မင်းအတွေးကို အာရှကနေ ထွက်ပြီး ကမ္ဘာကြီးအထိ မြင်ကြည့်လိုက်
Vol. 22 Ch. 324
ခမဲသာမာစောသည် သူ့အကြံဉာဏ်များကို ဖုန်းယွီနှင့် တက်ကြွာစွာ ဆွေးနွေးနေသည်။ သူတို့ အရုပ်များကို ဝယ်ယူခဲ့သည့် ကုမ္ပဏီနှင့် ရုပ်ရှင် ပူးပေါင်းထုတ်လုပ်မည် ဖြစ်သည်။ ထိုကုမ္ပဏီမှ ဒါရိုက်တာ အသစ်သည် ပစ္စည်းအသစ်အဆန်းများ သုံးရခြင်းကို နှစ်သက်၏။
ဖုန်းယွီသည် အကြောင်းအရာ အသေးစိတ်ကို စိတ်မဝင်စားပေ။ ပြီးနောက် သူ့အနေဖြင့် ခမဲသာမာဆောကို ဆုံးဖြတ်ချက် အကုန် ချခိုင်းမည် ဖြစ်သည်။ ဖုန်းယွီက ခမဲသာမာစောကို ဘတ်ဂျက်ကို ဆုံးဖြတ်ခိုင်းမည် ဖြစ်သည်။ အကြောင်းမှာ သူ့အနေဖြင့် ထိုဈေးကွက်၏ နှုန်းထားကို မသိရှိသည့်အတွက် ဖြစ်သည်။
ခမဲသာမာစောက ဂျပန်နိုင်ငံတွင် ပစ္စည်းရောင်းချသည့်ဆိုင် အနည်းငယ်သာ ရှိသည်ဟု ခံစားနေရသည်။ သူ့အနေဖြင့် သူတို့ ဆိုင်အရေအတွက်ကို တိုးမြင့်ဖွင့်လှစ်ချင်သည်။ ပြည်နယ် တစ်ခုတွင် ဆိုင်တစ်ဆိုင်သာ ရှိခြင်းကား လုံလောက်မှု မရှိချေ။ ဒေသကြီးများ ဖြစ်သည့် တိုကျို သို့မဟုတ် ဟော့ကိုင်းဒိုးတွင် အနည်းဆုံး ၃ဆိုင်မှ ၅ဆိုင်အထိ ဖွင့်ရန် လိုအပ်ပေသည်။ လူနေ ထူထပ်သော ပြည်နယ်များတွင်လည်း အနည်းဆုံး နှစ်ခု ဖွင့်လှစ်ရန် လိုအပ်မည် ဖြစ်သည်။
ယင်းအဓိပ္ပာယ်က သူတို့အနေဖြင့် ဆိုင် ၃၀အထိ တိုးမြင့် ဖွင့်လှစ်ရန် လိုအပ်မည် ဖြစ်သည်။ စတိုးဆိုင် တစ်ခုလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ငါးသောင်း ရှိမည် ဖြစ်၏။ ဂျပန်နိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်း ကျဆင်းသွားသော်ငြား ထိုဒေသများရှိ ငှားရမ်းခသည် ကျဆင်းသွားခြင်း မရှိပေ။
စတိုးဆိုင် အသစ်များနှင့်ပင် ဒေါ်လာ ၂သန်း ကုန်ကျမည် ဖြစ်သည်။ စက်ရုံကိုလည်း တိုးချဲ့ရန် လိုအပ်သေးသည်။ ပြီးနောက် အလုပ်သမားများကိုလည်း ထပ်မံ ငှားရမ်းရမည် ဖြစ်သည်။ ထုတ်ကုန်အသစ်အတွက် သုတေသနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ပြုလုပ်ရမည် ဖြစ်ပြီး မာကတ်တင်းစရိတ်လည်း ကုန်ကျမည် ဖြစ်သည်။ ခမဲသာမာစောက စိတ်ထဲတွင် တွက်ချက်လိုက်သည့်အခါ သူ့အနေဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆သန်းလိုအပ်မည် ဖြစ်သည်။ သူ့အနေဖြင့် ချေးငွေများ ရယူရန် လိုအပ်ပေ၏။
သူသည် ဂျပန်ဈေးကွက်၏ ၄၀ရာခိုင်နှုန်းကျော် သိမ်းပိုက်ပြီး ဈေးကွက် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်မည်ဟု ယုံကြည်ချက် ရှိပေ၏။
ဖုန်းယွီကို သူ့အစီအစဉ်များကို ပြောပြီးနောက် ခမဲသာမာစောက ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီကို သူ့အား သဘောတူမည်ဟု မျှော်လင့်နေ၏။ အကယ်၍ ဖုန်းယွီသည် သူ့ကုမ္ပဏီတွင် ငွေကြေးများ ထပ်မံ မရင်းနှီးလျှင်တောင် အနည်းဆုံးတော့ ဖုန်းယွီသည် ဘဏ်များထံမှ ချေးငွေများ ရယူရန် ကူညီပေးမည် ဖြစ်သည်။
စကားတစ်ခွန်းမျှ မပြောဘဲ ဖုန်းယွီက သူ့ချက်စာအုပ်ကို ယူပြီးနောက် အမေရိကန်ဒေါ်လာ ၁၀သန်း ချက်လက်မှတ်ကို ထုတ်ပေးလိုက်သည်။ သူက ခမဲသာမာဆောဖက် လှည့်ပြီးနောက် အမြင်ကျဉ်းလွန်းသည်ဟု ပြောလိုက်၏။ ဒီလောက် ပိုက်ဆံ နည်းနည်းလေးနဲ့ ဘာလုပ်မှာလဲ။ တကယ်လို့ မင်းလုပ်ချင်တယ်ဆိုရင် ကိစ္စကြီးကြီး လုပ်ရမှာပေါ့။
ဂျပန်မှာ နံပါတ်တစ်တဲ့လား။ ဂျပန်ရဲ့ လူဦးရေက များတယ်လို့ ပြောနိုင်ပေမဲ့ အမေရိကန် ဥရောပနဲ့ ယှဉ်နိုင်လို့လား။ ခမဲသာမာဆောက သူ့အမြင်တွေကို ဒီမှာပဲ ရှိမနေသင့်ဘူး။ ဂျပန်ကို ကျော်ပြီး ကြည့်သင့်တယ်။
ဥပမာ တစ်ခုအနေဖြင့် တိုးတက်နေသည့် အရှေ့တောင်အာရှ ဈေးကွက် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဈေးကွက်ကို ထိုးဖောက်ရန် မလွယ်ကူသော်ငြား ကမ်းရိုးတန်း ဒေသများ ဖြစ်သည့် ကွမ်းကျိုး သို့မဟုတ် အရှေ့တောင်ပိုင်း ပြည်နယ်များကို ဝင်ရောက်နိုင်ပေ၏။ ထိုဒေသများသည် ထိုင်ဝမ်၊ ဟောင်ကောင်နှင့် နီးပေ၏။ သူတို့၏ စီးပွားရေး တိုးတက်မှုက မြန်ဆန်ပေသည်။ ပြီးနောက် ထိုဒေသရှိလူများက အသစ်အဆန်းများကို မြန်မြန်ဆန်ဆန်ဖြင့် လက်ခံ၏။
ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ မလေးရှား၊ တောင်ကိုရီးယား အစရှိသည့် နိုင်ငံများက ဂျပန်ကဲ့သို့ ဖွံ့ဖြိုးပြီး ဖြစ်သည်။ ခမဲသာမာဆောသည် ထိုဒေသများကို ကြိုးစားဝင်နိုင်ပေ၏။
ဖုန်းယွီက ခမဲသာမာဆော၏ ပခုံးကို ပုတ်ကာ
“ခမဲသာ အိပ်မက် ကြီးကြီးမက်ရမှာကို မကြောက်နဲ့။ မင်းအိပ်မက်က ကြီးလေလေ မင်းမှာ လုပ်ချင်စိတ် ပိုရှိလေလေပဲ။ မင်းအနေနဲ့ ဂျပန် တစ်နိုင်ငံတည်းကိုပဲ ကြည့်နေလို့ မရဘူး။ ဒါကလည်း မှန်ကန်တဲ့အရာ မဟုတ်ဘူး။ မင်းအနေနဲ့ ဂျပန်နိုင်ငံမှာ နံပါတ်တစ် ဖြစ်တာထက် တစ်ကမ္ဘာလုံးမှာလည်း အဆင့်တစ် လိင်ဖျော်ဖြေရေးအရုပ် ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ဖို့က ပိုလွယ်ကူတယ်။”
ခမဲသာမာစောက ဖုန်းယွီပြောသည်ကို စဉ်းစားလိုက်သည်။ တစ်ကမ္ဘာလုံးတွင် နံပါတ်တစ် ကုမ္ပဏီ ဖြစ်တာက တစ်နိုင်ငံမှာ နံပါတ်တစ် ဖြစ်တာထက် ပိုလွယ်ကူတာတဲ့လား။ ဘယ်လို သီအိုရီကြီးလဲ။
“မင်းနားလည်တဲ့ပုံ မပေါ်ဘူး။ ငါရှင်းပြမယ်။ အခုလက်ရှိမှာ လိင်ဖျော်ဖြေရေး အရုပ်တွေ တင်ပို့မှုအတွက် ဒေသ သုံးခု ခွဲလိုက်မဘ်။ အာရှ၊ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စု။ သေချာတာကတော့ မင်းနောက်ပိုင်းကျရင်လည်း အဲ့ဈေးကွက်ကို ဝင်ရမှာပဲ။ ဒါပေမဲ့ မင်း အမေရိကန်ဖက်နဲ့ ဥရောပဖက်ကို စဉ်းစားဖူးလား။ အဲ့မှာ ဈေးကွက်က မဖွံ့ဖြိုးသေးဘူး။ ဘာလို့ ကုမ္ပဏီမှာ အရုပ်တွေရဲ့ ဒီဇိုင်းကို အဲ့ဒေသက လူတွေ အကြိုက် ပြောင်းပြီး မထုတ်လုပ် နိုင်ရမှာလဲ။ တကယ်လို့ မင်းသာ ဥရောပရဲ့ ဈေးကွက် ၃၀ရာခိုင်နှုန်း၊ အမေရိကန်မှာလည်း ဈေးကွက် ၃၀ရာခိုင်နှုန်း၊ အာရှမှာလည်း ၃၀ရာခိုင်နှုန်း ပိုင်ဆယ်ဆိုရင် မင်းအနေနဲ့ ကမ္ဘာဈေးကွက်ရဲ့ ၂၀ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်နိုင်တာပဲ။ ဒါက ကမ္ဘာပေါ်မှာ နံပါတ်တစ် မဟုတ်ဘူးလား။”
ခမဲသာမာစောက မျက်တောင် ခက်လိုက်သည်။ ဖုန်းယွီပြောသည်မှာ အဓိပ္ပာယ်ရှိပေ၏။ ယင်းက တစ်နှင့်နှစ် နှိုင်းယှဉ်ပါက သုညမှ တစ်ကို ရရန် ပိုမိုလွယ်ကူသည်။ တစ်အားလုံးကို ပေါင်းပါက သုံးရရှိမည် ဖြစ်ကာ ၃သည် နှစ်ထက် ပိုကြီးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
“ဟုတ်တယ်မလား။ မင်းနားလည်သွားပြီမလား။ ငါ့အနေနဲ့ အမေရိကန်နဲ့ ဥရောပမှာ အခွဲတွေ တည်ဆောက်စေချင်တယ်။ မင်းအနေနဲ့ အဲ့မှာကော စက်ရုံ တည်ဆောက်ဖို့ လိုလိမ့်မယ်။ တကယ်လို့ မင်းမှာ ပိုက်ဆံ မရှိဘူးဆိုရင်တော့ ချေးငွေ ယူလို့ရတယ်။ မင်းအနေနဲ့ ချေးငွေနဲ့ ပတ်သက်ပြီး အခက်အခဲ ရှိတယ်ဆိုရင် ငါ့ကိုပြော။ ငါ့ ရင်းနှီးမြှပ်နှံတာကို ထပ်တိုးပေးမယ်။ အိုက်ဝကိုပဲကြည့်။ အကြွေးတွေ တပုံတခေါင်းတင်နေတာ ပြီးတော့ ငါ ကုမ္ပဏီကို ပြန်လည် လက်လွဲယူပြီးတဲ့အခါမှာ စုစုပေါင်း အကြွေးက ယန်း ၈သန်းပဲ ရှိတော့တာ။ ဒါပေမဲ့ ဟေတရိုနာကဂျီမက ငါ့ကို ပြောတာတော့ သူတို့ စက်ရုံ အားလုံး လည်ပတ်နေပြီ။ သူတို့ရဲ့ ထုတ်ကုန်အသစ်နဲ့ဆိုရင် သူက အကြွေးတွေ အကုန် ပေးနိုင်ပြီး ပိုက်ဆံက ဒီအတိုင်းပဲ ရှိနေတော့မှာ။ ဂျပန်မှာ အိုက်ဝက ဆိုနီနဲ ပြိုင်ရတယ်။ ဒါပေမဲ့ အခြားဒေသတွေမှာ အိုက်ဝရဲ့ ရှယ်ယာတွေက ဆိုနီကို အမှီ လိုက်နေပြီ။ နောက်နှစ်ကျရန် အိုက်ဝက ဆိုနီကို အခြားဒေသတွေမှာ ကျော်လာနိုင်လိမ့်မယ်။ အိုက်ဝက နားကြပ်ကပ်ဆက်မှာ နံပါတ်တစ် ဖြစ်လာလိမ့်မယ်။”
ဖုန်းယွီက အိုက်ဝကို အသုံးပြုပြီး သူ့နည်းဗျူဟာကို သက်သေပြလိုက်သည်။ ခမဲသာမာဆော၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့် ဖြစ်နေ၏။
ဖုန်းယွီသည် သူ့အားယုံကြည်ပြီး ကုမ္ပဏီကို ရင်းနှီးမြှပ်နှံကာ လည်ပတ်စေခဲ့သည်။ သူသည် အလုပ်မရှိ အကိုင်မရှိ ဖြစ်ခဲ့ပြီး ယခုလက်ရှိတွင် ထိုကုမ္ပဏီတွင် ရှယ်ယာရှင် တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။ ထိုအရာများအားလုံးသည် ဖုန်းယွီ သူ့အား လမ်းညွှန်ပြသပေးမှုကြောင့် ဖြစ်သည်။
သူ့အနေဖြင့် သူ့အိပ်မက်နှင့် ဖုန်းယွီ အိပ်မက်အတွက်လည်း အလုပ် ကြိုးစား လုပ်ရမည် ဖြစ်သည်။
အကယ်၍ ဖုန်းယွီသာ ခမဲသာမာဆော လက်ရှိ တွေးနေသည့် အရာကို သိပါက သူ့မျက်နှာကို ထရိုက်မိမည်ပင်။
“ငါ့အိပ်မက်က ကမ္ဘာ့နံပါတ်တစ် လိင်ဖျော်ဖြေရေးအရုပ်ကုမ္ပဏီရဲ့ သူဌေး မဟုတ်ဘူး။”
“သူဌေး ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် နောက်နှစ်ကျ အမေရိကန်နဲ့ ဥရောပမှာ ရှိတဲ့ကုမ္ပဏီတွေက အမြတ်တွေ ရယူနိုင်မယ်လို့ ကတိပေးပါတယ်။ သုံးနှစ်အတွင်း တကမ္ဘာလုံး ဈေးကွက်ရဲ့ ၃၀ရာခိုင်နှုန်း ရယူပေးပါမယ်။ ဟောင်ကောင်နဲ့ အနောက်နိုင်ငံတွေမှာ မဂ္ဂဇင်းက နာမည် အရမ်းကြီးတယ်လို့ ကျွန်တော် သတိပြုမိတယ်။ ပြီးတော့ အချို့နိုင်ငံတွေမှာရော။ ကျွန်တော် မဂ္ဂဇင်းတွေမှာ ကြော်ငြာထည့်ပါမယ်။”
ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ ခမဲသာမာဆောသည် တကယ်ပင် တော်သည့်သူ ဖြစ်သည်။ သို့သော် မလုံလောက်သေးပေ။ ဖုန်းယွီတွင် ခမဲသာမာဆောကို မပြောပြရသေးသည့် အကြံဉာဏ်သစ်များ ရှိပေသေး၏။
“ခမဲသာ မင်းအရင်တုန်းက အလှမယ် ပြိုင်ပွဲတွေကို ကြည့်ဖူးလား။”
ခမဲသာမာဆောက ဖုန်းယွီကို ဓာတ်ချုပ်သည့် ပုံစံဖြင့် ကြည့်လိုက်ကာ
“သူဌေး အလှမယ်တွေကို ကျွန်တော်တို့ ထုတ်ကုန်တွေ ထောက်ခံပေးဖို့အတွက် ငှားရမ်းမလို့လား။”
“......”
ဖုန်းယွီက
“မင်းဘာတွေ တွေးနေတာလဲ။ တကယ်လို့ မင်းသာ သူတို့ကို ငှားနိုင်မယ်ဆိုရင် သွားငှားချေ။ ဒါပေမဲ့လည်း မင်းက အဲတာကို ဖြစ်နိုင်တယ်လို့ တွေးနေတာလား။ ငါမင်းကို ပြောချင်တာက ဒီလို ပြိုင်ပွဲမျိုးကို ငါတို့က ဦးစီးကျင်းပလို့ ရတယ်ဆိုတာပဲ။ အဲတာက အပြာမင်းသမီးတွေကို လူရွေးပွဲ ပုံစံမျိုးနဲ တူလိမ့်မယ်။ ဒါပေမဲ့ သူတို့တွေက ငါတို့ရဲ့ ထုတ်ကုန်တွေိကို အသုံးပြုရမယ်။ ပြီးတော့ ငါတို့ အရုပ်မှာ ဝတ်သလို ဝတ်ရမယ်။ သေချာတာကတော့ မင်းအနေနဲ့ ငါတို့ရဲ့ ထုတ်ကုန်တွေ အားလုံးကို ပြပွဲ တစ်ခု ပြုလုပ်ပြီး ပြလို့ ရတယ်။ ပြီးတော့ တစ်ချိန်တည်းမှာ တခြားစက်ရုံတွေကိုကော ဖိတ်ခေါ်နိုင်တယ်။ ဒါက သက်ရောက်မှုအား ပိုကောင်းတယ်။ မင်းအရင်က ပြောခဲ့သလိုပဲလေ။ လိင်ဖျော်ဖြေရေး အရုပ်တွေက တရားမဝင်တာ မဟုတ်ဘူး ပြီးတော့ ရှက်စရာ မလိုဘူးဆို။ ငါတို့တွေက အသုံးပြုသူတွေရဲ့ စိတ်ဖိစီးမှုတွေကို ပယ်ဖျောက်ပေးပြီး သူ့တို့ရဲ့ ချစ်သူတွေနဲ့ ဆက်ဆံရေး ပိုကောင်းဖို့ပဲ။ မင်းနားလည်တယ်မလား။”
အမ်.... လိင်ဖျော်ဖြေရေး အရုပ်တွေအတွက် ပြပွဲ စီစဉ်ပေးရမှာလား။
ခမဲသာမာဆောသည် ထိုသို့ပွဲမျိုး လုပ်သည်ကို တခါမျှ မကြားဘူးပေ။ သို့သော် ယင်းက နိုင်ငံတော်မှ ချမှတ်ထားသည့် ခွင့်မပြုသည့် ပြပွဲများတွင်လည်း မပါဝင်ပေ။ ဖုန်းယွီက သူ့ကို ပြပွဲအကြီးကြီး တစ်ခု ပြုလုပ်စေချင်ပြီး အခြားသော စက်ရုံများ၊ မီဒီဘာများနှင့် လည်ပတ်သူများကို ဖိတ်ခေါ်နိုင်ပေသည်။ ယင်းက သူတို့၏ ထုတ်ကုန်များကို ပြသရုံသာမက သူတို့၏ အရောင်းပိုင်းကိုလည်း တိုးတက်စေ၏။
“သူဌေး ကျွန်တော် နားလည်ပါပြီ။ စိတ်ချပlါ။ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါမယ်။”
ခမဲသာမာစောသည့် စိတ်ထဲတွင် သူ့အနေဖြင့် အောင်မြင်ရမည်ဟု သံဓိဋ္ဌာန်ချလိုက်ပြီး ဖုန်းယွီ ပြောသည့် အရာများကို စောစောပြီးရန် လုပ်မည် ဖြစ်သည်။ သူ့အနေဖြင့် အာရုံခြောက်ပါးကို ကမ္ဘာ့နံပါတ်တစ် လိင်ဖျော်ဖြေရေး ကုမ္ပဏီ ဖြစ်အောင် ကြိုးပမ်းမည် ဖြစ်သည်။
အိုဟုတ်သား။ ဖုန်းယွီက သူတို့ ကုန်ပစ္စည်းများ စာရင်းကို ကြည့်နေသည့်အခါ သူ့အနေဖြင့် ထိုထုတ်ကုန်များကို ကိုယ်တိုင် စမ်းကြည့်ချင်ပုံပေါ်နေသည်။ သူ့အနေဖြင့် ယိုရှီကိုအား ညစာစားပြီးနောက် နေခိုင်းရန် မေးသင့်သလား။