← Chapters

အိပ်မက်ကြီးကြီးမက် ခမဲသာမာဆော

Vol. 22 Ch. 323

အိပ်မက်ကြီးကြီးမက် ခမဲသာမာဆော

Vol. 22 Ch. 323

ဘေကျင်းတက္ကသိုလ်ရှိ ပါမောက္ခများက ဖုန်းယွီကို လာရှာသည့် အချိန် ပါမောက္ခဆရာတို့က ဖုန်းယွီသည် အဆောင် သို့မဟုတ် စစ်ရေးလေ့ကျင့်ခန်းတွင် မရှိသည်ကို သတိပြုမိ၏။

ပါမောက္ခများက ဒေါသထွက်သွားကြသည်။ သူတို့က တာဝန်ရှိသူကို အပြစ်တင်၏။ ဖုန်းယွီသည် ကျောင်းသား တစ်ယောက်သာ ဖြစ်သေးပြီး အဘယ်တွက် နိုင်ငံမှ ယခုကဲ့သို့ ထွက်သွားသနည်း။

သို့သော် ပါမောက္ခများက သူတို့အနေဖြင့် အဘယ်ကြောင့် ဖုန်းယွီကို နိုင်ငံခြားကို ထွက်ခွာခွင့် မပြုမှန်း တစ်ခွန်းမျှ မပြောချေ။ အကြောင်းမှာ ဖုန်းယွီမရှိလျှင် သူတို့၏ သုတေသန ရန်ပုံငွေများ ရရှိနိုင်မည် မဟုတ်ချေ။ ပါမောက္ခများက ယင်းအကြောင်းအရင်းကို မည်သူ့ကိုမျှ ထုတ်ဖော် မပြောရဲပေ။

ဖုန်းယွီသည် တိုကျိုလေဆိပ်ဤ ခြေချလိုက်ပြီးနောက် ခမဲသာမာစောသည် သူ့ကို ဆိုင်းပုတ်ကြီးကြီးဖြင့် ကိုင်ထားသည်ကို ပြောနိုင်ပေ၏။ ဂျပန်မှ ကြိုဆိုပါတယ်။

“သူဌေး ပင်ပန်းရောပေါ့။ ယိုရှီကို လက်ဆွဲအိတ်ကို သယ်ပေးလိုက်။ သူဌေး ဟိုတယ် အရင်သွားမလား ဒါမှမဟုတ် ညစာ အရင် သုံးဆောင်မလား။”

ထို အထူးဧည့်သည်တော်ကို ဆက်ဆံသည့်ပုံက မဆိုးဘူးပဲ။ ဒါပေမဲ့ မင်း ငါ့ကို ဟိုတယ်သွားမလား မေးတော့ ဘာလို့ ယိုရှီကိုကို ကြည့်နေရတာလဲ။

“ဟိုတယ်အရင် သွားကြတာပေါ့။ မင်းရဲ့ အစီခံစာကို တင်ပြပေါ့။”

ဟိုတယ်အရောက်တွင် ယိုရှီကိုသည် ဟိုတယ် အခန်းထဲကို ခရီးဆောင်အိတ် သယ်လာပြီးနောက် ပြန်ထွက်သွားကာ တံခါးကို ပိတ်လိုက်၏။ ဉက္ကဋ္ဌခမဲသာသည် သူ့ကို ညွှန်ကြားချက် မရမချင်း အပြင်တွင် စောင့်နေရန် အချက်ပြလိုက်သည်။

ယခုလက်ရှိ ဂျပန်၏ စီးပွားရေး အခြေအနေသည် အလွန်ပင် ဆိုးရွားနေပေရာ အမျိုးသား တစ်ယောက်တည်းက သူ့မိသားစုအား ပံ့ပိုးနိုင်စွမ်း မရှိတော့ချေ။ ယင်းကဲ့သို့ ဖြစ်ခဲ့ရသည့် အကြောင်းမှာ ဂျပန်၏ အိမ်ခြံမြေ ဈေးကွက် ပျက်ဆီးပြီးနောက် ဂျပန် အမျိုးသားတို့သည် အကြွေးထူမှုကို ခံစားရသည့်အတွက်ကြောင့် ဖြစ်သည်။ ယင်းအတွက်ကြောင့် ယိုရှီကိုသည် အလုပ်ထွက်လုပ်ရခြင်း ဖြစ်နိုင်ပေ၏။ သူမ မလုပ်ချင်သည့် အလုပ်များကို လုပ်ရစေကာမူ သူမသည် ငွေကောင်းကောင်းရပေ၏။

“ခမဲသာ နောက်ဆုံးအကြိမ် ငါတို့ ပြောတုန်းက မင်းရဲ့ လိင်ဖျော်ဖြေရေး အရုပ်တွေရောင်းအားက တက်လာတယ်ဆို ပြီးတော့ ဒီနှစ်မှာပဲ မင်းက ဈေးကွက်ရဲ့ ၂၅ရာခိုင်နှုန်းကို ရနိုင်မယ်လို့ ယုံကြည်ချက် ရှိရှိနဲ့ ပြောခဲ့တယ်။ မင်းအလုပ်ကြိုးစားသားပဲ။ ဒါပေမဲ့ မင်း ဂျပန်ရဲ့ ဈေးကွက်ကို လက်ဝါးကြီး အုပ်ဖို့ ဒါမှမဟုတ်ရင် ကမ္ဘာ့ လိင်ဖျော်ဖြေရေးဈေးကွက် အကြောင်းကိုကော စဉ်းစားဖူးလား။”

ဖုန်းယွီက ခမဲသာ မာဆောကို လမ်းကြောင်း ပြလိုက်သည်။ အိမ်မက်သည် သေချာပေါက် ကြီးရမည်ပင်။ ယင်းက တစ်ဦးတစ်ယောက်ကို တိုးတက်အောင် စဉ်ဆက်မပြတ်လုပ်နိုင်သည့် နည်းလမ်း တစ်ခုပင် ဖြစ်သည်။

ထပ်ပြောရလျှင် ဖုန်းယွီသည် ခမဲသာမာဆောကို အကြံဉာဏ်များစွာ ပေးခဲ့သည်။ ပြီးနောက် အာရုံခြောက်ပါးကုမ္ပဏီတွင်လည်း ထုတ်ကုန်အသစ်များ ရလာခဲ့သည်။ ထိုထုတ်ကုန်အသစ်များက လူပြောများပေသည်။ သို့သော် ခမဲသာမာဆောတွင် လုံလောက်သည့် ငွေကြေးမရှိသည့်အတွက် တိုးမြင့် မထုတ်လုပ်နိုင်ပေ။

ယခုခရီးစဉ်တွင် ဖုန်းယွီသည် အာရုံခြောက်ပါးကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံမှု တိုးမြင့်ရန် ဆုံးဖြတ်ခဲ့သည်။ အကယ်၍ ထိုကုမ္ပဏီသည် အမေရိကန် ဒေါ်လာ တစ်သန်းဖြင့်တောင် ကောင်းကောင်း ဆောင်ရွက်နိုင်လျှင် ဖုန်းယွီ ဒေါ်လာ ၁၀သန်း ထုတ်ပေးပါက မည်သို့ ဖြစ်လာမည်နည်း။ ခမဲသာမာဆောအတွက် ဂျပန်ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန်ကား ခက်ခဲသည့် အရာမဟုတ်ပေ။ သို့သော် နောက်ပိုင်းတွင် အာရှဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက်ထိပါ လိုက်လုပ်ရမည် ဖြစ်သည်။ အာရုံခြောက်ပါးကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံးလိင်ဖျော်ဖြေရေးအလုပ် ဖြစ်လာမည် ဖြစ်၏။

“သူဌေး။ ကျွန်တော် ဒီအကြောင်းကိုလည်း တွေးထားပါတယ်။ ပြီးတော့ ကျွန်တော် ဒီပန်းတိုင်ကို ရောက်ဖို့အတွက် အလုပ်ကြိုးစား လုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ စက်ရုံက ထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံးကို ရောက်နေပြီ။ ဒါကြောင့် ကုမ္ပဏီက အများကြီး မထုတ်လုပ်နိုင်ဘူး။ ကျွန်တော်တို့မှာ စက်ရုံကို ချဲ့ထွင်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးပမာဏလည်း မရှိသေးဘူး။”

ခမဲသာမာစောသည် ထိုအခက်အခဲကို တွေ့ကြုံနေရပြီး ဖုန်းယွီကို ဘဏ်မှ ချေးငွေ ရယူလိုကြောင်း ပြောခဲ့သည်။ သို့သော် ဖုန်းယွီက ငြင်းဆိုသည်။ ခမဲသာမာစောသည် စိတ်နည်းနည်း ခုသွားသည်။ သူ့အတွေးတွင် ဖုန်းယွီက အိုက်ဝကို ပိုအာရုံစိုက်ပြီး ပိုရင်းနှီးမြှပ်နှံသည်ဟု တွေးခဲ့သည်။

ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကလည်း နာမည် ကြီးပါတယ်။ သူဌေးသာ ဒီလုပ်ငန်းအပေါ် မကောင်းမြင် မရှိဘူးဆိုရင် ဘာလို့ ကျွန်တော်ကို ဘဏ်ကနေ ချေးငွေယူပြီး လုပ်ငန်းတိုးချဲ့ခွင့် မပေးရတာလဲ။

ခမဲသာမာစော၏ အမြင်က တိကျပေသည်။ ဂျပန်၏ စီးပွားရေး ကျဆင်းမှု၊ အိမ်ခြံမြေဈေးကွက် ပျက်စီးခြင်းနှင့် စတော့ဈေးကွက် ပျက်ခြင်းကြောင့် ဂျပန်မိသားစု များစွာက ကွာရှင်းကြသည်။ လက်ထပ်ရန် စီစဉ်ထားသည့် သူများလည်း ရက်ရွေ့လိုက်ကြသည်။ အကြောင်းမှာ ဂျပန်အမျိုးသားများသည် မိသားစုကို အရင်ကကဲ့သို့ ထောက်ပံ့နိုင်စွမ်း မရှိ၍ ဖြစ်သည်။

ဂျပန်လူလွတ်အမျိုးသားများ ပိုပို များပြားလာသည်။ လိင်မှုကိစ္စကသာ သူတို့၏ စိတ်ဖိစီးမှုများနျင့် စိတ်ပျက်မှုများကို ပြေပျောက်ရာ ရောက်ပေသည်။ သို့သော် ယခုလက်ရှိတွင် ပြည်တန့်ဆာလမ်းကြားများနှင့် ပြည်တန်ဆာအိမ်များသို့ သွားရန်တောင် ဂျပန်အမျိုးသားများ တက်နိုင်စွမ်း မရှိတော့ချေ။

ထိုအချိန်တွင် ခမဲသာမာဆောက ကြားဖူးနားဝမရှိသည့် လိင်ဖျော်ဖြေရေး အရုပ်အမျိုးအစားများစွာကို ဈေးကွက်ထဲကို တင်ပို့ခဲ့သည်။ ထိုထုတ်ကုန်အသစ်များက အလွန်ပင် နာမည်ကြီး၏။ ယင်းက အာရုံခြောက်ပါးကုမ္ပဏီ၏ အရောင်းကို တွန်းပို့ပေးခဲ့သည်။

အသုံးပြုထားသည့် ကုန်ကြမ်းပစ္စည်းများသည် ဈေးချိုပေ၏။ အလွန်ပင် ဈေးချိုသည်ဟုတောင် စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် ဒီဇိုင်းသည် ဝယ်ယူသူများကို ဆွဲဆောင်ရန် လိုအပ်ပေသေး၏။ ထုတ်ကုန်များကို ဈေးအနည်းငယ် တင်လျှင်တောင် အရောင်းပိုင်းသည် တိုးတက်ဆဲ ဖြစ်မည် ဖြစ်၏။

အချို့သော အပြာရုပ်ရှင်ကုမ္ပဏီများကတောင် သူတို့၏ ထုတ်ကုန်များကိုမှာယူကြပေ၏။ ယခုလက်ရှိတွင် အာရုံခြောက်ပါးကုမ္ပဏီသည် ဂျပန်၏ လိင်ဖျော်ဖြေရေး အရုပ်ဈေးကွက်တွင် ဈေးကွက်ခေါင်းဆောင်ဟုတောင် စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် ခမဲသာမာစောသည် ဂျပန်နိုင်ငံ၏ လိင်ဖျော်ဖြေရေးအရုပ်ဈေးကွက်တွင် ပထမဖြစ်ရန် အနည်းဆုံး နောက်ထပ် ခြောက်လ လိုပေသေး၏။

သေချာသည်မှာ ကုမ္ပဏီသည် ဖုန်းယွီ ရင်းနှီးမြှပ်နှံခဲ့သည့် ယွမ် ၁သန်း ပြန်ရပြီ ဖြစ်သည်။ ထိုပိုက်ဆံများကို လိင်ဖျော်ဖြေရေးအရုပ် စက်ရုံများတွင် ပြန်ရင်းနှီးမြှပ်နှံကာ ပိုစိတ်ဝင်စားဖွယ်ကောင်းသည့် ပုံစံ၊ ပိုဈေးပေါသော ကုန်ကြမ်းနှင့် အရောင်းဆိုင်များ ပိုမိုဖွင့်လှစ်ရန် အသုံးပြုသည်။

ဖုန်းယွီ ဂျပန်ကို ရောက်ပြီးနောက် ခမဲသာမာဆောသည် ဖုန်းယွီနှင့် စကားပြောချင်သည်။ သူ့အနေဖြင့် ကုမ္ပဏီကို ချဲ့ထွင်ပြီးနောက် ဈေးကွက်ကို အရယူချင်သည်။

ဖုန်းယွီက ခေါင်းညိတ်လိုက်၏။

“မင်းပြောတာ မှန်တယ်။ အာရုံခြောက်ပါးလည်း တိုးချဲ့သင့်တယ်လို့ ငါခံစားမိတယ်။ ဒါပေမဲ့ မင်းရဲ့ စီမံခန့်ခွဲ့မှုအပိုင်း အထူးသဖြင့် ကြော်ငြာနဲ့ မာကတ်တင်းပိုင်းမှာ ပြဿနာတွေ ရှိတယ်။”

ခမဲသာမာဆောသည် ဖုန်းယွီ၏ ပထမဆုံးစာကြောင်းကို ကြားသည့်အခါ ပျော်ရွှင်သွားသည်။ ဖုန်းယွီသည် နောက်ဆုံးတွင် ကုမ္ပဏီကို ချဲ့ထွင်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သို့သော် ဒုတိယ စာကြောင်းကိုတော့ သူသိပ်နားမလည်ပေ။ ဂျပန်မီဒီယာများသည် လိင်ဖျော်ဖြေရေးအရုပ်များကို ကြော်ငြာခွင့် မပေးပေ။

“ဘာလို့လဲ။ မင်းက ငါတို့ထုတ်ကုန်တွေက မကြော်ညာသင့်ဘူးလို့ တွေးနေတာလား။ ငါမင်းကို ပြောတဲ့ ကြော်ငြာတယ်ဆိုတာက ရုပ်မြင်သံကြားလိုင်းတွေ၊ သတင်းစာတွေမှာ ကြော်ငြာတာကို ပြောချင်တာ မဟုတ်ဘူး။ ဥပမာအနေနဲ့ မင်းအနေနဲ့ တချို့သော ဇာတ်ကားတွေ ဒါမှမဟုတ်ရင် တချို့ ဇာတ်ဆောင်တွေဆီမှာ ထောက်ခံမှု ယူလို့ရတယ်။”

ဇာတ်ကားတွေမှာ ကြော်ငြာရမှာလား။ သူဌေးပြောချင်တာက ဟို...ဇာတ်ကားတွေထဲလား။

“ငါတို့ရဲ့ အရုပ်တွေကို ဝယ်တဲ့ ကုမ္ပဏီ တစ်ခု ရှိတယ်လို့ မင်းပြောတာ ငါမှတ်မိသေးတယ်။ ဟုတ်တယ်မလား။ ဒါဆိုရင် ဘာကြောင့် ငါတို့တွေက သူတို့တွေကို ပိုက်ဆံအချို့ပေးပြီး ပြီးတော့ သူတို့ရဲ့ အကျော်ကြားဆုံး အပြာဇာတ်ဆောင်ကို ငါတို့ရဲ့ အရုပ်တွေနဲ့ လုပ်ခိုင်းပြီး ရုပ်ရှင် ရိုက်လို့ ရတယာပဲမလား။ ဒီရုပ်ရှင်ရဲ့ နာမည်ကိုကျတော့....., ပြီတော့ ငါတို့ရဲ့ ထုတ်ကုန် အသီးသီးကို ပြသမယ်လေ။ အဲ့ရုပ်ရှင်ထဲမှာ ငါတို့ရဲ့ အခြားထုတ်ကုန်တွေ ဖြစ်တဲ့ လိင်တံ ဒါမှမဟုတ်ရင် လိင်ဖျော်ဖြေရေး အရုပ်ကို ပြလို့ရတယ်။”

ခမဲသာမာဆောသည် ကြောင်နေရာမှ သတိပြန်ဝင်လာသည်။

သူတို့ ထုတ်ကုန်များကို ယခုနည်းလမ်းများဖြင့် ကြော်ငြာနိုင်မည်ဟု သူလုံးဝ မတွေးမိခဲ့ပေ။

သူက ဖုန်းယွီ ပြောသည်ကို တွေးမိသည့်အခါ ယင်းက အလုပ်ဖြစ်နိုင်ပေ၏။ ထိုကဲ့သို့သော ရုပ်ရှင်များသည် ရောင်းကောင်းသည်။ ဆယ်ကျော်သက်အရွယ်မှ အသက် ၆၀ကျော် အရွယ်အထိ ထိုဇာတ်ကားများသည် ရေပန်းစားသည်။ အချို့သော အမျိုးသမီးများတောင် ထိုအပြာရုပ်ရှင်များကို ကြည့်ကြသေး၏။ အပြာရုပ်ရှင်ကုမ္ပဏီများ ပိုပိုများပြားလာပေ၏။

“ရုပ်ရှင်ဇာတ်လမ်းခေါင်းစဉ်များကို .... ဒါမဟုတ်ရင်.... ခေါ်လို့ ရတယ်။ ဒါက ငါတို့ရဲ့ ထုတ်ကုန်တွေကို ပြလို့ ရတယ်။ အဲ့ရုပ်ရှင်တွေ ပိုရောင်းကောင်းလေ ငါတို့ထုတ်ကုန်တွေ ပိုသိလေပဲ။ လူတွေက ပိုပိုပြီး ငါတို့ ထုတ်ကုန်တွေအပေါ် စိတ်ဝင်စားလာလိမ့်မယ်။ ပြီးတော့ မင်းအနေနဲ့ ငါတို့ရဲ့ ထုတ်ကုန်တွေကို ကြေငြာဖို့အတွက် အပြာသရုပ်ဆောင်တွေကိုလည်း ကုန်ပစ္စည်း ထောက်ခံသူအဖြစ် ငှားလို့ ရသေးတယ်။ ဒီ ၁ချိုး၁ အရုပ်တွေမှာ မိန်းကလေးရဲ့ အစိတ်အပိုင်း အကုန်ပါမယ် မင်းနားလည်လား။”

ဟာ...

ခမဲသာမာစော၏ မျက်လုံးများသည် ပေါက်ထွက်တော့မည့် အတိုင်းပင်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအကုန် တူရမှာလား။ အဲ့နေရာကောပဲလား။

ယင်းက သေချာပေါက် အမျိုးသားများကြား ရေပန်းစားမည် ဖြစ်သည်။ ယင်းက သူတို့ အားလုံး၏ စိတ်ကျေနပ်မှုများကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ အဲတာဆိုရင် ငါတို့တွေက အပြာဇာတ်ဆောင်စီးရီးကိုကော ထုတ်ရတော့မှာလား။

တစ်ဖန် ခမဲသာမဆောသည် ဖုန်းယွီ ပြောသည်ကို စိတ်ကူးစိတ်သန်း ယူလိုက်တော့သည်။ ပြီးနောက် ဖြစ်တန်စွမ်းအကုန် စဉ်းစားတော့၏။

All Chapters