သိကြားဗုဒ္ဓလီရုံလန်၏ အကျင့်စရိုက်
Vol. 93 Ch. 1215
ကောင်းကင်သခင်ဟန်၏ နှလုံးသားကို ဖောက်၍ နောက်ကျောမှ ထွက်သွားသော ဓားသည်ကား... ချင်မူ၏ ကပ်ဘေးရင်ဆိုင်ဓားပင်။ ဓားက ကောင်းကင်သခင်ဟန်၏ ကောင်းကင်နန်းဆောင်ကို ဦးစွာ ဖောက်ထွက်သွားပြီးနောက် ကောင်းကင်တံတားကို ချိုးဖျက်၍ ကောင်းကင်နတ်အသွင်ကို ထိုးခွင်းလိုက်ရင်း သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ပျက်စီးသွားစေသည်။ သူ၏ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာများကား ရစရာမရှိတော့ပေ။
ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များ ပြိုကျသွားသည်နှင့် သူ၏ရုပ်ခန္ဓာမှာလည်း အတွင်းရှိ စွမ်းအား၏ဖိနှိပ်မှုကြောင့် ပေါက်ကွဲသွားသည်။
သို့သော် ကောင်းကင်သခင်ဟန်သည် ၀င်္ကပါဖြင့် လမ်းစဉ်သို့ ၀င်ရောက်နိုင်သည့်အဆင့်အထိ ကျင့်ကြံခဲ့လေရာ ၀င်္ကပါအမှတ်အသားများ မသေဆုံးသွားသရွေ့ သူလည်း မသေဘဲ အချိန်မရွေး ပြန်လည်ဖွဲ့တည်နိုင်ချေသည်။
ကောင်းကင်သခင်ဟန်ကား ချင်မူ့ကပ်ဘေးဓား၏ တတိယဓားကွက်အတွက် ရန်သူတော်ဟုပင် ပြောနိုင်၏။
သို့သော် ချင်မူ၏အစွမ်းအစများသည် ဤမျှသာမဟုတ်။ သူ၏ဓား ကောင်းကင်သခင်ဟန်၏ ခန္ဓာကိုယ်ထဲ ထိုးစိုက်လိုက်သည်နှင့် နံရံဝင်္ကပါကို ထိန်းချုပ်ပေးနိုင်သော သင်္ကေတများလည်း ကောင်းကင်သခင်ဟန်၏ ခန္ဓာကိုယ်ထဲ ၀င်ရောက်လိုက်ကာ သူ၏ဝင်္ကပါပညာအား ပိတ်ဆို့လိုက်သည်။
ကောင်းကင်သခင်ဟန် နောက်တစ်ဦးကား လဲကျသေဆုံးသွားချေပြီ။
ကျန်ကောင်းကင်သခင်ဟန်နှစ်ဦးမှာ သတိအနေအထား ဖြစ်သွားကြပြီး ဤဓား မည်သည့်နေရာမှ လာသည်လဲ သိရရန် ဟိုဟိုသည်သည် ကြည့်နေကြသည်။
မကြည့်လျှင် သိမည်မဟုတ်သော်လည်း ကြည့်မိသည့်အခါ နှလုံးသားများ အေးခဲသွားကြလေသည်။
သူတို့ ဖျက်စီးလိုက်သည့် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ကား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားချေပြီ။ ကောင်းကင်နန်းဆောင်များသည် မည်သို့မျှ မဖြစ်ပျက်ခဲ့သည့်အလား မျောလွင့်လျက် ကောင်းကင်နတ်ဘုံကို ဖွဲ့တည်ပေးထား၏။ ချင်မူ၏ မူလဝိညာဉ်များလည်း ဖွဲ့တည်နေပြီး နေ၊ လ၊ ကြယ်တာရာများနှင့် ရွှမ်တုကား ကောင်းကင်ထက်တွင် ပြန်လည်စိုးမိုးးနေချေသည်။ ယိုတုသည်လည်း ယွမ်တုထက်ပင် ပို၍လျင်မြန်စွာ ပြန့်ကားလာနေပီး ကမ္ဘာဦးသစ်ပင်မှာလည်း စိမ်းလန်းဝေဆာစွာဖြင့် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးထားသည်။ မည်သည့်အရာမှ တစ်ကြိမ်တစ်ခါမှ အဖျက်စီးမခံရသကဲ့သို့ပင်။
၀င်ရိုးစွန်းလေးခု၊ ယိုတု၊ ကောင်းကင်ယင်ကမ္ဘာ၊ ရွှမ်တုနှင့် ဘိုးဘေးနန်းတော်ပင်လျှင် အကောင်းပကတိအတိုင်း ဖြစ်နေသည်။ ကောင်းကင်နတ်မြစ်က ကျယ်ပြောခမ်းနားစွာဖြင့် ကမ္ဘာလောကများတစ်လျှောက် ဖြတ်သန်းစီးဆင်းနေသည်။ ရှေးဟောင်းနတ်ဘုရားချင်မူများက ကိုယ်ပိုင်နန်းတော်များအတွင်း၌ ရပ်၍ ကောင်းကင်ရတနာနယ်ပယ်ထဲရှိ နိယာမများကို ထိန်းချုပ်နေကြသည်။
စောစောက ဓားကား ချင်မူ့ကောင်းကင်ရတနာဆီမှ မဟာကောင်းကင်နတ်သိုင်းတစ်ကွက် ဖြစ်သည်။
“ကောင်းကင်သခင်ဟန်၊ ခင်ဗျားမှာ အစစ်အမှန်ခန္ဓာကိုယ် ဘယ်နှကိုယ် ရှိလဲ”
အသံတစ်သံ ထွက်ပေါ်လာသဖြင့် ကောင်းကင်သခင်ဟန်နှစ်ဦးမှာ ထိတ်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။ သူတို့ ဖွတ်ဖွတ်ညက်ညက်ကြေအောင် ထုရိုက်ခဲ့သည့် ချင်မူကား သူတို့ရှေ့၌ အကောင်းပကတိအတိုင်း ရပ်နေပြီး မြေပြင်ပေါ်ရှိ အသားစများမှာ အစအနပင် မရှိတော့ပေ။
ချင်မူမှာ ပြီးပြည့်စုံသော အခြေအနေအတိုင်း ရှိနေသည်။ ပင်ပန်းနေပုံမပေါ်သလို ဒဏ်ရာများလည်း မရှိနေချေ။
ကောင်းကင်သခင်ဟန်နှစ်ဦးသည် ချက်ချင်း နောက်ဆုတ်၍ ခန္ဓာကိုယ်များကို ပူးကပ်ကာ တစ်ကိုယ်တည်း ပေါင်းလိုက်၏။ နံရံ၀င်္ကပါများသည်လည်း ပေါင်းစည်းသွားပြီး ပို၍ကြီးမားသော ဧရာမလူကြီးအသွင် ဖြစ်လာသည်။
ဤဧရာမလူကြီး၏ ခွန်အားက ပို၍ပင် သန်မာချေသည်။ မဟာနံရံ၀င်္ကပါနှစ်ခု ပေါင်းစည်းထားခြင်း မဟုတ်ပါလော။ ကောင်းကင်နတ်သိုင်း၏ တုံ့ပြန်နိုင်စွမ်းက ပို၍နှေးကွေးသော်လည်း ကောင်းကင်နတ်သိုင်း၏ စွမ်းအားက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလာသည်။ တိုက်ကွက်တစ်ကွက်တည်းဖြင့် ၎င်းသည် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ကို ဖောက်ထွက်ကာ အပြင်သို့ ပြေးထွက်သွား၏။
သူ့မှာ ဆက်လက် မတိုက်ခိုက်ရဲတော့ချေ။
ယခင်အတိုင်းသာဆိုလျှင် သူ၏ အစစ်အမှန်ခန္ဓာကိုယ်ခြောက်ကိုယ်ဖြင့် ဆက်လတ်တိုက်ရဲပေလိမ့်မည်။ သို့သော် ယခုတွင် အစစ်အမှန်ခန္ဓာကိုယ်လေးကိုယ်မှာ ချင်မူ့လက်ထဲတွင် သေဆုံးသွားခဲ့ချေရာ သူ့အနေဖြင့် အသက်မစွန့်စားရဲတော့ပေ။
ချင်မူ့လက်ချောင်းများ လှုပ်ရှားသွားသည့်အခါ ကောင်းကင်နန်းဆောင် ၁၆ ဆောင်သည် စက်ဝန်းသဏ္ဍာန် လှည့်ပတ်လျက် ကောင်းကင်သခင်ဟန်ကို ဖုံးလွှမ်းသွားသော ထိုက်ကျိစက်၀န်းအသွင် ပြောင်းလဲသွားသည်။
ထိုက်ကျိသဏ္ဍာန် ကောင်းကင်နတ်သိုင်း
ကောင်းကင်သခင်ဟန်ကို ဖွဲ့တည်ထားသည့် ကုဗတုံးများအတွင်းရှိ နတ်ဘုရားမိစ္ဆာများမှာ ယင်ယန်ချီများအဖြစ် ပြောင်းလဲချေမှုန်းခံရနေသောကြောင့် သူ၏ခန္ဓာကိုယ်ထဲမှာ သွေးရူးသွေးတန်း ထွက်ပြေးကုန်ကြသည်။ ထို့ကြောင့် ကောင်းကင်သခင်ဟန်မှာ အရွယ်အစား ကျုံ့ဝင်သွားကာ သေးငယ်လာတော့သည်။ သို့သော် နောက်တခဏတွင် သူ၏ ကောင်းကင်နတ်သိုင်းက ပေါ်ထွက်လာပြီး ချင်မူ၏ ကောင်းကင်နန်းဆောင်သုံးဆောင်အား တစ်ချက်တည်းဖြင့် ဖောက်ထွက်သွား၏။ သူက ကောင်းကင်နန်းဆောင်သုံးဆောင်နှင့် ၎င်းတို့အထဲရှိ ချင်မူ့မူလဝိညာဉ်သုံးခုကို အစိတ်စိတ်အမွှာမွှာ ခွဲခြေရင်း ထွက်ပြေးလွတ်မြောက်သွားသည်။
ချင်မူလည်း သူ့ကြောင့် အံ့အားသင့်သွားမိသည်။ သူက ချက်ချင်း လက်မြှောက်၍ ဓားကို လွှဲရမ်းလိုက်ရင်း ဓားကောင်းကင်ဘုံ ၃၃ ဘုံနှင့်အတူ ကောင်းကင်သခင်ဟန်၏ နောက်ကျောဆီသို့ ပိုင်းချလိုက်သည်။
ကောင်းကင်သခင်ဟန်က ဒေါသတကြီး ဟိန်းဟောက်၍ သူ၏လက်အား နောက်ပြန်လွှဲရမ်းလိုက်သည်။ သူ့လက်မောင်းမှာ အပိုင်း ၃၄ ပိုင်းအဖြစ် အစိတ်စိတ်အမွှာမွှာ ပြတ်ထွက်သွားလေသည်။
သူက ရှေ့သို့ ဆက်ပြေးသွားရင်း သူ့လက်မောင်းများကို ဖွဲ့တည်ပေးထားသည့် နတ်ဘုရားမိစ္ဆာတို့အား ချန်ရစ်ခဲ့သည်။
နံရံ၀င်္ကပါမှာ ကောင်းကင်နတ်ဘုံ၏ စစ်တပ်တစ်တပ် ဖြစ်ပြီး နတ်ဘုရားမိစ္ဆာများ၏ သိုင်းအဆင့်မှာ မမြင့်မားလှချေ။ အများစုမှာ အစစ်အမှန်နတ်ဘုရားနှင့် နဂါးသွဲ့ရေကန်အဆင့် နတ်ဘုရားများသာ ဖြစ်ကြပြီး သေသေ၊ရှင်ရှင် သူ့အသက်လောက် အရေးမပါချေ။
မြေအောက်ဘုံအရှင်သခင် ချင်မူက ငရဲမြစ်ကို ကြာပွတ်သဖွယ် ဝှေ့ယမ်းလျက် ကောင်းကင်သခင်ဟန်ကို ရစ်ပတ်လိုက်ကာ ဝင်္ကပါ၏ ယန်ဝိညာဉ်သုံးခုနှင့် ယင်ဝိညာဉ်ခုနစ်ခုအား ဖြိုချပစ်လိုက်သည်။
ကောင်းကင်နယ်စားမင်းချင်မူက ကောင်းကင်ထက်တွင် ပေါ်လာပြီး ကောင်းကင်တာအို ၄၉ ခုကို အသက်သွင်းလျက် ကောင်းကင်သခင်ဟန်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဖောက်ကွဲပစ်လိုက်၏။ ကောင်းကင်မီးလျှံက နံရံ၀င်္ကပါထဲရှိ မိစ္ဆာနတ်ဘုရားများကို သေသည်အထိ မီးလောင်တိုက်သွင်းလိုက်သည်။
ကမ္ဘာဦးသစ်ပင်သည် ယိမ်းနွဲ့တိုက်ခတ်လိုက်ရင်း သူ၏ အရေပြားနှင့် အသွေးအသားတို့ကို စုတ်ပြဲသွားစေသည်။
၀င်ရိုးစွန်းလေးခု၏ နတ်မင်းလေးပါးဖြစ်သော ချင်မူလေးယောက်က နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့အသွင်ဖြင့် ဝင်ရောက်တိုက်ခိုက်သည်။ ကြယ်တာရာအရှင်သခင်များသည်လည်း ကောင်းကင်ပိုက်ကွန်ကို ဖြန့်ကျက်ချလိုက်ရာ နတ်ဘုရားမိစ္ဆာတို့၏ ထောင်ချီသော မူလဝိညာဉ်များ အစိတ်စိတ်အမွှာမွှာ ကြေမွကုန်တော့သည်။
သို့ထိတိုင် ကောင်းကင်သခင်ဟန်၏ အမြန်နှုန်းမှာ အရှိန်ကျမသွားပေ။ သူ ဖြတ်သွားသည့်အခါ ကမ္ဘာဦးသစ်ပင်မှာ ကျိုးကျသွားပြီး ငရဲမြစ် ပြတ်တောက်သွား၏။ ကောင်းကင်ယင်နတ်ဘုရားမချင်မူလည်း သေဆုံးပြီး ၀င်ရိုးစွန်းလေးခု၏ ချင်မူများ ခေါင်းပြတ်ထွက်ကုန်သည်။
ကောင်းကင်သခင်ဟန်၏ ထိုးဖောက်သွားမှုကြောင့် ကောင်းကင်နယ်စားမင်းချင်မူပင်လျှင် ရွှမ်တုမှ ပြုတ်ကျလာခဲ့၏။
ချင်မူ သက်ပြင်းချလိုက်မိသည်။ “ငါ့ရဲ့ အစွမ်းအစတွေက လိုအပ်နေသေးတာပဲ…. ငါ့ ကောင်းကင်နတ်သိုင်းက ဒီနေရာမှာဆိုပေမယ့် ငါ့သိုင်းအဆင့်က မရောက်သေးဘူး… ငါ ကောင်းကင်သခင်ဟန်ကို အနိုင်ယူနိုင်ပေမယ့် သူ့ကို လုံး၀မသတ်နိုင်ဘူး”
ကောင်းကင်သခင်ဟန်သည် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှ တိုးထွက်၍ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးတော့သည်။ သူက ကြိမ်းဝါးသွားလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့အပေါ်မှာ အမှားအကြီးကြီး ကျူးလွန်မိတာပဲ…. ငါ အားပြန်ပြည့်လာရင် မင်း ဘယ်တော့မှ လူပြန်မ၀င်စားနိုင်အောင် လုပ်ပစ်မယ်”
သူ့စကားမဆုံးခင်မှာပင် သူ့အရှေ့၌ ရပ်နေသည့် ကြည်ညိုဖွယ်ကောင်းသော ဗုဒ္ဓတစ်ပါးကို တွေ့လိုက်ရသည်။ ဗုဒ္ဓကား သိကြားဗုဒ္ဓလီရုံလန်မှလွဲ၍ အခြားသူမဟုတ်ပေ။
ချင်မူနှင့် သူ တိုက်ခိုက်နေစဉ် သိကြားဗုဒ္ဓလီရုံလန်သည် ပရမတ္တလှေအား ပြင်ဆင်ပြီးခဲ့လေပြီ။
ကောင်းကင်သခင်ဟန်မှာ ခန္ဓာကိုယ်ကြီးမားလွန်းသဖြင့် သူ၏ရွေ့လျားမှုကို မထိန်းချုပ်နိုင်ချေ။ သူ့မှာ အံ့ကြိတ်၍ ရှေ့သို့ဆက်သွားရုံသာ တတ်နိုင်သည်။ သူ့ခန္ဓာကိုယ်၏ ကုဗတုံးများမှာ ကွဲကြေလျက် တဖွဲဖွဲ ပြုတ်ကျနေသည်။
နံရံ၀င်္ကပါနတ်ဘုရားမိစ္ဆာမှာ ကောင်းကင်ရတနာနယ်ပယ်ထဲတွင် ဒဏ်ရာရခဲ့သဖြင့် ၀င်္ကပါနံရံ၏ အလုပ်လုပ်မှုအပေါ် သက်ရောက်ခဲ့ခြင်း ဖြစ်သည်။
သိကြားဗုဒ္ဓလီရုံလန်သည် လေးနက်တည်ကြည်နေ၏။ ကောင်းကင်သခင်ဟန် အနားရောက်လာသည့်အခါ သူ့မျက်နှာပေါ်ရှိ ဗုဒ္ဓရုပ်သွင်တွင် ဒေါသအမျက်များ ပေါ်လွင်လာသည်။ ဒေါသမီးတောက်များက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တဟုန်းဟုန်း တောက်လောင်လာကြသည်။
သူသည် ကံတိုက်ဆိုင်၍ ဗုဒ္ဓတစ်ပါး ဖြစ်လာခဲ့သော်လည်း သူ့နှလုံးသားထဲရှိ ခံစားချက်များမှာ နားလည်ရန် ခက်ခဲလွန်း၏။ သူ့မျိုးနွယ်၀င်များ တိုက်ခိုက်ခံရသည့်အချိန်တုန်းက မျိုးနွယ်၀င်များကို သတ်ဖြတ်ခဲ့သူက ဇာမဏီနတ်မင်းချီရှားယွဲ့ဟု ထင်ခဲ့သည့်အတွက် ၀မ်းနည်းကြေကွဲစွာဖြင့် ဘုန်းကြီးဝတ်ခဲ့ခြင်း ဖြစ်သည်။
ဇာမဏီနတ်မင်းကို ချောက်တွန်းခဲ့သူမှာ ကောင်းကင်သခင်ဟန် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
“ကောင်းကင်သခင်ဟန်၊ ငါ့ကို ဘာလို့ ကောင်းကင်စစ်ဘုရင်လို့ ခေါ်ကြလဲ မသိချင်ဘူးလား”
လီရုံလန့်မျက်နှာပေါ်ရှိ ဒေါသသည် သူ့နှလုံးသားထဲရှိ ဒေါသ၏ တစ်ပိုင်းတစ်စကိုသာ ကိုယ်စားပြုနိုင်၏ ဤအခိုက်အတန့်တွင် ဒေါသများက ပေါက်ကွဲထွက်လာပြီး သူ၏ ဗုဒ္ဓသဘာ၀၊ ဗုဒ္ဓဓမ္မနှင့် ဗုဒ္ဓဝါဒမှန်သမျှ ဒေါသထွက်နေသော ဘုရင်တစ်ပါး၏ အမျက်အာဃာတ၊ ဒေါသတို့အဖြစ် ပြောင်းလဲကုန်ကြသည်။
ဒေါသမီးတောက်များက ကောင်းကင်ကို မီးလောက်တိုက်သွင်းလျက် လေထုကို ပုံပျက်လာစေသည်။ မီးတောက်များထဲတွင် ချင်မူမှာ မရေမတွက်နိုင်သော ဗုဒ္ဓများကို တွေ့နေရ၏။ သို့သော် သူတို့မှာ ဗုဒ္ဓနှင့်မတူဘဲ ဗုဒ္ဓနှင့် နတ်ဆိုးအကြား တစ်နေရာတွင် ဖြစ်တည်နေကြသည်။
ကောင်းကင်စစ်ဘုရင်၏ ဒေါသမီးတောက်များကား ပန်းပဲဆရာ၏ မီးဖိုမှ မီးတောက်များအလားပင်။ အနီရောင်မီးတောက်၊ အစိမ်းရောင်မီးတောက်၊ အဖြူရောင်မီးတောက်တို့ဖြင့် အရောင်အသွေးများ စုံလင်နေကြသည်။
သိကြားဗုဒ္ဓက ကောင်းကင်သခင်ဟန်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ကောင်းကင်စစ်ဘုရင်၏ ဒေါသမီးရိပ်တို့က သူ့မျက်နှာတွင် ထင်ဟပ်နေ၏။ သူသည် မခံ့ညားတော့သလို သူ့ခန္ဓာကိုယ်တည်ဆောက်ပုံမှာလည်း ထူးဆန်းစွာ ပြောင်းလဲသွားသည်။ သူ့တွင် လက်တစ်ထောင် ပေါက်လာချေပြီ။
သူ့လက်နက်မှာ ဘုန်းကြီးတောင်ဝှေး မဟုတ်သလို ဗုဒ္ဓပုတီးစေ့များလည်း မဟုတ်တော့ချေ။ ထိုအစား ယင်းက တူတစ်လက်၊ ဓားကောက်တစ်ချောင်း၊ ပုဆိန်တစ်လက်နှင့် သူ သွန်းလုပ်နိုင်သမျှ လက်နက်အမျိုးအစား အားလုံးဖြစ်လေသည်။
လက်တစ်ထောင်၊ နတ်လက်နက် အမျိုးအစားတစ်ထောင်။
ဤသည်က သူ၏ ရောင်ဝါဘုရင်မင်း ချပ်ဝတ်တန်ဆာ ဖြစ်သည်။
သူသည် ယခင်က ခိုင်ဧကရာဇ်အတွက် လက်နက်များ သွန်းလုပ်ပေးရသော ကောင်းကင်စက်မှုလက်မှုပညာသည်တစ်ဦး ဖြစ်ခဲ့၏။ ပန်းပဲဆရာတစ်ဦး ဖြစ်ခဲ့သော်လည်း ချောမောခံ့ညားသော ရုပ်သွင် ရှိလေသည်။
သူ့ဘ၀တွင် လက်နက်များစွာ သွန်းလုပ်ခဲ့ဖူးသည်။ ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားပင်လျှင် သူ့လက်ရာ ဖြစ်သည်။ ကောင်းကင်စက်မှုလက်မှုပညာသည်တစ်ဦးအနေဖြင့် လက်နက်တစ်ခုချင်းစီ၏ စွမ်းရည်နှင့် သဘာ၀ကို နားလည်ခြင်းက သူ၏ကျွမ်းကျင်ရာအတတ်ဟု ဆိုရပေမည်။
သူ ကောင်းကင်စစ်ဘုရင် ဖြစ်လာခဲ့သည့် အကြောင်းရင်းမှာ ခိုင်ဧကရာဇ်လက်အောက်ရှိ နတ်ဘုရားများ ကိုင်ဆောင်နိုင်အောင် ထိပ်တန်းနတ်လက်နက်များ သွန်းလုပ်ပေးခဲ့ခြင်းကြောင့်သာ မဟုတ်၊ ပန်းပဲဆရာလီရုံလန်သည် ဒေါသူပုန်ထပြီး သူ သွန်းလုပ်ထားသည့် နတ်လက်နက်များကို ကိုင်ဆောင်လိုက်ပါက ကြောက်မက်ဖွယ်ရာ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်လာတတ်သောကြောင့်ပင်။
ထိုအခြေအနေရောက်သွားသော လီရုံလန်ကား လူသတ်လက်နက်တစ်လက်သာ ဖြစ်လေ၏။