← Chapters

ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ဝင်္ကပါဆရာသခင်

Vol. 93 Ch. 1212

ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ဝင်္ကပါဆရာသခင်

Vol. 93 Ch. 1212

ချင်မူက အရပ်ခြောက်မျက်နှာမှ စီးကျလာနေသည့် ‘ရေစက်’ ခြောက်စက်ဆီသို့ ကြည့်လိုက်သည်။ ရေစက်ခြောက်စက်၏ မျက်နှာပြင်နှင့် အတွင်းထဲရှိ ကုဗတုံးများသည် ... ချက်ချင်းဆိုသလို ရွေ့လျားချိတ်ဆက်လိုက်ရင်း ပရမတ္တလှေကို ဝိုင်းရံလိုက်သည့် နတ်ဘုရားမြို့ခြောက်မြို့ ဖြစ်လာတော့၏။

ရေစက်များ နတ်ဘုရားမြို့များအဖြစ် ဖွဲ့တည်သွားသည်နှင့် ကုဗတုံးတစ်တုံးချင်းစီထဲရှိ နတ်ဘုရားများနှင့် မိစ္ဆာများတို့၏ ကိုယ်ဟန်အနေအထားများလည်း ချက်ချင်း ပြောင်းလဲသွားကြသည်။ သူတို့၏ ဘယ်လက်တွင် လက်မက လက်ခလယ်နှင့် ထိပ်ဖျားချင်း ထိသွားပြီး ကျန်လက်သုံးချောင်းသည် မတ်မတ်ထောင်ထား၏။ ညာလက်ကမူ လက်သီးဆုပ်လိုက်ပြီး လက်မသည်ကား လက်သီး၏ အလယ်ဗဟိုထဲသို့ ထိုးထားလျက် ရှိနေသည်။

ကုဗတုံးထဲရှိ နတ်ဘုရားများနှင့် မိစ္ဆာများ ကိုယ်ဟန်အနေအထား ပြောင်းလိုက်လျှင်ချင်း နံရံဝင်္ကပါသည်လည်း ပြောင်းလဲသွားသည်။ ယင်းကား ဝင်္ကပါဆရာမဟယ့်ရီရီ၏ ဝင်္ကပါနှင့် မတူပေ။

ဟယ့်ရီရီ၏ ဝင်္ကပါသည် ကျောက်တုံးများကို ဝင်္ကပါ၏ အခြေခံအကျဆုံး ပစ္စည်းအဖြစ် အသုံးပြု၏။ ကုဗတုံးသဏ္ဍာန်ကျောက်တုံးများတွင် ဝင်္ကပါအမှတ်အသားအမျိုးမျိုး ဖုံးလွှမ်းနေတတ်ပြီး မပြောင်းလဲတတ်ပေ။ မတူညီသည့် ကျောက်တုံးများကို အတူတကွ ချိတ်ဆက်လိုက်သည့်အခါ မတူညီသည့် သင်္ကေတအမှတ်အသားများသည်လည်း အတူတကွ ဆက်သွယ်သွားရင်း ဝင်္ကပါအမျိုးမျိုး ဖွဲ့တည်လာသည်။

ခံတပ်နံရံဝင်္ကပါ၏ အားသာချက်ကမူ အခြေခံအကျဆုံးပစ္စည်းသည် နံရံစစ်သည်တော်များတဖြစ်လဲ နတ်ဘုရား၊ မိစ္ဆာများ ဖြစ်နေခြင်းပင်။ နတ်ဘုရား၊ မိစ္ဆာတစ်ယောက်ချင်းစီအနေဖြင့် လက်ဟန်သိုင်းကွက်မျိုးစုံ၊ ခန္ဓာကိုယ်အသွင်သဏ္ဍာန်မျိုးစုံ ပြောင်းလဲနိုင်သည့်အပြင် ချီစွမ်းအင်များကိုလည်း မတူညီစွာ ထုတ်လွှတ်နိုင်ကြ၏။ ဤသို့ဖြင့် ခံတပ်နံရံဝင်္ကပါ၏ တည်‌ဆောက်ပုံအား စိတ်အလျဉ်းသင့်သလို ဖော်ဆောင်နိုင်ချေသည်။

သက်ရှိနတ်ဘုရား၊ မိစ္ဆာများကို အခြေခံအဖြစ် အသုံးပြုခြင်းက သာမန်ကျောက်တုံးလေးတစ်တုံးကို အသုံးပြုခြင်းထက် များစွာအားကောင်းပြင်းထန်နေသည်မှာ ... သံသယဝင်စရာပင် မလိုပေ။

နတ်ဘုရားမြို့ခြောက်မြို့အနက် မြို့တစ်မြို့စီတိုင်း၏ အလယ်ဗဟိုတွင် ယဇ်ပလ္လင်ကြီးတစ်ခုစီ ရှိနေကြသည်။ ယဇ်ပလ္လင်များဆီမှ အလင်းတန်းများက ဖြောင့်တန်းစွာ ထိုးတက်လာပြီးနောက် ကျန်မြို့များနှင့် ဆက်သွယ်သွားရင်း ကုဗတုံးသဏ္ဍာန် ပေါ်လွင်လာသည်။

နတ်ဘုရားမြို့ခြောက်မြို့မှ ထိုးတက်လာသော အလင်းတန်းများမှာမူ မဟာတာအိုများ အတူတကွ လိမ်ယှက်နေသကဲ့သို့ သံကြိုးများသဖွယ် ဖွဲ့တည်နေသည်။

ဘုန်း

ထိုစဉ် ကောင်းကင်ထက်မှ နောက်ထပ်အလင်းတန်းများ ကျဆင်းလာပြီး ယဇ်ပလ္လင်ခြောက်ခု၏ အလယ်ဗဟိုသို့ ဆင်းသက်ကာ ... တစ်ထေရာတည်း တူနေသော နတ်ဘုရားခြောက်ပါးအသွင် ပြောင်းလဲသွားသည်။ သူတို့သည် ချင်မူ၊ သိကြားဗုဒ္ဓနှင့် လီရုံလန်ဆီသို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြ၏။

နတ်ဘုရားခြောက်ပါးကား ... ကောင်းကင်သခင်ဟန်မှတစ်ပါး အခြားမဟုတ်ပေ။

သူက လူခြောက်ကိုယ်ခွဲထားပြီး ခြောက်ကိုယ်စလုံးက သူ၏ခန္ဓာကိုယ်အစစ်အမှန်များ ဖြစ်ကြသည်။ ကိုယ်ပွားများ မဟုတ်ပေ။

ချင်မူက ပရမတ္တလှေအထက်တွင် ရပ်၍ သူတို့အားလုံးကို ဝေ့ကြည့်လိုက်သည်။ နတ်ဘုရားခြောက်ပါးအနက် တစ်ပါးချင်းစီတွင် ဝိညာဉ်သန္ဓေသား၊ မူလဝိညာဉ်၊ ဝိညာဉ်၊ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များ ပိုင်ဆိုင်ထားကြသည်။

သူတို့၏ခန္ဓာကိုယ်များသည်လည်း အလွန်ထူးဆန်းကြ၏။ အသွေးအသားကိုယ် ရှိသော်လည်း အသွေးအသားတို့မှာ ကုဗတုံးသေးသေးလေးများနှင့် ဖွဲ့တည်ထားသယောင် ထင်ရသည်။ ထိုကုဗတုံးသေးသေးလေးများ ပွန်းပဲ့သွားတိုင်း သို့မဟုတ် ထိခိုက်သွားတိုင်း သဲမှုန်များသဖွယ် ပြန့်ကြဲသွားပြီး သူ၏ရုပ်ခန္ဓာအား ပြန်တည်ဆောက်ပေးနိုင်ပုံရသည်။

သူ၏မူလဝိညာဉ်၊ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များသည်လည်း အချိန်မရွေး စိတ်တိုင်းကျ ပုံသဏ္ဍာန် ပြောင်းလဲနိုင်ကာ အလိုအလျောက် ပြန်တည်ဆောက်နိုင်ကြသည်။

‘ဒီကောင်းကင်သခင်ဟန်ရဲ့ ကျင့်စဉ်က အင်မတန် ထူးဆန်းတာပဲ’

ချင်မူ အံ့အားသင့်နေမိသည်။ ကောင်းကင်သခင်ဟန်သည် ကောင်းကင်နတ်ဘုံ၏ ဝင်္ကပါဆရာသခင်တစ်ဦး ဖြစ်လောက်၏။ ဝင်္ကပါပညာဖြင့် ကောင်းကင်နန်းဆောင်အဆင့်သို့ တက်ရောက်ပြီး ဧကရာဇ်ပလ္လင်အဆင့်သို့ပင် ရောက်ရှိနိုင်သည်။

ဝင်္ကပါကောင်းကင်နန်းဆောင်ဆိုသည်မှာ ကမ္ဘာခေတ်နှောင်း မဟာတာအို၏ ကောင်းကင်နန်းဆောင်ဟု ဆိုရပေမည်။ မျက်ကန်းက ဤနယ်ပယ်တွင် ဆရာတစ်ဆူ ဖြစ်ပြီး မကြာသေးခင်တုန်းကပင် ဝင်္ကပါကောင်းကင်နန်းဆောင်အား ဖော်ဆောင်နိုင်ခဲ့လေသည်။

သို့သော် ကောင်းကင်သခင်ဟန်ကား မျက်ကန်းထက်ပင် ဆောလျင်စွာ ဝင်္ကပါကောင်းကင်နန်းဆောင် ဖွဲ့တည်နိုင်ခဲ့၏။ ဧကရာဇ်ပလ္လင်အဆင့်သို့ မတက်ရောက်နိုင်သေးခြင်းသာ ရှိသည်။

သို့သော် သူ၏အခြေခံအရ ဧကရာဇ်ပလ္လင်အဆင့်နှင့် သိပ်မဝေးလောက်တော့ပေ။

ဝင်္ကပါလမ်းစဉ်တွင် သူ၏အောင်မြင်မှုက သူ့အား ဧကရာဇ်ပလ္လင်အဆင့်သို့ တွန်းပို့ပေးနိုင်သည်။

တစ်ခုသိရမည်မှာ ... ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်လေးဦးသည်ပင် ဝင်္ကပါပညာဖြင့် ဧကရာဇ်ပလ္လင်အဆင့်သို့ မတက်ရောက်ခဲ့ပေ။ ဉာဏ်ပညာဖြင့်သာ ဧကရာဇ်ပလ္လင်အဆင့် ရောက်သွားကြခြင်း ဖြစ်၏။ ကောင်းကင်သခင်ဟန်က ဝင်္ကပါပညာအရာ၌ နံပါတ်တစ်ပင် ဖြစ်လောက်သည်။

“ခံတပ်ကြယ်တာရာအရှင်သခင်ရဲ့ မဟာတာအိုမှန်သမျှကို တာအိုဘိုးဘေးကြီး ခွဲခြမ်းစိတ်ဖြာပြီးသွားလို့ သူ့ခံတပ်ဝင်္ကပါမှာ လျှို့ဝှက်ချက်တွေ မရှိတော့မှန်း ကောင်းကင်သခင်ဟန် မသိဘူးလား”

ချင်မူ့မျက်နှာအမူအရာသည် ထူးဆန်းနေ၏။ ကောင်းကင်သခင်ဟန်၏ ဝင်္ကပါမှာ နှိုင်းမရအောင် အနုစိတ်လှသော်လည်း ချင်မူအနေဖြင့် ခံတပ်နံရံဝင်္ကပါ၏ ဝင်္ကပါအမှတ်အသားမျိုးစုံကို နားလည်ထားပြီး ဖြစ်သည်။ ထိုမျှသာမက ထိုသင်္ကေတအမှတ်အသားများကိုလည်း ချိုးဖျက်နိုင်ချေရာ နတ်ဘုရားမြို့တစ်မြို့လုံးပင် ဖြစ်လင့်ကစား အရေးမကြီးပေ။

ကောင်းကင်သခင်ဟန်၏ ဝင်္ကပါပညာသည် ဆန်းပြားသော်လည်း ခေတ်နောက်ကျနေချေပြီ။ မျက်ကန်း၏ ဝင်္ကပါလမ်းစဉ်နှင့်ပင် မယှဉ်နိုင်ပေ။

ကောင်းကင်သခင်ခြောက်ပါးက ပြီးမြောက်တော့မည့် ပရမတ္တလှေကို ကြည့်ကာ ပြုံးနေကြသည်။ “ဒီနေ့က ငါ့အတွက်တော့ ရက်ရာဇာ ထင်တယ်... ပရမတ္တလှေနဲ့ဆို မဟာလေဟာနယ်နဲ့ ရွှင်ပျော်ပျော်ကျေးရွာကို ဖျက်စီးပစ်နိုင်ပြီ.. ဒါက ကောင်းကင်နတ်ဘုံအတွက် ကောင်းမှုအကြီးကြီးပဲ... ကောင်းကင်နတ်အရှင်မူကို သတ်နိုင်လိုက်ရင် ကောင်းမှုပေါ် ကောင်းမှုဆင့်သွားပြီ... ဒီကောင်းမှုနှစ်ခုနဲ့ ငါ့အဆင့်အတန်းက ကောင်းကင်ဆရာသခင်တွေ၊ ကောင်းကင်နတ်မင်းတွေထက်တောင် သာသွားပြီး ကောင်းကင်မြို့ဝန်သုံးပါးထဲက တစ်ပါး ဖြစ်လာနိုင်လိမ့်မယ်”

နတ်ဘုရားမြို့ခြောက်မြို့သည် မရေမတွက်နိုင်သော ပျားများ အုံဖွဲ့နေသည့် ပျားအုံကြီးများပမာ တုန်ခါလာကြ၏။ တခဏအတွင်း ကုဗတုံးများအတွင်းရှိ နတ်ဘုရားမိစ္ဆာတို့က ကိုယ်ဟန်အနေအထားများ၊ လက်ဟန်သိုင်းကွက်များနှင့် သင်္ကေတအမှတ်အသားများ ပြောင်းလဲလိုက်ကြသည်။ ဝင်္ကပါ၏ အခြေခံတည်ဆောက်ပုံကား ပြောင်းလဲသွားချေပြီ။

ကုဗတုံးပျားအုံကြီးခြောက်အုံအနက် ငါးအုံက သိကြားဗုဒ္ဓနှင့် ပရမတ္တလှေဆီ ဦးတည်သွားသည်။ တစ်အုံကား ချင်မူ့ဆီ ပြေးဝင်လာ၏။

ကောင်းကင်ဟန်သည် ပရမတ္တလှေနှင့် သိကြားဗုဒ္ဓအား ပိုမိုအရေးထား၏။ သူ့အမြင်အရ သိကြားဗုဒ္ဓ လီရုံလန်မှာ နတ်ကောင်းကင်ခန်းမအဆင့်ရှိ အဆင့်မြင့်သိုင်းပညာရှင် ဖြစ်သည်။ ခိုင်ဧကရာဇ်ခေတ်တုန်းကလည်း စစ်ဘုရင်တစ်ပါးအဖြစ် ကျော်ကြားခဲ့၏။ သိကြားဗုဒ္ဓကား အစွမ်းထက်သလို၊ တိုက်ပွဲများတွင် ပို၍ ထူးချွန်ပြောင်မြောက်ချေသည်။

ချင်မူကမူ ငယ်သေးသည်။ ကောင်းကင်နတ်အရှင်မူဆိုသော ဘွဲ့ကို ပိုင်ဆိုင်ထားသော်လည်း သူ၏သိုင်းအဆင့်မှာ မပြောပလောက်သေးပေ။ နတ်ဘုရားမြို့တစ်မြို့ဖြင့် ချင်မူ့အား တိုက်ခိုက်လိုက်ခြင်းကပင် သူ့ကို အထင်ကြီးပေးထားခြင်း ဖြစ်နေချေပြီ။

ချင်မူက တရဟော ပြေးဝင်လာနေသော ပျားများသဖွယ် ကုဗတုံးများဆီ ကြည့်လိုက်သည်။ ကုဗတုံးများအတွင်းရှိ နတ်ဘုရားမိစ္ဆာများက ကိုယ်ဟန်အနေအထားများ အဆက်မပြတ် ပြောင်းလဲရင်း ဝင်္ကပါကို အမြဲတစေ ပြောင်းလဲနေစေ၏။

ထိုကုဗတုံးပျားအထဲတွင် ကောင်းကင်သခင်ဟန်သည် ပျားဘုရင်မသဖွယ် ရှိနေပြီး တောင်တန်းများဖြင့် ဝန်းရံခံထားရ၏။ သူက ကျောနောက် လက်ပစ်လျက် ကုဗတုံးစင်မြင့်ထက်၌ ရပ်ကာ အခြေအနေကို ထိန်းချုပ်နေသည်။

ဝှစ်

ကုဗတုံးများက အဆက်မပြတ် ပြောင်းလဲလှည့်ပတ်နေရင်း နတ်ဘုရားမိစ္ဆာများကို ခေါ်ဆောင်သွားနေသည်။ ၎င်းတို့ ဖြတ်လာသည့်အခါ ပရမတ္တလှေအပေါ်ရှိ နန်းတော်များ၊ လမ်းများ၊ မြို့များ၊ တောင်တန်းများနှင့် မြစ်ချောင်းများပင်လျှင် ဝင်္ကပါစွမ်းအားကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေကုန်ကြ၏။

ကောင်းကင်သခင်ဟန်၏ ဝင်္ကပါကား ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်အားကောင်းပေသည်။

ကုဗတုံးများက နီးသထက် နီးကပ်လာကြပြီး ချင်မူ့အား ပတ်ပတ်လည်ဝိုင်းလိုက်သည်။ ချင်မူ အကဲခတ်လိုက်သည့်အခါ ကုဗတုံးများအတွင်းရှိ နတ်ဘုရားမိစ္ဆာများက သိက္ခာတော်ရ ဘုန်းတော်ကြီးများသဖွယ် စည်းစနစ်ကျနစွာဖြင့် လက်ဟန်သိုင်းကွက်များ၊ ကိုယ်ဟန်အနေအထားများနှင့် ချီစွမ်းအင်တို့အား ညီညီညွတ်ညွတ် ပြောင်းလဲနေကြကြောင်း မြင်လိုက်ရသည်။

သူတို့သည် ပျားဘုရင်မ ကောင်းကင်သခင်ဟန်၏ အမိန့်တော်အား မြေဝယ်မခ နားထောင်နေကြသော ပျားလုပ်သားများအလားပင်။

တခဏအတွင်း ဝင်္ကပါကား အကြိမ်တစ်ထောင် ပြောင်းလဲပြီးချေပြီ။ တစ်ကြိမ်မှလည်း ထပ်နေခြင်းမရှိပေ။ အလွန်ပင် အံ့အားသင့်ဖွယ်ရာကောင်း၏။ ဝင်္ကပါကို ချိုးဖျက်ရန်အသာထား၊ ဝင်္ကပါ၏ တည်ဆောက်ပုံကို ထိုးဖောက်မြင်မရပေ။

ကောင်းကင်သခင်ဟန်၏ အစွမ်းအစများက ထို့ထက် ပိုသေးသည်။

သူသည် ဝင်္ကပါဖြင့် လမ်းစဉ်သို့ ဝင်ရောက်ခဲ့သည့်အလျောက် ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ရန်သူ၏ သိုင်းကွက်များအပေါ် မူတည်၍ အလိုက်သင့်ပြောင်းလဲနိုင်၏။

ချင်မူ့အနား ရောက်လာလေလေ၊ သူ့အပြုံးက တောက်ပလာလေလေပင်။

သူကား ဤကောင်းမှုကြီးကား ခူးဆွတ်ပေတော့မည်။

ဤအခိုက်အတန့်တွင် ချင်မူက လက်သီးဆုပ်ကို ဖြည်းဖြည်းချင်း မြှောက်ကာ လက်ငါးချောင်းအား ဖြန့်ကားလိုက်သည်။ “မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ်”

ကောင်းကင်သခင်ဟန်မှာ အကြီးအကျယ် အံ့အားသင့်သွား၏။ ခမ်းနားကြီးမြတ်ပြီး ပြိုင်ဘက်ကင်းနေသည့် အသိစိတ်အလျဉ်တစ်ခုသည် သူ၏အသိစိတ်အလျဉ်အား မြက်ခြောက်လေးပမာ နင်းချေသွားပြီး ကုဗတုံးများအတွင်းရှိ နတ်ဘုရားမိစ္ဆာတို့နှင့် ဆက်သွယ်နေမှုအား ဖြတ်တောက်ပစ်လိုက်၏။

ကုဗတုံးမများက ရုတ်တရက် သူ့ဆီသို့ ဦးတည်လျက် စုဝေးလာကာ အသတ်အဖြတ်ဝင်္ကပါတစ်ခု ဖော်ဆောင်လိုက်သည်။

ကောင်းကင်သခင်ဟန်မှာ အံ့အားသင့်၍ မဆုံးသေးပေ။ နံရံဝင်္ကပါအတွင်းရှိ နတ်ဘုရားမိစ္ဆာအားလုံး ချင်မူ၏ အားကောင်းလှသော အသိစိတ်အလျဉ်ဖြင့် ထိန်းချုပ်ခံလိုက်ရပြီဖြစ်ကြောင်း သူ တွေ့လိုက်ရချေပြီ။

အသတ်အဖြတ်ဝင်္ကပါ၏ စွမ်းအားက တမုဟုတ်ချင်း ပေါက်ကွဲထွက်လာ၏။

ကောင်းကင်သခင်ဟန်၏ ရုပ်ခန္ဓာမှာ မဟားတရား ကားထွက်လာပြီး ရုပ်ခန္ဓာတည်ဆောက်ပုံလည်း ပရမ်းပတာ ပြောင်းလဲနေသည်။ သူက နံရံဝင်္ကပါ၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် ကြိုးစားသော်လည်း နောက်တခဏတွင် သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး မူလဝိညာဉ်လည်း ပေါက်ကွဲသွားသည်။ ကြောက်ခမန်းလိလိ အားလှိုင်းတို့ကြောင့် သူ၏ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များမှာ ပျက်စီးပြိုကွဲသွားတော့၏။

“ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို လျှော့တွက်လိုက်မိတယ်... ဒါပေမဲ့ ဒါမျိုး ထပ်မဖြစ်စေရဘူး”

ပေါက်ကွဲသွားသော ကောင်းကင်သခင်ဟန်၏ အစိတ်အပိုင်းများက သွေးရောင်အခိုးအငွေ့များအသွင် ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ မ‌ရေမတွက်နိုင်သော ကုဗတုံးလေးများသည် လေထဲတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက် သူ့ခန္ဓာကိုယ်အား ပြန်လည်တည်ဆောက်ပေတော့မည်။

ဤအခိုက်အတန့်တွင် ချင်မူက သူ့အရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ကို အသာအယာ လှုပ်ခါလိုက်သည့်အခါ ချင်မူ၏လည်ပင်းမှ ခေါင်းနှစ်လုံး ထွက်လာပြီး ချိုင်းအောက်မှ လက်လေးဖက် ထပ်ထွက်လာသည်။ သူကား လက်ခြောက်ဖက်ဖြင့် ကောင်းကင်သခင်ဟန်၏ ချိတ်ဆက်နေသော ခန္ဓာကိုယ်ထဲသို့ သင်္ကေတအမှတ်အသားများ ခတ်နှိပ်လိုက်၏။

All Chapters