဆုံးဖြတ်ချက် ချပြီး ဖြစ်သည်။ သို့သော် ဖုန်းယွီ ပြောသည့် အရာများအား တစ်ယောက်တည်း လုပ်ရန် မဖြစ်နိုင်ပေ။ သူ့ကျွမ်းကျင်မှုသည် ဗီတာမင် ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် တက္ကသိုလ်ခေါင်းဆောင်များဖြင့်လည်း စကားပြောရန် လိုအပ်ပေသေး၏။ သူ့အနေဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ချက်ကိုလည်း တစ်ယောက်တည်း ချရန်အတွက် အခွင့်အာဏာလည်း မရှိပေ။
ပါမောက္ခစွန်း၏ အမူအရာကို ကြည့်ပြီး ဖုန်းယွီက ယင်းအပေးအယူသည် သဘောတူပြီ ဖြစ်ကြောင်း ပြောနိုင်ပေ၏။