ယှဉ်ပြိုင်ပွဲ
Vol. 21 Ch. 291
ဇူယွမ်၏ စကားသံများက ခန်းမတစ်ခုလုံး ပျံ့နှံ့သွားချိန်တွင် လူတိုင်းက ကြောင်အနေသော မျက်ဝန်းများဖြင့် ဇူယွမ်ကို လှမ်းကြည့်လိုက်ကြသည်။ ဇူယွမ်မှာ ဂူနန်းယှဉ်ပြိုင်မှုတွင် ပါဝင်ရန် အစ်ီအစဉ်ရှိမည်ဟု သူတို့အိမ်မက်ထဲတွင်ပင် ထည့်မမက်ဖူးကြပေ။
နှစ်ဖက်လုံးတွင် ပါဝင်ယှဉ်ပြိုင်မည့် ခရမ်းရောင်ခါးစည်းတပည့်များ မရှိကြတော့ကြောင့် လက်ရွေးစင် ရွှေရောင်ခါးစည်းတပည့်များကို စေလွှတ်မည့်အကြောင်းမှာ လူတိုင်းသိရှိပြီး ဖြစ်သည်။ ဇူယွမ်မှာ ရွှေရောင်ခါးစည်း တပည့်ဖြစ်သော်လည်း အခုမှရောက်သည့် တပည့်အသစ်လေးသာဖြစ်ပြီး သူနှင့် အခြားတပည့်များကြားရှိ ကွာဟချက်မှာ ကြီးမားလွန်းပေသည်။
တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် ဇူယွမ် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့၇သော လုဖန်းမှာ အထွတ်အထိပ် မူလစဦး စတုတ္ထအဆင့်သာ ရှိနေခဲ့ပြီး အစစ်အမှန် မူလစဦး ပဉ္စမအဆင့်ပင် မရောက်ရှိသေးပေ။
တခြားတစ်ဖက်တွင် အတွင်းတောင်ရှိ တပည့်အများစုမှာ မူလစဦး ပဉ္စမအဆင့်သို့ တက်လှမ်းကြပြီးသား ဖြစ်သည်။
ထုံးလုံနှင့် ချောင်းစူည်တို့မှာ ပဉ္စမအဆင့်များ အကြားတွင် စွမ်းအားအပြည့်ဝဆုံးများ ဖြစ်သည်။
ဇူယွမ်မှာ အခြေခံအားဖြင့် ထိုအဆင့်များ၏ တိုက်ပွဲတွင် ပါဝင်ရန် အဆင့်မမှီသေးကြောင်း လူတိုင်းခံစားမိပေသည်။ ထိုကြောင့် ထိုစကားလုံးများ ကြားချိန်တွင် ချောင်းစူည်က မနေနိုင်တော့ပဲ သရော်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ဇူယွမ်မှာ လှောင်ပြောင်သရော်မှုများနှင့် သံသယဝင်နေသော အကြည့်များကို လျစ်လျူရူကာ စိန်းထိုက်ယွမ်ကို တည်ငြိမ်သော အမှုအယာနှင့် ကြည့်နေခဲ့သည်။
ဇူယွမ်၏ အပြုအမှုမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားသောကြောင့် စိန်းထိုက်ယွမ်မှာ အနည်းငယ် ကြောင်အနေသည်။ ခဏအကြာတွင် သူက မျက်မှောင်ကြုတ်လိုက်သည်။ အဆုံးတွင် ဇူယွမ်၏ အဆုံးမရှိသော အလားအလာကို သူတန်ဖိုးထားခဲ့သည် မဟုတ်ပါလော။
ဇူယွမ်မှာ ယခုချိန်တွင် မူလစဦး ဒုတိယအဆင့်သာ ရှိသေးသော်လည်းပဲ သူ့အနေဖြင့် တောင်ထွတ်ရွေးချယ်မှု အခမ်းအနာတွင် မူလစဦး စတုတ္ထအဆင့် ဖြစ်သည့် လုဖန်းကို ရုံးနိုမ့်စေခဲ့ပြီး ဖြစ်သည်။ လုဖန်းပင်လျှင် သည်လိုတိုက်ပွဲမျိုး၌ ပါဝင်ရဲမည် မဟုတ်ပေ။
အခြားတစ်ယောက်သာ ထိုသို့ ပြောဆိုလာပါက စိန်းထိုက်ယွမ်အနေဖြင့် ရိုက်နှက်ပြီးသည်မှာ ကြာရှည်နေပြီ ဖြစ်သည်။ သို့သော်လည်း ဇူယွမ်မှာ ထိုလူများနှင့် ကွာခြားပေသည်။
ထိုကြောင့် စိန်ထိုက်ယွမ်က ဇူယွမ်၏အပြုအမှုကို အပြစ်တင်ခြင်း မရှိပဲ “ဇူယွမ် မင်းကိုယ်မင်း အတင်းအကြပ် ဖိအားပေးစရာမလိုပါဘူး။ ဒီအချိန်မှာ မင်းက အခြားသူတွေနဲ့ မယှဉ်နိုင်သေးပေမယ်။ မင်းရဲ့ ပါရမီ အရည်အချင်းနဲ့ဆိုရင် တစ်နှစ်၊နှစ်နှစ် ကြာပြီးတဲ့ နောက်မှာ အားလုံးရဲ့ အထက်၌ ရပ်နိုင်လိမ့်မယ်။”
သူ့အနေဖြင့် ဇူယွမ်ကို မြင့်မားစွာ မျှော်လင့်ထားခဲ့သော်လည်း အခုဇူယွမ်ပြောလိုက်သည့် စကားများမှာ သွေးပူတုန်း ခဏပြောလိုက်သည့် စကားများဟုသာ ယုံကြည်နေပေသည်။
“ထပ်ပြီးတော့… သည်ကိစ္စက ငါတို့အဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်နေတယ် ငါတို့ မဆင်မခြင် လုပ်လို့မရဘူး။”
ထိုစကားကို ကြားချိန်တွင် ချောင်းစူည်က ဇူယွမ်ကို အေးစက်စွာ ကြည့်လိုက်သည်။
ဇူယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည် “ဆရာစိန်း၊ သူတို့တွေ ပြောခဲ့သလိုပဲ မည်သည့်အရာမှ မလုပ်ဆောင်တဲ့သူက ဆုလာဘ်နဲ့ မထိုက်တန်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘာအကူအညီမှ မပေးပဲ ခရမ်းရောင် မူလဂူနန်းကို အနိုင်ရရှိတာနဲ့ လက်ခံဖို့ မဖြစ်နိုင်ပါဘူး။”
ချောင်းစူည်က လှမ်းသရော်လိုက်သည် “နောက်ဆုံးမှာတော့ မင်းက အနည်းငယ် နားလည်သဘောပေါက်သားပဲ။”
ဇူယွမ်က မကွဲပြားသော မကြည့်ုဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဆက်ပြောသည် “ဆရာစိန်းက ကျွန်တော် လုံလောက်အောင် မသန်မာသေးဘူးလို့ ခံစားရရင် အဲ့တာကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရပါတယ်။ ကျွန်တော့်ကို အခုသွားရောက် ယှဉ်ပြိုင်ရမယ့် သုံးယောက်ထဲက တစ်ယောက်နဲ့ ယှဉ်ပြိုင်ခွင့် ပေးပါ။ ကျွန်တော် တစ်ယောက်ကိုနိုင်ခဲ့ရင် အဲ့တစ်ယောက်ရဲ့ နေရာကို ယူမယ် ကျွန်တော် ရှုံးခဲ့ရင်တော့ ခရမ်းရောင် ဂူနန်းအကြောင်းနဲ့ ပတ်သက်ပြီး ဘာကိစ္စမှ ပြောတော့မှာ မဟုတ်ဘူး။”
သည်အချက်က ဇူယွမ်၏ ရည်ရွယ်ချက်ကို ပေါ်လွင်စေပေသည်။
များစွာသော အကိုတော် အမတော်များက သူ့ကို အထင်သေးစွာ ကြည့်ကြသည်မှာ သူက တပည့်အသစ်တစ်ယောက် ဖြစ်သောကြောင့်မှန်း သူမသိပဲ မနေပေ။ တစ်ချိန်တည်းမှာပဲ သူတို့အားလုံးက ဆရာစိန်းက မမျှမတ ဆက်ဆံသည်ဟု ခံစားနေကြပေသည်။
သို့သော်လည်း သူတို့အားလုံးက ချောင်းစူည်ကဲ့သို့ လူသိရှင်ကြား ကန့်ကွက် ပြောဆိုရဲခြင်း မရှိပေ။သို့သော်လည်း ဇူယွမ်ကိုတော့ သူတို့၏ နှလုံးသားထဲတွင် အသိမှတ်ပြုရန် ငြင်းဆန်နေဆဲဖြစ်သည်။
ထိုသို့သာ မဟုတ်လျှင် သူတို့အားလုံး ချောင်းစူည်းကို ဤမျှ ထောက်ခံနေကြမည် မဟုတ်ပေ။
သည်လိုမျိုး အခြေအနေတွင် ဇူယွမ်အနေဖြင့် ခရမ်းရောင် မူလဂူနန်းကို အိပ်ကပ်ထဲသို့ ချောချောမွေ့မွေ့ထည့်ရန်မှာ အခြားသော တပည့်များကို အနိုင်ယူနိုင်စွမ်းရှိဖို့ လိုပေသည်။ သို့သော်လည်း သူက အတွေ့အကြုံမရှိသေးသည့် တပည့်အသစ်တစ်ယောက်သာ ဖြစ်သည့်အတွက် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံဟူသော အနေအထားတစ်ခုတည်းဖြင့် အားလုံးကို စည်းရုံးသိမ်းသွင်းရန် မဖြစ်နိုင်ပေ။
ထိုကြောင့် သူ့အနေဖြင့် တိုက်ရိုက်ကျပြီး ထိရောက်သော နည်းလမ်းကို အသုံးပြုရလိမ့်မည် ဖြစ်သည်။
အကျိုးသင့်အကြောင်းသင့်မဟုတ်ပဲ စစ်မှန်သော အခက်အခဲများကို မဖြေရှင်းနိုင်ပေ။
ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
အသေအချာပင် ဇူယွမ်၏ စကားများသည် တပည့်များကို တုန့်လှုပ်စေပြီး ခန်းမတစ်ခုလုံးကို နောက်တစ်ကြိမ် ဆူညံသွားစေခဲ့သည်။
ဇူယွမ်အနေဖြင့် သည်လိုမျိုး လုပ်ဆောင်ရဲလိမ့်မည်ဟု မည်သူမှာ မမျှော်လင့်ခဲ့ကြပေ။ ဇူယွမ်က တကယ့်ကို ရွေးချယ်ခံသုံးဦးအား ဥပမာအဖြစ် အသုံးချရန် ကြံစည်နေသည်လား။
ဘယ်လောက်တောင် ရူးသွပ်လိုက်တဲ့ ကောင်လဲ။
ထုံးလုံ၊ ဖန်းစုန်နှင့် ချောင်းစူည်တို့သည် မူလစဦးပဉ္စမအဆင့်များ အကြားတွင် စွမ်းအားပြည့်ဝနေသူများ ဖြစ်ကြပြီး သူတို့၏ သန်မာမှုမှာ လုဖန်းထက် သာလွန်ပေသည်။ ထိုသူတို့နှင့် ရင်ဆိုင်ရမည်ကို ဇူယွမ်က အဘယ်ကြောင့် ရဲရဲဝံ့ဝံ့ပြောထွက်ခဲ့သနည်း။
ထုံးလုံ၊ ချောင်းစူည်နှင့် ဖန်းစုန်တို့မှာလည်း ကြောင်အသွားကြသည်။ ထိုနောက် တစ်ယောက်နှင့်တစ်ယောက် လှမ်ကြည့်လိုက်ကြပြီး သဘောကျစွာ ပြုံးလိုက်ကြသည်။
ဇူယွမ်မှာ သည်မျှလောက် မောက်မာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ…
စိန်းထိုက်ယွမ်၏ အောက်တစ်ဆင့်တွင်ရှိသော ဇူထိုက်မှာ အလွန်အံ့အားသင့်သွားပြီး အကူအညီမဲ့စွာ ရယ်မောလိုက်လေသည်။ ညီတော် ဇူယွမ်မှာ ကြင်နာတတ်သည့် ဗုဒ္ဒတစ်ပါးမဟုတ်သောကြောင့် အနည်းငယ်သော ရှုံးနိုမ့်မှုကိုပင် လက်သင့်မခံပေ။
သို့သော်လည်း သည်ယှဉ်ပြိုင် တိုက်ခိုက်မှုသည် တော်တော်လေး မဆင်မခြင် လုပ်ရာမကျဘူးလား။
“ဟီးဟီး၊ ညီတော်ဇူယွမ်က တကယ်ကို တစ်ခုခုပဲ။”ကျန့်ယန်က သဘောကျစွာ ရယ်မောလိုက်သည်။
အခြားသော ခရမ်းရောင်ခါးစည်းတပည့်များကလည်း ရယ်မောကာ ခေါင်းတဆတ်ဆတ် ညိမ့်လိုက်ကြသည်။ သူတို့၏ အသွင်အပြင်များအရ ဇူယွမ်မှာ သူ၏ခေါင်းကို အသုံးမပြုကြောင်း ခံစားနေမိကြသည်မှာ ပေါ်လွင်နေပေသည်။ ထိုအရာက ကျားကိုမကြောက်သော နွားပေါက်ကလေးနှင့်တူပေသည်။ သူတွင် သတ္တိရှိသော်လည်း မိမိကိုယ်ကိုယ် နားမလည်နေဆဲပင် ဖြစ်သည်။
စိန်းထိုက်ယွမ်မှာ အံ့အားသင့်စွာဖြင့် ဇူယွမ်ကို စိုက်ကြည့်နေခဲ့သည်။ သည်ကောင်လေး၏ အကြံအစည်မှာ တကယ့်ကို မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေသည်။ အနည်းငယ် နှုတ်ဆိတ်နေပြီးနောက်တွင် သူကပြောလိုက်သည် “မင်းက ဂူနန်းယှဉ်ပြိုင်မှုမှာ ပါဝင်ဖို့ ဘယ်သူက အသင့်လျှော်ဆုံးလဲဆိုတာ သိဖို့အတွက် ရွေးချယ်ထားတဲ့ သုံးယောက်ထဲက တစ်ယောက်ကို စိန်ခေါ်ချင်တာလား။”
သူက စဉ်းစားနေခဲ့ပြီးနောက် ဖြေးညင်းစွာ ပြောလိုက်သည် “မင်းသေချာလား ဇူယွမ်။ ငါသဘောတူလိုက်တာနဲ့ နောက်ပြန်ဆုတ်လို့ မရတော့ဘူးနော်။ မင်းသာ ရှုံးနိုမ့်သွားရင် ခရမ်းရောင် ဂူနန်းကို မင်းတကယ်ရရှိတော့မှာ မဟုတ်ဘူး။”
ဇူယွမ်က တည်ငြိမ်သော မျက်နှာနှင့် ခေါင်းညိမ့်လိုက်သည်။
စိန်းထိုက်ယွမ်က ဇူယွမ်ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “မင်းဆုံးဖြတ်ပြီးသွားရင် ဘယ်တစ်ယောက်ကို ပြိုင်ဘက်အဖြစ် မင်းရွေးချယ်ချင်လဲ။”
ဇူယွမ်၏ အကြည့်က ခန်းမထဲရှိ လူအားလုံး၏ စောင့်ကြည့်မှုအောက်တွင် ဖြေညင်းစွာ ရွေ့လားသွားပြီး နောက်ဆုံးတွင် ချောင်းစူည်းထံတွင် ရပ်သွားခဲ့သည်။
ချောင်းစူည်းသည် သူ့ကို ကန်ထုတ်ရန် စတင်ခဲ့သောကြောင့် မူလသူတော်စင်တောင်ထွတ်တွင် သူ၏ ဂုဏ်သတင်းကို တည်ထောင်ရန် ထိုကောင့်ကို အသုံးပြုရပေလိမ့်မည်။
ချောင်းစူည်းမှာလည်း အနည်းငယ်မျှ မအံ့အောခဲ့ပေ။ သူက ပြုံးဆဆနှင့် ခေါင်းခါယမ်းလိုက်ပြီနောက် ထုံးလုံနှင့် ဖန်းစုန့်တို့ကို ကြည့်လိုက်ပြီး ဟာသလုပ်ပြောလိုက်သည် “တစ်နေ့မှာ ငါ့ကို အချဉ်ကောင် တစ်ကောင်လိုမျိုး ဆက်ဆံခံရလိမ့်မယ်လို့ မယုံကြည်နိုင်ဘူး။”
“ကောင်းပြီ။ အငယ်တစ်ယောက်ကို ဘယ်လို ပြုမှုရမလဲ သင်ပေးဖို့ဆိုတာက စီနီယာ တစ်ယောက်ရဲ့ အလုပ်ပဲ။”
သူ၏ လေသံမှာ မည်သည့် ဖိအားမျှမခံစား၇ကြောင်းနှင့် ဇူယွမ်နှင့် ကစားရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။
သူပတ်ပတ်လည်ရှိ တပည့်များကလည်း ရယ်မောလိုက်ကြသည်။
စိန်းထိုက်ယွမ်က ဖြေးညင်းစွာပြောလိုက်သည် “သည်လိုဆိုရင် မင်းတို့ နှစ်ယောက်ကြားက ယှဉ်ပြိုင်ပွဲကို နောက်ငါးရက် အကြာမှာ ကျင်းပမယ်။ အနိုင်ရရှိတဲ့သူက ဂူနန်းယှဉ်ပြိုင်မှုမှာ ပါဝင်မယ့်သုံးယောက်ထဲမှာ ရွေးချယ်ခံရမယ်။”
စိန်းထိုက်ယွမ်၏ အကြည့်က ဇူယွမ်ထံတွင် ရပ်တန့်နေခဲ့သည်။ သူသည် ဇူယွမ်အတွက် အချိန်ပိုရရန် ဆုံးဖြတ်ပေးခဲ့ခြင်းမှာ ဇူယွမ်အနေဖြင့် မည်သို့သော အံ့အောစရာများ လုပ်ပြမည်ကို မျှော်လင့်မိသောကြောင့် ဖြစ်သည်။ ထိုသို့သာ ဖြစ်သွားပါက ဇူယွမ်တွင် အလားအလာကောင်းများ ပိုင်ဆိုင်သည်ကို လူအများသိရှိသွားပြီး ဆန့်ကျင်သူများ မရှိနိုင်တော့ပေ။
သို့သော်လည်း ဇူယွမ်ရှုံးနိုမ့်သွားပါက စိန်းထိုက်ယွမ်အနေဖြင့် စိတ်ပျက်နေမိမည်ဖြစ်သည်။
စိန်းထိုက်ယွမ်က သူ၏အကြည့်ကို ဖြေးညင်းစွာပြန်လည် ရုတ်သိမ်းလိုက်ပြီး စိတ်ထဲမှာ ညင်သာစွာ သက်ပြင်းချလိုက်သည်။
“ဇူယွမ် မင်းငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်…”