ငယ်ထိပ်ပေါ်က အမွှေးတိုင်
Vol. 93 Ch. 1218
မိန်းကလေး၏ အမေးကို ရွှယ့်ရန်က အပြုံးလေးဖြင့် ဖြေသည်။ “ကောင်းကင်နတ်အရှင်နှစ်ယောက်ကို မပြောခဲ့ဘူးတဲ့လား.. ကောင်းကင်နတ်အရှင်နှစ်ယောက်ကို ငါတို့ပြောလိုက်ရင် ငါတို့ ပြန်သွားတာနဲ့ အရှင့်မိဖုရားက ငါတို့ကို သေအောင် ရိုက်သတ်လိမ့်မှာ မဟုတ်လား.... အရှင့်မိဖုရားက ဒီနေရာကို ခိုးဝင်ခိုင်းခဲ့ပြီး သူ့အစီအစဉ်ကို အကောင်အထည် ဖော်ခိုင်းခဲ့တယ်... ငါတို့က အရှင့်မိဖုရားရဲ့ လူတွေ... သူက ငါတို့ကို သိုင်းကျင့်တတ်အောင် သင်ပေးခဲ့တယ်... သူ့တပည့်ရင်းချာတွေလို ဆက်ဆံပေးခဲ့တယ်... ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်လမ်းစဉ်တွေ လက်ဆင့်ကမ်းပေးခဲ့တယ်... ငါတို့ သူ့အတွက်ဆို အသက်နဲ့လဲပြီး အလုပ်လုပ်ပေးရမှာ သဘာဝပဲ”
သူတို့၏ခန္ဓာကိုယ်များသည် ဟင်းလင်းပြင်ထဲသို့ တစတစ နစ်မြုပ်ပျောက်ကွယ်သွားပြီးနောက် ကုဗတုံးများဖြင့် ဖွဲ့တည်ထားသော အသွင်သဏ္ဍာန်များ ဖြစ်လာ၏။ ယင်းကား အလွန်ထူးဆန်းလှပေသည်။
ရွှယ့်ရန်က ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်တွေက တစ်ယောက်နဲ့တစ်ယောက် သင့်မြတ်တာမဟုတ်ဘူး... အားလုံးက ကိုယ့်အကြံနဲ့ကိုယ်တွေ... ကောင်းကင်နတ်အရှင်နှစ်ယောက်ကို ပြောလိုက်ရင် အရှင့်မိဖုရားရဲ့ အစီအစဉ် ပျက်စီးသွားမှာပေါ့... ငါတို့ဆီမှာ အရှင့်မိဖုရား ထည့်ပေးလိုက်တဲ့ အထွတ်အထိပ်ရတနာလည်း ပါလာတော့ သေချာပေါက် အောင်မြင်မှာ... လုံးဝမကျရှုံးဘူး”
သူတို့သည် ဟင်းလင်းပြင်သားရဲနှင့်အတူ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်၏ ဒုတိယအလွှာထဲသို့ ဝင်ရောက်လာ၏။ ဒုတိယအလွှာထဲတွင် သူတို့၏ခန္ဓာကိုယ်များက ကုဗတုံးအသွင်မှာ အထူအပါးမရှိသော စက္ကူလူသားများ ဖြစ်လာကြသည်။ များစွာမကြာလိုက်ဘဲ အလင်းစက်များ ဖြစ်သွားပြန်ချေပြီ။
နောက်ဆုံးတော့ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်၏ အတွင်းပိုင်းထဲ ရောက်လာသည်။ ထိုအခါ မူလအသွင်သဏ္ဍာန်များ ပြန်ဖြစ်သွားကြသဖြင့် ကြာပွင့်သဏ္ဍာန်မြေထုကြီးဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာတွင် ခံ့ညားထည်ဝါသော ဖန်ဆင်းရှင်များသည် အဖြူရောင်ဝတ်ရုံကြီးများ တဖားဖားဖြင့် မျောလွင့်နေကြ၏။ သူတို့အထဲတွင် မဟာဧကရာဇ်၏ ရုပ်ခန္ဓာက အကြီးဆုံး ဖြစ်ပေသည်။ ဤရုပ်ခန္ဓာကြီးကား ပြိုင်ဘက်ကင်းလောက်အောင် ကြီးမြတ်နေသော်လည်း မရေမတွက်နိုင်သော အလုံးတုတ်တုတ် အမြစ်ကြီးများဖြင့် ထိုးဖောက်ခံထားရသည်။ အမြစ်ကြီးများက ကြာပွင့်သဏ္ဍာန်မြေထုထဲသို့ ကုပ်တွပ်ထားလျက် တုပ်တုပ်မလှုပ်ကြပေ။
မိန်းကလေးအယောက်တစ်ရာက အိတ်အသေးလေးတစ်အိတ်စီ ထုတ်ကာ လက်နက်အစိတ်အပိုင်းတစ်ခုစီ ထုတ်လိုက်ကြသည်။ လက်နက်များသည် တစ်ခုနှင့်တစ်ခု မတူကြသည့်အပြင် ဘိုးဘေးနန်းတော်၏ နတ်သတ္ထုမှ သွန်းလုပ်ထားကြခြင်း ဖြစ်၏။ ၎င်းတို့အပေါ်တွင် ခတ်နှိပ်ထားသော သင်္ဗကတအမှတ်အသားများမှာလည်း အတိုင်းထက်အလွန် ရှေးဆန်သည်။
နန်းတွင်းသူမိန်းကလေးများ လက်နက်အစိတ်အပိုင်းများကို အတူဆက်တော့မည့်အချိန်မှာပဲ ရွှယ့်ရန်၏အမူအရာ ပြောင်းလဲသွားသည်။ သူမက ခပ်တိုးတိုး ပြောလေသည်။ “တစ်ယောက်ယောက် လာနေတယ်”
မိန်းကလေးများမှာ အဝတ်အစားများ ကပျာကယာ ချွတ်၍ ဖြန့်ခင်းလိုက်ကာ မြေပြင်နှင့်တစ်သားတည်း ဖြစ်နေသော အလံကြီးများအသွင် ပြောင်းလဲသွားကြသည်။ ဟင်းလင်းပြင်သားရသည်လည်း ဟင်းလင်းပြင်ထဲ နစ်မြုပ်ပျောက်ကွယ်သွား၏။
မိန်းကလေးများမှာ ဇဝေဇဝါဖြင့် တွေးနေကြမိသည်။ ‘ဒီနေရာက အန္တရာယ်များမှန်း နှစ်ဖက်စလုံးက ကောင်းကင်နတ်အရှင်တွေ သိပါတယ်.... ဒီကို လာရဲတဲ့သူဆိုလို့ မရှိသလောက်ပဲ.... အခု ဘယ်သူများ ရောက်လာတာပါလိမ့်”
သူတို့ တွေးနေကြသည့်အချိန်မှာပဲ ဟင်းလင်းပြင်သည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာပြီး အလွန်ကြီးမားသော ထူးထူးဆန်းဆန်း သင်္ဘောကြီးတစ်စင်းက ဟင်းလင်းပြင်၏ အတွင်းပိုင်းထဲမှ ထွက်လာသည်။ စောစောက ဟင်းလင်းပြင်ထဲ၌ ပုန်းအောင်းနေခဲ့သော ဟင်းလင်းပြင်သားရဲမှာ ဧရာမသင်္ဘောကြီးဖြင့် ဝင်တိုက်ခံလိုက်ရသောကြောင့် အရိုးများကျိုးကြေသွားသည်။
ဘုန်း
သင်္ဘောကြီးက အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်၏ မြေပြင်ပေါ် အရှိန်အဟုန်ဖြင့် ကျ၍ မိုင်ပေါင်းရာချီ လျှောသွားပြီးနောက် ရပ်တန့်သွားသည်။
မြေပြင်ထက်တွင် မျက်လုံးနှစ်ရာကျော် ပေါ်လာကာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာသည့် သင်္ဘောကြီးအား စိုးရိမ်ထိတ်လန့်စွာ ကြည့်နေကြသည်။ ထိုမျက်လုံးပိုင်ရှင်တို့ကား ကောင်းကင်နတ်အရှင်ချန်း၏ လက်အောက်ရှိ အမျိုးသမီးများ ဖြစ်ပေသည်။
သူတို့၏အလံကြီးများက အတိုင်းထက်အလွန် ထူးဆန်းသည်။ မြေကြီးနှင့် တစ်သားတည်း ဖြစ်နိုင်သလို၊ အတွေးလေးတစ်ချက်ဖြင့် မြေပြင်မှ ကွာသွားနိုင်သည်။
သူတို့၏မျက်လုံးများက မြေကြီးထက်မှ သစ်ပင်ပေါက်လာသကဲ့သို့ မြောက်တက်လာ၏။ ယင်းကား နတ်အရှင်မချန်း၏ ပြိုင်ဘက်ကင်းသိုင်းကွက်တစ်ကွက်ပင်။
သင်္ဘောကြီးက မတန်မဆ ကြီးမားလှချေသည်။ မဟာဧကရာဇ်၏ ရုပ်ခန္ဓာကို ချုပ်နှောင်ထားသော ကြာပွင့်သဏ္ဍာန်မြေထုကြီးထက်ပင် ကြီးမား၏။ အဆင့်မြင့်အသိစိတ်အလျည်နယ်ပယ်ပင် သင်္ဘောကြီးအား ချက်ချင်းဆိုသလို မယှဉ်နိုင်လိုက်ပေ။
သင်္ဘောကြီးက မြေကြီးထဲသို့ ဒေါင်လိုက် စိုက်ဝင်သွားသည်။ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ ဧရာမသင်္ဘောကြီးအပေါ်၌ ဧရာမမြေထုကြီးတစ်ခု ရှိနေခြေင်းပင်။
စောစောက ဟင်းလင်းပြင်သားရဲကြီးမှာလည်း ဤသင်္ဘောကြီး၏ ဝင်တိုက်မှုကြောင့် စိစိညက်ညက် ကြေမွသေဆုံးသွားတော့သည်။
မိန်းကလေးများ ထိတ်လန့်လာကြသည်။ “ဒါ ဘယ်လိုလက်နက်မျိုးလဲ”
ထိုစဉ် ကျယ်လောင်ပြတ်သားသော အသံတစ်သံက ဒေါကြီးမောကြီး ပြောနေသည်ကို ကြားလိုက်ရသည်။ “ကတုံး၊ နေရာအတိအကျ မှန်းဖို့ ခက်တယ်လို့ ငါ မပြောခဲ့ဘူးလား.. မင်းပဲ ရတယ်ဆို... အခုတော့ ကြည့်ဦး... ဘယ်နေရာရောက်လာမှန်း မသိတော့ဘူး”
“ဒီနေရာက ကွက်တိပါပဲ”
အသံနောက်တစ်သံ ထွက်လာသည်။ စာပေကျမ်းဂန်နှံ့စပ်၍ ရည်မွန်ခံ့ညားသော အဘိုးအိုတစ်ယောက်၏အသံနှင့် တူသည်။ သူက မနှေးသော မမြန်သော လေသံဖြင့် ပြောသည်။ “လယ်သမား၊ အမြဲ အာကျယ်အာကျယ် လုပ်မနေနဲ့... စစ်ဘုရင်က မဟာလေဟာနယ်ထဲ ဆင်းလိုက်ရင် သူ့ရောင်ရင်းတွေကို ဝင်တိုက်မိမှာစိုးလို့ ဒီနေရာထဲ ဆင်းလိုက်တာ”
အမျိုးသမီးအသံလည်း ထွက်လာ၏။ “မဟာလေဟာနယ်ရဲ့ ယိုတုကနေ ဝင်လို့မရဘူးလား... အဲဒီနေရာကလည်း ကျယ်သားပဲဟာ”
“အရက်သောက်ချင်စိတ်လေးတွေ ပြန်ထလာပြန်ပြီ.. အရက်ရှိကြလား... အရက်မှ မသောက်ရရင် တစ်ယောက်ယောက်ကို ခုတ်သတ်ပစ်ချင်လာတယ်”
“ဒါ ဘယ်နေရာလဲ ဘယ်သူသိလဲ”
“အမ် ထူးဆန်းတယ်ဟ... ထူးဆန်းတဲ့စွမ်းအားက ငါ့ကိုယ်ထဲ ဝင်ရောက်လာပြီး ငါ့ကို စက္ကူတစ်ရွက် ဖြစ်အောင် လုပ်လိုက်တယ်... ဟေ မင်းတို့ကောင်တွေလည်း စက္ကူရွက်တွေ ဖြစ်ကုန်ကြပြီ”
“ဒီနေရာက ငါတို့ဖုန်းတုရဲ့ သေသောသူတို့ ရှင်သန်ရာကမ္ဘာထဲက စွမ်းအားနဲ့ ဆင်သလိုလိုပဲ”
“မူး”
“အားလုံးပဲ မဆူကြပါနဲ့... ကျွန်တော့်စကား နားထောင်... ဒီနေရာက အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ပဲ... ကျွန်တော် ဒီကို ရောက်ဖူးတယ်.... မဟာဧကရာဇ်ကို ဒီမှာ ချုပ်ထားတာ”
သင်္ဘောပေါ်တွင် လူထူးဆန်းများ ပြည့်နေသောကြောင့် နန်းတွင်းသူများမှာ အံ့အားသင့်နေကြသည်။ သူတို့က မျက်လုံးများ ပြန်ပိတ်လိုက်ကြကာ မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားကြ၏။
ချင်မူက ပရမတ္တလှေပေါ်တွင် ရပ်လျက် အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ် စတင်တည်ရှိလာခဲ့သည့် အကြောင်းအား ရှင်းပြနေသည်။ “စစ်ဘုရင် ဒီနေရာကို ရွေးလိုက်တာက ကျွန်တော့်ကြောင့်ပါ... မဟာလေဟာနယ်နဲ့ ယိုတုကလည်း စစ်မြေပြင်တွေ ဖြစ်နေကြပြီမဟုတ်လား.. ကျွန်တော်သာဆို ယိုတုအသိမ်းမခံရအောင် အင်အားစုစည်းထားမှာပဲ... အဲဒီက ရောင်ရင်းတွေကို မထိခိုက်စေဖို့ ဆိုရင် ယိုတုမှာ ဆင်းလို့ မရတော့ဘူး... ဒါကြောင့် ဒီနေရာကိုပဲ ရွေးလိုက်ရတာ.. ဒီမှာ ဝင်တိုက်မိမှာ စိတ်ပူစရာမလိုဘူးလေ”
သိုင်းပညာ ကောင်းကင်ဆရာသခင်ကွမ်းချာက ဟင်းလင်းပြင်သားရဲ၏ အလောင်းကို ကြည့်ကာ သရော်တော်တော် ပြောသည်။ “ဝင်တိုက်မိမှာ စိတ်ပူစရာမလိုဘူးဟုတ်လား.. ဒါက ဘာကြီးလဲ... ငါတို့ကြောင့် သေသွားပြီမဟုတ်လား”
ချင်မူမှာ သင်္ဘောအောက်၌ ပြားနေသော ဟင်းလင်းပြင်သားရဲအလောင်းကို ကြည့်ကာ အနည်းငယ် အနေရခက်သွားသည်။ သူက သွားဖြဲကာ ပြောလိုက်၏။ “ဒါက မဟာဧကရာဇ်ရဲ့ ဟင်းလင်းပြင်သားရဲ... သူ့အလောင်းကို စောင့်ရှောက်ဖို့ မဟာဧကရာဇ် ထားခဲ့တာ ဖြစ်မယ်... မပူပါနဲ့ တခြားဘယ်သူမှ မရှိပါဘူး”
ရုတ်တရက် ယမမင်းက ဝတ်ရုံကို ခါကာ အနံ့ခံနေသည်။ “ဒီမှာ လူနံ့ ရှိတယ်... စုစုပေါင်း လူ အယောက်... တစ်ရာ... မဟုတ်ဘူး တစ်ရာ့ရှစ်ယောက်”
ချင်မူ့မျက်နှာ မည်းမှောင်သွားတော့သည်။
ယမမင်းက ဆက်ပြောသည်။ “သင်္ဘောပေါ်မှာ လူနံ့ မရှိဘူး... ဒီမှာ အပြင်လူတွေ ရှိနေတယ်”
တီရိယွဲ့သည် နတ်မျက်လုံးဖွင့်၍ ပတ်ဝန်းကျင်သို့ အကဲခတ်လိုက်သော်လည်း မည်သည်ကိုမှ မတွေ့ပေ။ သူမက ခေါင်းယမ်းကာ ပြောသည်။ “ဘယ်သူမှ မမြင်မိပါဘူး”
မင်တုကောင်းကင်နတ်မင်းတျန်းရှုက တော်ဝင်မုခ်ဝနတ်ဓားမကို ထုတ်လိုက်ရာ နတ်ဓားမ၏ ဓားမရောင်က အရပ်လေးမျက်နှာတွင် တောက်ပသွား၏။ “တစ်ယောက်ယောက်ရှိနေရင် ငါ့ဓားမရောင်ပေါ်မှာ လာထင်လိမ့်မယ်... အမ်”
သူက ခပ်တိုးတိုး ရေရွတ်နေပြီးနောက် ခေါင်းယမ်းသည်။ “ငါ့တော်ဝင်မုခ်ဝနတ်ဓားမပေါ်မှာတောင် ဘာမှမပေါ်လာဘူး”
ယမမင်းက လက်ညှိုးတစ်ချောင့် ဆန်းထုတ်လိုက်ပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် အသာအယာ ထိလိုက်သည်။ မျက်လုံးတစ်လုံး ပွင့်လာချေပြီ။ “ငါ့မျက်လုံးက ယိုတုရဲ့မဟာတာအိုအတိုင်း ဖွဲ့တည်လာတာ... ဟင်းလင်းပြင်တွေကို ထိုးဖောက် မြင်နိုင်ပြီး လူ့ဝိညာဉ်တွေကိုလည်း ရှာဖွေနိုင်တယ်... ဝိညာဉ်ရှိတဲ့ အရာမှန်သမျှ ငါ့မျက်စိအောက်ကနေ မလွတ်ဘူး”
သူက ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ခေါင်းယမ်းလေသည်။ “လူနံ့ရပေမယ့် မမြင်ရဘူး”
အားလုံး ဟိုကြည့်သည်ကြည့် ကြည့်နေကြသော်လည်း ပုန်းနေသော လူ ၁၀၈ ယောက်အား မတွေ့ရပေ။
ချင်မူမှာ ရင်ထဲ လှုပ်ခတ်သွားပြီး သူ၏တတိယမျက်လုံးကိုလည်း ဖွင့်လိုက်၏။ သူက ပတ်ဝန်းကျင်သို့ အကဲခတ်စစ်ဆေးရင်း အပြုံးဖြင့် ပြောသည်။ “ဘယ်သူမှ မရှိဘူးဆိုတော့ ဒီနေရာကနေ အရင်ထွက်ပြီး ရွှင်ပျော်ပျော်ကျေးရွာဆီ သွားကြတာပေါ့.... ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှု သိသွားရင် သူတို့ကို တားနိုင်တော့မှာ မဟုတ်ဘူး... အကုန်လုံး ရှင်းပစ်ခံလောက်ရတယ်... ခဏလေး ၊ ရောက်လက်စနဲ့ မဟာဧကရာဇ်ကို အမွှေးတိုင်နဲ့ ပူဇော်ကြရင် မကောင်းဘူးလား”
သူက ပြောပြောဆိုဆိုဖြင့် အမွှေးတိုင်တစ်ဆုပ် ထုတ်လိုက်ပြီး မီးညှိလိုက်သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ အမွှေးတိုင် ၁၀၈ ချောင်းသည် ပျံထွက်သွားပြီး အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်၏ မြေပြင်ထဲ ထိုးစိုက်သွား၏။
အမွှေးတိုင်များ မြေကြီးထဲ စိုက်ဝင်သွားသည်နှင့် သွေးများ စိမ့်ထွက်လာသည်။
အလံကြီးများ မြေပြင်ထက်၌ ပေါ်လာပြီး ၎င်းတို့အောက်၌ အလောင်းများလည်း အတုံးအရုံး ရှိနေသည်။ အမွှေးတိုင်တစ်တိုင်စီက ထိုအမျိုးသမီးအလောင်းတို့၏ ငယ်ထိပ်တွင် စိုက်လျက် ခပ်မြေ့မြေ့ ကျွမ်းလောင်နေ၏။
ပရမတ္တလှေပေါ်ရှိ လူအားလုံး အံ့အားသင့်သွားကြသည်။ သူတို့လည်း စောစောက လျှောက်ကြည့်ခဲ့သော်လည်း မည်သည်ကိုမျှ မမြင်ခဲ့ရပေ။ ချင်မူ မြင်ထားလိမ့်မည်ဟုလည်း မထင်ထားခဲ့ကြချေ။
ချင်မူက အဝေးသို့ ကြည့်ကာ ခပ်တိုးတိုး ပြောသည်။ “သူတို့အဝတ်အစားတွေအရ ကောင်းကင်နတ်ဘုံရဲ့ မိဖုရားဆောင်က လာတာ ဖြစ်မယ်... နန်းတွင်းသူတွေက ဘာလို့ ဒီနေရာရောက်နေတာလဲ”
“ငါ သွားကြည့်မယ်”
သိုင်းပညာ ကောင်းကင်ဆရာသခင်ကွမ်းချာက ပရမတ္တလှေအပြင် ပျံထွက်သွားသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ လှေအပြင် ထွက်လိုက်သည်နှင့် သူ၏ရုပ်ခန္ဓာသည် စတင်ပြောင်းလဲလာ၏။ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ကား သူ့အား စက္ကူလူသားဖြစ်သွားစေချေပြီ။
သိုင်းပညာကောင်းကင်ဆရာသခင်မှာ တအံ့တဩ စုပ်သပ်နေမိသည်။ ထို့နောက် ကျင့်စဉ်စွမ်းအင်နှင့် မှော်စွမ်းအင်ကို လှုံ့ဆော်လိုက်ရာ ဘန်းခနဲ မူလအသွင် ပြန်ပြောင်းသွား၏။
သူသည် ဧကရာဇ်ပလ္လင်အဆင့် မဟုတ်ပါလော။ ဤနေရာသို့ ရောက်လာပြီးနောက် ဖိနှိပ်ခံခဲ့ရသော်လည်း သူ၏ကျင့်စဉ်စွမ်းအင်က မြင့်မားလွန်းသည်။ တစ်လောကလုံးတွင် နံပါတ်တစ် သိုင်းဧကရာဇ် ဖြစ်သော သူ၏ရုပ်ခန္ဓာက မည်မျှသန်မာမည် ထင်သနည်း။
တိရီယွဲ့လည်း သင်္ဘောထဲမှ ခုန်ထွက်လိုက်ပြီး ခပ်တိုးတိုးလေး စုပ်သပ်လိုက်သည်။ သူမလည်း စက္ကူလူသား ဖြစ်သွားချေပြီ။
သို့သော် သူမ၏ကျင့်စဉ်စွမ်းအင်မှာ အလွန်သိပ်သည်းသောကြောင့် မှော်စွမ်းအင်အား လှည့်ပတ်လိုက်သည်နှင့် သူမ၏ရုပ်ခန္ဓာသည် ပုံမှန်ပြန်ဖြစ်သွား၏။
တန်ခိုးရှင်သစ်ခုတ်သမားလည်း သင်္ဘောပေါ်မှ ဆင်းလိုက်သည့်အခါ ဖောက်ခနဲ စက္ကူလူသား ဖြစ်သွားသည်။ သို့သော် သူ့မှာ ဖိနှိပ်မှုကို မတွန်းလှန်နိုင်သောကြောင့် စက္ကူလေးအဖြစ်သာ ဖလပ်ဖလပ် လွင့်နေသည်။ ထိုစဉ် ချင်မူက ခြေလှမ်းကြဲကြဲများဖြင့် သူ့ဘေးမှ ဖြတ်သွားလေသည်။ သူ့ရုပ်ခန္ဓာသည်လည်း ပြောင်းလဲနေခြင်းမရှိ။
ချင်မူက သူ့ဘက်လှည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။ တန်ခိုးရှင်သစ်ခုတ်သမားမှာ အမျက်တချောင်းချောင်း ထွက်သွားပြီး သူ့ကို ပုဆိန်ဖြင့် လှမ်းခုတ်၏။ သို့သော် စက္ကူပုဆိန်လေးမှာ ချင်မူ့ကိုယ်ပေါ် ကျသွားသည့်အခါ ကွေးသွားလေသည်။