← Chapters

သူမအား အိမ်ခေါ်ခြင်း

Vol. 22 Ch. 328

သူမအား အိမ်ခေါ်ခြင်း

Vol. 22 Ch. 328

မျက်မှန်နှင့် ကောင်လေးသည် သတိမပြုမိပေ။ သို့သော် စိတ်တိုနေသည့် ကောင်လေးက ဖုန်းယွီ၏ လေသံသည် လီနနှင့် တူကြောင်း သတိပြုမိ၏။ သူတို့အချင်းချင်း သိကြတာလား။

ဖုန်းယွီ လီနအတွက် ကားတံခါး ဖွင့်လိုက်သည်ကို မြင်သောအခါ သူ့အစီအစဉ်များအားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ ယင်းက ကားတစ်စင်း ဖြစ်ကာ ပြည်ပမှ တင်သွင်းသည့် ကားဖြစ်သ်ည။ ထိုသူ၏ မိသားစုသည် မရိုးရှင်းပေ။ အကယ်၍ တစ်ယောက်ယောက်သာ လီနကို ရရန် ကြိုးပမ်းပါက ထိုသူသည် ဖုန်းယွီ၏ လက်စားချေခြင်းနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ။ တက္ကသိုလ်ထဲတွင် အချောအလှလေးများ များစွာ ရှိသေးသည်။ သူ့အဖေသည် ပညာရေးဌာန၏ အရာရှိ တစ်ယြောက် ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် ဘွဲ့ရပြီးနောက် ဘေကျင်းတွင် အလုပ်ရရန်လည်း စီမံနိုင်ပေသည်။ မိန်းကလေးများစွာက ယင်းကို စိတ်ဝင်စားမှန်း သူသိပေ၏။

လွန်ခဲ့သည့်နှစ်များက ဘေကျင်းရှိ ထိပ်တန်းကျောင်းများက အစိုးရအေဂျင်စီများကို ပစ်မှတ်ထားကြသည်။ ဘေကျင်းပညာရေးတက္ကသိုလ်မှ ဘွဲ့ရများတောင် အစိုးရက လက်ခံ၏။

သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်က အစိုးရ အေဂျင်စီများတွင် ဘွဲရများ ပိုပိုများလာကာ အစိုးရသည် အသုံးစရိတ် လျော့ချသည့်အတွက်ကြောင့် ထိုဘွဲ့ရများသည် ရေပန်းမစားတော့ပေ။ ကောလဟာလများအရ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ထိုဘွဲ့ရများသည် အလုပ်ခန့်အပ်ခြင်း ခံရတော့မည် မဟုတ်ပေ။ ယခုနှစ် ဘေကျင်းပညာရေး တက္ကသိုလ်မှ ဘွဲ့ရများသည် ဘေကျင်းတွင် ဆရာဆရာမများ လုံလောက်ပြီ ဖြစ်သည့်အတွက် အလုပ် ထပ်ရတော့မည် မဟုတ်ပေ။သူတို့အနေဖြင့် မွေးရပ်မြေသို့ ပြန်ကာ အလုပ်လုပ်ရမည် ဖြစ်သည်။

သူ့အတွေးတွင် လီနသည် အရှေ့မြောက်ပိုင်ဒေသမှ ဖြစ်သည့်အတွက် ဘေကျင်းတွင် နေရန် နည်းလမ်းရှာလိမ့်မည်ဟု တွေးခဲ့သည်။ သူမက သူ့အား စိတ်ဝင်စားမည်ပင်။ သို့သော် လီနသည် သူ့အပေါ် အေးစက်စက်သာ တုံ့ပြန်၏။ ယခုလက်ရှိတွင် လီနသည် ဖုန်းယွီကြောင့် သူ့အပေါ် အေးအေးစက်စက်ဆက်ဆံခြင်း ဖြစ်ကြောင်း သိခဲ့၏။

ဖုန်းယွီ ကားထဲသို့ မဝင်ခင် မျက်မှန်နှင့် ကောင်လေးသည် ထိုမိန်းကလေး၏ လက်ကို ရဲရဲတင်းတင်း ကိုင်ကာ ဖတ်ရန် ကြိုးစားသည်။ ထိုမိန်းကလေးက သူ့အား ပါးတစ်ချက်ချပြီး ပြေးသွားလေ၏။

ချီး ငါက မင်းကို အဲ့မိန်းကလေးနား ချည်းကပ်ဖို့ပဲ ပြောခဲ့တာလေ။ ဘာလို့ မင်းက သူ့လက်ကို ကိုင်ပြီး ဖက်ဖို့ ကြိုးစားတာလဲ။ မင်းကလည်း ဝမ်တုန့်ကျွင်းလို ခပ်ကြောင်ကြောင်ကောပဲ။

ဖုန်းယွီက ချက်ခြင်းပင် သူ၏ Land Rover ကားပေါ် တက်လိုက်ပြီး မောင်းထွက်သွား၏။ သူသည် မြှားနတ်မောင်လုပ်တာ လွဲချော်သွားပုံပေါ်၏။

“နင် ငါ့ကို ဘယ်ခေါ်သွားမလို့လဲ။ ငါတို့တွေ တကယ်ပဲ ရေခဲစကိတ်သွားစီးမလို့လား။”

လီနက ပြတင်းပေါက် အပြင်ဖက်ကို ကြည့်လိုက်သည်။ သူမသည် ဘေကျင်းတွင် ရောက်နေသော်ငငြား တစ်ခေါက်မျှ မလည်ဘူးချေ။

“အမျိုးသားအားလပ်ရက်က သုံးရက်နော်။ နင်ဘယ်သွားချင်လဲ။ ဒီနေ့ ရာသီဥတု သာယာတယ်။ ငါတို့တွေ မဟာတံတိုင်းကို သွားရင်ကော ဘယ်လိုလဲ။”

ဖုန်းယွီသည် လီန မဟာတံတိုင်းကို သွားချင်မှန်းသိပေ၏။

“တကယ်လား။ ငါလေး မဟာတံတိုင်းကို သွားမလည်ဖူးဘူး။”

လီနက တက်ကြွနေလေ၏။ သူသည် မဟာတံတိုင်းကို စာအုပ်နှင့် တီဗွီများတွင်သာ မြင်ဖူးသည်။ သူ့အနေဖြင့် နောက်ဆုံတွင် မျက်မြင်ကိုယ်ကျ တွေ့ရတော့မည် ဖြစ်သည်။

အမျိုးသားအားလပ်ရက်သည် အနာဂတ်နှစ်များလောက် ပိတ်ရက်မများပေ။ သို့သော် ယင်းက အားလပ်ရက် သုံးရက်ဖြစ်သေးသည်။ ပတ်ဝန်းကျင်ရှိ ပြည်နယ်များမှ ဘေကျင်းကို အားလပ်ရက်အတွင်းလာရောက် လည်ပတ်ကြသည်။

မဟာတံတိုင်းသည် ဘေကျင်း၏ အဓိက ဆွဲဆောင်မှုပင် ဖြစ်သည်။

ဖုန်းယွီနှင့် လီနသည် မဟာတံတိုင်းရှိ ဘာဒါ့လင်ကို ရောက်ခဲ့၏။ ယင်းနေရာသည် မဟာတံတိုင်း၏ အကျော်ကြားဆုံး နေရာ ဖြစ်ကာ ခရီးသွားများစွာ ရှိပေ၏။

များစွာသော လည်ပတ်သူများသည် မဟာတံတိုင်း၏ အစိတ်အပိုင်း အသေးတစ်ခုကိုသာ တက်ပြီး ဟောဟဲစိုက်နေကြသည်။ သူတို့ထဲမှာ အများစုမှာ အနားယူရန်ပင် ထိုင်ချလိုက်သည်။ အချို့သော သူများသည် သူတို့၏ အနားယူသည့် ထိုင်ခုံများကို ယူလာကြသည်။

“မရွေ့လိုက်နဲ့။ ဒီမြင်ကွင်းက အရမ်းလှတယ်။ ကိုယ်မင်းအတွက် ဓါတ်ပုံကောင်းကောင်းရိုက်ပေးမယ်။”

ဖုန်းယွီက သူ့ကင်မရာကို ထုတ်လိုက်သည်။

ဒီဂျစ်တယ်ကင်မရာများ မပေါ်သေးသည်က နှမြေစရာကောင်းသည့်အရာပင် ဖြစ်သည်။ သူတို့အနေဖြင့် ပုံမည်သို့ ထွက်လာမည်ကို မသိပေ။ မည်သို့ပင် ဖြစ်စေကာမူ ဖုန်းယွီသည် ဖလင်လိပ်များစွာ ယူလာခဲ့သည်။ သူ့အနေဖြင့် ဖလင်ပြားများ ကင်မရာမှ ထွက်ပြီးနောက် မထိတွေ့မိအောင်ပင် ဂရုစိုက်ရမည် ဖြစ်သည်။

ဖုန်းယွီ၏ ကင်မရာကို အဆင့်မြင့်သည့် ကင်မရာဟု စဉ်းစား၍ ရနိုင်ပေသည်။ သူ့ကိုယ်တိုင် ဖလင်ပြားကို လိပ်ရန် မလိုအပ်ပေ။ ပြီးနောက် ကင်မရာတွင် ဖလက်ပ်မီးလည်း ပါပေ၏။

နာရီဝက်ခန့် လျှောက်ပြီးနောက် လီနသည် မောလာတော့၏။

ဖုန်းယွီသည် လီနရှေ့ကို သွားလိုက်ပြီး သူ့ပခုံးကို ပုတ်ကာ

“လာ ကိုယ်မင်းကို ပိုးပေးမယ်။ ရှေ့မှာ လူအများကြီး မရှိဘူး။ ငါတို့တွေ ရှေ့က အချက်ပြတာဝါတွေဆီ ငါတို့ သွားလည်ကြမယ်။ အဲ့က ရှုခင်းတွေက အရမ်းလှမှာ။ ငါတို့တွေ အဲ့မှာ ပုံတွေ ရိုက်လို့ရတယ်။”

လီနသည် ဖုန်းယွီနောက်ကျောကို တက်သည့်အခါ လီန ရှက်သွေးဖြာနေသည်။ ဖုန်းယွီသည် သူ့လက်များကို အသုံးပြုကာ လီနကို ကူပေးသည်။ သူ့ကျောပြင်တွင် လီန၏ နူးညံ့မှုကို ထိတွေ့နိုင်ပေသည်။ သူသည် ဖြည်းဖြည်းချင်း လျှောက်သွားပြီး မဟာတံတိုင်း၏ သမိုင်းကြောင်းကို ပြောတော့သည်။ သူသည် ထိုအိမ်စာကို ယမန်နေ့က စာကြည့်တိုက်တွင် လုပ်ခဲ့ခြင်း ဖြစ်သည်။

မဟာတံတိုင်းပေါ်တွင် အနားယူနေသည့် စုံတွဲ တစ်တွဲမှ မိန်းကလေး တစ်ယောက်က သူ့ကောင်လေးကို ဆွဲဆိတ်လိုက်ကာ

“သူတို့ကို ကြည့်လိုက်ဦး။ သူ့ကောင်မလေးကို ပွေ့ပြီး မဟာတံတိုင်းပေါ် တက်နေတာ။ ဒီကောင်လေးကြည့်ရတာ မောတဲ့ပုံတောင် မပေါက်ဘူး။ ရှင့်ကိုရှင် ကြည့်လိုက်ဦး။"

ထိုကောင်လေးက ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။ အဲ့ကောင်မလေးရဲ့ အလေးချိန်က ၄၅ကီလိုပဲ ရှိတာ နင်က ကီလို ၆၀ကျော်ကို ဘာလို့ မပြောတာလဲ။ ငါတို့တွေက အလေးချိန် အတူတူလောက်ပဲ။ ငါကို မင်းကို သယ်နိုင်မယ်လို့ တွေးနေတာလား။

လီနက ဖုန်းယွီ သူ့ကို သယ်ရသည့်အတွက် ပင်ပန်းမည်ကို စိုးရိမ်နေ၏။ ပြီးနောက် အောက်ဆင်းလိုက်သည်။ သူတို့သည် မဟာတံတိုင်းပေါ်တွင် ခပ်ကြာကြာနေပြီး သူတို့ မပြန်ခင် ဖလင်တစ်လိပ် ကုန်အောင် ရိုက်ခဲ့သည်။

သူတို့ အပြန်ခရီးတွင် ဖုန်းယွီသည် ထိုစုံတွဲကို ထပ်တွေ့ရပြန်၏။ ထိုရည်းစားကောင်လေးသည် သူ့ကောင်မလေးကို ကျောပေါ်တွင် ပိုးထားသည်။ လက်တစ်ဖက်က တုတ်ကို ကိုင်ထားသည်။ သူ့ခြေထောက်များက တုန်ယင်နေလေတော့၏။

ထိုရည်းစားကောင်လေးက ဖုန်းယွီကို မြင်သည့်အခါ ဒေသအကြည့်များဖြင့် ကြည့်လိုက်၏။ ငါ့ပင်ပန်းမှုတွေက မင်းကြောင့်ပဲ သူတောင်းစာစး။ ငါတို့တွေက အားလပ်ရပ်မို့ လာတာ။ အခု ငါ ဒုက္ခခံနေရပြီ။

......

မဟာတံတိုင်း၏ ခြေရင်းတွင် ဖုန်းယွီနှင့် လီနသည် ခေါက်ဆွဲစားကြသည်။ အရသာက မဆိုးရုံ တစ်မယ် ရှိသ်ည။ ယင်းက လမ်းဘေးဆိုင်များလောက်တောင် မကောင်းပေ။ သို့သော် သူသည် နှစ်ပွဲ ကုန်ခဲ့၏။

“နင်ဘာလို့ ဒီလောက် အများကြီး စားရတာလဲ။ မနက်စား မစားရသေးဘူးလား။”

လီနသည် ဖုန်းယွီကို ပါးစပ်သုတ်ရန်အတွက် လက်ကိုင်ပဝါကို ပေးလိုက်၏။

“ကျောင်းက အစားအသောက်တွေက တော်တော်ကို ဆိုးတယ်။ ဘာလို့ ဒီည ကိုယ့်ကို ညစာ ချက်မကျွေးရတာလဲ။’

“ရှင့်အိမ်ပြန်မလို့လား။”

လီနက ရှက်ပြုံးပြုံးလိုက်သည်။

“ကိုယ်မင်းချက်ကျွေးတာ တစ်ခါမှ မစားဖူးဘူး။ မင်းကိုယ်ကို ဟင်းချက်တက်တယ်လို့ ပြောဖူးတယ်မလား။ မင်းတကယ် ဘယ်လိုချက်ရလဲ သိလို့လား။”

ဖုန်းယွီက ဆက်ပြောလိုက်၏။

“ကျွန်မက ကောင်းကောင်းချက်တက်ပါတယ်။ သွားပြီး ပစ္စည်းတွေ ဝယ်ရအောင်။ ရှင့်ကို ကျွန်မရဲ့ လက်ရာ မြည်းစမ်းခိုင်းမယ်။”

“ကောင်းပြီလေ။ အဲတာဆို ငါတို့ ဈေးသွားကြတာပေါ့။ တကယ်လို့ ချက်တာ မကောင်းရယ် ကိုယ်ရယ်မှာနော်။”

လီနက သူပြောမိသည့် စကားအတွက် နောင်တ စရလာ၏။ ဘာလို့ ငါက ဖုန်းယွီရဲ့ တိုက်ခန်းကိုလိုက်ဖို့ ပြောလိုက်ရတာလဲ။ ငါ့ကို ထပ်နမ်းမှာလား။

ချက်စရာ ပစ္စည်းများ ဝယ်ပြီးနောက် သူတို့သည် ဖုန်းယွီ၏ တိုက်ခန်းကိုသွားလိုက်ကြသည်။ တတိယ ထပ်တွင်ဖြစ်ကာ တိုက်ခန်းအသစ် ဖြစ်သည်။ ဓာတ်လှေကားကိုလည်း တပ်ဆင်ထား၏။ ဖုန်းယွီသည် ရှေ့မှ လျှောက်ပြီး လီနသည် နောက်မှ လိုက်လာ၏။

“ဒီမှာပဲ ကြည့်လိုက် ဘယ်လိုထဲလဲ။ အခုမှ ပြန်လည် ပြုပြင်ထားတာ။ ဒါက ကိုယ်တို့အိမ်ပဲ။ သဘောကျရဲ့လား။"

လီနက ရှက်ရမ်းရမ်းကာ သူမ မျက်လုံးကိုလှည့်လိုက်သည်။

“ဘာ ကျွန်မတို့ အိမ်လဲ။ ဒီ တိုက်ခန်းက ချစ်ဖို့ကောင်းတယ်။ အရမ်း ဈေးကြီးတယ်မလား။”

“အရမ်းမများပါဘူး။ ရေခဲသေတ္တာထဲမှာ ကျန်းလီဘောင်ရှိတယ်။ မင်းအရင် နားနေလိုက်လေ။ ငါ ဟင်းသီးဟင်းရွက်တွေကို ဆေးလိုက်ဦးမယ်။”

ဖုန်းယွီက စိတ်လှုပ်ရှားနေ၏။

လီနသည့် သူ့အစီအစဉ်၏ ပထမပိုင်းကို ဝင်ခဲ့၏။ လီနသည် သူ့တိုက်ခန်းကို ရောက်လာပြီ ဖြစ်သည်။

All Chapters