စက်ပစ္စည်း နောက်ဆုံးအသုတ်
Vol. 22 Ch. 321
ဖုန်းယွီက ဖုန်းကို ချက်ပြီးနောက် သက်ပြင်းချလိုက်သည်။
သူ့အရင်ဘဝက ဖြစ်ရပ်များနှင့် အတူတူပင် ဖြစ်သည်။ ယခုနှစ် ဩဂုတ်လတွင် ဆိုဗီယက် ပြည်ထောင်စု၌ အာဏာသိမ်းမှု ဖြစ်ခဲ့သည်။ အချို့သော နိုင်ငံရေး သဘောထားတင်းမာသည့် သူများက ဆိုဗီယက် ပြည်ထောင်စု၏ သမ္မတ မီခေးဂိုဘာချော့လ်ကို သူ့ ခရီးစဉ်အတွင်း ထိန်းသိမ်းခဲ့သည်။
ထိုနိုင်ငံရေး သဘောထား တင်းမာသည့် သူများက ဘက်ဆင်ကို ဆိုဗီယက် ပြည်ထောင်စု၏ သမ္မတအဖြစ် တင်မြောက်လိုသည့်အတွက် ယင်း အာဏာသိမ်းမှုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် ယက်ဆက်က ငြင်းဆိုခဲ့သည်။ ရုရှား တစ်နိုင်ငံတည်းကို အုပ်ချုပ်ရခြင်းက ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံများစွာကို အုပ်ချုပ်ရခြင်းထက် ပိုလွယ်ကူ၏။
ထို နိုင်ငံရေးသဘောထား တင်းမာသူများသည် ယက်ဆင်ကို ချုပ်ထားပြီး လုပ်ကြံချင်ခဲ့သည်။ သို့သော် ယက်ဆင်သည် ရုရှားနိုင်ငံ တစ်ခုလုံးကို ထိန်းချုပ်ပြီး ဖြစ်နေသည်ကို သိရှိသွားခဲ့သည်။ သို့သော် သူတို့၏ အစီအစဉ် မအောင်မြင်ရခြင်း ဖြစ်သည်။
တစ်ချိန်တည်းတွင် စစ်တပ်နှင့် ကေဂျီဘီကလည်း ရူးနေသည့် အာဏာသိမ်းခေါင်းဆောင်များကို ထောက့်ခံပေးခြင်းကို ရပ်လိုက်ကြသည်။ သူတို့က ယက်ဆင်ကို ပွင့်ပွင့်လင်းလင်းပင် ထောက်ခဲတော့သည်။ အဆုံးတွင် ဆွေးနွေးချက် အချို့ ပြုလုပ်ပြီးနောက် မီခေးဂိုဘာချော့လ် လွတ်မြောက်ခဲ့၏။
ယက်ဆင်သည် ဆိုဗီယက် ပြည်ထောင်စုရှိ ကွန်မြူနစ်ပါတီကို အစွန်းရောက်ပါတီအဖြစ် ကြေငြာသည့် အခွင့်အရေးကို ရယူခဲ့ကာ သူတို့ကို ရုရှားမှ မောင်းထုတ်ခဲ့သည်။ သူသည် မီခေးဂိုဘာချော့လ်ကိုလည်း ယက်ဆက်အား ရုရှား၏ သမ္မတအဖြစ် အသိအမှတ်ပြုရေး စာချုပ်ကိုလည်း လက်မှတ် ထိုးစေခဲ့သည်။
မီခေးဂိုဘာချော့လ်သည် ဆိုဗီယက် ပြည်ထောင်စု သမ္မတရာထူးမှ နှုတ်ထွက်ပြီး ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲကြောင်း ကြေငြာလေ၏။
ရုရှား၊ ယူကရိန်းနှင့် ဘယ်လာရုဇ် နိုင်ငံများသည် ချက်ခြင်းပင် ကမ္ဘာ့ကုလသမဂ္ဂထဲ ဝင်ကြသည်။ ရုရှားသည် အင်အားအကောင်းဆုံး စစ်တပ် နှင့် ကေဂျီဘီ၏ ထောက်ခံမှု ရခဲ့သည့်အတွက် ဆိုဗီယက် ပြည်ထောင်စု၏ ပြည်ပ ပိုင်ဆိုင်မှုအား အားလုံးကို ရယူရန် အခွင့်အရေး ရခဲ့သည်။
မီခေးဂိုဘာချော့လ်သည် ယက်ဆက်ကို သူ၏ ဆိုဗီယက် ပြည်ထောင်စု စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ကိုင်ရန် မျှော်လင့်နေသည်။ ယက်ဆက်က သဘောတူသော်လည်း သူ့တွင် နောက်ထပ် အစီအစဉ် ရှိသည်။ သူသည် လွတ်လပ်သော နိုင်ငံများ ဓနသယာယအဖွဲ့ပင် ဖြစ်သည်။
ထိုမိတ်ဖက် အဖွဲ့အစည်းသည် ဆိုဗီယက် ပြည်ထောင်စုထဲရှိ ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံများ ဖြစ်ရန် လိုအပ်ပေ။ ယူကရိန်းနှင့် ဘယ်လာရုဇ်သည် ထိုအဖွဲ့ အလုပ်လုပ်မည့် အကြောင်းကို သိသည်။ ထို နိုင်ငံ သုံးနိုင်ငံ မပါသ၍ အခြားသော နိုင်ငံများသည်လည်း ဘာမျှ မဟုတ်ပေ။ ထိုနိုင်ငံများတွင် လုံလောက်သည့် စစ်အင်အားနှင့် စီးပွားရေးလည်း မရှိပေ။
ထိုသဘောတူစာချုပ် လက်မှတ် မထိုးခင် ကီရီလန်ကိုသည်လည်း ဖုန်းယွီဆီသို့ စက်ပစ္စည်းများကို မြန်မြန် တင်ပို့ရမည်ပင်။ ဩဂုတ်လတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီး မီခေးဂိုဘာချော့ နှုတ်ထွက်ပါက ထိုစက်ပစ္စည်းများကို တင်ပို့ရန်က ပိုတောင် ခက်ခဲသွားမည် ဖြစ်သည်။
သို့သော် ကီရိလန်ကိုက ဉာဏ်ကောင်းပေ၏။ သူက စက်ရုံ ဒါရိုက်တာများကို ဆိုဗီယက် ပြည်ထောင်စုသည် အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ပြောခဲ့သည်။ သူတို့သည် သူတို့အတွက်နှင့် သူတို့ မိသားစုအတွက်သာ တွေးရန်လိုတော့သည်. အကယ်၍ အနာဂတ်တွင် စီးပွားရေး ပျက်ကပ် ဖြစ်လျှင်တောင် သူတို့တွေ ပိုက်ဆံ ရှိဦးမည် ဖြစ်သည်။ သူတို့အနေဖြင့် ထိုစက်ပစ္စည်းများ ရောင်းချခြင်းနှင့် ပတ်သက်ပြီး ဆိုဗီယက် နိုင်ငံရေးသမားဟောင်းများအပေါ် ပုံချနိုင်ပေသည်။ သူတို့သည် စက်ရုံနှင့် စက်ပစ္စည်းရောင်းချခြင်းအတွက် အပြောခံရမည် မဟုတ်ပေ။
ထိုအတိုင်းပင် ကီရီလန်ကို ဝယ်ယူသည့် စက်ပစ္စည်းများက မျှော်မှန်းထားသည်ထက် ပိုတောင် ဈေးပေါပေ၏။ သေချာသည်မှာ သူစက်ရုံဒါရိုက်တာများကို ကနဦး ပေးချေငွေက များပေ၏။ ဆိုဗီယက် ပြည်ထောင်စုတွင် နိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေသော်ငြား သူ့ကုန်ကျငွေမှာ အတူတူပင် ဖြစ်သည်။
ကီရီလန်ကိုသည် ထိုစက်ပစ္စည်းများကို တရုတ်နိုင်ငံကို ဖြည်းဖြည်းချင်း တင်ပို့ချင်သည်။ အကယ်၍ သူသည် စက်ပစ္စည်းများစွာကို တပါတည်း ပို့လိုက်ပါက သူ့ကို သိရှိသွားမည် ဖြစ်သည်။
ထပ်ပြောရလျှင် ဖုန်းယွီသည်လည်း ထိုစက်ပစ္စည်းများကို နေရာချထားရန်နှင့် တပ်ဆင်ရန်အတွက် လူအင်အား အလုံအလောက် မရှိသေးပေ။ သို့သော် ဖုန်းယွီသည်လည်း လောနေသည်။ ရုရှား၏ လွတ်လပ်ရေးကို ကုလသမဂ္ဂက အသိအမှတ်ပြုပါက ကီရီလန်ကိုသည် ထိုပစ္စည်းများကို တင်ပို့ရန်အတွက် အခွင့်အရေး ရရှိတော့မည် မဟုတ်ပေ။
ဖုန်းယွီသည် စက်ရုံများနှင့် အစိုးရများစွာနှင့် ဒေသတိုင်းတွင် ပြောပြီး ဖြစ်သည်။ ဖူကွမ်းကျန်းသည် သူ့၏ ဟောင်ကောင်စီးပွားရေးသမားဆိုသည့် အချက်ကို သုံးကာ ထိုအစိုးရများနှင့် ဆွေးနွေးခဲ့သည်။ ထိုအချိန်က ဟောင်ကောင်စီးပွားရေးသမားများက အမေရိကန်ထက် သာပေ၏။ ဟောင်ကောင် တရုတ်နိုင်ငံကို ပြန်လည် မလွဲအပ်အချိန်အထိ ဖြစ်၏။ တရုတ်အစိုးရသည် မလွဲပြောင်းခင် ကိစ္စ တခုခု ဖြစ်မှာကို ကြောက်ရွံ့၏.
အကယ်၍ ကီရီလန်ကိုသာ ထိုပစ္စည်းများကို မပို့ဆောင်နိုင်ခဲ့ပါက ဖုန်းယွီ၏ စက်ယန္တရားကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံမှုသည်လည်း ကမောက်ကမ ဖြစ်မည် ဖြစ်၏။ သူ့အစီအစဉ်များ နောက်ကျသွားမည် ဖြစ်ကာ ဘင်းမြို့တော် အစိုးရနှင့် မာစတာလူ၏ ဆန့်ကျင်ခြင်းကိုလည်း ခံရမည် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် လျော်ကြေးပမာဏ များစွာ ပေးရမည် ဖြစ်၏။
ဖုန်းယွီ ကီရီလန်ကိုကို လောသည့် အတွက်ကြောင့် ကီရီလန်ကိုလည်း ခေါင်းကြီးနေပေသည်။ သူသည် သူ့အဖေ၏ အဆက်အသွယ်များကို အသုံးချကာ ဘင်မြို့တော်သို့ စက်ပစ္စည်းများကို ပို့ဆောင်ခဲ့သည်။
ဘင်းမြို့တော်တွင် စက်ပစ္စည်းများ ထားရန် နေရာ ရှိမရှိကို ကီရီလန်ကို ဂရုမစိုက်ပေ။ သူ့စက်ပစ္စည်းများ ဘင်းမြို့တော်ကို ရောက်သည်နှင့် ငွေပေးချေမှု ရရှိမည် ဖြစ်သည်။ ထိုစက်ပစ္စည်းများ ထားရန် နေရာ မရှိခြင်းက ဖုန်းယွီ၏ ပြဿနာသာ ဖြစ်သည်။
ယနေ့တွင် စက်ပစ္စည်း နောက်ဆုံးအသုတ်က ဘင်းမြို့တော်ကို ရောက်ရှိလာမည် ဖြစ်သည်။ ဖုန်းယွီသည် စက်ပစ္စည်းများ နယ်စပ် ဖြတ်ကျော်လာကြောင်းကို ဖုန်းမှ တဆင့် လက်ခံ ရရှိခဲ့သည်။ သူသည် နောက်ဆုံးတွင် စိတ်သက်သာရ ရသွားတော့၏။ စက်ယန္တရားကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံမှုအတွက် ဘာပြဿနာမျှ ရှိတော့မည် မဟုတ်ပေ။
သို့သော် ယခုလက်ရှိတွင် သူ့ထံ နောက်ထပ် ပြဿနာ တစ်ရပ် ပေါ်နေ၏။ စက်ပစ္စည်များ အလွန်များပြားနေကာ ထိုပစ္စည်းများ သိုလှောင်ရန်အတွက် နေရာလည်း မရှိပေ။ ဖုန်းယွီသည် တုန့်ကွမ်းနဲ့ ကျင်းလင်သို့ စက်ပစ္စည်း တစ်သုတ် ပို့ပြီး ဖြစ်သည်။ သို့သော် ဘင်းမြို့တော်တွင် စက်ပစ္စည်းများစွာ ကျန်ရှိနေသေး၏။
လီမင်တသည် ဖုန်းယွီဆီကို လာပြီး ထိုပြဿနာအတွက် အဖြေကို မေးသည်။ အကယ်၍ ထိုပစ္စည်းများကို ဘင်းမြို့တော်တွင် ထားလျှင်လည်း စက်ယန္တရားကုမ္ပဏီ၏ သိုလှောင်ရုံများကလည်း လောက်ငှမှု မရှိပေ။ စက်ယန္တရားကုမ္ပဏီသည် ဘင်းမြို့တော်ရှိ ဂိုထောင်များ အားလုံးကို ငှားရမ်းပြီး ဖြစ်သော်လည်း လောက်ငှခြင်း မရှိသေးပေ။
နောက်ဆုံးအသုတ် စက်ပစ္စည်းတွေက မကြာခင် ရောက်တော့မယ်။ သူတို့ကို စက်ရုံရှိတဲ့ ပြည်နယ်တွေကိုပဲ တန်းပို့လိုက်ရမလား။
ဒါပေမဲ့ ဒီ စက်ရုံတွေ ဆောက်လုပ်တာကလည်း ပြီးမှ မပြီးသေးတာ။ အချို့ဒေသတွေဆို ပြည်နယ် အစိုးရနဲ့ ဆွေးနွေးတဲ့ အပိုင်းတွေတောင် မပြီးသေးဘူး။ စက်ရုံနေရာတွေကလည်း မြေကွက်လပ်ပဲ ဖြစ်နေသေးတယ်။ တကယ်လို့ စက်ပစ္စည်းတွေကို အဲ့ကို ပို့ထားရင်တောင် သိုလှောင်ဖို့အတွက် နေရာကတော့ လိုဦးမှာပဲ။ ဒေသအစိုးရကလည်း ဒီအခွင့်အကို အသုံးချပြီး ငါတို့ကို ပြဿနာ ရှာနိုင်တယ်။
လီမင်တက ဖုန်းယွီသည် အလွန် အလောကြီးသည်ဟု ခံစားမိသည်။ထိုစက်ပစ္စည်းများကို စောစောစီးစီး ပို့ရန် မလိုအပ်ပေ။ သူ့အနေဖြင့် စက်ရုံတည်ဆောက်ပြီးသည့်အထိ စောင့်သင့်ပေ၏။ မတပ်ဆင်ဘဲ ထားထားသည့် စက်ပစ္စည်းများသည် ပြဿာနားများ ရှိတက်သည်ပင်။
ဖုန်းယွီသည်လည်း ဆောက်လုပ်ရေးပြီးသည်အထိ စောင့်စားချင်ခဲ့သည်။ သို့သော် အချိန်က အကန့်အသတ်ရှိပေ၏။ ထိုစက်ပစ္စည်းများသည် ဈေးချိုပေ၏။ အကယ်၍ သူသာထိုပစ္စည်းများကို စက်ရုံတည်ဆောက်ရေး လုပ်ငန်းများ ပြီးမှသာ ဝယ်ယူပါက အနည်းဆုံး သူ့အတွက် နှစ်ဆ ကုန်ကျမည် ဖြစ်သည်။
ထိုအချိန်တွင် ဆိုဗီယက် ပြည်ထောင်စုသည်လည်း ပြိုကွဲမည်ဖြစ်ကာ နိုင်ငံအားလုံးကလည်း စက်ပစ္စည်းများ တင်ပို့ခြင်းကို တားမြစ်မည် ဖြစ်၏။ ကီရီလန်ကိုသည် ထိုစက်ပစ္စည်းများကို သူ့အတွက် ဝယ်ယူနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ဖုန်းယွီသည်လည်း ထိုစက်ပစ္စည်းများကို ဘင်းမြို့တော် အစိုးရနှင့် မာစတာလူကို ပြရန် လိုအပ်ပေသေး၏။ မာစတာလူကြောင့်သာ သူ့အနေဖြင့် စက်ရုံများစွာ တစ်ခါတည်း ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စက်ပစ္စည်းများ အားလုံးရောက်ပြီးနောက် ဖုန်းယွီသည် ဖူကွမ်းကျန်းကို ဖုန်းခေါ်ဆိုကာ အကယ်၍ ထိုစက်ပစ္စည်းများကို သက်ဆိုင်ရာ စက်ရုံများဆီသို့ ပို့ဆောင်ပါက အကျိုးသက်ရောက်မှု ရှိမရှိဆိုသည့် အချက်ကိုပါ မေးခဲ့သည်။
မြေကိစ္စသည် ပြီးစီးသွားပြီ ဖြစ်သော်လည်း ယင်းက သူတို့ စက်ရုံ ဆောက်လုပ်ရန် ခွင့်ပြုချက်ရသည်ဟု ဆိုလိုခြင်းမျိုး မဟုတ်ပေ။ ယင်းက ယွမ် သန်းတစ်ရာ ရင်းနှီးမြှပ်နှံမှု ဖြစ်သည်။ ဒေသအစိုးရသည်လည်း ထိုမျှ များပြားသည့် ငွေကြေးများကို အလိုရှိသည်။ များစွာသော ဆွေးနွေးစရာ အချက်အလက်အသေးစိတ်သည်လည်း ရှိနေသေး၏။
ဖူကွမ်းကျန်းသည် ဖုန်းယွီ ပြောသည်ကို ကြားသည့်အခါ ခေါင်းကိုက်သွားတော့၏။ အကယ်၍ စက်ပစ္စည်းများကို သက်ဆိုင်ရာ ဒေသသို့ အရင်ပို့ပါက ဒေသအစိုးရသည် ဤနေရာတွင် စက်ရုံ ဆောက်မည်ကို သိရှိသွားမည် ဖြစ်သည်။ သူတို့အနေဖြင့် ယင်းကို အသုံးချပြီး စက်ယန္တရားကုမ္ပဏီကို ငွေကြေးပမာဏ များများ တောင်းခံမည် ဖြစ်သည်။ ပြီးနောက် ဖူကွမ်းကျန်းအတွက် ဆွေးနွေးမှုကလည်း အဆင်ပြေပြေရှိတော့မည် မဟုတ်ပေ။
သို့သော် ယင်းက တစ်ခုတည်းသော အဖြေ ဖြစ်သည်။ စက်ပစ္စည်းများကို ဤနေရာတွင် ထားမည် ဆိုပါက ဒေသ အစိုးရသည်လည်း ဆွေးနွေးမှုကို အမြန်အပြီးသတ်မည် ဖြစ်သည်။ စက်ယန္တရားကုမ္ပဏီအတွက် ပမာဏ များများ ပေးရနိုင်သော်လည်း အန္တရာယ်က နည်းသွားမည် ဖြစ်သည်။
ဖုန်းယွီသည် ဖူကွမ်းကျန်းပြောသည့် ငွေများများ ပိုပေးပြီး ဆွေးနွေးမှုများကို မြန်မြန်ဆန်ဆန်ဖြင့် လုပ်မည်ဆိုသည့်အချက်အား သဘောတူလိုက်သည်။ ထို့နောက် ဖူကွမ်းကျန်း၏ ဟောင်ကောင်စီးပွားရေးသမားက စက်ယန္တရားကုမ္ပဏီကို တော်တော်လေး ချွေတာပေးခဲ့သည်။ အကယ်၍ ဖုန်းယွီနှင့် လီမင်တသာ ဆိုလျှင် သူ့လောက်တောင် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
ဖူကွမ်းကျန်းသည် သက်ဆိုင်ရာ ဒေသအစိုးရနှင့် ဆွေးနွေးမှုများ ပြီးနောက် စက်ပစ္စည်းများသည် ဘင်းမြို့တော်မှ သက်ဆိုင်ရာ ဒေသကို ချက်ခြင်း ပို့ဆောင်ခဲ့သည်။ သိပ်အရေးမပါသည့် ပစ္စည်းအချို့သည် ထိုကာလအတွင် ထိခိုက်မှု အချို့ ရှိခဲ့သည်။ သို့သော် ဖုန်းယွီ စိတ်ပူပန်ခြင်းမရှိပေ။ သူ့အနေဖြင့် ထိုစက်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ ဝယ်ယူနိုင်သေးသည်။ သူသည် ပင်မ စက်ပစ္စည်းများကိုသာ စိုးရိမ်၏။
ထိုအရေးမပါသည့် စက်ပစ္စည်းများသည် သံချေးတက်သွားခဲ့လျှင်တောင် ဖုန်းယွီအနေဖြင့် သံထည်အပျက်အဖြစ် ရောင်းနိုင်သေးသည်။ ယခုလက်ရှိ ဖုန်းယွီ မျှော်လင့်သည်မှာ စက်ရုံများ မြန်နိုင်သမျှ မြန်မြန် တည်ဆောက်နိုင်ရေးသာ ဖြစ်သည်။