သာယာသော ကျောင်းသားဘဝ
Vol. 23 Ch. 332
ထိုနေ့ည ညစာစားပြီးနောက် လီနသည် ကျောင်းဆောင်ကို ပြန်ချင်နေသေးသည်။ ဖုန်းယွီသည် သူမ အဝတ်အစားများ မခြောက်သေးကြောင်းကို အကြောင်းပြချက်ပေးကာ လီနကို နောက်တစ်ည သူ့တိုက်ခန်းတွင် နေရင် စီစဉ်၏။
သူတို့ အိပ်ရာဝင်သည့်အချိန်တွင် ဖုန်းယွီသည် လီနကို ဘာမှ မလုပ်တော့ဟု ပြောသော်ငြား သူက လိမ်လိုက်၏။
နောက် တစ်နေ့ နေ့လည်ခင်းတွင် ဖုန်းယွီက လီနကို ကျောင်းသို့ ပြန်ပို့၏။ လီနက သူ့အား တိုက်ခန်းကို နောက်တစ်ခေါက် ပြန်မသွားဟု ပြောခဲ့သည်။ ဖုန်းယွီသည် ရယ်လိုက်၏။ သူက လီနသည် နောက်တစ်ကြိမ် သူတို့ တိုက်ခန်းကို နောက်ကျ ပြန်လာမည်ကို သိနေ၏။ လီနသည် ယခုလက်ရှိတွင် သူ့လက်ခုပ်ထဲမှ ရေ ဖြစ်နေ၏။
ဖုန်းယွီ၏ သင်ခန်းစာများ ပထမဆုံး စတင်သည့် အချိန် ဖြစ်သည်။ ဖုန်းယွီသည် တက္ကသိုလ် ကျောင်းသားဘဝကို စတင်တော့မည် ဖြစ်သည်။ သူမသည် နေ့စဉ် ၇နာရီတိုင်း အိပ်ရာထကာ ကိုယ်လက် သန့်စင်ပြီးနောက် ပြေးတော့၏။ မနက်စာစားပြီးနောက် သူသည် အတန်းတက်၏။
အတန်းချိန်တွင် ဖုန်းယွီသည် အာရုံ အပြည့်စိုက်ပြီး မှတ်စုထုတ်သည်။ သူသည် အတန်းပြီးနောက် သင်ခန်းစာများကို ဆရာနှင့် ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်၏။
ဖုန်းယွီသည် သူ့၏ ကျုံးဟွာ စီးကရက်နှင့် မောက်ထိုက် နည်းစနစ်ကို အသုံးပြုကာ သူ့စီမံခန့်ခွဲရေး ဆရာများကို ရှင်းပြသည်။ ပြီးနောက် သူတို့သည် ဖုန်းယွီအား ထိုအရာများအားလုံးသည် မှန်ကန်မှု မရှိကြောင်း ရှင်းပြသည်။ သူတို့က ဖုန်းယွီကို စာကြိုးစားသည့် ကျောင်းသားဟု ခံစားရသည်။ သူတို့က ဖုန်းယွီသည် ချမ်းသာသည့် မိသားစုမှ လာကြောင်း သိပေသည်။ ပြီးနောက် သူ့တွင် တောက်ပသည့် အနာဂတ် ရှိမည် ဖြစ်သည်။
စီမံခန့်ခွဲရေးကောလိပ်မှ အတန်းများမှ ဆရာများက ဖုန်းယွီကု အထင်ကြီးသည်။ သို့သော် ရုရှားဘာသာစကားသင်ကြားသည့် ဆရာသည် ဖုန်းယွီနှင့် စိတ်တိုင်းမကျပေ။ ဖုန်းယွီသည် တခြားအတန်းများတွင် အာရုံစိုက်မှု အပြည့်ထားသည်။ သို့သော် ရုရှားဘာသာစကားအချိန်များတွင် အိပ်သာ အိပ်နေ၏။
အတန်းထဲတွင် အိပ်ခြင်းက ရုရှားဘာသာဆရာကို စော်ကားခြင်းပင် ဖြစ်သည်။
“ဖုန်းယွီ မတ်တပ်ထပ်ပြိး ဒီစာကြောင်းကို ကျယ်ကျယ်ဆို။ ဒီ သင်ခန်းစာရဲ့ အဓိပ္ပာယ်ကဘာလဲ။ တစ်တန်းလုံးကို ရှင်းပြလိုက်ၑ
ဆရာက သင်ပုန်းပေါ်ရှိ ရုရှားစာကြောင်းကို ညွှန်ပြလိုက်၏။
“ဒီစာကြောင်းကို Пpышлehhtь rвлretcr вaжhon гyдapctвehhon эkohnчeckon hoвы လို့ ဖတ်တယ်။ ဒီအဓိပ္ပာယ်က စက်မှုလုပ်ငန်းက တိုင်းပြည် တစ်ပြည်အတွက် အရေးကြီးတဲ့ အခြေခံ အုတ်မြစ်ပဲ။”
ဖုန်းယွီက စာကြောင်း တစ်ကြောင်းလုံးကို အထစ်အငေါ့မရှိ ဖတ်ပြလိုက်ကာ တရုတ်လို တိတိကျကျ ဘာသာပြန်ဆိုလိုက်၏။
ဟ.. ဆရာက အံ့အားသင့်သွားသည်။ ဖုန်းယွီသည် တက္ကသိုလ်ကို အင်္ဂလိပ်စာနှင့် ရုရှား ဘာသာစကား တော်သည့်အတွက် ဝင်ခွင့်ရခဲ့ကြောင်း သိခဲ့သည်။ သို့သော် သူ့အနေဖြင့် ဖုန်းယွီ အလွန်တော်မှန်း လုံးဝ မမျှော်လင့်ခဲ့ပေ။ အကယ်၍ သူ့ရုရှားဘာသာစကား ကောင်းလျှင်တောင် အတန်းထဲတွင်တော့ မအိပ်သင့်ပေ။
“ထိုင်တော့ အတန်းပြီးရင် တွေ့ရအောင်။”
အခြားသော ကျောင်းသားများည် ဖုန်းယွီကို ကြည့်လိုက်သည်။ ပါမောက္ခလူသည် သူ့အတန်းတွင် ကျောင်းသားများ အိပ်ခြင်းကို တားနိုင်တော့မည် မဟုတ်ချေ။
အတန်းပြီးနောက် ဖုန်းယွီသည် ပါမောက္ခလူ၏ ရုံးခန်းကို ခေါ်ခံရသည်။ ပါမောက္ခလူသည် ရုရှားစာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီးနောက် ဖုန်းယွီကို ပေးလိုက်ကာ
“ဒီ စာမျက်နှာကို ဖတ်ပြီးတော့ ငါ့ကို တရုတ်လို ဘာသာပြန်ပြ။”
ဖုန်းယွီသည် စာအုပ်ကို ကြည့်လိုက်သည်။ မူရင်းမှာ ရုရှားဘာသာစကား ဖြစ်သည်။ သူသည် အရင်ဘဝက ထိုစာအုပ်ကို ကြိမ်ဖန်များစွာ ဖတ်ဖူးသည်။ သူသည် ထိုစာအုပ်ကိုတောင် ပိုင်သေး၏။ အကယ်၍ အခြားစာအုပ်များသာ ဖြစ်လျှင် ဖုန်းယွီသည် မြန်မြန် ဘာသာ ပြန်နိုင်လိပ့်မည် မဟုတ်ချေ။ သို့သော် ယခုစာအုပ်နှင့် ပတ်သက်လျှင် မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ပေ။
ဖုန်းယွီသည် စာပိုဒ်နှစ်ပိုဒ်ကို ဖတ်လိုက်ပြီးနောက် ချက်ခြင်းပင် တရုတ်ဘာသာ ပြန်ဆိုလိုက်၏။
ပါမောက္ခလူသာမက ဌာနတွင် ရှိသည့် အခြားဆရာများသည်လည်း အံ့အားသင့်သွားကြသည်။ ထိုကျောင်းသားသည် ရုရှားဘာသာစကားတွင် သူ့ထက်တောင် တော်ပေ၏။ သူတို့တောင် ရုရှားမှ တရုတ်ကို မြန်မြန်ဆန်ဆန် ဘာသာပြန်နိုင်စွမ်း မရှိကြချေ။ ဖုန်းယွီသည် တကယ်ပင် ပါရမီရှင် တစ်ယောက် ဖြစ်ပေ၏။
ပါမောက္ခလူသည် ယခုအခွင့်အရေးကို အသုံးချပြီး ဖုန်းယွီကို အခန်းတွင် ကောင်းကောင်း နားထောင်ပြီး ဂုဏ်ယူမနေသင့်ကြောင့် ဆုံးမချင်ခဲ့သည်။ သို့သော် သူ့အစီအစဉ်သည် ပျက်သွားသည့်ပုံပေါ်၏။ ဖုန်းယွီသည် ပို၍တောင် ကိုယ့်ကိုကိုယ် အထင်ကြီးသွားမည် ဖြစ်သည်။
ဖုန်းယွီသည်လည်း ပါမောက္ခလူသည် သူ့အား ဆုံးမချင်နေမှန်း သိပေသည်။ သူသည် ကူကယ်ရာ မဲ့သွားသည်။ သူသည် အခြားသူများကို မေးမြန်းကြည့်၏။ ထိုပါမောက္ခလူသည် ဆေးလိပ် အရက်မသောက်ပေ။ သူ့အနေဖြင့် အခြား ကျောင်းသားများထံမှတောင် ညစာဖိတ်ကြားခြင်းကို လက်မခံပေ။ ဖုန်းယွီသည် သူ့အား လက်ဆောင်တစ်ခုမျှ ပေးနိုင်မည် မဟုတ်ချေ။
ထိုခေတ်အခါက အထက်ပိုင်း တရုတ်အရာရှိများသည် ဆေးလိပ်သောက်ကြသည်။ အဘယ်ကြောင့် ထိုပါမောက္ခသည် ကွဲထွက်နေရသနည်း။ ဆေးလိပ်သောက်ခြင်းက ကောင်းမွန်ပေ၏။ ဘာမျှ လုပ်စရာ မရှိလျှင်တောင် ဆေးလိပ်အငွေ့ကွင်းကိ မှုတ်ထုတ်နိုင်ပေ၏။ ဖုန်းယွိသည် သူ့ကို အထူးခံစားခွင့်များ ပေးရန်အတွက် ဆေးလိပ် တစ်သက်စာကိုတောင် ထောက်ပံ့နိုင်စွမ်း ရှိသည်။
“ဟွတ်.... ဖုန်းယွီ မင်းရဲ့ ဘာသာပြန်တာက တော်တော်ကောင်းတာပဲ။ ဒါပေမဲ့ မင်း ဂုဏ်မောက်မော်က မနေသင့်ဘူး။ မင်းအနေနဲ့ စာပေ သင်ကြားတာကို ဆက်လုပ်ရမယ်။ မင်းအနေနဲ့ အတန်းမှာ ကောင်းကောင် သင်ယူသင့်တယ်။ မင်းမိဘတွေက ကျောင်းကို ပို့တယ်ဆိုတာ မင်းရဲ့ အနာဂတ်အတွက် ပြီးတော့ တိုင်းပြည်အတွက်။ မင်းအနေနဲ့ တက္ကသိုလ် ဝင်ခွင့် ရပြီဆိုတာနဲ့ အေးဆေးဆေး ဖြစ်သွားပြီ မထင်နဲ့ မင်းမှာ ဆက်ပြီး သင်ယူစရာတွေ ရှိသေးတယ်။”
ပါမောက္ခလူသည် ဖုန်းယွီကို တစ်နာရီခွဲကျော်ကြအောင် သင်ခန်းစာများ ပေးသည်။ ဖုန်းယွီသည် ရေဆာသလို ခံစားရသည့်တိုင် ပါမောက္ခလူသည် ရေတစ်ငုံတောင် မသောက်ပေ။ ဖုန်းယွီသည် ပါမောက္ခလူ၏ စားပွဲခုံကို ကြည့်သည့်အခါ ရုရှားဘာသာ စာပေ စာအုပ်များ များစွာ ရှိကြောင်း တွေ့လိုက်ရသည်။ သို့သော် ယင်းစာအုပ်များသည် အစုံမရှိပေ။ ပါမောက္ခလူအနေဖြင့် အကုန်လုံးကို ပြည့်အောင် မစုနိုင်သည်လော။
ဖုန်းယွီသည် ထိုပါမောက္ခကို ဘယ်လို ညှိုနှိုင်းရမည်ကို သိသွားသည်ပင်။
“မင်းနားလည်လား။”
“ဟုတ်ကဲ့ ပါမောက္ခလူ။ ကျွန်တော် ပြန်သွားပြီး အလုပ် ကြိုးစားပါမယ်။ အို... ကျွန်တော် သူငယ်ချင်းကလည်း ရုရှားစာပေတွေ အများကြီး ဖတ်တာ။ ကျွန်တော်တို့ အဆောင်က အဲ့စာအုပ်တွေ အကုန်သိမ်းဆည်းဖို့အတွက် အရမ်း သေးတယ်လေ။ ကျွန်တော် ဆရာဆီ လာထားလို့ ရမလား။”
ပါမောက္ခလူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“မင်းရဲ့ အဆောင်က စာအုပ်တွေ အများကြီး သိမ်းဖို့ဆိုတာက အတော်လေး သေးတယ်။ မင်းအနေနဲ့ ငါ့ဆီ ယူလာလို့ ရတယ်။ တကယ်လို့ မင်းဖတ်ချင်တယ်ဆိုရင် ငါ့ဆီ အချိန်တိုင်းလာခဲ့ပေါ့။”
ပါမောက္ခလူ၏ ရုံးခန်းမှထွက်သည်နှင့် ဖုန်းယွီ ပြုံးမိ၏။ သူသည် နောက်ထပ် သင်ခန်းစာ တစ်ခုကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီး ဖြစ်၏။
.......
“အ.. ဖုန်းယွီ မင်းပြန်လာပြီလား။ ငါကြားတာတော့ မင်း ပါမောက္ခလူရုံးခန်းထဲ ခေါ်တာ ခံခဲ့ရတယ်ဆို။ ဘယ်လိုလဲ။ အပြစ်ပေးခံလိုက်ရသေးလား။”
ဖုန်းယွီ၏ အခန်းခေါင်းဆောင် ထျန်လေ့က မေးလိုက်၏။ ဖုန်းယွီသည် အသက်နှင့် စီလျှင် လေးယောက်မြောက် ဖြစ်သည်။ သူ့အရင်ဘဝတွင် အငယ်ဆုံး ဖြစ်သည်ထက်တော့ ပိုကောင်းပေသေး၏။ ဖုန်းယွီသည် ရုတ်တရက် သူ့အရင်ဘဝရှိ အတန်းဖော်များအကြောင်းကို တွေးမိလိုက်၏။ သူတို့တွေက တက္ကသိုလ် အတူတူပဲလား။ ငါ အချိန်ခရီးသွားလာလို့ သူတို့တွေရဲ့ ဘဝကော ပြောင်းလဲသွားမလား။
“မဟုတ်ပါဘူး။ ပါမောက္ခလူက ကောင်းပါတယ်။ မင်းတို့တွေ စားပြီးပြီလား။”
“မစားရသေးဘူး။ ငါတို့လည်း အခုမှ အတန်းကနေပြန်လာတာ။ သွားစားရအောင်။”
ထျန်လေ့နှင့် ကျန်သည့် သူများသက သူတို့၏ ဗန်းကို ယူကာ ကျောင်းကန်တင်းကို သွားလိုက်၏။ ဖုန်းယွီက သူတို့ အတူတူစားရန် စောင့်နေမှန်းသိပေ၏။
ထိုအဆောင်ဖော်များသည် သူ့ကို အလွန်ကောင်းကြသည်။ အထူးသဖြင့် ထျန်လေ့ ဖြစ်၏။
“မင်းတို့ ရဲ့ ဗန်းကို သိမ်းထားလိုက်တော့။ ဒီနေ့ ငါ စိတ်ကောင်းဝင်နေတယ်။ ကျောင်းရဲ့ တစ်ဖက်က စားသောက်ဆိုင်မှာ မင်းတို့ကို ကျွေးမယ်။ ငါတို့တွေ သောက်လည်း သောက်လို့ ရတယ်။ ငါတို့တွေ မူးမှ ပြန်ကြမယ်။”
တက္ကသိုလ်တက်ပြီးနောက် ဖုန်းယွီသည် အခြားသူများကို အရက်သောက်ဖိတ်ခေါ် ရဲလာတော့၏။ အကြောင်းမှာ သူ့ အဆောင်ဖော် နှစ်ယောက်သည် ကောင်းကောင်း သောက်သူများ မဟုတ်ပေ။ သူတို့သည် ဘီယာ တစ်ခွက် သောက်လျှင်ပင် သေမလို ဖြစ်နေတော့သည်။
သူတို့ အားလုံးသည် ဖုန်းယွီ၏ ကမ်းလှမ်းမှုကို မငြင်းဆိုကြပေ။ သူတို့က ဖုန်းယွီသည် အလွန့်အလွန် ချမ်းသာမှန်း သိပေသည်။ ပထမဆုံး ကျောင်းတက်ရက်ကပဲ ဖုန်းယွီသည် တိုက်ခန်း တစ်ခန်း ဝယ်ခဲ့သည်။ ထပ်ပြောရပါက ဖုန်းယွီ၏ ဝတ်စားဆင်ယင်ပုံများက သူချမ်းသာကြောင်း ပြသနေပေ၏။ သူတို့က ဖုန်းယွီ၏ စိန်စီ နာရီ တစ်လုံးသည် သူ့တိုက်ခန်းတစ်ခန်းထက်တောင် တန်ဖိုးရှိကြောင်း ကြားဖူးသည်။
သူတို့ အားလုံးက ဖုန်းယွီကို အားကျနေကြ၏။ သူတို့ မိသားစုသည် အလွန်ပင် ချမ်းသာ၏။ ပြီးနောက် သူတို့သည် ဘေကျင်း တက္ကသိုလ်ကို ဝင်နိုင်သည်။ ယင်းက ဖုန်းယွီက စာကြိုးစားကြောင်း ပြသရာ ရောက်ပေ၏။
သူတို့ သောက်သည့်အခါ ဖုန်းယွီ၏ ပေဂျာက မြည်လာတော့၏။ ဖုန်းယွီက မျက်မှောင် ကျုံ့လိုက်၏။ ဘာလို့ ဖူကွမ်းကျန်းက ငါ့ကို အရေးတကြီး ရှာနေရတာပါလိမ့်။
အခု ရိုက်နေတုန်း မီးပျက်သွားလို့ မနက်ဖြန်မှ နောက်ထပ် အပိုင်းသစ် ထပ်တင်ပေးပါ့မယ်။ တစ်နေ့ကို အနည်းဆုံး ငါးပိုင်းထွက်ဖို့ ကြိုးစားနေပါတယ်။ မီးပျက်ရင်တော့ အပိုင်းနည်းနိုင်ပါတယ်ဗျ။