← Chapters

အိပ်မက်

Vol. 23 Ch. 334

အိပ်မက်

Vol. 23 Ch. 334

ကျန်းဝမ်မန့်သည် ဘေကျင်းကို ဖူကွမ်းကျန်းနှင့်အတူ ရောက်လာခဲ့သည်။ သူသည် အဆင်မပြေသလို ခံစားရ၏။ ဖူကွမ်းကျန်းသည် အောင်မြင်ကျော်ကြားသည့် ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ကာ သူသည် တရုတ်နိုင်ငံတွင်လည်း များစွာ ရင်းနှီးမြှပ်နှံထား၏။

ကျန်းဝမ်မန့်သည် ဖူကွမ်းကျန်းသည် နိုင်ငံခြားအတွက် လေနှင့်မိုး ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာ ဖြန့်ချိသူ ဖြစ်ကြောင်း သိသွားသည့်အခါ သူသည် ဖူကွမ်းကျန်းကို အလွန် အားကျမိ၏။ သို့သော် ယင်းက ဖူကွမ်းကျန်း မိသားစုက ကူညီပေးနေခြင်း ဖြစ်သည်။ ယင်းက ထိုအသက်အရွယ်မျိုးတွင် ထိုသို့ အောင်မြင်မှုမျိုး ရထားသည့်အတွက် လေးစားဖွယ်ပင် ဖြစ်၏။

သူ့အတွေးတွင် ဖူကွမ်းကျန်းသည် သူ့အား ကန်ထရိုက်စာချုပ် အလုပ်များအတွက် သူ့ကို ရှာသည်ဟု တွေးမိသည်။ သူတို့ ကုမ္ပဏီသည် အချို့ ကုမ္ပဏီများအတွက် လျှပ်စစ်ပစ္စည်း အပိုင်းအစများကို ထုတ်ပေးသည်။ ယင်းက သူတို့ ကုမ္ပဏီအတွက် အဓိက ဝင်ငွေ လမ်းကြောင်း ဖြစ်သည်။ ဖူကွမ်းကျန်းသည် တစ်စုံတစ်ယောက်အစား သူ့ကို ရှာနေသည်ဟု သိသည့်အခါ သူ အံ့အား သင့်သွားတော့၏။

ထိုသူသည် ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာ တီထွင်သူ ဖြစ်ကား သူသည် ဘေကျင်း တက္ကသိုလ်တွင် ကျောင်းတက်နေဆဲ ကျောင်းသား တစ်ယောက် ဖြစ်သည်။

ကျန်းဝမ်မန့်သည် သူ့ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်ပြီးနောက် ယင်းအကြောင်းကို သိရှိသွားခဲ့သည်။ ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာသည် ယခုလက်ရှိ တရုတ်နိုင်ငံ၏ ဂုဏ်ယူစရာဟု စဉ်းစား၍ ရနိုင်ပေသည်။ ထိုထုတ်ကုန်များသည် တကမ္ဘာလုံးကို တင်ပို့ပြီး ယင်းကို တက္ကသိုလ် ကျောင်းသား တစ်ယောက်က တည်ထွင်ခဲ့သည်လော။ အို ခဏ... သူ ဒီပစ္စည်းတွေ ထုတ်တုန်းက အထက်တန်းကျောင်းသားပဲ ရှိဦးမှာမလား။

ကမ္ဘာပေါ်တွင် ပါရမီရှင် များစွာ ရှိပြီး သူတို့ထဲမှ တစ်ယောက်ကိုသာ သူတွေ့ဖူးသည်။ သို့သော် သူသည် ယခု တွေ့ဆုံမည့် ရည်ရွယ်ချက်ကိုတော့ သိရှိခြင်း မရှိပေ။ သူက ဖူကွမ်းကျန်းကို မေးသော်လည်း သူသည်လည်းပဲ မည်သည့် အကြောင်းကြောင့်မှန်း မသိရှိပေ။

ကျန်းဝမ်မန့်က ဖုန်းယွီသည် တက္ကသိုလ် တက်ရောက်ဆဲ ကျောင်းသား တစ်ယောက် ဖြစ်သည်ကို သိသော်လည်း သူတို့ တွေ့ဆုံသည့်အခါ ဖုန်းယွီ အလွန်ရိုးရှင်းသည့်အတွက် အလွန် အံ့အားသင့်သွားသည်။

“မစ္စတာကျန်း တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဖုန်းယွီပါ”

ယင်းက သာမန် နှုတ်ဆက်ခြင်းသာ ဖြစ်သော်ငြား ကျန်းဝမ်မန့်သည် ဖိအားများစွာကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ဒီသူက ပါရမီရှင် တီထွင်သူပဲ။

ဖုန်းယွီသည် အကြံဉာဏ်များကို ပေးသည်ကို မသိပေ။ ပြီးနောက် ဖုန်းယွီကိုလည်း ထီထွင်သူ တစ်ယောက်ဟု စဉ်းစား၍ မရနိုင်ပေ။ အကယ်၍ ဖုန်းယွီကိုယ်တိုင် တီထွင်သူ ဖြစ်ပါက သူ့အနေဖြင့် ပစ္စည်းများကို တည်ထွင်ခြင်းဖြင့်သာ ကျန်ရှိသည့် ဘဝ တလျှောက်လုံး အောင်အောင်မြင်မြင် ရှိနေမည် ဖြစ်သည်။

“မစ္စတာဖုန်း။ ကျွန်တော်က ကျန်းဝမ်မန့်ပါ။ မော်ဒန် ကုမ္ပဏီကါပ။ ဘယ်အတွက် ကျွန်တော့်ကို ရှာလည်း ဆိုတာ မေးလို့ ရနိုင်မလား။”

ကျန်းဝမ်မန့်ကာ ဝေဝါးဝါး ဖြစ်နေဆဲ ဖြစ်သည်။

“မစ္စတာကျန်း ခင်ဗျားက တီဗွီနဲ့ ဆက်စပ်တဲ့ နည်းပညာမှာ အလုပ်လုပ်တဲ့သူပါ။ ကျွန်တော် နည်းပညာ တစ်ခုကို ပြမယ်။ ဒီ နည်းပညာကနေ အကြံဉာဏ်ရနိုင်မလား ကြည့်မလို့ပါ။”

ဖုန်းယွီ လက်ပြလိုက်သည့်အခါ တစ်စုံတစ်ယောက် လာပြီးနောက် ဓာတ်ပုံချုံ့နည်းပညာကို ပြသ၏။

ကျန်းဝမ်မန့်သည် ထိုတင်ပြမှုတွင် နစ်မျောသွားသည်။ သူ့ကို တခြားသူများ ခေါ်သည်ကိုပင် မကြားရတောပေ။ သူ့ခေါင်းထဲတွင် ကိစ္စများဖြင့် ပြည့်သွားတော့သည်။

ထိုနည်းပညာကို စစချင်း ကြည့်ပါက ဘာမျှ မဟုတ်ပေ။ သို့သော် ကျန်းဝမ်မန့်က ထိုနည်းပညာကို စီဒီချပ်ငယ်များထဲတါင် ဓာတ်ပုံနှင့် အသံနှစ်ခုလုံး ထည့်သွင်းရတွင် အသုံးပြုနိုင်သည်ဟု ခံဏားမိသည်။ ယင်းက သေးငယ်ကျစ်လစ်သည့် ဗီဒီယိုခွေ ဖြစ်လာမည် ဖြစ်သည်။ ယင်းကို ခေတ်ပြောင်း ထုတ်ကုန်ဖြစ်လာမည်ပင်။

“မစ္စတာဖုန်း။ ဒီနည်းပညာရဲ့ နောက်ကွယ်က သီအိုရီက ဘယ်လိုလဲ။”

ကျန်းဝမ်မန့်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။

သို့သော် ထိုမေးခွန်း မေးပြီးနောက် ကျန်းဝမ်မန့် နောက်တရသွားသည်။ ယင်းက အရေးကြီးသည့် နည်းပညာ ဖြစ်ကာ ဘယ်အတွက် ဖုန်းယွီက သူ့အား အသေးစိတ် ပြောပြမည်နည်း။

ဖုန်းယွီက ပြုံးကာ ကျန်းဝမ်မန့်ကို ကြည့်ရင်း

“မစ္စတာကျန်း ခင်ဗျား သိချင်တာလား။ ဒီနည်းပညာကို ဘယ်လို အသုံးပြုနိုင်လဲဆိုတာ ခင်ဗျား အကြံဉာဏ် ရသွားပြီလား။ ငါ မင်းကို ဒီနည်းပညာနဲ့ ပတ်သက်ပြီး ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ မင်းအနေနဲ့ ဒီနည်းပညာနောက်ကွယ်က သီအိုရီကိုပဲ သိချင်တယ်ဆိုတာ သေချာရဲ့လား။”

ကျန်းဝမ်မန့်သည် အင်ဂျင်နီယာနှင့် မန်နေဂျာ တစ်ယောက် ဖြစ်သော်ငြား ကုမ္ပဏီ တစ်ခုအတွက် နည်းပညာများသည် မည်မျှ အရေးပါကြောင်း သိပေသည်။ ဖုန်းယွီသည် သူ့အား ထိုနည်းပညာများအကြောင်း ပြောပြခြင်းတွင် သူ့တွင် ဖုန်းယွီ အလိုရှိသည့် အရာ တစ်ခုခု ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

“မစ္စတာဖုန်း။ ကျွန်တော်ဆီကို လိုချင်တာကို တန်းတန်းပဲ ပြောလို့ရပါတယ်။"

ကျန်းဝမ်မန့်က အလေးအနက်ဖြင့် ပြန်ပြောလိုက်သည်။

“မစ္စတာကျန်း ကျွန်တော်တို့ နိုင်ငံရဲ့ လျှပ်စစ် ထုတ်ကုန်တွေ အကြောင်းကို ခင်ဗျား ဘယ်လို တွေးထားလဲ။ ကျွန်တော်တို့ တီဗွီ ထုတ်လုပ်မှုက ကမ္ဘာ့အဆင့်သုံး။ အခြားလျှပ်စစ် ထုတ်ကုန်တွေလည်း တိုးမြင့် ထုတ်လုပ်နေတယ်။ တရုတ်နိုင်ငံကို လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ နိုင်ငံ တစ်ခုလို့ စဉ်းစားလို့ ရနိုင်ပြီလား။”

ဖုန်းယွီက မေးလိုက်၏။

“အဲတာက အပေါ်ယံပဲ ရှိနေတာပဲ။ အခုလက်ရှိမှာ ကျွန်တော်တို့ လျှပ်စစ်လုပ်ငန်းက ကောင်းကောင်းကြီးထွားနေတယ်လို့ ထင်ရနိုင်ပေမဲ့ မှန်မနေဘူး။ ဥပမာအနေနဲ့ ကျွန်တော်တို့ စက်ရုံက ထုတ်လုပ်တဲ့ တီဗွီတွေမှာ ကျွန်တော်တို့အနေနဲ့ အဓိက နည်းပညာအစိတ်အပိုင်းတွေ မရှိဘူး။ ကျွန်တော်တို့တွေက အဲ့အစိတ်အပိုင်းတွေကို ပြည်ပက တင်သွင်းရတယ်။ ဒါက ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေ တိုးတက်ဖို့အတွက် ကန့်သတ်ထားတာပဲ။ ကုန်ကျစရိတ်ကလည်း များများလာတယ်။ ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ် များများ မရဘူး။ အကျိုးအမြတ် အများဆုံးကို အဓိက နည်းပညာတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေပဲ ရကြတာ။ ကုမ္ပဏီအများစုက ဂျပန်ကပဲ။ အခြား လျှပ်စစ် ထုတ်ကုန်တွေလည်း အတူတူပဲ။ အဓိက နည်းပညာတွေ အကုန်လုံးကို နိုင်ငံခြားကပဲ ပိုင်ဆိုင်ကြတာ။ ပြီးတော့ ကျွန်တော်တို့က အလုပ်သမားတွေနဲ့ ပစ္စည်းတပ်ဆင်ရုံပဲ။”

ကျန်းဝမ်မန့်က ထိုအကြောင်းကို ပြောသည့်အခါ ဒေါသထွက်နေ၏။ တီဗွီထုတ်လုပ်ရေး လုပ်ငန်းတွင်တောင် သူတို့ အကျိုးအမြတ် အကုန်လုံးနီးပါးကို နိုင်ငံခြားသားများက ယူသွားကြသည်။

ယခုလက်ရှိတွင် ကျန်းဝမ်မန့်သည် ဖုန်းယွီ နည်းပညာ၏ ရှေ့ပြေးအလားလာကို မြင်နေရ၏။အကယ်၍ ယင်းနည်းပညာကို ဗီဒီယိုနှင့် အသံ ထုတ်ကုန်များတွက် အသုံးပြုပါက ယင်းထုတ်ကုန်သည် တရုတ်နိုင်ငံကို အခြားနိုင်ငံများကြား ရှေ့မှ ရောက်သွားစေမည် ဖြစ်သည်။

ဖုန်းယွီက ခေါင်းညိတ်လိုက်၏။

“ယခုလက်ရှိ အခြေအနေကို ပြောတဲ့အခါ မစ္စတာကျန်း မပျော်ရွှင်မှန်း သိပါတယ်။ ကျွန်တော်တို့ ကိုယ်ပိုင် လျှပ်စစ် ထုတ်ကုန်က ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ်လို့ စဉ်းစားဖူးလား။”

ကျွန်တော်တို့ ကိုယ်ပိုင် လျှပ်စစ် ထုတ်ကုန်က ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ်လို့ စဉ်းစားဖူးလား။ ကျန်းဝမ်မန့်သ်ည ထိတ်လန့်သွား၏။ ဖုန်းယွီ၏ အိပ်မက်က သူ့ထက် ကြီးမားနေသည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။

“မစ္စတာဖုန်း ကျွန်တော် ဒီလို ပြောရတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ဒီနည်းပညာနဲ့ဆို တရုတ်က လျှပ်စစ်လုပ်ငန်းမှာ ရှေ့ပြေးအဖြစ် ရောက်ရုံတင်မကဘူး အလွန်ဆုံး တရုတ်နိုင်ငံက ကမ္ဘာ့အဆင့်မှာ ထိပ်ဆုံးအဖြစ်တောင် ရောက်နိုင်တယ်။”

ဖုန်းယွီက ရယ်လိုက်ကာ

“ခင်ဗျား အိုက်ဝ နားကြပ်ကပ်ဆက်အကြောင်းကို သိလား။ အောင်မြင်ကျော်ကြားတဲ့ အိုက်ဝ အမှတ်တံဆိပ်က ထုတ်တဲ့ နားကြပ်ကပ်ဆက်လေ။”

“ကျွန်တော် အိုက်ဝ နားကြပ်ကပ်ဆက်ကို သိတယ်။ ကျွန်တော်တို့ ကုမ္ပဏီကလည်း အဲ့နားကြပ်ကပ်ဆက် အများအပြားကို ဝယ်ယူခဲ့တယ်။ ကျွန်တော်တို့တွေ ပစ္စည်းအစိတ်အပိုင်း တော်တော်များများကို ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ အဓိက အစိတ်အပိုင်း ဥပမာ သံလိုက်ခေါင်းက ထုတ်လုပ်ဖို့ အရမ်းခက်ခဲတယ်။ ကျွန်တော်တို့မှာ အဲ့နည်းပညာ မရှိဘူး။ ကျွန်တော်တို့ ထုတ်တဲ့ နားကြပ်ကပ်ဆက်က အရမ်းကြီးပြီးတော့ လေးတယ်။ အသံအရည်အသွေးကလည်း မကောင်းဘူး။”

ယခုအချိန်အခါတွင် တရုတ်နိုင်ငံတွင် ရှိသည့် ကုမ္ပဏီ အများစုက အခြားသူများ၏ ပစ္စည်းကို ဘယ်လို ကူးရမည်ဆိုသည်ကိုပဲ သိ၏။ နိုင်ငံပိုင် လုပ်ငန်းအများစုနှင့် စစ်ဖက်ဆိုင်ရာ စက်ရုံများမှ ပြည်သူပိုင် စက်ရုံအဖြစ် ပြောင်းထားသည့် စက်ရုံအများစုသည်လည်း ထိုသို့သာ ကူးကြသည်။ သူတို့ ကူးယူမှု အများဆုံး ပစ္စည်းအများစုသည် လျှပ်စစ်ထုတ်ကုန်များ ဖြစ်သည်။

“ဒါဆို မစ္စတာကျောက်က အိုက်ဝ နားကြပ်ကပ်ဆက်ရဲ့ နည်းပညာက ကောင်းတယ်လို့ တွေးမိတာလား။”

“အဲတာက ကောင်းတာထက်ကို ပေါ်သေးတယ်။ အိုက်ဝရဲ့ နည်းပညာတွေက နားကြပ်ကပ်ဆက် တံဆိပ်များအကြား အကောင်းဆုံးလို့တောင် ပြောလို့ ရတယ်။”

ကျန်းဝမ်မန့်က သက်ပြင်းချလိုက်ပြီးနောက်

“ကျွန်တော် ကြားတာကတော့ အိုက်ဝက ဂျပန် ကုမ္ပဏီ တစ်ခု ဖြစ်ပေမဲ့လည်း တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က ဝယ်ယူခဲ့တယ်။ အခုလက်ရှိမှာ အိုက်ဝကို တရုတ်နိုင်ငံရဲ့ ဂုဏ်ယူစရာလို့ ပြောလို့ ရနိုင်တယ်။”

ကျန်းဝမ်မန့်က ပြောတာ ပြီးနောက် သူသည် ဖုန်းယွီ၏ မျက်နှာထပ်၌ ဂုဏ်ယူနေသည့် မျက်နှာကကို တွေ့လိုက်ရသည်။ အိုက်ဝကို ချီးကျူးတဲ့အခါ ဘာလို့ အရမ်းဂုဏ်ယူပြီး ပြုံးနေရတာလဲ။ ရုတ်တရက် ကျန်းဝမ်မန့်က အတွေးတစ်ခု ပေါ်လာကာ

“မစ္စတာဖုန်း... မစ္စတာဖုန်းက အိုက်ဝကို ဝယ်ယူခဲ့တဲ့ တစ်ယောက်လား။”

ဖုန်းယွီက ဖူကွမ်းကျန်းကို ကြည့်လိုက်ပြီးနောက် မပျော်ရွှင်စွာဖြင့် မေးလိုက်၏။

“အစ်ကိုဖူ ကျွန်တော် ဒီအကြောင်းကို တခြားသူတွေကို မပြောပါနဲ့လို့ မမှာထားဘူးလား။ ဘာလို့ သူ့ကို ဒီအကြောင်း ပြောလိုက်တာလဲ။"

ဖူကွမ်းကျန်းက ပြန်ပြောလိုက်၏။

“ငါဘာမှ မပြောပါဘူး။ မစ္စတာကျန်းက သူ့ဘာသာခန့်မှန်းတာလေ။”

ဖူကွမ်းကျန်းကက စိတ်ထဲတွင် တွေးလိုက်၏။ မင်းက အိုက်ဝအကြောင်းကို မပြောတဲ့ တစ်ယောက်လား။ ကျန်းဝမ်မန့်က ဒီအကြောင်းကို လွယ်လွွယ်နဲ့ ခန့်မှန်းနိုင်မှာ မဟုတ်ဘူးမလား။ ပြီးတော့ မင်းမျက်နှာထက်မှာ “ကျွန်တော်က အိုက်ဝရဲ့ သူဌေးပါ” လို့ ရေးထားတာ ထင်းနေတာပဲ။

ကျန်းဝမ်မန့်က ကြက်သေသေသွားတော့၏။ ဖုန်းယွီသည် အိုက်ဝ၏ တရုတ်သူဌေးဖြစ်သည်။ အိုက်ဝသည် တရုတ်နိုင်ငံ လျှပ်စစ်လုပ်ငန်း၏ ဘီလူးကြီး တစ်ကောင်ဟုတောင် စဉ်းစား၍ ရနိုင်ပေ၏။

ယင်းအဓိပ္ပာယ်က ဖုန်းယွီအနေဖြင့် ထိုဓာတ်ပုံချုံ့နည်းပညာကို အသုံးပြုကကာ သူ့ကိုယ်ပိုင်ထုတ်ကုန်များ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ဆိုလိုခြင်း ဖြ်စသည်။ အဘယ်တွက် ဖုန်းယွီက သူ့အား ရှာနေရသနည်း။

“မစ္စတာကျန်း ကျွန်တော် နည်းပညာကို အသုံးပြုပြီး ဗီဒီယိုနဲ့ အသံထုတ်ကုန်ကို ထုတ်လုပ်ပြီး ဗီဒီယိုနှင့် အသံလျှပ်စစ်လုပ်ငန်းကို ခေတ်ပြောင်းနိုင်တဲ့တော်လှန်မှုမျိုး လုပ်မှာကို ခင်ဗျား စိတ်ဝင်စားလား။”

All Chapters