← Chapters

အတားအဆီးဝင်္ကပါ၊ ကောင်းကင်သခင်ဟန်

Vol. 93 Ch. 1211

အတားအဆီးဝင်္ကပါ၊ ကောင်းကင်သခင်ဟန်

Vol. 93 Ch. 1211

ချင်မူက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ဤကုဗတုံးထဲတွင် ကောင်းကင်ဖြစ်စေ၊ မြေပြင်ဖြစ်စေ၊ နံရံလေးဖက်ဖြစ်စေ အားလုံးသည် မြေထုများ ဖြစ်ကြ၏။ မြေထုများပေါ်တွင် နတ်ဘုရားချိပ်တံဆိပ်မျိုးစုံ ရှိနေကြသည်။

ဤမြေထုများသည် ပရမတ္တလှေနှင့်အတူ လှေပေါ်ရှိ ကောင်းကင်စက်မှုလက်မှု နတ်ဘုရားမျိုးနွယ်ကို ပိတ်လှောင်ထားရန် အသုံးပြုခဲ့ခြင်းသည်။

ပိတ်ထားသည့် လမ်းမှ ဖောက်ထွက်နိုင်ရန် ရွှေအ၏ မျိုးနွယ်ဝင် တစ်ယောက်ပြီးတစ်ယောက် အသေခံပေးခဲ့ရ၏။

မရေမတွက်နိုင်သော မျိုးနွယ်၀င်များ သေဆုံးခဲ့ပြီး‌‌ နောက်ဆုံးတွင် ရွှေအမှာ ကုဗတုံးထဲမှ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။

ထိုအချိန်တုန်းက‌ ရွှေအမှာ ကလေးငယ်လေးအရွယ်သာ ရှိသေးသည်။

သူသည် အပြင်လောကကြီးသို့ တစ်ယောက်တည်း ထွက်လာခဲ့ပြီး နှိုင်းမရလောက်အောင် အန္တရာယ်များ‌သော မဟာမြို့ပျက်ကို ရင်ဆိုင်ခဲ့ရ၏။ သို့သော် ရွှေအမှာ မဟာမြို့ပျက်ထဲမှ အသက်ရှင်လျက် ထွက်ကာ အပြင်လောကသို့ ရောက်ခဲ့သည်။ သို့သော် မဟာမြို့ပျက်ထက် အဆများစွာ ကောက်ကျစ်ယုတ်မာသည့် လူတို့နှင့် ကြုံတွေ့ခဲ့ရလေသည်။

ချင်မူက ကောင်းကင်တွင်‌ ပေါ်လာသည့် မျက်နှာကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ မျက်နှာကြီးသည် ချိပ်တံဆိပ်အလွှာပေါင်းများစွာကို အလွယ်တကူ ထိုးဖောက်၀င်ရောက်၍ မြေထုအား သူ့မျက်နှာအသွင် ထိုးထွက်လာအောင် လုပ်နိုင်ခဲ့သည်။ သို့သော် ချိတ်တံဆိပ်များကား မပျက်စီးသွားခဲ့ပေ။ ထို့ကြောင့် ဤအတားအဆီးအစီအရင်၊ ချိတ်တံဆိပ်များအား ခင်းကျင်းခဲ့သူသာ ဖြစ်လိမ့်မည်။

ကုန်းမြေခြောက်ခုကို ခေါက်၍ ဧရာမအတားအဆီးဝင်္ကပါ ဖန်တီးနိုင်ခဲ့သော သိုင်းအဆင့်မျိုးမှာ မယှဉ်သာအောင် နက်နဲပြီး ကျင့်စဉ်များကလည်း အင်မတန် ထူးခြားပြောင်မြောက်လိမ့်မည်။

သူ၏မျက်နှာသည် မရေမတွက်နိုင်သော ကုဗတုံးလေးများစွာဖြင့် ဖွဲ့တည်နေသယောင် ရှိပြီး ကုဗတုံးတစ်တုံးချင်းစီက မြေထုများအပေါ်ရှိ အတားအဆီးဝင်္ကပါများ ဖြစ်ကြသည်။ မရေမတွက်နိုင်သော ကုဗတုံးများက သူ၏မျက်နှာ၊ နဖူး၊ နှာခေါင်း၊ နား၊ ပါးစပ်နှင့် မျက်လုံးများကိုပင် ပုံဖော်ပေးထားသည်။

“ဟီးဟီး…”

အနှိုင်းမဲ့အောင် ကြီးမားသော ဤမျက်နှာကြီးက ပါးစပ်ဟ၍ ရယ်လိုက်သည်။ ထိုအခါ ‌ကျောက်တုံးများက ယင်းပါးစပ်မှ ထွက်ပေါ်လာပြီး ပရမတ္တလှေသို့ ပြေး၀င်ဆောင့်တိုက်သွား၏။

သူ၏မျက်နှာအမူအရာ ပြောင်းလဲသည့်အခါ ရုပ်လုံးဖော်ပေးထားသည့် ကုဗတုံးများမှာလည်း ‌ရွေ့လျားသွားကြသည်။ ယင်းတို့က နိမ့်လိုက်၊ မြင့်လိုက်ဖြင့် အနေအထားမျိုးစုံ ပြောင်းလဲနေသည်။

သူ၏မျက်နှာကြီးသည် ပရမတ္တလှေထက်ပင် အရွယ်အစားကြီးမားပြီး သူ၏ရယ်သံကြီးက ဤကုဗတုံးလှောင်အိမ်ထဲတွင် ပဲ့တင့်ထပ်ကာ နားစည်များကို တဝီဝီ မြည်သွားစေသည်။ အချိန်တခဏကြာသည်အထိ မည်သည့်အသံကိုမှ မကြားရချေ။

“နောက်ဆုံးတော့ စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်ရဲ့ ခေါင်းဆောင်… ခိုင်ဧကရာဇ်ခေတ်ရဲ့ စစ်ဘုရင်ကောင်းကင်နတ်မင်း ရောက်လာခဲ့ပြီပေါ့”

ထိုအခိုက်အတန့်တွင် ကုဗတုံးအောက်ရှိ မြေထုမှာလည်း သူ့အလိုလို ပြောင်းလဲသွားပြီး အလားတူကြီးမားသည့် မျက်နှာကြီးတစ်ခု ပေါ်လာသည်။ ၎င်းက ပြုံးကာ ပြော၏။ “လီရုံလန်၊ ကောင်းကင်နတ်မင်းတစ်ပါး၊ လူသားမျိုးနွယ်ရဲ့ ‌ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းက တော်တော် အသုံးမကျတာပဲ… မင်းက ဇာမဏီနတ်မင်းနဲ့ ကလူကျီစယ်ဖို့ပဲ စိတ်၀င်စားပြီး ကိုယ့်လူတွေကိုတောင် မကာကွယ်ပေးခဲ့ဘူး”

ကုဗတုံး၏ နံရံလေးဖက်တွင်လည်း မျက်နှာကြီးက ပေါ်လာပြန်ပြီး ပြုံးနေသည်။ “ငါ အစကတော့ မင်းနဲ့ တိုက်ခိုက်ဖို့ မျှော်လင့်ခဲ့တာ… ခိုင်ဧကရာဇ်ခေတ်ရဲ့ စစ်ဘုရင်ကောင်းကင်နတ်မင်း ဖြစ်တဲ့ မင်းမှာ ဘယ်လို အစွမ်းအစတွေများ ရှိနေမလဲပေါ့…. ဒါပေမဲ့ မင်းမှာ တော်တော်အသုံးမကျတဲ့ကောင် ဖြစ်နေခဲ့တယ်... ငါ့အနေနဲ့ မင်းရဲ့ ကျန်မျိုးနွယ်၀င်တွေကို သတ်ပြီးတော့ လူအိုတွေ၊ အားနည်းတဲ့သူတွေ၊ နားမကျန်းတဲ့သူတွေ၊ ဒုက္ခိတတွေကိုပဲ ဒီမှာ ချုပ်နှောင်ထားလို့ရခဲ့တယ်”

သူသည် မျက်နှာခြောက်ဖက် ပိုင်ဆိုင်ထားပြီး အရပ်ခြောက်မျက်နှာမှ ပြောနေချေသည်။ “ငါ မင်းရဲ့ ခေါင်းကို ဖြတ်ပြီး ဂုဏ်ဆောင်ချင်ခဲ့ပေမယ့် မင်းက ထွက်ပြေးသွားခဲ့တယ်လေ…. ဒီတော့ ငါလည်း မင်းရဲ့မျိုးနွယ်၀င်တွေကို နှိပ်စက်ရုံပဲ တတ်နိုင်တော့တာပေါ့ကွာ”

“အဲ့ဒီအချိန်တုန်းက မင်းက ဇာမဏီနတ်မင်းနဲ့ မိုးမမြင်လေမမြင် ဖြစ်နေခဲ့တာမလား… မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်လွန်းလို့ အချစ်ရူး ရူးနေခဲ့ကြတာလေ… သိပ်ကို လှခဲ့တဲ့ ဇာတ်လမ်းလေးပေါ့ကွာ…. အဲ့ဒီအချိန်မှာပဲ ငါက မင်းရဲ့ လူတွေကို သတ်ဖြတ်နေခဲ့တာ”

“သူတို့ ဒီနေရာကနေ လွတ်မြောက်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာ ငါ တွေ့ခဲ့ရတယ်… ချိပ်တံဆိပ်ကို ချိုးဖျက်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်…. ငါ့လက်အောက်က စစ်သည်တော်တွေရဲ့ သားသတ်ဓားမတွေအောက်မှ သူတို့ရဲ့ သနားစရာအသက်လေးတွေ တဖြုတ်ဖြုတ် ကြွေလို့ပေါ့”

“သူတို့က ပန်းပဲသမားတွေပဲဟာ…. တတ်နိုင်တာ ဘာရှိမလဲ… ငါ့ကို မတွန်းလှန်နိုင်ဘူး… ငါ့စစ်တပ်ကို မတွန်းလှန်နိုင်ဘူး”

သိကြား‌ဗုဒ္ဓ၏ မျက်နှာထက်တွင် ဝမ်းနည်းကြေကွဲမှု နှင့် နာကျည်းဒေါသထွက်မှုတို့က နေရာယူထားသည်။ ပရမတ္တလှေထက်ရှိ ဘုန်းကြီးများက ဖြည်းဖြည်းချင်း ခေါင်းမော့၍ အရပ်‌မျက်နှာတိုင်းရှိ မျက်နှာများကို ကြည့်နေကြသည်။

“ဒါပေမဲ့ ငါ့စစ်သားတွေ သူတို့ကို သတ်ရတာ ခြေကုန်လက်ပန်းကျလာတယ်.… သူတို့ နောက်ထပ်နှစ်‌နှစ်သောင်း ဒီနေရာမှာ ပိတ်မိနေအောင် ငါ သူတို့ကို ချိတ်ပိတ်ခဲ့တယ်.. ဒါပေမဲ့ ငါက ပျော်တတ်တော့ အတားအဆီးဝင်္ကပါထဲမှာ အားနည်းချက်တစ်ခု ထားခဲ့ပြီး သူတို့ကို မျှော်လင့်ချက်ပေးခဲ့တယ် ဟားဟား…”

ကုဗတုံးလှောင်အိမ်၏ နံရံခြောက်ခုပေါ်ရှိ မျက်နှာများမှာ အလွန်အမင်း ပျော်ရွှင်နေကြပြီး သူတို့၏အပြုံးများပင်လျှင် ပုံပျက်နေကြသည်။ “မျှော်လင့်ချက်ရှိရင် ဒီထောင်ချောက်ထဲ ၀င်ပြီး အပြင်ထွက်ဖို့ တစ်သက်လုံး ကြိုးစားကြလိမ့်မယ်… ဒါပေမဲ့ နောက်ဆုံးကျ အကုန် သေသွားကြမှာပဲ… ဟီးဟီးဟီး”

“သူတို့အကုန်လုံးကို သတ်ဖို့ဆို အချိန်တော်တော် ပေးရမှာမဟုတ်လား… သူတို့ဘာသာ သေခိုင်းလိုက်တော့ ငါ့လက်လည်း မညစ်ပတ်တော့ဘူးပေါ့”

မျက်နှာခြောက်ခုပေါ်ရှိ အပြုံးများသည် ပို၍ပင် ပုံပျက်ရှုံ့တွလာကြ၏။ “နောက်‌ဆုံးတော့လည်း ကောင်းကင်စက်မှုလက်မှု နတ်ဘုရားမျိုးနွယ်အားလုံး သေသွားကြတာပဲ… ဟီးဟီးဟီး… သူတို့က သိပ်တုံးကြတယ်ကွ…. မီးတောက်ထဲ ၀င်တိုးတဲ့ ပိုးဖလံတွေလို ထောင်ချောက်ထဲ ၀င်တိုးနေကြတာ…. အကုန်လုံး ဒီလမ်းထဲ ဝင်ရင် လွတ်မယောင် ထင်ခဲ့ရပေမယ့် ဘယ်သူ့မှ အသက်ရှင်လျက် မလွတ်မြောက်နိုင်ခဲ့ကြဘူး”

သူက တဟားဟား ရယ်နေသည်။ “ငါ ဒီနေရာက ထွက်လာတော့ မင်းကို ရှာဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်… ဒါပေမဲ့ မင်းက ဗုဒ္ဓဘုံမှာ ကတုံးရိတ်ထားတဲ့ မြည်းတစ်ကောင် ဖြစ်နေလိမ့်မယ် ထင်မထားခဲ့ဘူး… ဟုတ်သားပဲ… မင်းက ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်စက်မှုလက်မှု နတ်ဘုရားမျိုးနွယ်ကို ဖျက်စီးခဲ့တာဆို‌တော့ မင်းရဲ့ ခြေလက်လေးဖက်လုံး ပြတ်နေသလို ဖြစ်နေမှာပေါ့... မင်းက အခု တစ်ယောက်တည်းပဲ…. ဟားဟားဟား… ကလဲ့စားမချေနိုင်မှာ မဟုတ်ဘူး… ဟုတ်သားပဲ မင်း ဘယ်လိုလုပ် သံယောဇဉ်တွေ ဖြတ်ပြီး ဘုန်းကြီးဝတ်ချင်ခဲ့တာလဲ... မင်းရဲ့မျိုးနွယ်တွေကို သတ်ဖြတ်ချေမှုန်းခဲ့တာ အနီရောင်နတ်မင်းလို့ ထင်ခဲ့လို့လား….”

“ဒါပေမဲ့ ငါကွ”

အရပ်မျက်နှာအားလုံးမှ ထွက်ပေါ်နေသည့် သူ၏အသံတွင် ဂုဏ်ယူ၀င့်ကြွားမှုတို့ဖြင့် ပြည့်နှက်နေ၏။ “ငါပဲကွ... ကောင်းကင်နတ်ဘုံမှာ နံရံ၀င်္ကပါကို တည်ဆောက်ခဲ့တဲ့ ကောင်းကင်သခင်ဟန်ပဲကွ”

သိကြားဗုဒ္ဓလီရုံလန်သည် ဒေါသငယ်ထိပ်သို့ ရောက်နေ၍ အိပ်မက်မှ နိုးလာတော့မည့်အချိန် ချင်မူ့အသံက သူ့အိပ်မက်ထဲ ၀င်ရောက်လာသည်။ “ဗုဒ္ဓ၊ ကိုယ်တော့်ကို ကျွန်တော် ကာကွယ်ပေးပါမယ်… ပရမတ္တလှေကို ပြုပြင်တာမှာသာ အာရုံစိုက်ထားပါ”

သူ့အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး အနန္တကပ်ဘေးသုတ္တန်ကို အသက်သွင်းလိုက်၏။ သိကြားဗုဒ္ဓလီရုံလန်မှာ ပြန်လည် အိပ်မက်,မက်နေသည်။

ချင်မူက ထရပ်၍ ကုဗတုံးလှောင်အိမ်၏ နံရံခြောက်ဖက်ပေါ်ရှိ မျက်နှာများအား ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်သခင်ဟန်၊ ခင်ဗျား မှားနေသေးတယ်… ကောင်းကင်စက်မှုလက်မှု နတ်ဘုရားမျိုးနွယ်က မျိုးမသုဉ်းသေးဘူး”

“ကောင်းကင်နတ်အရှင်မူလား”

ကောင်းကင်သခင်ဟန်၏ အကြည့်သည် သူ့အပေါ် ကျရောက်လာပြီး အကြည့် ၁၈ ခု စုံသွားသဖြင့် အင်မတန်ပင် အနေရခက်သော ခံစားချက်ကြီးကို ပေးနေတော့သည်။ သူ၏ မျက်နှာခြောက်ခုလုံးက ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူပါလား…. ကောင်းကင်နတ်အရှင်မူက သစ္စာဖောက်တစ်ယောက်နဲ့ ပက်သက်နေတာပဲ… ပုန်ကန်ဖို့ ကြိုးစားနေတာလား… မင်းက ကောင်းကင်စက်မှုလက်မှု နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်များလား… မဟုတ်ဘူး…. မင်းက သစ္စာဖောက်ချင်ယဲ့ရဲ့ မျိုးဆက်ပဲ…”

သူ၏ ‌မျက်နှာတစ်ခုက ပြုံးလိုက်သည်။ “ငါ့အတားအဆီးအစီအရင်ထဲမှာ ကောင်းကင်နတ်အရှင်မူကို သတ်လိုက်ရင် ပြဿနာတော့ မဖြစ်လောက်ဘူးမလား”

“ငါ ကောင်းကင်နတ်အရှင်မူကိုသာ သတ်လိုက်ရင် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးတော့ ၀မ်းမြောက်သွားကြမှာပဲ…. ငါ့ကို ရာထူးတိုးပေးကြလိမ့်မယ်”

သူ၏ အခြားမျက်နှာများသည်လည်း ပျော်ရွှင်လာကြပြီး တဟားဟား ရယ်လိုက်ကြ၏။ “ရာထူးနဲ့ ကြွယ်၀မှုထက် ပိုတယ်…. သူတို့က ငါ့ကို အဆုံးမရှိတဲ့ ဂုဏ်ကျက်သရေတွေနဲ့ စည်းစိမ်တွေ ပေးလိမ့်မယ်….. ဧကရာဇ်ပလ္လင်အဆင့် တက်လှမ်းဖို့ အခွင့်အရေးတောင် ဖြစ်လာနိုင်တယ်”

သူသည် ဝမ်းသာပျော်ရွှင်နေပြီး ကုန်းမြေကြီးခြောက်ခုမှာ ပရမတ္တလှေဆီသို့ အရပ်ခြောက်မျက်နှာမှ တစ်စက်စီ စီးကျလာနေသည့် စေးကပ်ကပ်အရည်များအဖြစ် ပြောင်းလဲသွားကြသည်။

ကုန်းမြေခြောက်ခုကား ရေစက်ခြောက်စက် ဖြစ်လာခဲ့ချေပြီ။

ချင်မူက ဧရာမရေစက်ကြီးခြောက်စက်ကို ကြည့်လိုက်သည့်အခါ တစ်စက်ချင်းစီမှာ အလွန်တရာ နောက်ကျိနေကြောင်း တွေ့လိုက်ရသည်။ သို့‌သော် ရေစက်များကို ဖွဲ့တည်ထားသည်က မြေဆီလွှာမဟုတ်ဘဲ ကုဗတုံးများ ဖြစ်ကြသည်။

'ရေစက်' တစ်စက်စလုံးသည် ကုဗတုံးသဏ္ဍာန်များဖြင့် ဖွဲ့တည်ထားပြီး ကုဗတုံးတစ်ခုချင်းစီ၏ အထဲတွင် နတ်ဘုရားတစ်ပါးနှင့် မိစ္ဆာတစ်ကောင် ရှိ၏။ သူတို့က လက်များကို ဖြန့်ကားလျက် ကုဗတုံးထဲတွင် ရပ်နေကြသည်။ အသေအချာကြည့်ပါက ထိုနတ်ဘုရားနှင့် မိစ္ဆာများမှာ ခန္ဓာကိုယ်များကို သုံး၍ အရိုးရှင်းဆုံး သင်္ကေတအမှတ်အသားများ ဖွဲ့တည်ရင်း ထူးဆန်းသော ၀င်္ကပါတစ်ခု တည်ဆောက်ရန် ကြိုးစားနေသည်ကို တွေ့မြင်နိုင်လိမ့်မည်။

ဤသည်က အခြား၀င်္ကပါများနှင့် ကွဲပြားလေသည်။

အခြား၀င်္ကပါများအတွက် ၀င်္ကပါ ဖွဲ့တည်ရန် ၀င်္ကပါပုံကြမ်းများ၊ သင်္ကေတအမှတ်အသားများကို အသုံးပြုကြသော်လည်း နံရံ၀င်္ကပါများကတော့ အခြေခံအဖြစ် ဝိညာဉ်များကို သုံးကြသည်။

ကောင်းကင်နတ်ဘုံ၏ နံရံ၀င်္ကပါသည် ၀င်္ကပါများကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ ကောင်းကင်နတ်ဘုံစစ်တပ်၏ နံရံစစ်သားများကိုပါ ကိုယ်စားပြု၏။ ယင်းက ဖောက်ထွင်းမရနိုင်သော ခံစစ်ကြောင့် နာ‌မည်ကျော်သော စစ်တပ်တစ်ခု ဖြစ်ချေသည်။

ခံတပ်နံရံ၀င်္ကပါမှာ ရှေးဟောင်းနတ်ဘုရား ခံတပ်ကြယ်တာရာအရှင်သခင် ထိန်းချုပ်သည့် ရှေးဟောင်း၀င်္ကပါတစ်ခု ဖြစ်၏။ သို့သော် ခံတပ်ကြယ်တာရာအရှင်သခင် သေဆုံးသွားပြီးနောက်တွင် ကောင်းကင်သခင်ဟန်က ရာထူးလွှဲပြောင်းယူခဲ့သည်။ ထို့ကြောင့် ခံတပ်နံရံ၀င်္ကပါမှာလည်း သူ့လက်ထဲ ရောက်လာခဲ့ခြင်းပင်။

သို့သော် ချင်မူသည် ကောင်းကင်သခင်ဟန်၏ ၀င်္ကပါအား အနောက်ကမ္ဘာမြေ၏ ၀င်္ကပါဆရာမ ဟယ့်ရီရီထံမှ မြင်ဖူးလေသည်။

ချင်မူသည် ဟယ့်ရီရီ၏ ၀င်္ကပါစွမ်းရည်များကို အတော်လေး မှတ်မိ၏။ အနောက်ကမ္ဘာမြေ၏ နံပါတ်တစ် ၀င်္ကပါဆရာမအနေဖြင့် သူမတွင် အံ့အားသင့်ဖွယ်ရာ ကျင့်စဉ်များ ရှိခဲ့သည်။ ကြည့်ရသရွေ့ အနောက်ကမ္ဘာမြေ၏ ဝင်္ကပါပညာအမွေသည် အစစ်အမှန်ကောင်းကင်နန်းတော် မယ်တော်ကြီးဆီမှ အမွေအပြင် ကောင်းကင်သခင်ဟန်၏ အမွေလည်း ပါဝင်နေပုံပင်။

All Chapters