← Chapters

ယန်း ၁၀ဘီလျံပန်းတိုင် (သန်း တစ်သောင်း)

Vol. 22 Ch. 325

ယန်း ၁၀ဘီလျံပန်းတိုင် (သန်း တစ်သောင်း)

Vol. 22 Ch. 325

ဖုန်းယွီသည် ဂျပန်ရိုးရာ ဟင်းပွဲများကို နှစ်ခြိုက်စွာ သုံးဆောင်နေသည်။ ယင်းက သူစားဖူသမျှ ဂျပန် ရိုးရာ ဟင်းပွဲများတွင် ဂျပန်စတိုင် အတူဆုံး ဖြစ်သည်။ ပါဝင်ပစ္စည်းမှ စားဖိုမှူးအထိ ပြီးနောက် နေရာများ အပါအဝင် အကုန်လုံးက ဂျပန်နှင့် ပတ်သက်သည့် အရာများပင် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ရှိသည့် ဂျပန်ဆိုင်များနှင့် မတူပေ။

သို့သော် အဘယ်တွက် ခမဲသာမာဆော မှာထားသည့် ဟင်းပွဲများသည် ကာမဆန္ဒကို လှုံ့ဆော်သည့် ဟင်းပွဲများ ဖြစ်နသည်ကို ဖုန်းယွီ အံ့အားသင့်နေမိသည်။

“သူဌေး ကျွန်တော် ရုံးကို ပြန်ဖို့ လိုအပ်လို့ပါ။ ယိုရှီကိုက သူဌေးအခန်းကို ပြန်လိုက်ပို့ပါမယ်။ သူက တရုတ်စကားလည်း ပြောတက်တယ်။ သူဌေး ချွေးတွေ အများကြီးပဲ သူဌေး ရေချိုးလိုက်ပါ။ ယိုရှီကိုက သူဌေးကို ကူညီပေးပါလိမ့်မယ်။”

ဖုန်းယွီက ယိုရှီကိုဖက် လှည့်ကြည့်လိုက်သည်။ သူမသည် ခေါင်းကို ရှက်သည့်အတွက် ငုံ့ထားသည်။ သူ့အနေဖြင့် မိသားစုကို ထောက်ပံ့ရန်အတွက် ဤအလုပ်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။ ဥက္ကဋ္ဌခမဲသာ သူမကို ငွေပမာဏ များများ ပေးမည်ဟု ကတိပေးထားသည်။ ထပ်ပြောရပါက တရုတ်နိုင်ငံမှ သူဌေးသည် ကြည့်ကောင်းပြီး ခက်ထန်သည့်ပုံလည်း မပေါ်ပေ။

“ခမဲသာ သူ့ကို ခင်ဗျားနဲ့ပဲ ခေါ်သွားတော့။ ငါဘယ်လိုလူလို့ မင်းတွေးနေတာလဲ။ ဒီလို အရာမျိုး နောက်ထပ် ထပ်လုပ်မှာကို ငါမမြင််ချင်ဘူး။ မနက်ဖြန်ကျ ငါ ဟေတရိုနာကဂျီမနဲ့တွေ့မှာ မင်းလာစရာ မလိုဘူး။”

ဖုန်းယွီကို စိတ်တိုစွာဖြင့် ပြောလိုက်သည်။

ခမဲသာမစောသည့် သူ့ခေါင်း ကြမ်းပြင်ကို ထုလုမတက် ကိုယ်ကို ညွှတ်လိုက်၏။ သူ့စီစဉ်မှုက ဖုန်းယွီကို ဒေါသထွက်စေလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ သူက ချက်ချင်းပဲ ယိုရှီကိုကို အခန်းထဲမှ ထွက်ရန် လက်ပြလိုက်သည်။ ပြီးနောက် သူသည် တောင်းပန်ကာ မထွက်ခွာခင် ထပ်ပြီး ဦးညွှတ်လိုက်လေ၏။

ယိုရှီကိုတွင် ခြေထောက်ထူထူရှိကာ ဖုန်းယွီက စိတ်ဝင်စားခြင်း မရှိပေ။ ထပ်ပြောရပါက သူ့တွင် ချစ်သူ ရှိပြီးသား ဖြစ်သည်။ ဖုန်းယွီအနေဖြင့် သူမအား လက်ခံမည် မဟုတ်ပေ။

ခမဲသာမာစောနှင့် ယိုရှီကိုသည် စားသောက်ဆိုင်မှ စိတ်ပျက် လက်ပျက်ဖြင့် ထွက်သွားခဲ့သည်။ ဖုန်းယွီလည်း စိတ်ပျက်သွားခဲသည်။ ဘာလို့ ခမဲသာမာစောက အထက်တန်းကျောင်းက မိန်းကလေးကို မစီစဉ်တာလား။ မိန်းကလေးက ငယ်ရင် ငါစဉ်းစားရင် စဉ်းစားဦးမှာ။

......

နောက်တစ်နေ့တွင် ဖုန်းယွီ သူ့ဟိုတယ် တံခါးကို ဖွင့်လိုက်သည်နှင့် ဟေတရိုနာကဂျီမကို အပြင်ဖက်၌ ရပ်စောင့်နေသည်ကို သူတွေ့လိုက်ရ၏။ သူတံခါးမခေါက်သည့်အတွက် အချိန်ဘယ်လောက်ကြာကြာ ရပ်နေသည်ကို ဖုန်းယွီ မသိချေ။

“မင်္ဂလာ မနက်ခင်းပါ မစ္စတာဖုန်း။”

“မင်္ဂလာမနက်ခင်းပါ။ မနက်စာ အတူ စားရအောင်။”

ဟေတရိုနာကဂျီမသည် ဖုန်းယွီ၏ ဖိတ်ခေါ်မှုကို စောင့်နေခဲ့သည်။ မနက်စာ စားချိန်တွင် ဟေတရိုနာကဂျီမက ဖုန်းယွီကို လွန်ခဲ့သည့် ကာလက ကုမ္ပဏီ၏ တိုးတက်မှုများကို ဝမ်းသာအားရဖြင့် အစီရင်ခံစား တင်တော့သည်။

ထိုင်ဝမ်၊ မလေးရှားနှင့် ဆော်ဒီအာရေဗျရှိ ရုံးများသည် ယခုနှစ်ကုန်တွင် စတင် လည်ပတ်တောမည် ဖြစ်သည်။ မလေးရှားနှင့် ဂျပန်ရှိ ထုတ်လုပ်ရေးများသည်လည်း ဒီဇင်ဘာလတွင် စတင်နိုင်မည် ဖြစ်သည်။ အင်္ဂလန်ရှိ စက်ရုံ တိုးချဲ့မှုသည်လည်း ထိုကာလတွင် ပြီးစီးမည် ဖြစ်သည်။ နောက်နှစ်တွင် အိုက်ဝ၏ တကမ္ဘာလုံးတွင် ထုတ်လုပ်မှု ၅ဆ တိုးတက်လာမည် ဖြစ်သည်။

ယင်းက ဆိုနီနှင့်တော့ ဝေးကွာနေသေးသည်။ အကယ်၍ အိုက်ဝသာ ဆိုနီ၏ စက်ရုံများကို ငှားယမ်းအသုံးပြုနိုင်ပါက သူတို့ ထုတ်လုပ်မှုသည် ၁၀ဆကျော်ပေလိမ့်မည်။

ယခုလက်ရှိ ထုတ်လုပ်နိုင်စွမ်းသည် လုံလောက်ပြီး ဖြစ်သည်။ ပနားမားရှိ ရုံးခွဲနှင့် စက်ရုံများသည် သူတို့ စီစဉ်ထားသည်ထက် စောပြီး ထုတ်လုပ်နိုင်ပေ၏။ အစောဆုံးမှာ နောက်နှစ်တွင် ဖြစ်ပြီး နောက်လာမည့် နှစ်တွင်များတွင် အိုက်ဝ၏ ထုတ်လုပ်မှုသည် ပိုပြီး တိုးတက်လာမည် ဖြစ်သည်။

သုံးစွဲသူများသည် အိုက်ဝ အမှတ်တံဆိပ်ကို ပိုပို သိလာသည်နှင့်အမျှ သူတို့၏ နားကြပ်ကပ်ဆက် ရောင်းအားသည်လည်း တိုးတက်လာမည် ဖြစ်သည်။ အိုက်ဝ နားကြပ်ကပ်ဆက်သည် ဆိုနီထက် ဈေးကြီးပြီးသား ဖြစ်၏။

အတိတ်က ဆိုနီသည် နိုင်ငံတကာ အမှတ်တံဆိပ် ဖြစ်ခဲ့သည်။ ပြီးနောက် အခြားသော ပြိုင်ဆိုင်မည့်သူများလည်း မရှိပေ။ သူတို့ထုတ်ကုန်များကို ဈေးမြင့်တင်နိုင်ကာ အကျိုးအမြတ်များကို ခံစားနိုင်ပေသည်။ ထိုအချိန်က ဆိုနီနှင့် အိုက်ဝသည် မိတ်ဖက်များ ဖြစ်ကြပေသည်။ ဆိုနီသည် တန်ဖိုးမြင့်ပိုင်းကို မှန်းပြီး အိုက်ဝသည် တန်ဖိုးနိမ့်ပိုင်းကိုမှန်းခဲ့သည်။

ယခုလက်ရှိတွင် ဆန့်ကျင်ဖက် ဖြစ်နေပြီ ဖြစ်သည်။ အိုက်ဝသည် သူတို့၏ တန်ဖိုးမြင့်ပိုင်းကို ရယူပြီး ဖြစ်သည်။ ဆိုနီအနေဖြင့် တန်ဖိုးနိမ့်ဈေးကွက်ကိုသာ မျှော်မှန်းရန် ရှိတော့သည်။ ယင်းက ဟေတရိုနာကဂျီမ ကြွားဝါးခြင်း မဟုတ် အချက်အလက် ကျကျ ပြောခြင်းသာ ဖြစ်သည်။

ဟေတရိုနာကဂျီမ ထိုအကြောင်းကို ပြောသည့်အချက် သူ့တွင် ဂုဏ်ယူဝံ့ကြွားသည့်ပုံ ရှိနေလေ၏။

ဖုန်းယွီက ယင်းက ကောင်းမွန်သည့် လက္ခဏာ တစ်ရပ်မဟုတ်ဟု ခံစားမိကာ

“ငတ်နေတဲ့ ကုလားအုပ်ကလည်း မြင်းတစ်ကောင်ထက် ကြီးတုန်းပဲ။”

အမှန်တကယ်တွင် ဆိုနီသည် မရှုံးနိမ့်သေးပေ။ ဆိုနီသည် နားကြပ်ကပ်ဆက်ဈေးကွက်တွင် အိုက်ဝထက် ဈေးကွက်ဝေစု များနေသေးဆဲ ဖြစသည်။ ဆိုနီသည် အိုက်ဝထက် နားကြပ်ကပ်ဆက်များ ရောင်းချနေရဆဲ ဖြစ်သည်။ သူတို့ အကျိုးအမြတ်နှင့် အမှန်တံဆိပ် လွှမ်းမိုးမှုက အိုက်ဝထက် များနေသေး၏။

ဟေတရိုနာကဂျီမသည် ဆိုနီကို ရှုံးနိမ့်သည်ကို ဝန်မခံပေ။ ပြီးနောက် သူက အနိုင်ယူရန် နည်းလမ်းကို စဉ်းစားနေသည်။ သူ့အနေဖြင့် နားကြပ်ကပ်ဆက်ဈေးကွက်တွင် ဈေးကွက်ခေါင်းဆောင် ဖြစ်လေသည်။ သူ့အနေဖြင့် ဆိုနီကို ကျော်ချင်သည်။

ဆိုနီ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အတွက် မည်သူမျှ သံသယ မရှိပေ။ ယခုလက်ရှိ အိုက်ဝသည် ဆိုနီကို ကျော်ရသည်မှာ BEE နည်းပညာကြောင့် ဖြစ်သည်။ ဆိုနီအနေဖြင့် ယင်းကို ခပ်သွက်သွက်ဖြင့် ရောက်အောင် လိုက်လာနိုင်ပေသည်။

“ဥက္ကဋ္ဌဟေတရို ဆိုနီက အိုက်ဝထက် အဆပေါင်းများစွာ ကြီးတယ်ဆိုတာ မမေ့လိုက်နဲ့။ ဆိုနီက ဒီအတိုင်း အရှုံးပေးလိုက်မယ်လို့ တွေးနေတာလား။ အခု လက်ရှိ အချိန်မှာ ငါတို့တွေက အာရှဈေးကွက်မှာ နိုင်ရင် နိုင်လိမ့်မယ်။ ဒါပေမဲ့ အခြားဒေသကြီးတွေမှာ ငါတို့တွေ ရှုံးနိမ့်နေဆဲပါ။ ငါတို့ရဲ့ ရောင်းအားက အနောက်နိုင်ငံတွေမှာ ရောင်းအားကောင်းပေမဲ့ စုစုပေါင်း ရောင်းအားကရော ဘယ်လိုလဲ။ ငါတို့ရဲ့ ထုတ်လုပ်မှုက နောက်နှစ်မှ ဆိုနီကို မှီနိုင်ရုံပဲ ရှိဦးမှာ။ ဈေးကွက်က ကျယ်ပြန့်လာတာနဲ့အမျှ ဆိုနီက သူတို့ တိုးမြင့်ထုတ်လုပ်တာကို ရပ်တန့်လိုက်မှာ မဟုတ်ဘူး။ ဆိုနီရဲ့ စက်ရုံတွေက ကမ္ဘာအနှံမှာ ရှိတယ်ဆိုတာ မမေ့လိုက်နဲ့။”

ဖုန်းယွီ ပြောသည်ကို ကြားပြီးနောက် ဟေတရိုနာကဂျီမ၏ မျက်နှာထက်ရှိ ဂုဏ်ယူနေသော အပြုံးသည် ပျောက်ကွယ်သွားခဲ့သည်။ ဟေတရိုနာကဂျီမသည် ရလဒ်နှင့် ပတ်သက်ပြီး ဂုဏ်ယူပေသည်။ သူ့အနေဖြင့် မာနထောင်လွှားသည့် အဆင့်အထိတော့ မရောက်သေးပေ။

ဟေတရိုနာကဂျီမက ဖုန်းယွီကို အချက်အလက် အချို့ပြောပြီး ပျော်အောင် လုပ်ပေးချင်သည်။ သူ့စိတ်ထဲတွင် ဆိုနီကို ဘယ်တော့မှ အောက်စိုက်မကြည့်ပေ။ ဆိုနီသည် သူတို့၏ နံပါတ်တစ် ရန်သူ ဖြစ်နေသည်ပင်။

အကြောင်းမှာ ဆိုနီက အိုက်ဝကို အရင်က ပိုင်ဆိုင်ခဲ့ဖူးသည်။ မိတ်ဖက်လည်း ဖြစ်ခဲ့ဘူးသည်။ ဟေတရိုနာကဂျီမသည် ဆိုနီအကြောင်းကို ဖုန်းယွီထက် ပိုနားလည်ပေ၏။

သူသည် ဆိုနီဘယ်လောက်အထိ အင်အားကြီးမားကြောင်း သိပေသည်။ ဆိုနီသည် မနှစ်က ငွေကြေးများစွာ သုံးစွဲခဲ့ပြီး ယခုနှစ်တွင် အရှုံးများ ပေါ်သည့်တိုင် ဆိုနီသည် လျှပ်စစ်လုပ်ငန်းတွင် အားကောင်းသည့် ဓနအင်အားနှင့် နည်းပညာပိုင်းတွင် ခေါင်းဆောင် တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

ဟေတရိုနာကဂျီမသည်လည်း ထုတ်ကုန်အသစ်နှင့် နည်းပညာအသစ်များအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအတွက် မရပ်တန့်နိုင်ပေ။ သူသည် ဖုန်းယွီ၏ အကြံဉာဏ်အတိုင်း မလိုအပ်သည့် အသုံးဝင်မှုများကို ဖြုတ်ကာ အသံအရည်အသွေးတွင် အာရုံစိုက်မည် ဖြစ်သည်။ သုံးစွဲသူများသည် အိုက်ဝနားကြပ်ကပ်ဆက်၏ လှပသည့် ဒီဇိုင်းနှင့် အရည်အသွေးကောင်းသည့်အ အသံကြောင့် သုံးစွဲသူများကို အမှတ်ရစေချင်သည်။

သူတို့၏ နောက်ဆုံး ထုတ်ကုန်တွင် နားကြပ်ကပ်ဆက်၌ သေးငယ်သည့် LCD မျက်နှာပြင်ကို တပ်ပေးလိုက်ခြင်း ဖြစ်သည်။ ယင်းက ဘက်ထရီကြာချိန်ကို ပြသပေးသည်။ ထိုမော်ဒယ်သည် ဈေးကွက်တွင် အလွန် နာမည် ကြီးကာ ဟေတရိုနာကဂျီမသည် ထိုနည်းအတိုင်း ဆက်သွားချင်သည်။ သေချာသည်မှာ ဖုန်းယွီ အကြံပေးချက်အတိုင်း နားကြပ်ကပ်ဆက်ကို သေးအောင်လုပ်ရမည် ဖြစ်သည်။

အရင်ဘဝတွင် ဆိုနီသည် သူတို့ နားကြပ်ကပ်ဆက်ကို ဆက်တိုက်ဆိုသလို အရွယ်အစားကို ချုံ့ခဲ့သည်ကို သူရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။ သူတို့က အရွယ်အစား သေးငယ်သည့် စီးရီးကိုပင် မိတ်ဆက်ခဲ့သည်။ သုံးစွဲသူများကလည်း လက်ခံ ကြပေသည်။ သို့သော် ယခုတွင် ဆိုနီအနေဖြင့် ယင်းလမ်းနောက် လိုက်ရန် မဖြစ်နိုင်တော့ပေ။ ဆိုနီသည် အိုက်ဝ၏ လမ်းစဉ်အတိုင်းသာ နောက်မှ လိုက်ရတော့မည် ဖြစ်သည်။

“မစ္စတာဖုန်း ကျွန်တော် ဒီအကြောင်းအရာတွေကို မှတ်ထားလိုက်ပါမယ်။ ကျွန်တော်အနေနဲ့ ဆိုနီကို အခွင့်အရေး တစ်ခုတောင် ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ထုတ်ကုန်အသစ်ရဲ့ နမူနာ ပုံစံကို နောက်ပိုင်းကျ ပြပါမယ်။ မစ္စတာဖုန်း ကူပြီး ဆုံးဖြတ်ပေးပါ။ပြီးတော့ ဘယ်မော်ဒယ်က ဈေးကွက်ထဲ ရောက်ဖို့ ပိုသင့်တော်လည်းဆိုတာ ပြောပေးပါ။”

အမှန်တကယ်တွင် ဟေတရိုနာကဂျီမသည် ဆုံးဖြတ်ပြီး ဖြစ်သည်။ သို့သော် ဖုန်းယွီကို ယခုလို ပြောခြင်းက ဖုန်းယွီ စိတ်ကျေနပ်စေရန် ဖြစ်ကာ အမြင်ကိုလည်း နားထောင်ချင်သည့်အတွက် ဖြစ်သည်။။ ဟေတရိုနာကဂျီမသည် ဖုန်းယွီ၏ အမြင်နှင့် ပတ်သက်ပြီး အလွန်ကို အားကျပေ၏။

......

ဖုန်းယွီက နားကြပ်ကပ်ဆက် နမူနာများကို ကြည့်လိုက်သည်။ ထိုအရာများအားလုံးသည် သူ့အရင်ဘဝတွင် အိုက်ဝ၏ စံနမူနာ နားကြပ်ကပ်ဆက်များ ဖြစ်သည်။ ထိုမော်ဒယ်များကို ဈေးကွက်က လက်ခံကြသည်။ ပြီးနောက် ယင်းက အိုက်ဝကို အမြတ်များစွာ ရအောင် လုပ်ပေးခဲ့သည်။

“ဒီမော်ဒယ်တွေက တော်တော်လေး အလုပ်ဖြစ်သားပဲ။ ဒီမော်ဒယ်တွေ အကုန်လုံးကို ဈေးကွက်ထဲ ဖြန့်ချီဖို့ စီစဉ်ထားလား။ ငါမင်းကို အကြံနည်းနည်းပေးမယ်။ မင်းအနေနဲ့ နားကြပ်ကို ပိုကောင်းအောင် လုပ်သင့်တယ်။ ပြီးတော့ မင်းရဲ့ နည်းပညာကလည်း ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံး နည်းပညာမျိုး ဖြစ်အောင် လုပ်ရမယ်။ ဒီ မော်ဒယ်တွေကို အရောင် စုံနိုင်သမျှ စုံအောင်လုပ်ပေး။ ဒီလိုဆိုရင် သုံးစွဲသူတွေက ပိုပြီး ရွေးချယ်နိုင်မှာ။ ကျန်တာကတော့မင်းဖြည့်လိုက်ပေါ့။ ငါမင်းကို ယုံကြည်ပါတယ်။ နားကြပ်ကပ်ဆက်ကမ္ဘာမှာ မင်းက အကောင်းဆုံးပဲ။”

ဟေတရိုနာကဂျီမသည် ဖုန်းယွီ၏ စကားများကြောင့် စိတ်တက်ကြွလာခဲ့သည်။

“စိတ်ချပါ မစ္စတာဖုန်း။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ နောက်နှစ်ပစ်မှတ်က ၁၀ဘီလျံယန်းပါ။”

All Chapters