← Chapters

သူငယ်ချင်း မင်းရဲရင့်ရမယ်

Vol. 22 Ch. 327

သူငယ်ချင်း မင်းရဲရင့်ရမယ်

Vol. 22 Ch. 327

ဖုန်းယွီသည် ဂျပန်ခရီးစဉ်နှင့် ပတ်သက်ပြီး ကျေနပ်နေ၏။ ဟေတရိုနာကဂျီမနှင့် ခမဲသာမာဆော နှစ်ယောက်လုံးသည် တော်သည့်သူများ ဖြစ်ကြသည်။ သူတို့သည် ဖုန်းယွီထက်တောင် စီမံခန့်ခွဲရေးတွင် ပိုတော်ကြပေ၏။

သူတို့သည် ကုမ္ပဏီကို ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်အောင် လုပ်နိုင်ပြီး ကုမ္ပဏီသည်လည်း မျှော်မှန်းထားသည်ထက် တိုးတက်ခဲ့သည်။ ဖုန်းယွီသည် ဂျပန်ကုမ္ပဏီများကို ရှာခဲ့သေးသည်။ ယခုလက်ရှိတွင် အခက်အခဲများ ကြုံတွေ့နေရပြီး အနာဂတ်ကျ ကောင်းကောင်း စွမ်းဆောင်နိုင်မည့် ကုမ္ပဏီများကို ရှာခြင်း ဖြစ်သည်။ သူ့အနေဖြင့် ထိုကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံလိုသည်။

သို့သော် သူအလွန်နောက်ကျသွားပြီ ဖြစ်သည်။ ထိုကုမ္ပဏီများကို ကော်ပရေးရှင်း အကြီးကြီးက ရင်းနှီးမြှပ်နှံပြီး ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ရင်းနှီးမြှပ်နှံသင့်သည့် ကုမ္ပဏီများ ထပ်မရှိတော့ပေ။ အဆုံးတွင် ဖုန်းယွီသည် ပိတ်သိမ်းလုနီးပါး စင်တာများမှ အင်ဂျင်နီယာများကို ခေါ်ယူရန် ပြောခဲ့သည်။ အိုက်ဝအနေဖြင့် ထူးချွန်သည့်သူများ စဉ်ဆက်မပြတ်ရှိရမည် ဖြစ်သည်။

ဂျပန်ခရီးစဉ်သည် တစ်ပတ်တောင် မကြာခဲ့ပေ။ ဖုန်းယွီ၏ ဗီဇာသည်လည်း ကုန်ဆုံးတော့မည် ဖြစ်ကာ ဘေကျင်းကို ပြန်ရတော့မည် ဖြစ်သည်။ သေချာသည်မှာ အရေးကြီးသည့် အရာ တစ်ခု ရှိနေသည်။ စစ်ရေးလေ့ကျင့်ခန်း ဆင်းပွဲပင် ဖြစ်သည်။

ဖုန်းယွီသည် စစ်ရေးလေ့ကျင့်မှု နောက်ဆုံးရက်အနည်းငယ်တွင် ပါဝင်ခဲ့သည်။ သူသည် ပါဝင် လေ့ကျင့်ခဲ့သည်။ သို့သော် ထိုလေ့ကျင့်မှုများက လွယ်ကူသည့် လေ့ကျင့်ခန်းမျိုး ဖြစ်သည်။ ချီတက်ခြင်းကဲ့သို့ ဖြစ်သည်။ ဖုန်းယွီသည် အခြားကျောင်းသားများနှင့် မြန်မြန် လိုက်နိုင်ခဲ့၏။

စစ်ရေးလေ့ကျင့်မှုကား ပြီးသွားပြီ ဖြစ်ကာ အားလပ်ရက်သို့ ရောက်လာ၏။ ဖုန်းယွီ၏ ပြုပြင်ထားသည့် Land Rover ကားကိုလည်း ဘေကျင်းကို ပို့ခဲ့သည်။ ဘေကျင်း အရောင်းကိုယ်စားလှယ်က ဘေကျင်းလိုင်စင်ပြားကို ရအောင် ကူညီပေးခဲ့သည်။ ပြီးနောက် ဖုန်းယွီသည်လည်း ဆောင်းရာသီတွင် မော်တော်ဆိုင်ကယ် မစီးချင်ပေ။

ဖုန်းယွီသည် သူ့ Land Rover ကားဖြင့် ဘေကျင်းပညာရေးတက္ကသိုလ်ကို မောင်းသွားခဲ့၏။

လွန်ခဲ့သည့် တစ်လခန့်က ဖုန်းယွီ၏ တိုက်ခန်းအသစ်သည် အဆင်သင့် ဖြစ်ပြီ ဖြစ်၏။ ယင်းက အသစ်ပြုပြင်ထားသည့် တိုက်ခန်း ဖြစ်သည်။ ပြီးနောက် ဖုန်းယွီသည် ပရိဘောဂ၊ အိမ်သုံးပစ္စည်းများနှင့် ဆေးအနည်းငယ်သုတ်ရန်သာ လိုခဲ့၏။

ထျန်လေ့သည် တော်သည့်သူ တစ်ယောက် ဖြစ်သည်။ သူသည် ဖုန်းယွီအတွက် နောက်ရက်အနည်းငယ်အတွင်း တိုက်ခန်းများကို ရှာပေးခဲ့သည်။ ဖုန်းယွီသည် ထိုတိုက်ခန်းအတွက် ဈေးမြင့်မြင့် ပေးသည့်အတွက် ပိုင်ရှင်က ချက်ချင်းပင် ရောင်းလိုက်သည်။

ယင်းက အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်း ဖြစ်က ၂၀၀စတုရန်းမီတာရှိသည်။ သို့သော် ဖုန်းယွီအတွက် ယင်းက လုံလောက်ပြီ ဖြစ်သည်။

......

တက္ကသိုလ်ကျောင်းဝန်းသည် အနာဂတ်နှစ်များကဲ့သို့ တင်းကြပ်ခြင်း မရှိပေ။ ဖုန်းယွီအနေဖြင့် တက္ကသိုလ်ထဲကို တခါတည်း ဝင်နိုင်သည်။ မည်သည့် အစောင့်ကမျှ သူ့အား တားမည် မဟုတ်ပေ။

ထိုခေတ်အခါက ချမ်းသာသည့်သူ သို့မဟုတ် ခေါင်းဆောင်များသာ ကားမောင်းရန် တက်နိုင်ကြသည်။ ပြီးနောက် အစောင့်များသည်လည်း ထိုသူများကို အံ့မတုရဲပေ။

ဖုန်းယွီ လီန၏ အဆောင်ကို အရောက် ကျောင်းယူနီဖောင်း ဝတ်ဆင်ထားပြီး မျက်မှန်နှင့် ကျောင်းသား တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက မိန်းကလေး တစ်ယောက်ကို ကြည့်နေခြင်း ဖြစ်သည်။ သူ့ပုံစံသည် သူမအနားကို ကပ်ချင်သော်လည်း အလွန် ရှက်နေသည့်ပုံပေါသည်။

ထိုမိန်းကလေးက မျက်နှာကို ကွယ်ရန်အတွက် စာအုပ် တစ်အုပ်ကို ကိုင်ထားသည်။ သူမသည် ထိုကျောင်းသားနှင့် အတော်လေး ကွာဝေးပေသည်။ အချင်းချင်း ကြည့်နေကြသည်။ တစ်ယောက်မှ ရှေ့မတိုးရဲပေ။

တက်တက်..

ထိုခေတ်အခါက အားလပ်ချိန် ရှိသည်ဟု ပြောနိုင်ပေရာ လူအများစုသည်လည်း အချစ်ရေးနှင့် ပတ်သက်လျှင် ရှေးရိုးဆန်ကြသည်။ အကယ်၍ လမ်းမထက်တွင် မိန်းကလေးကို တားပြီး သူမကို အိမ်ပြန်ပို့ရန် ကမ်းလှမ်းပါက လူရှုပ်ဟု သတ်မှတ်ခြင်းခံရမည် ဖြစ်ကာ ရဲတောင် ဖမ်းနိုင်ပေသည်.

ထိုကောင်လေးနှင့် ကောင်မလေးသည် အခြင်းခြင်း စိတ်ဝင်စားနေပုံပေါ်သည်။ သို့သော် သူတို့သည် ရှေ့ဆက်တိုးရန်လည်း အလွန်ရှက်ရွံ့နေကြသည်။ မည်သို့ပင် ဖြစ်စေ လီနသည် အောက်ကို ဆင်းရန်အတွက် စောင့်ရဦးမည် ဖြစ်သည်။ ဒီနေ့တော့ မျှားနတ်မောင် လုပ်ဦးမှပဲ။

ဖုန်းယွီက ထိုကောင်လေး၏ ဘေးတွင် ကားကို ရပ်လိုက်သည်။

“ညီအစ်ကို မင်း ဒီကောင်မလေးကို ကြိုက်လို့လား။”

“အာ.. မ.... မဟုတ်ပါဘူး။ ဖြတ်သွားလို့ ကြည့်ရုံပါ။”

မျက်မှန်ဖြင့် ကောင်လေးက ပြောလိုက်၏။ သူ့လေသံအရ ကျန်းရှီးမှ လာပုံပေါ်သည်။

ဖြတ်သွားရုံပဲလား။ ဒါဆို ဘာလို့ ဒီလောက် အကြာကြီး ရပ်နေရတာလဲ။ လိပ်ကတောင် မင်းထက် မြန်ဦးမယ်။

“ဟူး... သူငယ်ချင်း။ အမျိုးသားတစ်ယောက်ဆိုတာက ရဲရင့်ရမယ်။ မင်းက ဆံပင်အတိုလေးနဲ့ ကောင်မလေးကို ကြည့်နေတာ မဟုတ်ဘူး။ သူ ဘယ်အတန်းကလည်းဆိုတာ မင်းသိလား။ သူ ဘယ်အချိန် အတန်းပြီးလဲဆိုတာ မင်းသိလား။ မင်းမသိဘူးလား။ မသိရင်သွားမေးလေ။ တကယ်လို့ မင်း သူကို့ ကြိုက်နေတယ်ဆိုရင် ဘာလို့ တွန့်ဆုတ်နေရတာလဲ။”

“မေးရမှာလား။ ငါမလုပ်နိုင်ဘူးထင်တယ်။ ငါကြောက်တယ်။”

မျက်မှန်ဖြင့် ကောင်လေးက ပြောလိုက်၏။

ချီး.. မင်းကို ကြည့်ရတာ မင်းဒီလိုမှ မလုပ်ဘူးဆိုရင် အခွင့်အရေးတော့ ဆုံးရှုံးတော့မှာပဲ။ မင်းနောက်ကျ အောင်သွယ် လုပ်ပေးရုံပဲ။ ထိုခေတ်အခါက အလုပ်တာဝန် တစ်ခုကို အတူတူလျှောက်ထားနိုင်ပြီး အနာဂတ်တွင် တောင်းဆိုမှုများကို လိုက်လျောညီထွေမှု ဖြစ်အောင် အကောင်းဆုံး လုပ်ဆောင်ပေးရမည် ဖြစ်သည်။

ထပ်ပြောရပါက အနာဂတ်တွင် သူတို့ အားလုံးသည် ဆရာများ ဖြစ်လာမည် ဖြစ်သည်။ တစ်ကျောင်းထဲတွင် အလုပ် အတူတူ လုပ်ရန်ကား ပို၍တောင် ခက်ခဲမည် ဖြစ်သည်။

“ဘရို မင်းက တကယ်ကို အသုံးမကျတာပဲ။ ဒီမိန်းကလေးက တောင်ပိုင်းကလား။ မြောက်ပိုင်းကလား။”

ဖုန်းယွီက သက်ပျင်းချကာ ပြောလိုက်သည်။

ဘာလဲ။ မင်းက ဒီေကောင်မလေးကို စိတ်ဝင်စားနေတာကို ငါမသိဘူး ထင်နေတာလား။ ဒီမိန်းကလေးက ရုပ်မဆိုးပေမဲ့ သူ့ကို လှတယ်လို့လည်း စဉ်းစားလို့ မရနိုင်ဘူး။ လီနက ဒီထက် ပိုလှတယ်။

ဖုန်းယွီက သူ့အရင်ဘဝတွင် ပြောခဲ့သည့် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ အချစ်ဆိုတာ ဘာလဲ။ ယင်းက မျောက်ကဲ့သို့ လူနှစ်ယောက်ကရှိပြီး သူတို့သည် အချင်းချင်း စိုးရိမ်ကြကာ တစ်ယောက် ထွက်သွားမည်ကိုလည်း စိုးရိမ်ခြင်း ဖြစ်သည်။

“ငါလည်း ကောင်မလေးတစ်ယောက်ကို စောင့်နေတာ။ ငါက မင်းနဲ့ ပြိုင်နေမှာတော့ မဟုတ်ဘူး။ ငါ့ကို အဲ့ကောင်မလေးက ဘယ်ကလဲ ဆိုတာပြော။ ငါမင်းကို သူမ အသည်းနှလုံးကို အပိုင်သိမ်းဖို့ လှည့်ကွက်အချို့ကို သင်ပေးမယ်။”

ဖုန်းယွီသည် ထိုကောင်းလေး ဘာမှ မလုပ်မှန်း သိပေသည်။ပြီးနောက် သူအနေဖြင့် ထိုကောင်မလေး၏ နှလုံးသားကိုလည်း အနိုင်ယူနိုင်ပေသည်။ ထိုကောင်လေးသည် ထိုမိန်းကလေးနားကို ချည်းကပ်ရုံသာ လိုကာ ထိုကောင်မလေးသည်လည်း လက်ခံမည် ဖြစ်သည်။ သို့သော် ထိုမျက်မှန်နှင့် ကောင်လေးက အလွန်ပင် တွန့်ဆုတ်လွန်းသည်။ သူသည် လမ်းလျှောက်ပြီး ထိုကောင်မလေးကိုတောင် စကားမပြောရဲပေ။ ထိုခေတ်အခါက မည်သည့်မိန်းကလေးကမျှ အရင်မစပေ။

“သူနဲ့ ငါနဲ့က တစ်မြို့တည်းကပဲ။ ငါတို့တွေက ဟန်ကျိုးက။ငါတို့တွေက ဟန်ကျိုးကျောင်းပေါင်းစုံ တွေ့ဆုံပွဲမှာ တွေ့ခဲ့တာ။”

ချီ မင်းတို့တွေက တစ်မြို့တည်းကပဲ။ ဒါတောင် မင်းက သူ့ကို စကားသွားမပြောရဲဘူးလား။

“ငါမင်းကို ပြောပြမယ်။ ကောင်မလေးတွေက ကောင်လေးတွေကို ရိုးရိုးနဲ့ တိုက်ရိုက်ပြောတာကို သဘောကျတာ။ အခု မင်းလမ်းလျှောက်သွားရုံပဲ။ ပြီးတော့ သူက သေချာပေါက် စာအုပ်ကို အောက်ချပြီး မင်းကို ကြည့်လိမ့်မယ်။ မင်းက သူမကို ကြိုက်တယ်လို့ ပြောပြီး ချိန်းတွေ့ရုံပဲ။ သူက မင်းကို ငြင်းမှာ မဟုတ်ဘူး။ တကယ်လို့ မင်းတွန့်ဆုတ်နေမယ်ဆိုမင် တစ်ယောက်ယောက်က သူမရဲ့ နှလုံးသားကို အနိုင်ယူသွားလိမ့်မယ်။ ပြီးတော့ မင်းကတော့ ထောင့်တထောင့်မှာပဲ ထိုင်ငိုနေပေါ့။”

“တကယ်ကြီးလား။ ဒါပေမဲ့.... ငါသူ့ကို စကားသွားမပြောရဲဘူး။”

ဖုန်းယွီသည် ထိုတွန့်ဆုတ်နေသည့် ကောင်ကို ဆဲပြစ်ချင်တော့သည်။

“လီန ဒီနေ့ မင်းကို ရုပ်ရှင်ကြည့်ဖို့ ခေါ်သွားမယ်။ ကျော့ယွီဖက် သရုပ်ဆောင်ထားတဲ့ ဟောင်ကောင်ဇာတ်ကားလေ။ ငါ လက်မှတ်တောင် ဝယ်ပြီးသွားပြီ။”

ဖုန်းယွီက လှည့်လိုက်သည်။ ချီး ငါက မင်းကို မိန်းကလေးကို ဘယ်လိုလိုက်ရမလဲ သင်နေတုန်း တစ်ယောက်ယောက်က ငါ့ကောင်မလေးကို လိုက်နေပြီလား။ ဒီရွံဖို့ကောင်းတဲ့ ကောင်က ဘယ်ကောင်လဲ။

“တောင်းပန်ပါတယ်။ ငါမအားဘူး။”

လီနသည် ထိုကောင်လေးကို မနှစ်မြို့သည့် အမူအရာဖြင့် ပြောလိုက်၏။ သူတို့၏ စစ်ရေးလေ့ကျင့်မှု စကတည်းက ထိုကောင်လေးက သူမကို လိုက်နှောက်ယှက်နေသည်။ လီနက သူ့အား ကြိမ်ဖန်များစွာ ငြင်းပြီးဖြစ်သည်။ သို့သော် သူက လက်မလျော့သေးပေ။

ဖုန်းယွီက မျက်မှန်နှင့် ကောင်လေး၏ ကျောကို ပုတ်ကာ ပြောလိုက်၏။

“သေချာကြည့် ဒါက မိန်းကလေးကို လိုက်ရမဲ့ နည်းပဲ။”

ဖုန်းယွီက သူ့ရှပ်အင်္ကျီကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်လိုက်ပြီး လီနဆီကို သွားကာ

“ဟေး အချောအလှလေး တစ်ယောက်တည်းလား။ ဒီနားမှာ စကိတ်ကွင်းအသစ်ဖွင်တာ ရှိတယ်တဲ့။ မင်းကို စကိတ်စိးဖို့ ခေါ်သွားရမလား။”

လီနသည် ဖုန်းယွီကို မြင်သည့်အခါ ချက်ခြင်း ပြုံးပန်းဝေသွားကာ

“ရေခဲစကိတ်လား။ ဒါက အရမ်းကောင်းတာပဲ။”

“မင်းက ဘယ်သူလဲ။ လီန ရေခဲပြင် စကိတ်စီးတာက အရမ်းအန္တရာယ်များတယ်။ တကယ်လို့ မင်းကစားချင်တယ်ဆိုရင် ဒီနားမှာ ဘိလီယက်ရုံရှိတယ်။ ငါတို့တွေ ဘိလိယက်ကစားလို့ ရတယ်။ ဘိလိယက်က မြင့်မြတ်တဲ့သူတွေ ကစားတဲ့ အဆင့်မြင့်တဲ့ အားကစားနည်းလေ။”

ထိုစိတ်တိုနေသည့် ကောင်လေးက ဖုန်းယွီဖက် လှည့်ကာ ညှင်သာစွာဖြင့် ပြောလိုက်

“ဖားတစ်ကောင်က ငန်းရဲ့အသားကို စားချင်တာလား။ ငါ့အဖေက မြို့တော်ရဲ့ ပညာရေးဌာနက အရာရှိပဲ။ လီနနဲ့ ငါက ငန်းလေ။ ငါတို့တွေက လိုက်ဖက်တယ်။"

ချီး ဌာန အရာရှိလား။ ဘေကျင်းမှာ။ တကယ်လို့ ကောင်းကင်ကနေ တစ်ယောက်ယောက် ပြုတ်ကျရင်တောင် လူ၇ယောက်ကို တိုက်မိမှာ။ သူတို့ထဲက ခြောက်ယောက်က ဌာန အရာရှိထက် မြင့်တဲ့သူတွေပဲ။

ဖုန်းယွီက ထို ရွံရှာဖွယ် ဖြစ်သည့် ကောင်ကို ကြည့်လိုက်ပြီး စောင်းမြောင်းပြောလိုက်သည်။

“မင်းက တိရစ္ဆာန်တစ်ကောင် ဖြစ်ချင်တယ်ဆိုရင် တခြားသူပါ မခေါ်နဲ့ မင်းတစ်ယောက်ထဲသာ ဖြစ်လိုက်။ ပြီးတော့ မင်း ရေမွှေးတွေ ဆွတ်ထားတာလား။ အနံ့ကြီးက...။ ဌာန အရာရှိချုပ်က အဆင့်မြင့် အရာရှိတဲ့လား။ အချောအလှလေး ငါတို့ သွားကြတော့မလား။”

ဖုန်းယွီက လီနလက်ကို ကိုင်ပြီး ထွက်သွားတော့၏။

ထိုကောင်လေးက မှင်သက်သွားသည်။ လီနက အလွန်တိုက်ရိုက်ဆန်တဲ့ ကောင်လေးကို ကြိုက်တာလား။ သူတို့တွေက လက်တောင် တွဲနေကြပြီ။ ချီး ငါလည်း သူမလက်ကို ချက်ခြင်းပဲ ကိုင်လိုက်ရမှာပေါ့။

ထိုမျက်မှန်နှင့် ကောင်လေးသည် ဖုန်းယွွီနှင့် လီနကို ကြည့်နေသည်။ သူသည် စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူမသည် အဝေးမှ မိန်းကလေးကို ကြည့်လိုက်သည်။ ပြီးနောက် သူ့ခွန်အားကို စုစည်းပြီး သူမဆီ လျှောက်သွားလိုက်၏။ သူသည် သူ့အိပ်မက်ထဲရှိ မိန်းကလေးဆီ လျှေုာက်သွားလိုက်ခြင်း ဖြစ်သည်။

All Chapters