လူတွေကြားက ပုံရိပ်ယောင်ပန်းမဟာ
Vol. 93 Ch. 1214
ချက်ချင်းဆိုသလို ချင်မူ့၏မျက်နှာအမူအရာ မည်းမှောင်သွားသည်။ ကောင်းကင်သခင်ဟန်သည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အမှန်တကယ် အစွမ်းထက်ကြောင်း ဝန်ခံရပေမည်။ မဟာရတနာငါးခု ပြိုကျသွားသည်နှင့် ကောင်းကင်သခင်ဟန်သည် နံရံ၀င်္ကပါထဲရှိ စစ်သားများအား ချင်မူ အဆိပ်ခတ်ခဲ့မှန်း သတိထားမိသွား၏။
ချင်မူ၏ အဆိပ်လမ်းစဉ်နှင့် ဆေးလမ်းစဉ်တို့သည် တစ်သားတည်း ဖြစ်နေသည့်အပြင် ဆေးဆရာဆီမှလည်း အမွေဆက်ခံရရှိခဲ့၏။ ဆေးဆရာက ဆေးကောင်းကင်နန်းဆောင်၏ တည်ထောင်သူဖြစ်သလို ဆေးလမ်းစဉ်ဖြစ်စေ၊ အဆိပ်လမ်းစဉ်ဖြစ်စေ ပြိုင်ဘက်ကင်းချေသည်။
ချင်မူ့၏ဆေးလမ်းစဉ်မှာ သူ့ထံမှ အမွေဆက်ခံထားသောကြောင့် သူကိုယ်တိုင် နားမလည်သည့်တိုင် ဆေးဆရာ၏ ဝိညာဉ်ဆေးလုံးက ဆေးလမ်းစဉ်၏ ကောင်းကင်နန်းဆောင်ကို တည်ဆောက်နိုင်အောင် ကူညီပေးခဲ့သည်။ ဆေးလမ်းစဉ်၏ ကောင်းကင်နန်းဆောင်ကို ရရှိပြီးနောက် ချင်မူ၏ ဆေးလမ်းစဉ်နှင့် အဆိပ်လမ်းစဉ်တို့အပေါ် နားလည်မှုမှာ အရှိန်အဟုန် မြင့်တက်သွားခဲ့လေသည်။
ဆေးလမ်းစဉ်နှင့် အဆိပ်လမ်းစဉ်တွင် ဆေးဆရာသည် နံပါတ်တစ် ဖြစ်၏။ ချင်မူ့မှာ သူ့ထက် နိမ့်ကျသော်လည်း အစွမ်းထက်နေသေးသည်။
ဖန်ဆင်းပညာနှင့် အသိစိတ်အလျဉ်ဖြင့် မြင်ယောင်ဖန်ဆင်းအတတ်ကို ပေါင်းစည်းလိုက်သည့်အခါ သူ့အနေဖြင့် စွမ်းအင်ဆေးလုံးများ၊ အဆိပ်ဆေးလုံးများ ဖော်စပ်ရန် ပရဆေးပင်များ၊ အဆိပ်များပင် မလိုအပ်တော့ပေ။ အဆိပ်တာအို၏ သင်္ကေတအမှတ်အသားများ သုံးကာ ရန်သူကို အဆိပ်ခတ်နိုင်သည့်အပြင် ဆေးတာအို၏ သင်္ကေတအမှတ်အသားများဖြင့် လူနာများကို ကုသပေးနိုင်သည်။
ကောင်းကင်သခင်ဟန်မှာ အစွမ်းထက်လွန်းပြီး ၀င်္ကပါပညာ၌ နတ်ကောင်းကင်ခန်းမအဆင့်အထိ ကျင့်ကြံထားသည့် မဟာသိုင်းပညာရှင်တစ်ဦးဖြစ်သဖြင့် ချင်မူ သူ့အား အဆိပ်မခတ်ခဲ့ချေ။ ထို့ကြောင့် သူ့တောင်ပံကို အရင်ချိုးရန် နံရံ၀င်္ကပါထဲရှိ စစ်သားများကို ဦးစွာ အဆိပ်ခတ်သတ်ဖို့ ရွေးချယ်ခဲ့သည်။
ဤသို့ဖြင့် ကောင်းကင်သခင်ဟန်မှာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသည်။
သို့သော် နောက်တခဏတွင် ကောင်းကင်သခင်ဟန်က စစ်တပ်၏ ၀င်္ကပါကို ပြောင်းလဲ၍ အဆိပ်လမ်းစဉ်၏ မဟာတာအိုသင်္ကေတများကို ချိုးဖျက်ခဲ့သည်။ မကြာမီ စစ်သားများ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်သင်္ကေတအမှတ်အသားများမှာ ပျက်စီး ပြာကျသွားတော့သည်။
“ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို ၀င်္ကပါပညာရဲ့ ဆန်းကြယ်နက်နဲမှုတွေ ပြသပေးမယ်”
ကောင်းကင်သခင်ဟန်က မာန်သွင်းအော်ဟစ်လိုက်ရာ ကုဗတုံးပျားအုံသည် ရုတ်တရက် ကောင်းကင်သခင်ဟန်ငါးဦးဆီသို့ ပြေးဝင်သွားကြ၏။
ကုဗတုံးထဲရှိ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများမှာ တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်သွားကြပြီး ကောင်းကင်သခင်ငါးဦး၏ ပတ်ပတ်လည်တွင် လူပုံစံ၀င်္ကပါတစ်ခု ဖွဲ့တည်လိုက်သည်။
ကောင်းကင်သခင်ငါးဦးသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်များက ကြီးထွားလာကြာလေသည်။
“ကောင်းကင်နတ်အရှင်မူ”
တောင်များသဖွယ် မြင့်မားနေသော ကောင်းကင်သခင်ငါးဦးက ချင်မူ့ကို ငုံ့ကြည့်လိုက်ကြသည်။ သူတို့၏အသံများက နားကွဲမတတ် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ “အရေးမပါတဲ့ အစစ်အမှန် နတ်ဘုရားတစ်ပါးအဆင့်ပဲ ရှိတဲ့ ကောင်လေးတစ်ယောက်က ငါ့ကို ၀င်္ကပါလမ်းစဉ်ရဲ့ စစ်သိုင်းကွက်တစ်ကွက်ကို အသက်သွင်းရလောက်တဲ့အထိ ဖိအားပေးနိုင်တာပဲ… မင်း ဂုဏ်ယူသင့်တယ်”
ဧရာမလူကြီးငါးယောက်၏ ခန္ဓာကိုယ်များပေါ်ရှိ ၀င်္ကပါများသည် တဝုန်းဝုန်း မြည်သံများဖြင့် ချိတ်ဆက်ပြောင်းလဲသွားကြပြီး အတွင်းထဲရှိ နတ်ဘုရားမိစ္ဆာတစ်ပါးချင်းစီ ဖော်ဆောင်လိုက်ကြသည့် သင်္ကေတများမှာ မတူညီကြပေ။
တစ်ယောက်ချင်းစီသည် လူသားတို့၏ခန္ဓာကိုယ်ကို ဖွဲ့တည်ပေးထားသည့် အခြေခံအကျဆုံး အမှုန်များအလားပင်။ သူတို့၏ ချီစွမ်းအင်များက သူတို့ခန္ဓာကိုယ်ကို ဖြတ်၍ ဧရာမလူကြီးများ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းနေကြသည်။
ဤသို့မှော်စွမ်းအားမျိုးမှာ ဧကရာဇ်ပလ္လင်အဆင့်စွမ်းအားနှင့် နီးကပ်ချေသည်။
ထိုမျှသာမက သူတို့၏အသိစိတ်အလျဉ်များကလည်း ယခုတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီး ကောင်းကင်နတ်သိုင်းများကား မဟာကောင်းကင်နတ်သိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ကြသည်။
၀င်္ကပါပညာအား ဤသို့အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်သူတစ်ယောက်အား ချင်မူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ သူ့မှာ ငေးမော၍ မရေရွတ်မိဘဲ မနေနိုင်ချေ။ “ဘိုးဘိုးမျက်ကန်းသာ ဒီနေရာမှာ ရှိနေပြီး ကောင်းကင်သခင်ဟန်လို ဝင်္ကပါသိုင်းကွက်တွေမှာ ဩချလောက်အောသင် ထူးချွန်တဲ့လူနဲ့ တွေ့ရင် ကလေးတစ်ယောက်လို အော်ဟစ်အားပေးပြီးတော့ သူ့ကို ၀င်္ကပါတွေနဲ့ပဲ အနိုင်ယူမှာပဲ…. ဒါပေမဲ့ ငါက ဘိုးဘိုးမျက်ကန်း မဟုတ်ဘူး”
သူက နောက်ဆုတ်မည့်အစား ရှေ့သို့တက်၍ ကောင်းကင်သခင်တစ်ဦးဆီ ပြေး၀င်သွားသည်။ ပြေးနေစဉ် သူ၏ ကောင်းကင်ရတနာနယ်ပယ်ကို အပြည့်အ၀ အသက်သွင်းလိုက်၏။
ကောင်းကင်သခင်ဟန်သည် အစွမ်းထက်လွန်းသောကြောင့် သူ၏တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်၏။
သူ၏ ကောင်းကင်ရတနာနယ်ပယ်က ပွင့်ဟလာပြီး ရွှမ်တု၊ ယိုတု၊ ဝင်ရိုးစွန်းလေးခု၊ ယွမ်တုနှင့် အခြားကမ္ဘာများ ပေါ်လွင်လာပြီး ထွန်းလင်းတောက်ပနေသော ကြယ်တာရာကောင်းကင်လည်း ဖြစ်တည်လာသည်။
ကောင်းကင်နတ်မြစ်က ကမ္ဘာလောကတစ်လျှောက် ဖြတ်သန်းစီးဆင်းလျက် ဆက်သွယ်ပေးထားသည်။
ချင်မူ ခြေနင်းထားသော နေရာသည် ဘိုးဘေးနန်းတော်ဖြစ်ပြီး ကောင်းကင်နန်းဆောင် ၁၆ ဆောင်က ဧရာမကောင်းကင်နတ်ဘုံကို ဖွဲ့တည်ပေးထားသည်။
ချင်မူမှာ အောင်အောင်မြင်မြင် ကျင့်ကြံခဲ့ပြီးကတည်းက သူ၏စွမ်းအားကို အပြည့်အ၀ထုတ်ဖော်ရန် အခွင့်အရေး မရခဲ့ချေ။ လင်းရွှမ်နှင့် ရှုရှန်းဟွာတို့အား တိုက်ခိုက်ခဲ့စဉ်ကပင် သူ၏ကိုယ်ပိုင်စွမ်းအားကို ထိန်းထားခဲ့ရသည်။
ယခုတွင် စွမ်းအား အပြည့်အ၀ထုတ်ဖော်ရန် အခွင့်အရေး ရချေပြီ။
အတိတ်တုန်းက ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းလိုက်၍ ပျက်စီးသွားလျှင် ပြန်လည်ဖွဲ့တည်ရခက်ရသောကြောင့် တွန့်ဆုတ်ခဲ့ဖူးသည်။ ကောင်းကင်ရတနာများက သူ၏အခြေခံအုတ်မြစ် မဟုတ်ပါလော။
သို့သော် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်းအား နားလည်သွားသည့်အခါ သေစေနိုင်သော ထိုးနှက်ချက်မဟုတ်သရွေ့ မည်သူမှ သူ့ကို အမှန်တကယ် သတ်နိုင်မည်မဟုတ်ပေ။
“ကောင်းကင်သခင်ဟန်၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ကြီးလွန်းတယ်… ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦး ရှိသင့်တဲ့ သွက်လက်ဖြတ်လတ်မှုမျိုး မရှိတော့ဘူး”
ချင်မူက ဟင်းလင်းပြင်ထဲ ဖြတ်သွားလိုက်ရင်း ကောင်းကင်သခင်ငါးဦး၏ ပူးပေါင်းတိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။ သူက တဟားဟား ရယ်လျက် ပြော၏။ “ခင်ဗျားမှာ နှိုင်းမရနိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပေမယ့် ၀င်္ကပါတွေ လှုပ်ရှားဖို့ အချိန်လိုအပ်တာ ခင်ဗျားမေ့သွားခဲ့တယ်… ကျုပ် ခင်ဗျားကို အဲ့ဒီအချိန် ပေးမှာမဟုတ်ဘူး”
ကောင်းကင်သခင်ငါးဦး၏ မှော်စွမ်းအင်မှာ များပြားလွန်းသည့်အပြင် ခွန်အားကလည်း ကြောက်စရာကောင်းသည်။ သူတို့၏လက်ဖဝါးများက တုန်လှုပ်ချောက်ချားဖွယ်ရာ အင်အားတို့ဖြင့် ဟင်းလင်းပြင်အား ရိုက်ချလိုက်သည်။
ချင်မူက ဟင်းလင်းပြင်ထဲမှ ခုန်ထွက်လိုက်ရင်း ကောင်းကင်သခင်တစ်ပါး၏ ခေါင်းနောက်တွင် ပေါ်လာသည်။ သူက ပြန်တိုက်ခိုက်ရန် ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။
ထိုကောင်းကင်နတ်သိုင်းသည်ကား ... ‘လူတွေကြားက ပုံရိပ်ယောင်ပန်းမဟာ’ ဆိုသော ကောင်းကင်နတ်သိုင်းပင်။ ယင်းကောင်းကင်နတ်သိုင်းသည် ကောင်းကင်နတ်သိုင်းဖြင် လမ်းစဉ်သို့ ဝင်ရောက်ပြီးနောက် ဖန်တီးနိုင်ခဲ့သော ပဉ္စမသိုင်းကွက် ဖြစ်၏။ (အပိုင်း ၁၀၂၄)
သူလက်ချောင်းများ တုန်ခါသွားသည့်အခါ ကြာပန်းတစ်ပွင့် ထွက်လာသည်။ ကြာပန်းသည် နှစ်ခြမ်း၊ နှစ်ခြမ်းမှ လေးခြမ်း ကွဲထွက်သွားပြီး ကောင်းကင်သခင်ဟန်၏ဘေးသို့ ရောက်သည့်အခါ ကြာပန်းပင်လယ် ဖြစ်နေချေပြီ။ မရေမတွက်နိုင်သော ကြာပန်းများက သူ့ခန္ဓာကိုယ်နေရာတိုင်းတွင် ကပ်နေကြသည်။
ကောင်းကင်သခင်ဟန်၏ ခန္ဓာကိုယ်ကို ဖွဲ့တည်ပေးထားသော ကုဗတုံးတို့အတွင်းရှိ နတ်ဘုရားမိစ္ဆာများမှာ သူတို့စွမ်းအားမှန်သမျှ စိမ့်ထွက်ကုန်ပြီး ကြာပန်းများ၏ စုပ်ယူခြင်းခံနေရသည်ကို ခံစားလိုက်ကြရသည်။
‘လူတွေကြားက ပုံရိပ်ယောင်ပန်းမဟာ’ ၏ အပြင်းထန်ဆုံး အားသာချက်သည် တစ်ဖက်လူ၏ ကောင်းကင်နတ်သိုင်းများနှင့် ၀င်္ကပါများကို ချိုးဖျက်နိုင်ခြင်း ဖြစ်၏။ ချင်မူသည် အရှေ့၀င်ရိုးစွန်း၏ နဂါးပိုင်နက်တွင် အဆင့်မြင့်သိုင်းပညာရှင်များအား အနိုင်ယူရန် ဤသိုင်းကွက်ကို တစ်ကြိမ် သုံးခဲ့ဖူးလေသည်။
“မီးကောင်းကင်ကိုးထပ်”
ကောင်းကင်သခင်ဟန်နောက်တစ်ဦးက ခုန်ထွက်လာပြီး ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ မရေမတွက်နိုင်သော ကုဗတုံးများက သူ၏ခန္ဓာကိုယ်မှ ပျံထွက်၍ ကောင်းကင်မီးeဝင်္ကပါအဖြစ် အသွင်ပြောင်းကာ ထိုကောင်းကင်နတ်သခင်ဟန်ကို လွှမ်းခြုံလိုက်၏။
ချင်မူ၏ ကောင်းကင်ရတနာများမှာ လုံးလုံးလျားလျား ဖြန့်ချထားပြီး ကောင်းကင်နန်းဆောင် ၁၆ ဆောင်ထဲတွင် မူလဝိညာဉ်များက ကောင်းကင်နတ်သိုင်းတစ်ခုတည်းကို အသက်သွင်းရန် ကောင်းကင်နန်းဆောင်များ၏ စွမ်းအားကို စုစည်းနေကြသည်
ကောင်းကင်နန်းဆောင် ၁၆ ဆောင်က လှည့်ပတ်လာရင်း ထိုက်ကျိစက်၀န်းပုံစံ ပြောင်းလဲကာ ဒုတိယကောင်းကင်သခင်ဟန်ကို လွှမ်းခြုံလိုက်သည်။
ကောင်းကင်သခင်ဟန်မှာ ချင်မူ၏ လူတွေကြားက ပုံရိပ်ယောင်ပန်းမဟာကို ချိုးဖျက်ရန် မီးကောင်းကင်ကိုးထပ်ကို အသက်သွင်းလိုက်သည့်အချိန်မှာပင် ချင်မူ၏ မဟာကောင်းကင်နတ်သိုင်းဖြင့် အုပ်မိုးခံလိုက်ရတော့သည်။
ချင်မူ့ဘိုးဘေးနန်းတော်ထဲရှိ ထိုက်ကျိကျောက်တုံးတွင်းသည် ရုတ်တရက် တုန်ရီလာပြီး ယင်ယန်တာအိုက ထိုက်ကျိကျောက်တုံးတွင်းထဲမှ ပေါက်ကွဲထွက်လာ၏။ ကောင်းကင်သခင်ဟန်၏ ခန္ဓာကိုယ်မှာ ချက်ချင်း အဖြူ၊ အမည်းလေနှစ်ဝေ့အဖြစ် ပြောင်းလဲခံလိုက်ရကာ ထပ်မံ မပေါင်းစည်းနိုင်တော့ချေ။
ယင်းက ချင်မူ၏ ကိုးကွက်မြောက် ကောင်းကင်နတ်သိုင်း ထိုက်ကျိသဏ္ဍာန်ပင်။
ယင်းထိုက်ကျိသဏ္ဍာန်သိုင်းကွက်သည် ထိုက်ကျိ (ယင်နှင့်ယန်) အပေါ် အခြေခံထား၏။ ချင်မူ၏ မဟာကောင်းကင်နတ်သိုင်းက ရုပ်ခန္ဓာကို ယင်နှင့်ယန်ချီအဖြစ် ပြောင်းလဲကာ ဝိညာဉ်အား အပြီးတိုင်ပျောက်ကွယ်သွားစေနိုင်သည်။
သို့သော် ထိုကောင်းကင်သခင်ဟန် မပျောက်ကွယ်သွားခင် ကျန်ကောင်းကင်သခင်ဟန်သုံးယောက်က ချင်မူ၏ ကောင်းကင်ရတနာနယ်အတွင်းထဲသို့ သတ်ဖြတ်ဝင်ရောက်သွားကြပြီဖြစ်သည်။ သူတို့၏ ကောင်းကင်နတ်သိုင်းများက ရွှမ်တု၊ ကောင်းကင်နယ်စားမင်းချင်မူနှင့် မဟာတာအိုတို့ကိုပင် ဖျက်စီးလိုက်၏။
ထို့နောက် ယိုတု ပြိုကျသွားပြီး မြေအောက်ဘုံအရှင်သခင်ချင်မူ သေဆုံးသွားသည်။
တစ်ဆက်တည်းမှာပင် ယွမ်တုလည်း အက်ကွဲလာပြီး မူလသစ်ပင် ကျိုးကျသွားသည်။ ကောင်းကင်ယင်ကမ္ဘာမှာ ကြေမွသွားပြီး အဆုံးသတ်မြို့ပျက် ပျက်စီးသွား၏။
ကောင်းကင်သခင်သုံးပါးက ဘိုးဘေးနန်းတော်အတွင်းထဲသို့ ထိုးဖောက်တိုက်ခိုက်လာပြီး ကောင်းကင်နန်းဆောင်များကို ဖြိုခွင်းနေသည်။ အသိစိတ်အလျဉ်ကောင်းကင်နန်းဆောင်ထဲရှိ ချင်မူ၏အသိစိတ်အလျဉ်ပင် သူတို့၏ ပြိုင်ဘက်မဟုတ်ပေ။
သူတို့၏အသိစိတ်အလျဉ်များက တရှိန်ထိုး ထွက်ပေါ်လာရင်း အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်ကို အလွယ်တကူ ဖျက်စီးလိုက်တော့သည်။
ချင်မူက သူတို့၏ခန္ဓာကိုယ်သုံးခုနှင့် နံရံသုံးခုကို ဖျက်စီးထားသော်လည်း ကောင်းကင်သခင်ဟန်တို့သည် အသာစီးရနေသေး၏။
ကောင်းကင်သခင်ဟန်သုံးယောက်က ဘိုးဘေးနန်းတော်၏ အလယ်ဗဟိုကို တိုက်ခိုက်ပြီး ချင်မူ့ကို သတ်ဖြတ်ရန် ပူးပေါင်းထားကြသည်။
ချင်မူမှာ အကောင်းဆုံး ကြိုးစားခုခ့နေသော်လည်း နောက်တခဏတွင် ကောင်းကင်သခင်ဟန်သုံးယောက်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေကာ ငါးဖယ်လုံးပမာ ဖြစ်သွားသည်။
“နောက်ဆုံးတော့ သူ သေသွားပြီ”
ကောင်းကင်သခင်ဟန်သုံးယောက်က အသားစများအရှေ့၌ ရပ်ကာ သက်ပြင်းချနေကြသည်။ သူတို့ထဲမှ တစ်ယောက်က တင်းမာခက်ထန်နေသော မျက်နှာထားဖြင့် ပြော၏။ “အစစ်အမှန်နတ်ဘုရားအဆင့်နဲ့ ဒီလောက် အစွမ်းထက်နေတဲ့သူမျိုး ပထမဆုံး မြင်ဖူးတာပဲ.. သူက ငါ့နံရံဝင်္ကပါထဲက စစ်သည်တော်တစ်ဝက်ကျော်ကို ဖျက်စီးခဲ့တဲ့အပြင် ငါ့အစစ်အမှန်ခန္ဓာသုံးခုကိုတောင် သတ်ဖြတ်နိုင်ခဲ့တယ်...”
ရုတ်တရက် ဓားထိပ်တစ်ခုသည် သူ၏ခန္ဓာကိုယ်ကြီးဆီသို့ ပြေးဝင်လာကာ နှလုံးသားကို ဖြတ်၍ နောက်ကျောမှ ဖောက်ထွက်သွား၏။