အိုက်ဝ၊ အဓိကနည်းပညာများရဲ့ ဆရာကြီး
Vol. 22 Ch. 326
ယခုလက်ရှိ အိုက်ဝ၏ တိုးတက်မှ ရာခိုင်နှုန်းနှင့် ဆိုလိုရင်းသည် အိုက်ဝအနေဖြင့် ရောင်းအား ယန်း ဘီလျံ ၁၀၀အထိ ရောင်းရမည် ဖြစ်ကာ ထိုမှသာ အမြတ် ယန်း ဘီလျံ ၁၀ရမည် ဖြစ်သည်။ ယင်းကား အိုက်ဝအနေဖြင့် အနည်းဆုံး နားကြပ်ကပ်ဆက် အလုံး သန်းရာချီ ရောင်းရမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
“မင်းအနေနဲ့ ဒီလောက် အရေအတွက်ရောင်းရအောင် ဘယ်လို လုပ်မှာလဲ။”
ဖုန်းယွီက စိတ်ဝင်စားသွားသည်။ ဟေတရိုနာကဂျီမ သည် သူ့အနေဖြင့် နောက်နှစ်တွင် နားကြပ်အကုန် ရောင်းရမည်ဟု ပြောသည်။ ယင်းက ဖြစ်နိုင်မည်လော။
ပုံမှန်အခြေအနေမျိုးတွင် သူတို့ ရောင်းသည်ထက် ထုတ်လုပ်မှုကို အနည်းငယ် တိုးမြင့်ရန်ကား အကောင်းဆုံးပင် ဖြစ်သည်။ ထုတ်လုပ်မှုသည် ဝယ်လိုအားထက် ပမာဏ အများကြီး တိုးမြင့်လို့ မရပေ။ မဟုတ်ပါက ယင်းသည် အလဟာသ ဖြစ်သွားမည် ဖြစ်သည်။ အကယ်၍ ထုတ်လုပ်မှုကား ဈေးကွက်လိုအပ်ချက်ထက် နည်းပါက သူတို့အနေဖြင့် ထုတ်လုပ်မှုကို တိုးမြင့်ရမည် ဖြစ်ကာ ထိုမှသာ ပြိုင်ဖက်များ ဈေးကွက်ဝေစုများရယူမှုအား တားနိုင်မည် ဖြစ်သည်။ အကယ်၍ ထုတ်လုပ်မှုနှင့် လိုအပ်ချက်သည် မျှချေ ဖြစ်နေလျှင် ချဲ့ထွင်ရန်အတွက်မဖြစ်နိုင်ပေ။ ယင်းက ဖြစ်နိုင်သည့် အရာမဟုတ်ပေ။
“ကျွန်တော် တကမ္ဘာလုံးမှာ မာကတ်တင်းကန်ပိန်းလုပ်ဖို့ စီစဉ်ထားတယ်။ ကျွန်တော်က ထောက်ခံတဲ့ အနုပညာရှင်တွေကို ငှားမယ်။"
“အဲ့တာဆို မင်းက ဘယ်သူ့ကို ငှားမှာလဲ။ ငါတို့ ထုတ်ကုန်တွေက အသက်ငယ်တဲ့ ဈေးကွက်ကို ဦးထည်ထားတာနော်။ သူတို့တွေရဲ့ အိုင်ဒေါအဆိုတော်ကို ရှာမလို့လး။"
ဖုန်းယွီက မျက်မှောင်ကျုံ့လိုက်သည်။ ယင်းက ကောင်းသည့် လက္ခဏာ တစ်ရပ် မဟုတ်ပေ။ အဘယ်တွက် အိုက်ဝသည် ထိုထုတ်ကုန် ထောက်ပံ့မှုအတွက် အဆိုတော်များကို ငှားရမည်နည်း။
ဆိုနီသည် သူတို့ ထုတ်ကုန်ကို ကြေငြာရန်အတွက် အောင်မြင်ကျော်ကြားသည့် ကမ္ဘာကျော် အဆိုတော် တစ်ဦးကို ထုတ်ကုန်အတွက် ပြောခွင့်ဆိုခွင့် ရှိသူအဖြစ် အရယူနိုင်ခဲ့သည်။ ထိုသူသည် မိုက်ကယ်ဂျက်ဆင် ဖြစ်သည်။ မိုက်ကယ်ဂျက်ဆင်သည် စီဘီအက်စ် တေးသံနှင့် စာချုပ် ချုပ်ဆိုထားသည်။ ပြီးနောက် စီဘီအက်စ် တေးသံကို ဆိုနီက ဝယ်ယူခဲ့သည်။
“ဝတ်ဒနီဟူစတင် ဆိုရင်ကော။ ကျွန်တော်လူတွေက သူနဲ့ အရင်က စကားပြောဖူးတယ်။ပြီးတော့ သူ့ကြည့်ရတာ စိတ်ဝင်စားတဲ့ပုံပဲ။ ဒါပေမဲ့ သူ့ကို ငှားရမ်းခကတော့ မသေးဘူး။ ဒါက ကျွန်တော်တို့ကို အများကြီး ကုန်ကျစေလိမ့်မယ်။ ဒါပေမဲ့ အခုလက်ရှိမှာ သူက အအောင်မြင်ဆုံး အမျိုးသမီး အဆိုတော် ဖြစ်နေတယ်။’
ဖုန်းယွီက ခေါင်းခါလိုက်ပြီးနောက
“ငါ ဒီလို မပြောချင်ဘူးဆိုပေမဲ့ သူမက အာဖရိကန် သူမက လူမည်းပဲ။ သူ့သီချင်းတွေက အမေရိကန်နဲ့ အာဖရိကက နိုင်ငံတွေမှာ နာမည် ကြီးတယ်။ ဒါပေမဲ့ အာရှနဲ့ ဥရောပမှာလည်း လူတွေက သူ့သီချင်းကို ကြိုက်တယ်။ ဒါပေမဲ့ သူတို့တွေက သူမရဲ့ ပုံစံကို စိတ်မဝင်စားဘူး။”
“မက်ဒေါနား ဆိုရင်ကော။ သူဆို ပိုတောင် ဈေးကြီးလိမ့်မယ်။”
ဟေတရိုနာကဂျီမသည် ဖုန်းယွီ ပြောသည်မှာ အဓိပ္ပာယ်ရှိမှန်း သဘောပေါက်လိုက်သည်။ သူသည် အသားအရေကို ကျော်ပြီး ကြည့်ခဲ့ခြင်း ဖြစ်သည်။
ဖုန်းယွီက ခေါင်းထပ်ခါပြန်သည်။
“ငါတို့ကြော်ငြာမှာ အဆိုတော်တွေ ထည့်ကြော်ငြာဖို့ မလိုဘူး။ ငါတို့တွေက သူတို့ရဲ့ အောင်မြင်ကျော်ကြားတဲ့ သီချင်းတွေကို သုံးရုံပဲ။ ဒါမှ မဟုတ်ရင် ငါတို့အတွက် သီချင်းအတိုလေး တစ်ပုဒ်ရေးဖို့ လူတစ်ယောက် ငှားရုံပဲ။ ၁၀စက္ကန့်လောက်ဆိုရင် လုံလောက်ပြီ။ ငါတို့အနေနဲ့ ရုပ်ရည်ချောတဲ့ မော်ဒယ်တွေ ငါတို့ကြော်ငြာမှာ ထည့်လို့ရတယ်။"
“မော်ဒယ်လား။ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ မစ္စတာဖုန်းပြောတဲ့ ၁၀စက္ကန့်စာ သီချင်းက အရမ်းတိုလွန်းမနေဘူးလား။ ဘယ်လိုလုပ် ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ကို ပြလို့ ရမှာလဲ။”
ဟေတရိုနာကဂျီမက မျက်မှောင် ကျုံ့လိုက်၏။
အမှတ်တံဆိပ်၏ ဆောင်ပုဒ်... ဖုန်းယွီသည် အရင်ကတည်းက တွေးထားပြီး ဖြစ်သည်။ သူ့အရင်ဘဝရှိ အောင်မြင်ကျော်ကြားသည့် ဆောင်ပုဒ်တစ်ခုကို ငှားယူအသုံးပြုရန် ဖြစ်သည်။
“ဘာလို့ ငါတို့တွေက ‘အိုက်ဝ၊ အဓိက နည်းပညာများရဲ့ ဆရာကြီး’ လို့ မသုံးနိုင်ရမှာလဲ။”
အိုက်ဝ၊ အဓိက နည်းပညာများရဲ့ ဆရာကြီး။
ဟေတရိုနာကဂျီမ၏ မျက်လုံးများက ပေါက်ထွက်တော့မည့် အတိုင်း ဖြစ်သွားသည်။ ထိုအမှတ်တံဆိပ် ဆောင်ပုဒ်က တကယ်ပင် လက်ဖျားခါရမည်ပင်။
ထိုနည်းလမ်းက အသုံးပြုသူများအား အိုက်ဝသည် ကမ္ဘာ့အကောင်းဆုံး နားကြပ်ကပ်ဆက် ထုတ်လုပ်သည်ဟု မြင်လာစေမည် ြဖစ်သည်။ အမှန်တကယ်တွင် အိုက်ဝ၏ နားကြပ်ကပ်ဆက်များက ဆိုနီနားကြပ်ကပ်ဆက်များသည် ကောင်းပေသည်။
ထိုနည်းလမ်းဖြင့် သူတို့အနေဖြင့် အိုက်ဝ၏ လုပ်နိုင်စွမ်းကို ပြသရာ ရောက်ပေမည် တစ်ချိန်တည်းတွင် သူတို့၏ ပြိုင်ဖက်များကိုလည်း အရေးမပါသလို ပြသရာ ရောက်မည် ဖြစ်သည်။ မစ္စတာဖုန်းသည် တကယ်ပင် တော်ပေ၏။ ထိုအမှတ်တံဆိပ် ဆောင်ပုဒ်နှင့်ဆိုလျှင် အိုက်ဝ၏ အောင်းအားသည် ပိုပြီး တိုးလာမည် ဖြစ်သည်။
“မစ္စတာဖုန်း။ ကျွန်တော် ဘယ်လို လုပ်ရမယ်ဆိုတာ သိပါပြီ။ ကျွန်တော်အနေနဲ့ ဒီဆောင်ပုဒ်ကို ပြောဖို့အတွက် ကျွမ်းကျင် အသံသရုပ်ဆောင်ကို ရှာလိုက်ပမယ်။ ဒီနည်းနဲ့ဆိုရင် အသံအရည်သွေးက ပိုကောင်းမှာ။ သီချင်းအတွက်တော့ ကျွန်တော်တို့တွေ အောင်မြင်ကျော်ကြားတဲ့ သီချင်းတွေကို အသုံးပြုပါမယ်။ ဒီနည်းနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်က နည်းသွားပြီး ကြော်ငြာအားကလည်း ထိရောက်မှာ။”
ဟေတရိုနာကဂျီမသည် ယခုလက်ရှိတွင် လုပ်ရမည့် အရာ တစ်ခု ရှိသွားပြီ ဖြစ်သည်။ ထိုဆောင်ပုဒ်နှင့်ဆိုပါက သူတို့ မည်သည့် သီချင်းအသုံးပြုစေကာမူ အရေးမကြီးတော့ပေ။ ယခုလက်ရှိတွင် သူ့အနေဖြင့် ကြည့်ကောင်းသည့် မော်ဒယ်နှစ်ယောက်ကို ရှာရမည် ဖြစ်ကာ သူတို့သည် အိုက်ဝနားကြပ်ကပ်ဆက်ကို နားထောင်ရင်း ကရမည် ဖြစ်သည်။
ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ။ မင်းအနေနဲ့ အသေးစိတ်ကို မင်းဘာသာ ဆုံးဖြတ်လို့ ရတယ်။ ဒီဆောင်ပုဒ်က ကြော်ငြာ သက်သက်ပဲ မဟုတ်ဘူးနော်။ ငါက အိုက်ဝကို အဲ့အတိုင်း ဖြစ်စေချင်တာ။ ငါတို့တွေ အဓိက နည်းပညာတွေအကုန် ပိုင်ဆိုင်ရမယ်။ ပြီးတော့ ဒီလုပ်ငန်းမှာလည်း ငါတို့တွေက ရှေ့ကနေ ပြေးနေရမယ်။ အခုလက်ရှိမှာ မင်းအနေနဲ့ နည်းပညာအသစ်တွေ အကုန် သုံးဖို့ပဲ။ ဒါပေမဲ့ ဆိုနီက သူတို့ရဲ့ နည်းပညာ အသစ်တွေကို ထုတ်သုံးလာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။”
ဖုန်းယွီ၏ အရင်ဘဝတွင် ဆိုနီက သူတို့၏ နောက်ဆုံးပေါ် ထုတ်ကုန်များတွင် သူတို့၏ ဒုတိယ အကောင်းဆုံး နည်းပညာများကိုသာ အသုံးပြုခဲ့သည်။ အကြောင်းမှာ သူတို့၏ ဒုတိယ အကောင်းဆုံး နည်းပညာများကတောင် ပြိုင်ဖက်များကို အနိုင်ပိုင်းရန် လုံလောက်သည့်အတွက် ဖြစ်သည်။ အကယ်၍ သူတို့၏ ပြိုင်ဖက်များသည် ပိုကောင်းသည့် ထုတ်ကုန်များ မိတ်ဆက်လျှင် ဆိုနီသည် အမြဲတမ်း တုံ့ပြန်နိုင်ပေသည်။ ဆိုနီသည် သူတို့၏ ပြိုင်ဖက်များကို တိုက်ထုတ်ရန် အချို့သော နည်းပညာများကို မိတ်ဆက်ခြင်း မပြုပေ။
ထိုအခါ ဆိုနီအနေဖြင့် ဈေးကွက်လက်ဝါးကြီးရယူလိုမှုနှင့် ဒဏ်ကြေးများစွာ ပေးဆောင်ရမည် ဖြစ်သည်။
ဆိုနီသည် ထိုအခြေနေကို မရောက်ရန်အတွက် သူတို့၏ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုခြင်း မရှိပေ။
“ကျွန်တော် ဒီအကြောင်းကို သိပါတယ်။ ကျွန်တော်တို့ရဲ့ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ဌာနက ဝန်ထမ်းတွေက ဆိုနီနဲ့ အဆင့်တူမှာ ရှိပါတယ်။ ကျွန်တော်တို့တွေက တချို့ သုတေသနတွေကိုလည်း ပြုလုပ်နေပါတယ်။ ပြီးတော့ သူတို့က အောင်မြင်မှာပါ။ ကျွန်တော်တို့ရဲ့ နားကြပ်၊ စပီကာ၊ ကပ်ဆက်တွေကို အဆင့်မြင့်မှာပါ။ ကျွန်တော်တို့တွေ နားကြပ်ကပ်ဆက်ကိုလည်း သေးအောင် ကြိုးစားနေပါတယ်။ ဒီ သုတေသနတွေ အကုန်က တစ်နှစ်အတွင်း ပြီးမှာပါ။ နောက်နှစ်ကျရင် ကျွန်တော်တို့ရဲ့ နားကြပ်ကပ်ဆက်တွေက ပိုပေါ့ပြီး သေးလာလိမ့်မယ်။”
“တကယ်လို့ မင်းသာ အဲလို စီးရီးမျိုး ထုတ်လုပ်နိုင်မယ်ဆိုရင် ကောင်းတာပေါ့။ ဥပမာအနေနဲ့ အဲ့ထုတ်ကုန်တွေက အသံအရည်အသွေး ပိုကောင်းမယ်ဆိုရင် စူပါမူလအသံစီးရီးလို့ အမည်ပေးလို့ ရတယ်။ မင်းအနေနဲ့ အပြင်ပိုင်းကို ကောင်းကောင်းနဲ့ အရောင်စုံ ထုတ်နိုင်တယ်ဆိုရင် ငါတို့တွေက သက်တန့်စီးရီးလို ပေးလို့ရတယ်။ အနာဂတ်ကျ ငါတို့တွေက သေးငယ်တဲ့ နားကြပ်ကပ်ဆက်တွေ ထုတ်ရင် အာထရာစလင်း စီးရီးဆိုပြီး ပေးလို့ ရတယ်။ ဒီနည်းလမ်းက သုံးစွဲသူတွေကို ပိုရွေးချယ်ခွင့် ပေးရာ ရောက်ပြီးတော့ အိုက်ဝရဲ့ လုပ်နိုင်စွမ်းကိုလည်း ပြသရာ ရောက်တယ်။”
ဖုန်းယွီက သူ့အရင်ဘဝက ဆိုနီ၏ နည်းစနစ်များ အားလုံးကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ဆိုနီသည် ထိုနည်းဗျူဟာကို တွေးမိချိန်တွင် အလွန်နောက်ကျတော့မည် ဖြစ်သည်။ ယခုလက်ရှိတွင် နားကြပ်ကပ်ဆက်ဈေးကွက်တွင် ဆိုနီနှင့် အိုက်ဝ စစ်ပွဲ ဖြစ်နေသည်။ သို့သော် အိုက်ဝ၏ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာများက နားကြပ်ကပ်ဆက်များ ပြုလုပ်ရာတွင် ပိုလုပ်နိုင်စွမ်း ရှိပေ၏။
ဖုန်းယွီသည် အိုက်ဝကို စီဒီစက်များ သုတေသနကို စတင် လုပ်ဆောင်စေချင်သည်။ သူ့အနေဖြင့် ဆိုနီ၏ ဈေးကွက်ကို ကျူးကျော်ဝင်ရောက်ချင်သည်။
......
“ဥက္ကဋ္ဌနိုရီယို၊ အိုက်ဝရဲ့ တရုတ်သူဌေးက တိုကျိုကိုလာတယ်။ သူတို့ တစ်ခုခု လုပ်မလို့လား။”
နိုရီယိုအိုဂသည် လက်ယမ်းပြကာ
“သူတို့ကို လျစ်လျူရှုလိုက်။ ငါတို့က ဆိုနီလေ။ ငါတို့တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံး လျှပ်စစ်ကုမ္ပဏီလေ။ ငါတို့ရဲ့ ထုတ်ကုန်တွေက သူတို့ထက် ကောင်းနေသမျှ ပြီးတော့ ငါတို့ရဲ့ မာကတ်တင်းအင်အားနဲ့ ငါတို့ရဲ့ အရောင်းချန်နယ်တွေ ပေါင်းလိုက်မယ်ဆိုရင် အိုက်ဝကို ငါတို့ကို မယှဉ်နိုင်ပါဘူးကွာ။ အသံအရည်အသွေး တိုးတက်မှုက ဘယ်လောက်ထိ ရောက်ပြီလဲ။”
“တကယ်လို့ ကျွန်တော်တို့ BEE နည်းပညာကို အသုံးပြုမယ်ဆိုရင် ကျွန်တော်တို့တွေ အိုက်ဝနဲ့အသံ အရည်အသွေး အတူတူ ဖြစ်နိုင်ပါတယ်။"
“ငါက သူတို့နဲ့ မတူချင်ဘူး။ ငါက သူတို့ထက် ကောင်းတာကိုပဲ လိုချင်တာ။ ပြီးတော့ ငါတို့ရဲ့ နားကြပ်ကပ်ဆက် အသစ်ကိုလည်း ဈေးကွက်မှာ မိတ်ဆက်တော့မှာ။ ငါတို့ရဲ့ ဈေးကွက်ကို ဆက်ကိုင်ထားဖို့လိုတယ်။ အိုက်ဝရဲ့ စက်ရုံအသစ် နှစ်ရုံက နောက်နှစ်မှ စမှာလေ။ သူတို့ရဲ့ ထုတ်လုပ်မှုက အဆပေါင်းများစွာ တိုးတက်လာလိမ့်မယ်။ ငါတိုတွေက သူတို့တွေကို ဈေးကွက်ခေါင်းဆောင် အဖြစ် မခံနိုင်ဘူး။ မင်းအနေနဲ့ အာရှရဲ့ ဈေးကွက်မှာ ပိုပြီး အာရုံစိုက်သင့်တယ်။”
အာရှဒေသသည် ဆိုနီ၏ အိမ်ကွင်း ဖြစ်သည်။ သို့သော် သူတို့ အိမ်ကွင်းကို အိုက်ဝက ယူခဲ့သည်။ ဥရောပနှင့် အမေရိကန်တွင် ဆိုနီသည် ဦးဆောင်ဆဲ ဖြစ်သည်။ သို့သော် အကြောင်းမှာ သူတို့တွင် ထုတ်ကုန်ပစ္စည်းပိုများသည့်အတွက်ကြောင့် ဖြစ်သည်။ သူတို့ ထုတ်ကုန်ပစ္စည်းများ နာမည် ကျော်ကြားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အိုက်ဝသည် အရောင်းပိုင်းတွင် ဆိုနီကို ဂျပန်၊ တရုတ်၊ မလေးရှား၊ ထိုင်ဝမ်၊ စင်ကာပူ အစရှိသည့် ဈေးကွက်များတွင် ကျော်ပြီး ဖြစ်သည်။ ယင်းက ဆိုနီကို ထိုးနှက်ခြင်းပင် ဖြစ်သည်။
ဟမ့် အိုက်ဝက ခပ်ကြီးကြီး လုပ်ချင်တာလား။ ဆိုနီကို ကျော်ချင်နေတာပေါ့။ တကယ်လို့ ငါတို့သာ သေချာလိုပ်မယ်ဆိုရင် ဘုရားတောင် ဖြစ်နိုင်သေးတယ်။ ငါတို့တွေက အမေရိကန်တွေကိုတောင် ယှဉ်နိုင်နေတာ ဘယ်လိုလုပ် တရုတ်ကို ရှုံးမယ်ဆိုတာ ဖြစ်နိုင်မှာလဲ။
ဟမ့် ဒီတစ်ခါ ငါတို့တွေ မိုက်ကယ်ဂျက်ဆင်ကို ငါတို့ ထုတ်ကုန်တွေ ထောက်ခံဖို့အတွက် ငှားမယ်။ ငါတို့ နောက်နှစ်ကျ ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့။