← Chapters

ဇာတ်ကား တစ်ကားလောက် ကြည့်ရအောင်

Vol. 22 Ch. 329

ဇာတ်ကား တစ်ကားလောက် ကြည့်ရအောင်

Vol. 22 Ch. 329

လီနသည် ဖုန်းယွီကို မီးဖိုချောင်မှ မောင်းထုတ်လိုက်ကာ

“ရှင်အရင် ထွက်သွားတာ ကောင်းလိမ့်မယ်။ ကြည့် ရှုပ်ပွနေအောင် လုပ်ထားပြီ။ သွားသွား တီဗွီ သွားကြည့်ချေ။”

ဖုန်းယွီသည် လီန ထိုသို့ ပြောမည်ကို စောင့်နေ၏။ ဖုန်းယွီသည် မီးဖိုချောင်မှ ထွက်သွားပြီးနောက် စားပွဲ စပြင်လိုက်တော့၏။ သူသည် ဝိုင်နီကိုလည်း ဖောက်လိုက်၏။

တစ်နာရီခွဲခန့် ကြာပြီးနောက် ဖုန်းယွီက စားပွဲပေါ်မှ ဟင်းပွဲလေးပွဲကို ကြည့်လိုက်သည်။ ဝက်သားနီချက်၊ ခရမ်းချဉ်သီးနှင့် အာလူးကြော်၊ ငရုတ်သီးနှင့် အာလူးမျှင်ချက်၊ ငါးချိုချဉ်ကြော်တို့ ဖြစ်သည်။ ထိုဟင်းပွဲများ အားလုံးသည် သူ့ အကြိုက်ဆုံး ဟင်းဖြစ်သည်။

“သွား လက်သွားဆေးချေ။”

လီနက ဖုန်းယွီကို တွန်းလိုက်သည်။

“ကိုယ့်အတွက် ပထမဆုံး ချက်ပြုတ်ကျွေးတာကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက်လောက် သောက်ရအောင်။”

ဖုန်းယွီက အကြောင်းပြချက်ကို ကြိုးစားရှာတော့သည်။

“ဒါပေမဲ့ ကျွန်မကတော့ အဲလို့ မထင်ပါဘူး။”

လီနက ပြောလိုက်၏။

“အဲတာက အရေးမကြီးပါဘူး။ ကိုယ် အချိုရည် နည်းနည်းထပ်ထားတယ်။ အယ်ကိုလ်ဟောပမာဏက ဘီယာထက်တောင် နည်းသေးတယ်။ စမ်းကြည့်ပါ။”

ဖုန်းယွီက လီနခွက်ထဲကို ခွက် တဝက်ရောက်သည်အထိ အချိုရည်ကို ထည့်ပေးလိုက်သည်။ လီနသည် တစ်ငုံသောက်လိုက်၏။ အရသာသည် ကောင်းပေ၏။

“ဘယ်လိုနေလဲ။ အရသာကောင်းလာ။ လာပါ နောက်ထပ် တစ်ခွက်။”

ဖုန်းယွီက လီန၏ ဖန်ခွက်ကို တိုက်လိုက်ပြီးနောက် သူ့ဝိုင်နီ တစ်ခွက်ကို သောက်လိုက်၏။

ဟဟဟ ငါသောက်နေပြီ။ ငါ မင်းကို ပြန်လိုက်မပို့ပေးနိုင်တော့ဘူး။

“ဟမ်း... ဒီဝက်သားချက်က ငါ့အမေလက်ရာ အတိုင်းပဲ။ ဒီ ငါးချိုချဉ်ကြော်ကဆို ပိုတောင် အရသာရှိသေးတယ်။ မင်း စားသောက်ဆိုင်တောင် ဖွင့်လို့ရတယ်။ ငါစားလို့ မပြီးခင် မင်းမြန်မြန်စားနော်။”

ဖုန်းယွီက ချဲ့ကားပြောလိုက်သည်။

အမှန်တကယ်တွင် လီန၏ လက်ရာသည် မဆိုးသာဟုသာ စဉ်းစားနိင်ပေ၏။ သို့သော် ဖုန်းယွီသည် စိတ်ကျေနပ်နေ၏။ ယခုညစာသည် ဖုန်းယွီ လီနချက်ကျွေးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူ့အနေဖြင့် လီနကို ထိုအကျင့်ရအောင် ကျင့်ပေးရမည်ပင်။

ဖုန်းယွီသည် လီနစားနေသည်ကို ကြည့်ပြီးနောက် လီနသည် ကြက်ဥတစ်ပိုင်းကို စားလိုက်သည်။ သူသည် ဆားခက်တာ များသွားသည့်ပုံပဲ။ သူသည် ဟင်းလူအနည်းငယ်စာကို မချက်ဖူးပေ။ သူအနေဖြင့် ဆားဘယ်လောက်ပမာဏ ထည့်ရမည်ကိုလည်း မသိချေ။

ဖုန်းယွီက သူမကို အားပေးလိုက်ခြင်းသည်။ သူတို့ နှစ်ယောက်စလုံးသည် ဝိုင်တစ်ပုလင်းကို သောက်ပြီး သွားသည်။ ပြီးနောက် လီန၏ မျက်နှာသည် နီမြန်းလာတော့၏။

“အာ... ဗိုက်ဝသွားပြီ။ ကိုယ် စားပွဲ သိမ်းလိုက်ဦးမယ်။ သွားပြီး တခဏလောက် နားချေ။”

ဖုန်းယွီက ထမင်းပန်းကန်များကို သိမ်းဆည်းလိုက်ပြီး အားလုံးကို ဘေစင်ထဲတွင် ထည့်လိုက်သည်။

“ဒီပန်းကန်တွေ အကုန်လုံးကို ကိုယ်ဆေးပေးမယ်။”

“မလိုပါဘူး။ သွားပြီး ရုပ်ရှင်သာ သွားကြည့်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကိုယ် နိုင်ငံခြားကနေ ပြန်ရောက်တာ။ ကိုယ့်သူငယ်ချင်း ပြောတာကတော့ ဒီရုပ်ရှင်က သူ့နိုင်ငံမှာ တကယ်ပေါက်တဲ့ကားတဲ့။”

ဖုန်းယွီက စင်ထဲမှ တိပ်ခွေကို ယူလိုက်ပြီးနောက် စက်ထဲ ထည့်လိုက်သည်။ သူသည် ထိုတိပ်ခွေကို ဂျပန်မှ ဝယ်ခဲ့ခြင်း ဖြစ်သည်။ ခမဲသာမာဆောသည် ထိုခွေများကို သူ့အား ပေးခဲ့ခြင်း ဖြစ်သည်။ ပြီးနောက် ထိုခွေများက အချစ်ဇာတ်လမ်းများ ဖြစ်သည်။

သူတို့ နှစ်ယောက်သားက ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီးနောက် ဖုန်းယွီက သူ့လက်ကို လီန ပခုံးထပ်ကို တင်လိုက်သည်။ လီနသည် မိန်းတိန်းတိန်း ဖြစ်နေသည့်အတွက် ဖုန်းယွီကို မှီထားလိုက်သည်။

ယင်းရုပ်ရှင်ကား ဂျပန်တက္ကသိုလ် တစ်ခုတွင် ဖြစ်ခဲ့သည့် အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။ တရုတ်စာတန်းမပါပေ။ ပြီးနောက် သူတို့ နှစ်ယောက်သား နားလည်ရန်တောင် ကြိုးစားနေရသည်။ သို့သော် ကံကောင်းချင်တော့ မင်းသားနှင့် မင်းသမီးသည် သရုပ်ဆောင်ကောင်းသည်။ သူတို့သည် ရုပ်ရှင် စည်းချက်အတိုင်းသာ လိုက်ကြည့်နေ၏။

ဇာတ်လမ်းအဆုံးတွင် မင်းသားက မင်းသမီးကို နမ်းလိုက်သည်။ ပြီးနောက် ဖုန်းယွီသည် လီနကို နမ်းရန်အတွက် အခွင့်ရေး ယူတော့၏။

ယင်းက သူတို့ ပထမဆုံး အကြင်နာ မဟုတ်ပေ။ သို့သော် ယခုအကြိမ်တွင် သူတို့က စိတ်အားတက်ကြွစာ အနမ်းပေးနေ၏။ ဖုန်းယွီသည် လီနကို ဖြည်းဖြည်းချင်း ဆိုဖာပေါ်သို့ တွန်းလိုက်ပြီးနောက် သူ့လက်များက သူမ၏ ခန္ဓာကိုယ်ကို စတင် ကိုင်တော့၏။

လီနက ဖုန်းယွီ၏ လက်ကို ကိုင်လိုက်ပြီးနောက် ထထိုင်လိုက်ကာ

“ကျွန်မအခု သွားမှ ရတော့မယ် မဟုတ်ရင် နောက်ကျလိမ့်မယ်။ အဆောင်ကို ဝင်လို့ ရတော့မှာမဟုတ်ဘူး။”

လီနက ပျာယာခက်နေသည်။ ပြီးနောက် သူမ၏ နှလုံးခုန်သံသည်လည်း မြန်လာတော့၏။ သူမ ဤတိုက်ခန်းတွင် ဆက်နေမိပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်မည်ကို ကြောက်ရွံ့၏။

ဖုန်းယွီက ညည်းညည်းညူညူးဖြင့် ပြောလိုက်သည်။

“အ... ကိုယ်မူးနေပြီ ဒါကြောင့် ကိုယ် ကားမမောင်းနိုင်တော့ဘူး။ ထပ်ပြောရမယ်ဆိုရင် အခုက အားလပ်ရက်လေပြီးတော့ မင်းအနေနဲ့လည်း အဆောင်ကို ပြန်ဖို့ မလိုပါဘူး။ မင်း ဒီမှာ နေလို့ ရတယ်။ ဒီမှာ နှစ်ယောက်အိပ် ခုတင်ရှိတယ်။ ကိုယ် စာဖတ်ခိုင်းမှာပဲ အိပ်လိုက်တော့မယ်။”

ကံကောင်းချင်တော့ ဖုန်းယွီသည် ယင်းကို တွေးပြီးသား ဖြစ်သည်။ ထိုခေတ်အခါက မိန်းကလေးများသည် အလွန် ရှေးရိုးဆန်သည်။ သို့သော် ယနေ့ညတွင် ဖုန်းယွီသည် ယုန်ကို လက်ထဲမှ လွတ်အောင် ကြိုးစားမည် မဟုတ်ပေ။

ယခုလက်ရှိ လှုံ့ဆော်မှုသည် လောက်ငှမှု မရှီပေ။ ဖုန်းယွီတွင် ဒုတိယ အစီအစဉ် ရှိနေသေး၏။

လီနက တွန့်ဆုတ်နေ၏။ ပြီးနောက် သူမ နှလုံးခုန်နှုန်း မြန်လာတော့၏။

“တကယ်လား။”

“သေချာတာပေါ့။ နောက်ထပ် ဇာတ်ကား တစ်ကား ကြည့်ရအောင်။ မင်းရဲ့ အင်္ကျီတွေက ညစ်ပတ်ကုန်ပြီ။ မြန်မြန်သွားပြီး လဲချေ။ မင်း အဝတ်လျှောက်စက်ထဲမှာ လျှော်လို့ရတယ်နော်။ ပြီးတော့ ရေလည်း ချိုးလို့ရတယ်။ မနက်ကျရန် ခြောက်သွားမှာပါ။”

ဖုန်းယွီက သောက်နေရင်း မတော်တဆ လက်ဖက်ရည်စားပွဲရှိ ဝိုင်ကို တိုက်မိသွားကာ လီန၏ အင်္ကျီကို စွန်းထင်သွားစေ၏။

ဖုန်းယွီ အိမ်မှာ ရေချိုးရမှာလား။ လီန၏ နှလုံးခုန်နှုန်းများက ပိုလိုတောင် မြန်လာတော့၏။

“မလိုပါဘူး။ ဒီအတိုင်းပဲ သုတ်လိုက်တော့မယ်”

“ဘာမလိုတာလဲ။ ရေချိုးခန်းထဲကို သွား...သွား..။ မင်းအတွက် အစ်ကို ရေနွေးသယ်ပေးထားတယ်။ မဟာတံတိုင်းကို သွားထားတော့ ချွေးစိုနေမှာပဲ။ ကိုယ် ပန်းကန်ဆေးနေတုန်း အရင် ရေသွားချိုးချေ။ မင်းကိုယ့်ကို ရေချိုးခန်းထဲ ပွေ့သွားစေချင်တာလား။”

ဖုန်းယွီက ကောက်ကျစ်သည့် အပြုံးဖြင့် ပြောလိုက်သည်။

“လူဇိုး....”

လီနသည် ရေချိုးခန်းထဲကို ပြေးဝင်သွားကာ တံခါးကို လော့ချလိုက်တော့၏။

“ရေချိုးခန်းထဲက စင်ပေါ်မှာ ရေချိုးဝတ်စုံရှိတယ်။ မင်းယူသုံးလို့ ရတယ်။”

ဖုန်းယွီသည် ပန်းကန်ဆေးရင်း လေချွန်နေ၏။ ဟဟဟ ရေချိုးဝတ်စုံမှာ ကြိုး တစ်ခါပဲ ချည်ထားတာဆိုတော့ မြန်မြန် ချွတ်လို့ ရတာပေါ့။ လီနသည် သူမ ရေချိုးပြီးနောက် ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။

တခဏကြာပြီးနောက် လီနသည် ရေချိုးခန်းထဲမှ ထွက်လာကာ သူ့လက်များက ရေချိုးဝတ်စံကို ချည်နေ၏။ သူမက ဖုန်းယွီဖက်ကို လှည့်သည့်အခါ မျက်နှာ နီမြန်းသွားသည်။

“ဖုန်းယွီ ငါ အဝတ်လျှော်စက်ကို ဘယ်လို သုံးရမလဲဆိုတာ မသိဘူး။”

“ကိုယ်လုပ်လိုက်မယ်။ အစ်ကိုလည်း အခုရေချိုးမလို့။”

ဖုန်းယွီသည် ရေချိုးခန်းထဲကို ဝင်သွားပြီး အဝတ်လျှော်စက်ထဲမှ လီနဝတ်စုံကို ကြည့်လိုက်သည်။

ဟ.. ဘရာကော။ သူက ရေမချိုးခင် ဘရာကို ချွတ်ပြီး ပြီးမှ ပြန်ဝတ်တာလား။”

ကိစ္စမရှိပါဘူး။ ငါကိုယ်တိုင် ချွတ်ပေးရတော့ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာပေါ့။

ထိုခေတ်ရှိ အဝတ်လျှော်စက်များသည် အလိုအလျှောက်အပြည့်အဝ မရသေးပေ။ အဝတ်လျှော်စက်ထဲကို ကိုယ်တိုင် ရေဖြည့်ပေးရသည်။ ဖုန်းယွီသည် အဝတ်လျှော်စက်ထဲကို ရေလောင်းထည့်ပြီးနောက် ဖွင့်လိုက်၏။ သူသည် ဆပ်ပြာမှုန့်ကို ထည့်ပြီးနောက် သူ့အဝတ်များကိုလည်း ချွတ်ထည့်လိုက်သည်။ သူသည် ခလုပ်အချို့ကို နှိပ်လိုက်ပြီးနောက် အဝတ်လျှော်စက်သည် စတင် လှုပ်ခါလာတော့၏။

ဖုန်းယွီသည် ရေချိုးပြီးနောက် တစ်မိနစ်ခန့် ရေသုတ်လိုက်သည်။ သူခါးထက်တွင် တဘက်ကိုသာ ပတ်ထား၏။

“နင်.... ဘာလို့ အဝတ်ဝတ်မလာတာလဲ။”

လီနက မေးလိုက်၏။

“ကိုယ်လည်း ရေချိုးတယ်လေ။ ပြီးတော့ ကိုယ် အဝတ်လည်းလျှော်ပြီးပြီ။ ဘာလို့ ဇာတ်ကား ထပ်မကြည့်တာလဲ။ နောက်ထပ် တစ်ကား ထပ်ကြည့်ရအောင်။”

ဖုန်းယွီသည် သူကြည့်ချင်သည့် အခွေကို စက်ထဲ ထည့်လိုက်၏။ ထို့နောက် သူသည် လီနဘေးတွင် ထိုင်လိုက်၏။ သူ့လက်မောင်းများအား သူမ လက်ပေါ်တွင် တင်ထားလိုက်သည်။

လီနက ကြိုးစားရုန်းထွက်သည်။ သို့သော် သူမက ဖုန်းယွီပေါ် မှီလိုက်သည့်အခါ ပျော်ရွှင်၏ ပြီးနောက် ဖုန်းယွီ၏ ကိုယ်သင်းရနံ့ကို ခံစားရ၏။

ဖုန်းယွီသည် လီန သူ့နဘေးတွင် မှီသည့်အခါ စိတ်ထဲတွင် ကျိတ်ရယ်မိတော့၏။

ဇာတ်ကားက စတင်ပြီး ဖြစ်သည်။ နောက်ထပ် ဂျပန် ဇာတ်ကား ဖြစ်သည်။ သို့သော် ယခု တစ်ခေါက်တွင် အင်္ဂလိပ် စာတန်းထိုး ပါဝင်၏။ ဖုန်းယွီသည် ကောင်းကောင်း နားလည်သည် သို့သော် လီနအတွက်တော့ အနည်းငယ် ခက်ခဲ၏။

လီနသည် ထိုဇာတ်ကားကို ကြည့်သည့်အခါ ကြောင်တောင်တောင် ဖြစ်သွားတော့၏။ အဘယ်ကြောင့် ထိုရုပ်ရှင်သည် အလုပ်မှ ပြန်လာသည့် အမျိုးသားတစ်ယောက်နှင့် ချက်ပြုတ်နေသည့် သူ့မိန်းမကိုသာ ပြသခြင်း ဖြစ်သည်။ ယင်းက ပျင်းရိဖို့ကောင်း၏။

အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်သည် ညစာစားရန် ထိုင်လိုက်ကြပြီး ဝိုင်နီပုလင်းကို ဖောက်လိုက်သည်။ ဘယ်လိုလုပ် ဒီမြင်ကွင်းက အရမ်းတူနေရတာလဲ။ သူတို့ ခုနက ဖြစ်ခဲ့သည့် မြင်ကွင်းမျိုး ဖြစ်သည်။

ညစာစားပြီးနောက် အမျိုးသားသည် ရေသွားချိုး၏ပြီးနောက် သူ့မိန်းမသည် အိပ်ရာ ပြင်နေတော့သည်။

ထိုအမျိုးသားသည် ရေချိုးခန်းထဲမှ တဘက်ပတ်လျက် ထွက်လာသည်။

ထိုဇာတ်ကွက်များသည် အလွန်ပင် တူညီနေသည်။ ပြီးနောက် လီနသည် ကြောင်တောင်တောင် ဖြစ်သွားတော့၏။ ဒီဇာတ်ကားက ဘာအကြောင်းလဲ။

ထိုအမျိုးသားသည် ရုတ်တရက် သူ့အမျိုးသမီးဆီ ပြေးသွားပြီး ဆုပ်ကိုင်လိုက်ကာ စတင် အကြင်နာပေးတော့၏။ သူ့လက်သည် သူ့အမျိုးသမီး၏ အင်္ကျီထဲ ရောက်နေပြီ ဖြစ်သည်။

လီနသည် ထိတ်လန့်လွန်းသည့်အတွက် မျက်လုံးအပြူးသား ဖြစ်သွားသည်။

ဒါက .... ဟိုလို ရုပ်ရှင်ကြီးမလား။

All Chapters