← Chapters

ပိုက်ဆံရရန်အတွက် စပွန်စာရှာခြင်း

Vol. 22 Ch. 322

ပိုက်ဆံရရန်အတွက် စပွန်စာရှာခြင်း

Vol. 22 Ch. 322

စက်ယန္တရားကုမ္ပဏီ၏ စက်ရုံခွဲများသည် ဆောက်လုပ်နေကြပြီ ဖြစ်ကာ ဖုန်းယွီ၏ ဘေကျင်းတက္ကသိုလ် ဇီဝဗေဒ ဌာန၏ ပါမောက္ခများ၏ သုတေသနလုပ်ငန်းများကို ငွေကြေးထောက်ပံ့သည့် ကိစ္စများသည်လည်း ပြီးစီးသွားပြီ ဖြစ်သည်။

တက္ကသိုလ်က သုတေသန ရလဒ်များကို တက္ကသိုလ်က ပိုင်ဆိုင်မည် ဖြစ်ကာ ပါမောက္ခများ၏ နာမည်များသည်လည်း သုတေသနစာတမ်းများတွင် ပါမည် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ထိုသုတေသန ရလဒ်များကို အခမဲ့ အသုံးပြုနိုင်ပေသည်။ သူ့အနေဖြင့် ထိုရလဒ်များ အထူးအသုံးပြုလိုပါက ငွေပေးရမည် ဖြစ်သည်။ သေချာသည်မှာ တက္ကသိုလ်သည်လည်း ယင်းကို အသုံးပြုခွင့် ရှိပေသည်။

ဖုန်းယွီသည် ကျေနပ်နေ၏။ ရလဒ်များကို အခမဲ့ အသုံးပြုခြင်းက ကောင်းသည့်အပေးအယူပင် ဖြစ်သည်။ အကယ်၍ ပြိုင်ဖက်များ ရှိလာခဲ့လျှင် ဖုန်းယွီအနေဖြင့် ပိုက်ဆံ အချို့ကို အသုံးပြုပြီး အထူးအခွင့်အရေးကို အရယူနိုင်မည် ဖြစ်သည်။ ပြီးနောက် ဖုန်းယွီ တစ်ယောက်တည်းသာ အကျိုးအမြတ်များစွာ ရရှိမည် ဖြစ်သည်။

ပါမောက္ခများကလည်း ယင်းက သူတို့အတွက် အကောင်းဆံဒး ဖြစ်သည်ဟု ခံစားမိသည်။ ဖုန်းယွီက သူတို့၏ သုတေသန လုပ်ငန်းများ အားလုံးကို ငွေကြေးထောက်ပံ့မှု ပေးမည်ဟု ပြောကာ သူတို့ သုတေသနများကို ထုတ်ကုန်အဖြစ် အသုံးပြုပါ ဘောနပ်စ်များပါ ထပ်ဆောင်းပေးမည်ဖြစ်သည်။

တက္ကသိုလ်တွင်လည်း အကျိုးအမြတ် ရပေသည်။ သူတု့အနေဖြင့် ပါမောက္ခများ သုတေသန ဆက်လုပ်ရန်အတွက် ကျောင်းမှ ငွေထုတ်ပေးရန် မလိုတော့သည့်အတွက် တပြားမျှ ကုန်တော့မည် မဟုတ်ပေ။ အကယ်၍ သူတို့ သုတေသန ကျရှုံးခဲ့လျှင်တောင် တက္ကသိုလ်အနေဖြင့် အချိန် ဆုံးရှုံးခြင်းသာ ဖြစ်ပေါ်မည် ဖြစ်၏။ သို့သော် ပါမောက္ခများ အောင်မြင်ခဲ့လျှင် တက္ကသိုလ်သည်လည်း အကျိုးအမြတ် ရမည် ဖြစ်သည်။

ဖုန်းယွီသည် ပါမောက္ခ တစ်ဦးဆီအား ယွမ် ၁သန်းသာ ထောက်ပံ့သည်။ သို့သော် ထိုပါမောက္ခများက အပျော်လွန်နေကြသည်။ အခြားသော ကောလိပ်များမှ ပါမောက္ခများမှ ပါမောက္ခများသည် မလိုလိုကြ၏။ ဘေကျင်းတက္ကသိုလ်တွင်သာ ထိုပါမောက္ခများသည် သုတေသန ပြုလုပ်ရန်အတွက် တစ်နှစ်လျှင် ယွမ် ၂သိန်းသာ ရပေသည်။

အဘယ်ကြောင့် ထိုသူဌေး သူတို့၏ သုတေသနလုပ်ငန်းများကို စပွန်ဆာ မပေးသနည်း။ သူတို့၏ သုတေသနလုပ်ငန်းများသည်လည်း ကောင်းမွန်သည့် အရာများဖြစ်သည်။ လူသားအားလုံးအတွက် ကောင်းမွန်သည့် အရာပင် ဖြစ်သည်။

ပထမက အချို့သော ပါမောက္ခများသည် တက္ကသိုလ်၏ စီမံခန့်ခွဲမှု အမိန်များကို အသုံးပြုကာ သူတို့အား သုသေသန ငွေများကို အသုံးပြုလိုကြသည်။ ကျောင်းက ကျောင်းသား တစ်ယောက်နှင့် အပေးအယူ မလုပ်နိုင်သည်လော။ သို့သော် ဒုတိယ ကျောင်းအုပ်က ယင်းကို ငြင်းဆိုလိုက်သည်။ ဖုန်းယွီက ထိုသုတေသန ရံပုံငွေများသည် သက်ဆိုင်ရာ ပါမောက္ခကိုသာ ပေးအပ်ခြင်း ဖြစ်ကာ အကယ်၍ တစ်ယောက်ယောက်က ထိုငွေများအား အသုံးပြုပါက စာခုျပ် ဖောက်ဖျက်ခြင်းဟု စဉ်းစား၍ ရနိုင်ပေသည်။ ဖုန်းယွီအနေဖြင့် နောက်ထပ် သုတေသနများကို ငွေကြေးထောက်ပံ့မှုမျိုး ပြုလုပ်တော့မည် မဟုတ်ပေ။

ဖုန်းယွီသည် တက္ကသိုလ် အဆောက်အဦးများကို နှစ်စဉ်လှူမည်ဟု သဘောတူထားသည်။ ယင်းက သန်းရာချီထက် ပိုပေသည်။ တက္ကသိုလ်သည် မနာလိုသည့် ပါမောက္ခများ၏ ပြဿနာ မရှာရန် ပြောခဲ့သည်။ သို့သော် သူတို့က တိတ်တက် ဖုန်းယွီ၏ အတန်းနှင့် အဆောင်ကို ပြောလိုက်သည်။ ပါမောက္ခများအနေဖြင့် ကိုယ်တိုင် ကိုယ်ကျသွားကာ သုတေသနနှင့် ပတ်သက်သည့် အရာများကို ဆွေးနွေး၍ ရနိုင်ပေသည်။ မည်သို့ပင် ဖြစ်စေ တက္ကသိုလ်အနေဖြင့် စီမံခန့်ခွဲရေး အမိန့်အာဏာအား အသုံးပြုပြီး မည်သူ တစ်ဦး တစ်ယောက်ကိုမျှ သုတေသနငွေကြေးများကို အသုံးပြုခွင့် ပေးမည် မဟုတ်ပေ။

ဖုန်းယွီသည် အခြားကျောင်းသားများ စစ်ရေးလေ့ကျင့်ခန်း လုပ်နေသည်ကို ကြည့်နေ၏။ သူသည် လေ့ကျင့်ရေးမှ ကင်းလွှတ်ခွင့် ရခဲ့သည်။ သို့သော် သူ တစ်ယောက်တည်းသာ ကင်းလွတ်ခွင့် ရသည်မဟုတ်ကြောင်း သူသတိမပြုမိခဲ့ပေ။ နောက်ထပ် နှစ်ပါတ် ပထမနှစ် ကျောင်းသားများ အနားယူချိန်တွင် တကယ် စစ်ရေးလေ့ကျင့်မှု ရှိပေသည်။

“ဆရာ ကျွန်တော်ကို ရှာနေတာလား။”

ဖုန်းယွီက အဆောင်တွင် လက်ဖက်ရည် သောက်နေစဉ် ဆရာ တစ်ယောက် ဆံဖြူလူအို နှစ်ယောက်နှင့် လျှောက်လာသည်ကို တွေ့လိုက်သည်။

“ဖုန်းယွီက ဒီ ပါမောက္ခ နှစ်ယောက်နဲ့ မင်းကို မိတ်ဆက်ပေးမယ်။ သူတို့တွေက ငါတို့တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံဌာနကပဲ။ သူတို့တွေက ပရောဂျက် အချို့ လုပ်ဖို့အတွက် မင်းရဲ့ ငွေကြေး ထောက်ပံ့မှု လိုအပ်လို့။”

ဘေကျင်း တက္ကသိုလ်မှာ ကွန်ပြူတာသုသေသန စင်တာ ရှိသေးတာလား။

ဖုန်းယွီအတွေးတွင် ဘေကျင်းတက္ကသိုလ်သည် ဝိဇ္ဇာဘာသာရပ်များကို ပိုအလေးပေးသည်ဟု ထင်ခဲ့သည်။ ဟွာချင်းတက္ကသိုလ်သည် ကွန်ပြူတာ ဘာသာရပ်များကို ပိုအလေးပေးသည်ဟု ထင်ခဲ့သည်။ ဘေကျင်းတက္ကသိုလ်တွင် ကွန်ပြူတာ ဌာန ရှိသည်လော။

ပါမောက္ခများနှင့် အချိန် တစ်ခဏကြာ ဆွေးနွေးပြီးနောက် ဖုန်းယွီ မျက်နှာထက်ရှိ အပြုံးသည် ပျောက်သွားတော့သည်။

ချီ ဒီ လူအို နှစ်ယောက်က ငွေညစ်ဖို့ လာတာပဲ။ သူတို့ရဲ့ သုတေသနတွေက ကောင်းပေမဲ့ သူတို့စတာက အရမ်းကို နောက်ကျနေပြီ။ အိုက်ဝမှာတောင် ဒီလို နည်းပညာမျိုး ရှိနေပြီ။ ပြီးတော့ သူတို့က အခုမှ ဒီသုတေသနကို စလုပ်မှာတဲ့လား။”

ပါမောက္ခများက ဖုန်းယွီကို သုတေသန ရလဒ်များကို ပိုင်ဆိုင်ခွင့် ရမည်ဟု ကတိပေးထားသည်။ သူတို့က သုတေသနရလဒ်များကို အခြေခံပြီး သူတို့ကိုယ်ပိုင် ထုတ်ကုန်များ ထုတ်လုပ်ဦးမည် ဖြစ်သည်။

အရှက်မရှိလိုက်တာ

ဖုန်းယွီသည် ချက်ချင်းပင် ဘေကျင်း တက္ကသိုလ်တွင် ကျန်းဖန်ကုမ္ပဏီ တစ်ခုရှိမှန်း သတိရသွားသည်။ ယင်းကုမ္ပဏီကို ၁၉၈၆တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ပြီးနောက် ကုမ္ပဏီ၏ အထွေထွေမန်နေဂျာသည် ယခုလက်ရှိ ကွန်ပြူတာသုတေသန စင်တာ၏ ဌာနမှူး ဖြစ်သည်။

ထိုကုမ္ပဏီကို ဘေကျင်း တက္ကသိုလ်က ပိုင်ဆိုင်ပေသည်။ ပြီးနောက် ထိုကုမ္ပဏီ၏ အဓိက ရည်ရွယ်ချက်သည် ပါမောက္ခများ၏ သုတေသနများကို အသုံးပြုကာ ထုတ်ကုန်များအဖြစ် ရောင်းချရန် ဖြစ်သည်။ သူတို့ အအောင်မြင်ဆုံးသည် တရုတ်စာလုံးမျက်နှာပြင် နည်းပညာ ဖြစ်သည်။

ဒီပါမောက္ခတွေက ငါ့ကို လှူစေချင်နေကြတာလား။

ဖုန်းယွီအနေဖြင့် ထိုပါမောက္ခများကို လှူဒါန်းမှုကို စိတ်ထဲထားသည် မဟုတ်ပေ။ သို့သော် သူတို့ သုတေသနများသည် ခေတ်မမှီတော့ပေ။ ပြီးနောက် ဈေးကွက်ထဲတွင်လည်း လွယ်လွင့်တကူ ရရှိနိုင်ပေ၏။ ယခုမှ စလုပ်ပါ သူတို့အတွက် အလွန် နောက်ကျတော့မည် ဖြစ်သည်။ ယင်းက အချိန်ကုန် ငွေကုန်သာ ဖြစ်သည်။

မင်းတို့ရဲ့ ကျွမ်းကျင်တာက ဆော့ဖ်ဝဲပိုင်းလေ။ မင်းတို့ သုတေသနကိုလည်း အဲ့အပိုင်းကိုပဲ သွားသင့်တာပေါ့။ ဘာကြောင့် ဟွာချင်းတက္ကသိုလ်နဲ့ ပြိုင်ချင်ရတာလဲ။ ပြီးတော့ မင်းက ငါ့ဆီကနေတောင် ငွေတောင်းချင်သေးတာလား။

ထိုပါမောက္ခ နှစ်ယောက်အတွေးတွင် ဖုန်းယွီသည် အခြားသော ပါမောက္ခများ၏ သုတေသနများကို ငွေကြေးထောက်ပံ့ပြီး ဖြစ်သည့်အတွက် ဖုန်းယွီအနေဖြင့် သူတို့ကို ထောက်ပံ့မည်ဟု အသေ တွက်ထားသည်လော။ သုသေသနများကို ငွေကြေးထောက်ပံ့ရခြင်း ရည်ရွယ်ချက်လည်း ရှိပေသည်။ ဖုန်းယွီအနေဖြင့် သုတေသန၏ တန်ဖိုးကို မြင်ရမှ ရပေမည်။ တန်ဖိုးသည် ဒီအတိုင်းပဲ ပြန်လာ၍ မရနိုင်ပေ။ အနှစ်သာရ ရှိမှုများလည်း လိုအပ်ပေသေးသ်ည။ ဖုန်းယွီအနေဖြင့် ထိုပုဂ္ဂိုလ်နှစ်ဦး ကျော်ကြားမှုအတွက် ငွေများကို အသုံးပြုမည် မဟုတ်ပေ။

“ကျေးဇူးပြုပြီး ခဏလောက်ပါ။ အနည်းငယ် သဘောထား ကွဲလွဲနေတယ်လို့ ကျွန်တော် မှတ်ယူမိတယ်။ ဆရာတို့နှစ်ယောက်က အခြေအနေတွေကို ပြောနေပေမဲ့ ကျွန်တော်က ဆရာတို့ရဲ့ သုတေသနမှာ ငွေကြေးတစ်စုံတစ်ရာ ပုံ့ပိုးပေးမှာ မဟုတ်ပါဘူး။”

“ဘာ။ မင်းဘာပြောလိုက်တာလဲ။ မင်းက ငါတို့ရဲ့ သုတေသနရလဒ်တွေကို မထောက်ပံ့ဘူးတဲ့လား။ ဘာလို့ ငါတို့ သုတေသနကို ငွေကြေး မထောက်ပံ့ရတာလဲ။”

ငါတို့တွေက တက္ကသိုလ်သုတေသနစင်တာက ပါမောက္ခတွေ။ မင်းကို ငွေကြေးထောက်ပံ့ဖို့ ခွင့်ပြုပေးတယ်ဆိုတာက မင်းမျက်နှာ ရဖို့ပဲ။ မင်းက သုတေသနစာတမ်းမှာတောင် နာမည် ပါဦးမယ်။ မင်းက ငါတို့ကို မပံ့ပိုးဘူးတဲ့လား။ ဒါက ကြီးမားတဲ့ ဂုဏ်ယူစရာကို။

ပါမောက္ခနှစ်ယောက်သား ကြက်သေသေသွားတော့သည်။ ငါတို့တွေက ဒီမှာ ပါမောက္ခတွေ ပြီးတော့ မင်းက ကျောင်းသား တစ်ယောက်ပဲ။

“ဘာလို့ ကျွန်တော်က သဘောတူရမှာလဲ။ ဆရာတို့ လုပ်နေတဲ့ သုတေသနက ဈေးကွက်ထဲမှာ ရောက်ပြီးနေပြီ။ ဈေးကွက်ထဲမှာ ရောက်ပြီးသား ဖြစ်တဲ့ သုတေသနက ဘယ်လောက် တန်ကြေးရှိမှာမို့လဲ။ ကျွန်တော် ဈေးကွက်ထဲကနေတောင် ဝယ်လို့ ရတယ်။ တကယ်လို့ ဆရာတို့ နှစ်ယောက်မှာ ပိုကောင်းတဲ့ သုတေသနတွေ ရှိတယ်ဆိုရင် ကျွန်တော်တို့ ဆက်ပြောလို့ ရနိုင်ပါတယ်။ မဟုတ်ရင်တော့ ကျေးဇူးပြုပြီး ထွက်သွားပါတော့။ ကျွန်တော်မှာ လုပ်စရာတွေ ရှိသေးတယ်။ ဆရာတို့ နှစ်ယောက်လုံး ဘာလို့ တက္ကသိုလ်က သုတေသနအတွက် ရံပုံငွေ သဘောမတူတာလဲဆိုတာ အံ့အား မသင့်သေးဘူးလား။

ဖုန်းယွီက ပါမောက္ခနှစ်ယောက် စိတ်ဆိုးဒေါသထွက်နေတာကို လျစ်လျူရှုပြီး သူ့လက်ဖက်ရည်ခွက်ကို မလိုက်သည်။

ဒါကို ကျွမ်းကျင်တဲ့သူတွေလို့ ခေါ်တာလား။ ပါမောက္ခဆိုတာ နာမည်ခံသပ်သပ်ပဲ။ တကယ်လို့ သူတို့သာ စွမ်းဆောင်ရည် ရှိမယ်ဆိုလျှင် လွန်ခဲ့သည့် ရက်အနည်းငယ်က ဖုန်းယွီကို လာတွေ့ခဲ့သည့် အသက်သုံးဆယ်ဝန်းကျင် ပါမောက္ခတစ်ယောက်နှင့်တူမည်ပင်။ သူသည် ပါမောက္ခအငယ်လေး တစ်ယောက် ဖြစ်သော်ငြား သူ့သုတေသန ပြုချက်ကို ဖုန်းယွီ စိတ်ဝင်စားပေသည်။ ဖုန်းယွီသည် သူ့ကို ငွေကြေး ထောက်ပံ့ပေးလိုသည်။

ထိုပါမောက္ခ နှစ်ယောက်သည် ရာထူးကြီးကြီးမားမား ကို်ငထားသည့်တိုင် ဖုန်းယွီက သူတို့အား တစ်ပြားတစ်ချပ်မှ မထုတ်ပေးပေ။ ဘေကျင်းတက္ကသိုလ်ရှိ ဖုန်းယွီ၏ အခြေအနေကခြွမ်းချက် ဖြစ်နေသည်။ ထိုပါမောက္ခ နှစ်ယောက်သည် သူ့တို့ကို ဆန့်ကျင်လျှင်တောင် ဘာမျှ လုပ်နိုင်မည် မဟုတ်ပေ။

ထိုပါမောက္ခငယ်လေးသည် သတ္တုများအကြောင်းကို လေ့လာနေသည်။ ယင်းသတ္တုအသုံးပြုပုံကို မသိသေးပေ။ ထို့အတွက်ကြောင့် တက္ကသိုလ်ထံမှ ငွေကြေးထောက်ပံမှု မရခြင်း ဖြစ်သည်။ ယင်းအတွက်ကြောင့် သူသည် ဖုန်းယွီဆီ လာရောက်ခြင်း ဖြစ်သည်။

ထိုပါမောက္ခသည် စီလီကွန်နှင့် ပေါ်လီယူရသိန်းအကြောင်း သုတေသန ပြုလုပ်ချင်သည်။ ဖုန်းယွီသည် ယင်းကို ကြားသည့်အခါ သူသည် ဘယ်နေရာတွင် အသုံးပြုသည်ကို သိရှိခဲ့သည်။ ထိုသတ္တုအတွက် ကြီးမားသည့် ဈေးကွက် ရှိပေသည်။ ယင်းက လိင်ဖျော်ဖြေရေး အရုပ်လုပ်ငန်းတွင် ဖြစ်သည်။

စီလီကွန်များကို လိင်ဖျော်ဖြေရေး အရုပ်များတွင် အသုံးပြုနိုင်သည်။ ပြီးနောက် ပေါ်လီယူရသိန်းသည် ရာဘာနှင့် အတူတူပင် ဖြစ်ကာ ကွန်ဒုံးထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပေသည်။ ယခုလက်ရှိ ကွန်ဒုံးများက ရာဘာစေမှ ထုတ်လုပ်ဆဲ ဖြစ်သည်။

ရက်အနည်းငယ်တွင် ခမဲသာမာစောသည် ဖုန်းယွီကို ဖုန်းခေါ်စေခဲ့သည်။ ခမဲသာမာစောက သူတို့ အရောင်းပိုင်းသည် တတိယ သုံးလပတ်အတွင်း တိုးတက်လာသည်ဟု အစီရင်ခံစာ တင်ခြင်း ဖြစ်သည်။

ဖုန်းယွီအနေဖြင့် ရက်အနည်းတွင် ဂျပန်ကို သွားချင်သည်။ သူ့အနေဖြင့် အိုက်ဝ၏ တိုးတက်မှုအကြောင်းကို ကြည့်ချင်သည်။ တစ်ချိန်တည်းတွင် အာရုံခြောက်ပါးကုမ္ပဏီကို အကြံများ ပေးနိုင်မည် ဖြစ်သည်။ သေချာသည်မှာ ပါမောက္ခများကိုလည်း ရှောင်ရန် ဖြစ်သည်။

ဖုန်းယွီသည် အာရုံခြောက်ပါး ကုမ္ပဏီ၏ ပစ္စည်းများကို အသုံးမပြုဘူးသော်လည်း သူ့အရင်ဘဝတွင် အင်တာနက်ပေါ်၌ လိင်ဖျော်ဖြေရေး အရုပ်များကို တွေ့ဖူးပေသည်။ သူ့အနေဖြင့်ထိုအကြံဉာဏ်အချို့ အသုံးပြုကာ အကျိုးအမြတ်များ ရှာနိုင်ပေ၏။

18+ အကြောင်းအရာများ ပါဝင်သည်။

.

.

.

.

.

.

.

.

All Chapters