← Chapters

စွမ်းအင် အပြည့်

Vol. 23 Ch. 331

စွမ်းအင် အပြည့်

Vol. 23 Ch. 331

“ကျွန်မတို့ရဲ့ အဝတ်တွေက အဝတ်လျှော်စက်ထဲပဲ ရှိသေးတယ်။ ကျွန်မ မနေ့က မလှမ်းလိုက်လိုက်ရဘူး။ ကျွန်မ ဒီနေ့ ဘာဝတ်ရမှာလဲ။”

လီနသည် အဝတ်လျှော်စက်ထဲမှ ရေစိုနေဆဲ ဖြစ်သည့် အဝတ်များကို ကြည့်လိုက်သည်။

“ဒီမှာ.... အင်္ကျီ အသစ်တွေ။ ဒါက နောက်ဆုံးပေါ်တွေပဲ။ ကိုယ် ဂျပန်က ပြန်ခဲ့တုန်းက ဝယ်ခဲ့တာ။”

ဖုန်းယွီက အဝတ်အစား အသစ် တစ်စုံကို ထုတ်လိုက်ပြီးနောက် လီနကို ပြလိုက်သည်။ သူအနေဖြင့် ယင်းကို အဘယ်တွက် မတွေးခဲ့ရသနည်း။

“အာ.... နင်ဘာလို့ ဘာမှ မဝတ်ထားတာလဲ။”

လီနက အော်လိုက်ပြီးနောက် သူမ မျက်လုံးကို ပိတ်လိုက်တော့၏။

ဖုန်းယွီက

“......”

တကိုယ်လုံး မြင်ပြီးပြီပဲလေ။ အခုက အဲတာက အရေးကြီးသေးတာလား။

“ကောင်းပြီ ကောင်းပြီ။ ကိုယ် တစ်ခုခု ဝတ်လိုက်မယ်နော်။ ဒါပေမဲ့ ကိုယ့်ကို ရေချိုးခွင့်တော့ ပေးရမယ်။ မင်းအဝတ်အစားတွေကို ဒီမှာ ချထားခဲ့ပီဲ။ ထွက်လာတော့ ကိုယ် ရေချိုးတော့မှာ။ မင်း ကိုယ်နဲ့ ရေအတူချိုးချင်တာလား။”

လီနသည် ရေချိုးခန်းထဲမှ အော်ထွက်လာခဲ့၏။ ဖုန်းယွီက သူမကို ကြည့်ကာ ရယ်နေတော့၏။ ကော်ဖီစားပွဲပေါ်တွင် တင်ထားသည့် အဝတ်အစားများကို ကြည့်လိုက်သည်။ အပေါ်ဝတ်နှင့် ဘောင်းဘီများသာမက အောက်ခံများပါ ပါဝင်ပေ၏။ လီနသည် တဖန် ရှက်သွေးဖြာသွားတော့၏။

ဖုန်းယွီ ရေချိုးတာ ပြီးနောက် လီနသည် မီးဖိုးချောင်ထဲ၌ မနက်စာ လုပ်ပြီးသွားပြီ ဖြစ်သည်။ ယမန်နေ့ညက သူတို့သည် အများကြီး မစားပေ။ ပြီးနောက် သူတို့သည် အပြင်းအထန် လေ့ကျင့်ခန်းမျိုး လုပ်ထားသည့်အတွက် သူတို့ ဗိုက်ဆာနေပြီ ဖြစ်သည်။

ထမင်းစား စားပွဲတွင် ဖုန်းယွီသည် မနက်စာစားနေကာ လီနကို ကြည့်နေ၏။ လီနသည် ဖုန်းယွီကို မကြည့်ရဲပေ။ ခေါင်းသာ ငုံ့နေပေ၏။

“နန။ ကိုယ်တို့ ဒီနေ့ ဘယ်ကို သွားချင်လဲ။ နွေရာသီ နန်းတော် ဒါမှမဟုတ် တားမြစ်နန်းတော်ကို သွားလည်မလား။”

“ကျွန်မ အဆောင်ကိုပဲ ပြန်ချင်တယ်။”

“အဆောင်မှာ ဘာများ ပျော်စရာ ရှိလို့လဲ။ ကိုယ်မင်းကို အပြင်ကို ခေါ်သွားမယ်လေ။ မနက်ဖြန်ကျ အဆောင်ကို ပြန်လိုက်ပို့မယ်။ အ... လီန ဘာလို့ ငိုနေတာလဲ။”

ဖုန်းယွီက စိုးရိမ်သွားသည်။ အဘယ်ကြောင့် လီနက ရုတ်တရက် အော်ငိုသနည်း။

“ကျွန်မ ကိုယ်ဝန် ရတော့မှာလား။ တကယ်လို့ ကိုယ်ဝန် ရှိရင် ဆရာမနဲ့ သူငယ်ချင်းတွေက သိတော့မှာ။ မိဘတွေကော သိတော့မှာ။ ဘယ်လို လုပ်သင့်လဲ။ ကျောင်းကိုကော ဘယ်လို လုပ်ရမှာလဲ။ ကျွန်မတို့တွေက လက်တောင် မထပ်ရသေးဘူး.....”

လီနက ငိုတော့၏။

“ဒီအကြောင်းကို စိတ်မပူပါနဲ့။ မင်း ကိုယ်ဝန်ရမှာ မဟုတ်ပါဘူး။ အခုအချိန်က မင်းအတွက် စိတ်ချရတဲ့ အချိန်ပဲ။ စိတ်ချရတဲ့ အချိန်က ဘာလဲ သိလား။ စိတ်ချရတဲ့ အချိန်ဆိုတာ ကိုယ်ဝန်ရနှုန်း အနည်းဆုံး ကာလပဲ။ မဟုတ်ဘူး ဒီကာလက မင်းကို ကိုယ်ဝန် မရစေဘူး။ ဒါက သိပ္ပံသဘောသဘာဝပဲ။ အသက်သုံးဆယ်ကျော် တက္ကသိုလ် တက်နေတဲ့ ကျောင်းသားတေါလည်း ရှိတာပဲ။ သူတို့ရဲ့ ကလေးတွေဆို ပြေးတောင် ပြေးတက်နေပြီ။ သူတို့တွေ တက္ကသိုလ်မှာ စာဆက်သင်တုန်းလေ။ မဟုတ်ရင်လည်း ကိုယ် မင်းရဲ့ အဖေကို ဖုန်းခေါ်ပြီး တော့ မင်းကို လက်ထပ်ချင်တဲ့ အကြောင်းကို ပြောလိုက်မယ်။”

“ရှင် ကျွန်မအဖေကို ပြောလို့ မရဘူး။ ကျွန်မအဖေက ကျွန်မကို သတ်မှာ.....”

“ကောင်းပြီ။ ကောင်းပြီ။ စိတ်မပူနဲ့နော်။ ကိုယ်သွားပြီ။ ခဏနေကျ ကိုယ်တို့ အပြင်သွားပြီ။ ပျော်ကြမယ်။”

“ဘယ်ကိုမှ မသါားဘူး။ အခုထိ နာနေတုန်းပဲ.......”

လီနက သူမ မျက်ရည်ကို သုတ်လိုက်၏။

ဟ... ဖုန်းယွီက သူ့နဖူးကိုသာ ရိုက်လိုက်တော့၏။ သူသည် ယင်းအချက်ကို မေ့နေခြင်း ဖြ်စသည်။ လီဠနသည် ယခုလက်ရှိတွင် လမ်းမလျှောက်သင့်ပေ။ သူမသည် မနက်စာကိုတောင် မပြင်သင့်ပေ။

“မနက်စာ စားပြီးရင်။ တရေးလောက် သွားအိပ်ချေ။ ကိုယ်တို့ ဒီနေ့ ဘယ်ကိုမှ မသွားဘူး။ မင်း သဘောကျမှ သွားကြမယ်လေ။”

ဖုန်းယွီက လီနကို ချစ်ဖွယ် အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် သူမ မျက်ရည် သုတ်ပေးလိုက်တော့၏။

မနက်စာ စားပြီးနောက် ဖုန်းယွီသည် လီနကို အိပ်ခန်းထဲကို ခေါ်ခဲ့လိုက်သည်။ ပြီးနောက် သူသည် ပန်ကန်ဆေးတော့၏။

မီးဖိုချောင်ကို ရှင်းပြီးနောက် သူသည် အိပ်ခန်းထဲကို မပြန်ခင် သူတို့ အဝတ်ကို လျှော်လိုက်တော့၏။ ဖုန်းယွီသည် ဖြည်းဖြည်းချင်း တံခါးကို ဖွင့်လိုက်၏။ ပြီးနောက် လီနသည် သူ့ကို စိုက်ကြည့်နေသည်။ သူမသည် ခန္ဓာကိုယ်ကို စောင်ဖြင့် ကာထားသည်။ ယင်းက သူမအဝတ်အစား အသစ်များ ဝတ်ပြီးကြောင်း ပြသနေခြင်းပင် ဖြစ်၏။

“ဘာလို့ တရေးအိပ်မှာကို အဝတ်အစားတွေ အကုန် ဝတ်ထားရတာလဲ။”

ဖုန်းယွီက လျှောက်လာပြီး လီန သူမ အဝတ်အစားများ ချွတ်အောင် လုပ်ချင်ခဲ့သည်။

လီနသည် သူမ အဝတ်အစားများကို ကိုင်လိုက်ပြီးနောက်

“တော်တော့။ ဖုန်းယွီ။ ကျေးဇူးပြုပြီး.... ငါ ထပ်မခံနိုင်တော့ဘူး။”

ဖုန်းယွီက ပြုံးလိုက်ပြီးနောက်

“မင်းဘာတွေ တွေးနေတာလဲ။ ကိုယ်က မင်းကို ကောင်းကောင်း အိပ်စေချင်ရုံပါ။ အစ်ကို အပြင်သွားပြီး တီဗွီ ကြည့်နေမယ်။”

“မသွားနဲ့......”

လီနသည် ဖုန်းယွီ၏ လက်ကို ကိုင်လိုက်သည်။

“မသွားနဲ့။ သီချင်း တစ်ပုဒ်ဆိုပြ။ အိပ်မရဘူး။”

ဖုန်းယွီသည် လီန၏ လက်ကို ပုတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“စာကြည့်ခန်းထဲက ဂစ်တာ သွားယူလိုက်ဦးမယ်။”

ဖုန်းယွီက ခုတင်ဘေးရှိ ထိုင်ခံပေါ်တွင် ထိုင်ကာ မေးလိုက်၏။

“မင်း ကိုယ့်ကို ဘယ်သီချင်း တောင်းဆိုချင်ပါသလဲ။”

“ကျွန်မ ရှင်ဘာပဲ ဆိုဆို သဘောကျတယ်။ ဒါပေမဲ့ ဆိုဗီယက် ပြည်ထောင်စု နွေရာသီ စခန်းမှာ ဆိုတုန်းက သီချင်းကို ကြိုက်တယ်။”

ဖုန်းယွီက မျက်မှောင်ကျုံ့လိုက်ပြီးနောက်

“ဒီ သီချင်းက မသင့်တော်ဘူးလေ။ အဲ့သီချင်းက စစ်ပွဲကနေ ပြန်မလာတဲ့ ကောင်လေးတစ်ယောက် အကြောင်း ပြီးတော့ ကောင်မလေးကလည်း သူ့ကို စောင့်နေရတာ။ ကိုယ်မင်းအတွက် သီချင်း အသစ် ဆိုပေးရင်ကော ဘယ်လိုလဲ။ ဒီ သီချင်းက မင်းအတွက် ကိုယ်ကိုယ်တိုင် ရေးစပ်ပေးထားတာ။”

ဖုန်းယွီသည် ရုတ်တရက် အလွန်နားထောင်ကောင်းသည့် သီချင်း တစ်ပုဒ်ကို အမှတ်ရသွားသည်။ သူ့ အရင်ဘဝတွင် ကြည့်ခဲ့ဖူးသည့် အောင်မြင်ကျော်ကြားသည့် ဇာတ်လမ်းတွဲ တစ်ခု၏ ဇာတ်ဝင်တေး တစ်ပုဒ် ဖြစ်သည်။ ထိုသီချင်းသည် တရုတ် တစ်နိုင်ငံလုံးတွင် အောင်မြင်ပေ၏။

လီနသည် ထိုသီချင်းကို နားထောင်ရန် ပြင်နေ၏။ ဒါက ငါ့အတွက် ရေးသားထားတာတဲ့လား”

“ကိုယ် မင်းဘေးမှာပဲ ရှိနေမယ်။ ဘယ်တော့မှ နောက်ပြန်မသွားတော့ဘူး။ လှုပ်ရှားမှုတိုင်းက ကိုယ့် နှလုံးခုန်သံပါပဲ။ မင်းဘေးမှာပဲ ရှိနေမှာ။ မင်းကို ဘယ်တော့မှ သွားခွင့်ပေးမှာ မဟုတ်ဘူး။ ကိုယ်တို့တွေ အိုတဲ့အထိ မင်းနဲ့ အတူတူပဲ ရှိနေမယ်။ မိုးကုပ်စက်ဝိုင်းကနေ တိမ်တွေကို ကြည့်လိုက်ပြီ။ သက်တန်း တစ်ခု ရှိတယ်။ ကိုယ်မင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါ.....”

လီနသည် ထိုသီချင်းက ဘာမျှ ထူးခြားခြင်း မရှိဟု ခံစားမိသည်။ ဖုန်းယွီသည် သူ့ဂီတကို တီးရုံသာ တီးသည်။ သို့သော် ဖုန်းယွီ သီချင်းကို ဆိုသည့်အခါ စာသားများက သူမ ရင်ထဲကို ထိသွားတော့၏။

သူ့မျက်လုံးများမှ မျက်ရည်များ ကျလာတော့၏။ ယင်းက ဖုန်းယွီ သူမအား ကတိပေးချင်း ဖြစ်သည်လော။ သူသည် သူမဘေးတွင် အမြဲတမ်း ရှိနေမည် ဖြစ်ကာ ဘယ်ကိုမှ ထွက်သွားတော့မဟုတ် မဟုတ်ပေလော။

ဖုန်းယွီ သီချင်း ဆိုပြီးနောက် သူသည် သူ့ကမ္ဘာထဲတွင် နစ်မြှပ်သွားတော့သည်။ သူသည် ဂစ်ကာ ကောင်းကောင်း မတီးတက်သော်ငြား သီချင်း ကောင်းကောင်း ဆိုတက်ပေ၏။ သူ့ မျက်လုံး ဖွင့်လိုက်သည့်အခါ သူသည် လီန ငိုနေသည်ကို မြင်လိုက်ရပြန်၏။

“ဘာမှားလို့လဲ။ ဘာလို့ ထပ်ငိုနေရပြန်တာလဲ။ ကိုယ် သီချင်း ဆိုတာ တော်တော် ဆိုးတာလား။”

ဖုန်းယွီက မေးလိုက်၏။

“ဟဟ။ ရှင် သီချင်းဆိုတာ တော်တော်ဆိုးတယ်လို့ ဘယ်သူက ပြောလို့လဲ။ ဘယ်သူမှ ရှင့်လောက် မဆိုနိုင်ဘူး။”

လီနသည် ငိုနေစဉ် ထရယ်လိုက်တော့၏။

“ကိုယ်ဆိုတာက Little Tigers ထက်တောင် ကောင်းနေသေးတာလား။”

Little Tigers သည် လီန သဘောအကျဆုံး အမျိုးသားအဆိုတော် အဖွဲ့ ဖြစ်သည်။

“သူတို့တွေထက ်ကောင်းတယ်။”

လီနက ပြန်ဖြေလေ၏။

“အဲတာဆို ကိုယ်ကို ဆုချတဲ့အနေနဲ့ အနမ်း တစ်ပွင့် ပေးပါလား။”

ဖုန်းယွီက ပြန်ပြောလိုက်၏။

“တော်လိုက်တော့ ရှင်အခု သွားသင့်ပြီ။ ကျွန်မ အိပ်ချင်ပြီ။”

လီနသည် မျက်နှာကို စောင်ဖြင့် ကာလိုက်တော့၏။

ဖုန်းယွီ အခန်းထဲမှ ထွက်ခွာချိန်တွင် လီနက သူ့အား အော်လိုက်၏။

“ခဏနေဦး။ အဲ့သီချင်း ပြန်ပြောဦး။ အဲ့သီချင်းကို ပြန်နားထောင်ချင်တယ်။”

“ကောင်းပြီလေ။ မင်းကြိုက်တယ်ဆို ကိုယ် ခဏခဏ ဆိုပြမှာပေါ့။ ဒီ တစ်ကြိမ်တော့ ကိုယ် ဂစ်တာ မတီးတော့ဘူး။ မင်းဘေးမှာပဲ ဆိုပြမယ်။ ဘယ်တော့မှ နောက်ပြန်မသွားတော့ဘူး။ လှုပ်ရှားမှုတိုင်းက ကိုယ့် နှလုံးခုန်သံပါပဲ။ မင်းဘေးမှာပဲ ရှိနေမှာ။ မင်းကို ဘယ်တော့မှ......”

ဖုန်းယွီသည် လီန မျက်လုံး ပိတ်သည်အထိ နှစ်ခါ ဆိုပေးလိုက်သည်။

ဖုန်းယွီသည် အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ အသံမထွက်အောင် ဂရုစိုက် ထွက်ခဲ့၏။ လီနသည် မျက်လုံးဖွင့်ကာ ပြုံးလိုက်၏......

ရေချိုးခန်းတွင် ဖုန်းယွီသည် လီန အဝတ်များကို လှမ်းတော့၏။ သူသည် လီန၏ အောက်ခံများကို လက်ဖြင့် လျှော်ပေ၏။

ဖုန်းယွီသည် သူ့ကိုယ်ကို ပြုံးမိ၏။ သူမသည် ယမန်နေ့ညနှင့် မနက်ခင်းက လှပသည့် အခိုက်အတန့်များကို ပြန်လည် တွေးတောနေ၏။

အဝတ်လျှော်ပြီးနောက် ဖုန်းယွီသည် ဘာမှ လုပ်စရာ မရှိတော့ပေ။ သူ့အိမ် အတော်လေး ရှုပ်နေသည်ကို မြင်လိုက်ရသည့်အတွက် စတင် ရှင်းလင်းတော့၏။ သူသည် အဖိုးတန် ဗီဒီယိုခွေကို စက်ထဲမှ ထုတ်ပြီးနောက် သူ့စာကြည့်ခန်းထဲရှိ လုံခြုံသည့် နေရာတွင် ထားထားတော့သည်။ ယင်းက လီန အဝေးကို လွှင့်ပစ်မည့် အရေးမှ ကာကွယ်ရန် ဖြစ်သည်။

တစ်အိမ်လုံးကို သန့်ရှင်းပြီးနောက် ဖုန်းယွီသည် ပျင်းနေသလို ခံစားနေရသည်။ လှုပ်ရှားမှုများ လုပ်ပြီးသည့်တိုင် သူသည် အားအင် အပြည့် ဖြစ်နေဆဲပင်။

All Chapters