← Chapters

ဗွီစီဒီ တီထွင်မှု

Vol. 23 Ch. 333

ဗွီစီဒီ တီထွင်မှု

Vol. 23 Ch. 333

ဖုန်းယွီ ဖုန်းရုံကို ပြန်သွားသည့်အခါ လူတိုင်းက ဖုန်းယွီ စိတ်လှုပ်ရှားနေမှန်း ပြောနိုင်ပေသည်။

ဖုန်းယွီက ဖူကွမ်းကျန်းကို သူ့အရင်ဘဝတွင် ကြားခဲ့ဖူးသည့် ပါရမီရှင် တစ်ယောက်ကို ရှာရန် တောင်းဆိုထားခြင်း ဖြစ်သည်။ ကျန်းဝမ်မန့် ဖြစ်၏။

နောင်လာမည့် နှစ်များတွင် ကျန်းဝမ်မန့်သည် အင်ဂျင်နီယာ၊ စွန့်ဦးတည်ထွင်သူ စသဖြင့် ပုံစံအမျိုးမျိုးအဖြစ် ပေါ်ထွက်ခဲ့သည်။

သို့သော် ကျန်းဝမ်မန့် အအောင်မြင်ဆုံးမှာ ဗွီစီဒီတည်ထွင်သူပင် ဖြစ်သည်။ သူ့တည်ထွင်မှုက တစ်ကမ္ဘာလုံးကို ပြောင်းလဲနိုင်ခဲ့သည်။

ယင်းတည်ထွင်မှုက ပထမဆုံးအကြိမ် တရုတ်က လျှပ်စစ် ပစ္စည်းတွင် ကမ္ဘာကြီးကို ဦးဆောင်နိုင်ခဲ့ခြင်းဟု စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် ယင်းက သုံးနှစ်သာ ကြာခဲ့သည်။ ကျန်းဝမ်မန့်နှင့် သူ့မိတ်ဖက်သည် ဝမ်ယန်ကုမ္ပဏီကို တည်ထောင်ခဲ့ကြကာ ပြီးနောက် သူသည် ရေပန်းစားမှုမှ ပျောက်ကွယ်သွားခဲသည်။ အကြောင်းမျာ သူသည် မူပိုင်ခွင့် မတင်ခဲ့သည့်အတွက် ဖြစ်ကာ ဂျပန်လူမျိုးက ယင်းနည်းပညာကို မူပိုင်ခွင့် တင်ခဲ့သည့်အတွက ဖြစ်သည်။

ကျန်းဝမ်မန့်သည့် သုတေသနရုံးတစ်ခု၏ ကုမ္ပဏီရုံးခွန် မန်နေဂျာ တစ်ယောက်တောင် မဖြစ်သေးပေ။ သူသည် ထိုကုမ္ပဏီတွင် ရှယ်ယာအချို့ ရှိသော်ငြား သူ့စုစုပေါင်း ပိုင်ဆိုင်မှုကား ယွမ် ၁သန်းမှ ၂သန်းသာ ရှိသည်။ အခြားသူများနှင့် နှိုင်းယှဉ်ပါက သူ့ကို အောင်မြင်သည်ဟု ပြောနိုင်ပေသည်။ သို့သော် ဖုန်းယွီအတွက် မူ ချို့တဲ့သည့် အင်ဂျင်နီယာ တစ်ယောက် ဖြစ်သည်။

ကျန်းဝမ်မန့်၏ ကုမ္ပဏီသည် တီဗွီ ထုတ်လိုက်၏။ ပြီးနောက် ယင်းက ကောင်းကောင်း အလုပ် ဖြစ်ပေသည်။ သူတို့ ဈေးကွက်သည် ဒေသတွင်း ပြည်နယ်သာ ထောက်ပံ့နိုင်ရုံသာ ရှိကာ ကျန်းဝမ့်မန်သည် တီဗွီနှင့် ပတ်သက်သည့် နည်းပညာများကို သုတေသန ပြုလုပ်နေ၏။

သမိုင်းကြောင်းအရ ကျန်းဝမ်မန့်သည် နောက်နှစ်တွင် အမေရိကန်၌ ကျင်းပမည့် ပြပွဲကို တက်ရောက်မည် ဖြစ်ကာ သူသည် တရုတ်အမေရိကန် စွန်းယန်ရှန်း လူမျိုး တီထွင်သည့် နည်းပညာကို မြင်တွေ့မည် ဖြစ်၏။ ယင်းနည်းပညာသည် ဓာတ်ပုံဖိုင်ကို မိုက်ခရိုချစ်အတွင်းသို့ သိမ်းနိုင်အောင် ချုံ့ထားသည့် နည်းပညာဖြစ်သည်။ ယင်းနည်းပညာက သူ့ကို ဗွီစီဒီစတင် တီထွင်နိုင်အောင် အကြံဉာဏ်များ ပေးလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ယခုလက်ရှိတွင် ယင်းက ဖြစ်လာမည် မဟုတ်ပေ။ အကြောင်းမှာ ဖုန်းယွီသည် စွန်းယန်ရှန်း ကုမ္ပဏီမှ ယင်းချုံ့သည့် နည်းပညာကို ဝယ်ယူထားသည့်အတွက် ဖြစ်၏။

လွန်ခဲ့သည့် နွေရာသီက ဖုန်းယွီသည် သူ့ရှေ့နေ ဝီလ်ဆင်ကို အမေရိကန်သို့ သွားရန် တောင်းဆိုခဲ့သည်။ သူသည် ဝီလ်ဆင်ကို ကိစ္စနှစ်ခုလုပ်ရန် ပြောခဲ့သည်။ ပထမ တစ်ခုသည် မိုက်ခရိုဆော့ဖ်မှ ရှယ်ယာများကို တက်နိုင်သမျှ များများဝယ်ထားရန် ဖြစ်သည်။

မိုက်ခရိုဆော့ဖ်သည် အိုက်ဘီအမ်နှင့် အက်ပဲကို ပူးပေါင်းဆောင်ရွက်မှု ရုပ်သိမ်းချိန်တွင် သူတို့ ရှယ်ယာဈေးများ အောက်ဆုံးအထိ ထိုးကျမည် ဖြစ်သည်။

အချို့သော မိုက်ခရိုဆော့ဖ် ရှယ်ယာများသည် သူတို့ ရှယ်ယာများကို ရောင်းထုတ်ချင်ကြကာ ဖုန်းယွီသည် သူတို့ ရှယ်ယာများကို ဝယ်ယူရန်အတွက် ငွေကြေးပမာဏ များစွာ ယူဆောင်သွားခဲ့သည်။ ဝီလ်ဆင်သည် သူတို့အတွက် ကံကြမ္မာ နတ်ဘုရား တစ်ပါးအလားပင် ဖြစ်၏။

ထိုအချိန်က မိုက်ခရိုဆော့ဖ်၏ ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း တစ်ယောက် ဖြစ်သော်လည်း ထိုရှယ်ယာများသည် အကျိုးအမြတ်များစွာ ရပြီး ဖြစ်သည်။ မိုက်ခရိုဆော့ဖ်သည် ၁၉၈၆ခုနှစ်တွင် စာရင်းဝင် ကုမ္ပဏီ တစ်ခု ဖြစ်ခဲ့စဉ်က တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၂သန်းသာ ရှိသည်။ ထိုရှယ်ယာရှင်များက အက်ပဲနှင့် အိုင်ဘီအမ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရုတ်သိမ်းမှုအတွက် ဝေဖန်၏။

မိုက်ခရိုဆော့ဖ်၏ ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်သူ ပေါ်လ်အယ်လင်က ယမန်နှစ်က ရှယ်ယာရှင် အစည်းအဝေး တက်ရောက်သည့် အချိန်တွင် ကုမ္ပဏီ၏ စွမ်းဆောင်မှု ညံ့ဖျင်းမှု အကြောင်းကို ပြောကြားခဲ့သည်။ သူတွင် ကိုယ်ပိုင် ကုမ္ပဏီ တစ်ခု ရှိပြီး လွန်ခဲ့သည့် နှစ်များက မိုက်ခရိုဆော့ဖ်၏ ရှယ်ယာများကို ရောင်းချပြီးနောက် သူ့ပုဂ္ဂလိကပိုင် ကုမ္ပဏီအတွက် အကျိုးအမြတ်များစွာ ရရှိခဲ့၏။

ဝီလ်ဆင်၏ တုံ့ပြန်မှုက အလွန်မြန်ဆန်၏။ သူသည် မိုက်ခရိုဆော့ဖ်၏ ရှယ်ယာများ ကျနေသေးသည့်တိုင် ဂရုမစိုက်ပေ။ သူသည် ထိုရှယ်ယာများအတွက် ဈေးကြီးကြီးပေးကာ သန်းရာချီ တန်သည့် ရှယ်ယာများကို စုဆောင်းနိုင်ခဲ့၏။ ဖုန်းယွီသည် မိုက်ခရိုဆော့ဖ်၏ တတိယ အကြီးဆုံး ရှယ်ယာရှင် မဖြစ်သေးသော်ငြား သူသည် ရှယ်ယာ ၁၈ရာခိုင်နှုန်း ပိုင်ဆိုင်ပြီ ဖြစ်သည်။ ယခုလက်ရှိတွင် ဘီလ်ဂိတ်၊ ပေါ်အယ်လင်နှင့် ဖုန်းယွီတို့သည် မိုက်ခရိုဆော့ဖ်၏ ရှယ်ယာ ၉၀ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ကြ၏။

ထိုရှယ်ယာများတွင် မဲပေးရန် အခွင့်မပါပေ။ ဖုန်းယွီက ဂရုမစိုက်ပေ။ သူသည် ရှယ်ယာရှင် အစည်းအဝေးကိုသာ တက်ရောက်မည် ဖြစ်ကာ သူ့အနေဖြင့် မိုက်ခရိုဆော့ဖ်၏ လည်ပတ်မှုနှင့် ပတ်သက်ပြီး နှောက်ယှှက်လိမ့်မည် မဟုတ်ပေ။

ဘီလ်ဂိတ် မိုက်ခရိုဆော့ဖ်ကို ပြန်လာသည့် အခါ ဖုန်းယွီသည် ဘာမျှ ဂရုစိုက်တော့မည် မဟုတ်ပေ။ နောက်နှစ်မှစပြီး မိုက်ခရိုဆော့ဖ်၏ ရှယ်ယာများသည် လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။ မိုက်ခရိုဆော့ဖ်သည် အမေရိကန်ဒေါ်လာ သန်း၂၀၀၀ တန်ကြေးရှိမည် ဖြစ်သည်။ ယင်းက ဘီလ်ဂိတ် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ဖြစ်မည့် အချိန်ကာလလည်းဖြစ်ဩ။ သူအနေဖြင့် ထိုကမ္ဘာ့အချမ်းသာဆုံး ဆောင်ပုဒ်ကို နောက်နှစ်ပေါင်းများစွာအထိ ကိုင်စွဲထားမည် ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု ရုတ်သိမ်းပြီးနောက် အက်ပဲသည် ထိုနှစ်များအတွင်း အရှုံးများစွာဖြင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သူတို့အနေဖြင့် ဟာ့ဒ်ဝဲလ်ကော ဆော့ဖ်ဝဲလ်ပါ အာရုံစိုက်ရမည် ဖြစ်သည်။ များစွာသော ကုမ္ပဏီများသည် ထိုကုမ္ပဏီ နှစ်ခုကဲ့သို့ မဟုတ်ပေ။

ဒုတိယ တာဝန်သည် စွန်းယန်ရှန်းနှင့် ဆက်သွယ်ရန် ဖြစ်သည်။ ဝီလ်ဆင်သည် အမေရိကန်ဒေါ်သာ ၁၈သန်းကို အသုံးပြုကာ သူ့ထံမှ ချုံ့နိုင်သည့် နည်းပညာကို ဝယ်ယူခဲ့သည်။ ယင်းက ဈေးနှုန်း ကြီးမြင့်သော်ငြား ဖုန်းယွီသည် ယင်းနည်းပညာကို မြန်မြန်လိုချင်ကာ မူပိုင်ခွင့် တောင်းဆိုချင်၏။

ထိုနည်းပညာ မူပိုင်ခွင့် ရပါက ဖုန်းယွီသည် ထိုနည်းပညာနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ပိုင်ဆိုင်မည် ဖြစ်သည်။

ဖုန်းယွီ၏ အရင်ဘဝတွင် စွန်းယန်ရှန်းသည် ယင်းနည်းပညာကို နောက်နှစ် တီဗွီပြပွဲတွင် ပြသခဲ့သည်။ သို့သော် ယခုတွင် ထိုနည်းပညာသည် ဖုန်းယွီ လက်ထဲ ရောက်လာပြီ ဖြစ်သည်။ ဖုန်းယွီက ယင်းနည်းပညာကို ပြပွဲတွင် ပြသရမည်ကို စိတ်ဝင်စားခြင်း မရှိေ၌။

ဖုန်းယွီအနေဖြင့် ယင်းနည်းပညာအား သူ့အတွက် ဗွီစီဒီတီထွင်ပေးမည့် ကျန်းဝမ်မန့်ကို ပေးချင်သည်။ ဖုန်းယွီက အရင်ဘဝတွင် ကျန်းဝမ်မန့်သည် ဗွီစီဒီထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၆သိန်းတောင် မရခဲ့ပေ။

ယခုဘဝတွင် ဖုန်းယွီက သူ့အတွက် ဗွီစီဒီထုတ်လုပ်ပေးပါက ကျန်းဝမ်မန့်ကို အမေရိကန် ဒေါ်လာ ၁သိန်း သို့မဟုတ် ၁၀သန်းတောင် ပေးနိုင်၏။ ဖုန်းယွီသည် ဗွီစီဒီကို အမြန်ဆုံး ဖန်တီးချင်၏။

ယင်းက ဈေးကွက် လက်ဝါးကြီးသိမ်းမှု ဖြစ်ကာ သူ့အတွက် ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာကဲ့သို့ပင် အကျိုးအမြတ်များ ရစေမည် ဖြစ်သည်။ ပြိုက်ဖက်များရှိလာမည် မဟုတ်သည့်အတွက် အကျိုးအမြတ်သည် တည်ငြိမ်နေမည် ဖြစ်သည်။

အရင်ဘဝတွင် ဗွီစီဒီကို မိတ်ဆက်ပြီး နှစ်နှစ်အတွင်းတွင် အခုရေ သန်းပေါင်း ၁၀၀ကျော် ရောင်းချခဲ့ရသည်။ ထိုအကျိုးအမြတ်သည် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း တစ်ထောင် ဖြစ်မည်ပင်။

ထိုနည်းပညာကို ဝယ်ယူပြီး အချိန်တွင် ဖုန်းယွီသည် အခြားသူများအနေဖြင့် ဗွီစီဒီကို တီထွင်ပြီးမပြီးကိုတော့ တပ်အပ်မသိပေ။ ယင်းက နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကြီးပင် ဖြစ်၏။ တခါတရံတွင် တော်ပြီး ဉာဏ်ကောင်းရန် လိုပေ၏။ ထို့အတွက်ကြောင့် ဖုန်းယွီက ဖူကွမ်းကျန်းအား ကျန်းဝမ်မန့်အား ရှာခိုင်းခြင်း ဖြ်စသည်။

ဖူကွမ်းကျန်းသည် ပဟေဠိ ဖြစ်နေ၏။ ဖုန်းယွီ ရှာနေသည့် သူသည် တီဗွီစက်ရုံ တစ်ရုံမှာ အင်ဂျင်နီယာ တစ်ယောက်သာ ဖြစ်သည်။ သူ့တွင် ဘာမျှ ထူးထူးခြားခြား ရှိမနေချေ။ ပြီးနောက် ဖုန်းယွီသည် ထိုလူကို ရှာရန်အတွက် ငွေကြေးများစွာ သုံးစွဲခဲ့သည်။

ထိုသူကား သူ့အတွက် ငွေကြေးသုံးစွဲသင်သည့် လူ တစ်ယောက် ဖြစ်နေသည်လော။ တရုတ်နိုင်ငံတွင်တောင် ကျန်းဝမ်မန့်ထက် ပိုကျော်ကြားသည့် အင်ဂျင်နီယာ များစွာ ရှိပေ၏။ အဘယ်တွက် ဖုန်းယွီက ထိုသူ့ကိုသာ လိုအပ်သနည်း။

ဖုန်းယွီတွင် ပိုက်ဆံရှာရန်အတွက် အကြံဉာဏ်သစ်များ ရှိသည့်အတွက် ထိုသူ့ကို ရှာရန်လိုသည်ဟု ခံစားမိသည်။ ဖုန်းယွီအနေဖြင့် တီဗွီအစုံလိုက် ထုတ်လုပ်ချင်သည်လော။

တရုတ်နိုင်ငံတွင် တီဗွီစက်ရုံ များစွာ ရှိ၏။ စက်ရုံများအားလုံး နာမည်ကြီးရန်ကား ခက်ခဲပေသည်။ ဖူကွမ်းကျန်းသည် ဖုန်းယွီအနေဖြင့် ပြိုင်ဖက်များကို မည်သို့ အနိုင်ယူမည်ကို မပြောနိုင်ပေ။ တီဗွီအစုံလိုက် သို့မဟုတ် ပိုကောင်းသည့် အရည်အသွေးနှင့် တီဗွီ ဖြစ်မည်လော။

အကယ်၍ ဖုန်းယွီသာ တီဗွီ ထုတ်လုပ်ပါက ဖုန်းယွီနောက် ဆက်လိုက်သင့်သည်လော။ ဖုန်းယွီအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲရန်ကား မဖြစ်နိုင်ပေ။ အကဘ်၍ သူသည် ဖုန်းယွီကို မေးလျှင်တောင် ဖုန်းယွီအနေဖြင့် ထိုပရောဂျက်တွင် ရှယ်ယာဝယ်ယူရန် ခွင့်ပြုပေးမည် ဖြစ်သည်။

သို့သော် တီဗွီ ထုတ်လုပ်ခြင်းက တကယ်ပင် အလုပ် ဖြစ်နိုင်သည်လော။

ဖူကွမ်းကျန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ကျန်းဝမ်မန့်ကို ရှာတွေ့ခဲ့ကာ သူနှင့် တွေ့ဆုံပြီး ဖြစ်သည်။ သူ့အနေဖြင့် ကျန်းဝမ်မန့် တွင် မည်သည့် ထူးခြားချက်မှ မရှိသည်ကို တွေ့ခဲ့သည်။ ထိုသူသည် စိတ်အားတက်ကြွပြီး တီထွင်နိုင်စွမ်း ရှိသူ ဟုသာ ခံဏားရသည်။ သို့သော် တရုတ်နိုင်ငံတွင် ထိုသို့လူမျိုး များစွာ ရှိပေ၏။

ဖူကွမ်းကျန်းသည် သူ့ဦးကြီးဖြစ်သူ ဖူရုန်ချီကို ဖုန်းခေါ်ဆိုကာ ထိုအကြောင်းကို ပြောလိုက်၏။ ဖူရုန်ချီသည်လည်း ပဟေဠိ ဖြစ်သွား၏။ ဖုန်းယွီ ဘာတွေးနေမှန်း သူတကယ် မသိချင်း ဖြစ်သည်။ အဆုံးတွင် သူက ဖူကွမ်းကျန်းကို ဖုန်းယွီအား ကျန်းဝမ်မန့်အား တွေ့ပြီ ဖြစ်ကြောင်း ပြောခိုင်းလိုက်၏။

ဖုန်းယွီသည် မည်သည့်အရာတွင် ရင်းနှီးမြှပ်နှံမည် ဆိုသည့် အချက်ကို အရမ်းသိချင်နေ၏။ သူအနေဖြင့် ဖူကွမ်းကျန်း အလုပ်တွဲမလှုပ်ခင် ထိုအကြောင်း ပိုမိ သိထားရမည် ဖြစ်သည်။

ကျန်းဝမ်မန့် ကို တွေ့ပြီးနောက် သူသည် မနက်ဖြန်တွင် ဖုန်းယွီနှင့် တွေ့ရန်အတွက် ဘေကျင်းကို ရောက်လာမည် ဖြစ်သည်။ ဖုန်းယွီသည် ဝီလ်ဆင်ကို မနက်ဖြန် ဘေကျင်းကို ခေါ်မည် ဖြစ်သည်။ သူသည် ကျန်းဝမ်မန့်ကို ရအောင် စည်းရုံးရမည်ပင်။

All Chapters