ပိုက်ဆံ + အိပ်မက်
Vol. 23 Ch. 335
ကျန်းဝမ်မန့်က သူ့စိတ်ထဲတွင် တွေးလိုက်၏။ ဒါက အဓိက အကြောင်းအရာပဲ ဖြစ်လိမ့်မယ်။
ဖုန်းယွီသည် ယင်းထုတ်ကုန်ကို အမှန်တကယ် ဖြစ်လာအောင် ထုတ်လုပ်လိုခြင်း ဖြစ်သည်။ ကျန်းဝမ်ကျန့်သည် ဖုန်းယွီ သူ့အားခေါ်ယူချင်သည့် ရည်ရွယ်ချက်ကို သိပေ၏။ ယင်းပရောဂျက်သည် စိတ်လှုပ်ရှားဖွယ် ကောင်းသော်ငြား သူ့စိတ်ဝင်စားမှုက မကြီးပေ။
ဖုန်းယွီက သူအား သူ့အနေဖြင့် ရေကန်သေးလေးထဲတွင် ငါးကြီးအဖြစ်သာ ဆက်ရှိနေမလား။ သူနှင့်အတူ အလုပ်တွဲလုပ်မည်လောဟု မေး၏။
ကျန်းဝမ်မန့်သည် သူ့ကုမ္ပဏီတွင် အထွေထွေ မန်နေဂျာ ဖြစ်သည်။ ထိုကုမ္ပဏီသည် သုတေသနရုံး တစ်ခု၏ အခွဲ ဖြစ်သော်ငြား သူသည် ရှယ်ယာရှင် ဖြစ်နေဆဲ ဖြစ်သည်။
အကယ်၍ သူသည် ဖုန်းယွီထံတွင် အလုပ်လုပ်ပါက သူ့လိုလားသည့် နည်းပညာကို အသုံးပြုခွင့် ရနိုင်ပေသည်။ သို့သော် သူသည် အင်ဂျင်နီယာ ပြန်ဖြစ်မည် ဖြစ်သည်။ သူ့အနေဖြင့် အင်ဂျင်နီယာအဖြစ် ဆက်မရှိနေလိုပေ။ အကယ်၍ သူသာ အင်ဂျင်နီယာ အဖြစ်သာ ဆက်ရှိလိုလျှင် သူ့အနေဖြင့် သုတေသနရုံးမှ ထွက်ပြီး ကုမ္ပဏီ ထူထောင်လိမ့်မည် မဟုတ်ပေ။
“မစ္စတာကျန်း လျှပ်စစ်ကဏ္ဍမှာ တရုတ်နိုင်ငံကို ထိပ်တန်းခေါင်းဆောင် တစ်ယောက် ဖြစ်စေဖို့က ခင်များရဲ့ အိပ်မက် မဟုတ်ဘူးလား။ ခင်ဗျားရဲ့ အိပ်မက်ကို ကျွန်တော်နဲ့အတူ ပုံမဖော်ချင်ဘူးလား။ တကယ်လို့ ခင်ဗျားရဲ့ အိပ်မက်သာ အမှန်တကယ် ဖြစ်လာခဲ့မယ်ဆိုရင် ခင်ဗျား ဂုဏ်ယူမှုတွေ အကုန်ရမျာ။ ပြီးတော့ ခင်ဗျားရဲ့ နာမည်ကို သမိုင်းစာအုပ်တွေမှာတောင် အမည်သွင်းခံရမှာ။”
ကျန်းဝမ်မန့်သည် ဖုန်းယွီကို သူ့အနေဖြင့် သမိုင်းစာအုပ်တွင် အမည်ထည့်သွင်းခံလိုကြောင်း ပြောခဲ့သည်။ သို့သော် သူသည် ထိုထုတ်ကုန် အသစ်ကို တီထွင်သူအဖြစ်သာ ဖြစ်လိုပြီး ထိုထုတ်ကုန်ကို တီထွင်သည့် သူထဲမှ တစ်ဦး မဖြစ်လိုပေ။
“မစ္စတာဖုန်း ကျွန်တော် စဉ်းစားကြည့်မယ်။”
ဖုန်းယွီက မျက်ခုံးပင့်လိုက်၏။ သူ့အား အိပ်မက်အကြောင်းပြောပြီး စည်းရုံးရန် လွယ်ကူသည့်ပုံ မပေါ်ပေ။ အကယ်၍ ကျန်းဝမ်မန့်သည် တည်တည်ငြိမ်ငြိမ်ဖြင့် သာမန် ဘဝကို ဖြတ်သန်းလိုပါက သူ့အနေဖြင့် သုတေသနရုံးမှ ထွက်ကာ ကုမ္ပဏီတည်ထောင်လိမ့်မည် မဟုတ်ချေ။
သူသည် ကုမ္ပဏီ တစ်ခု စတင်လည်ပတ်ကတည်းက ပိုက်ဆံသည် သူ့၏ စိတ်ခွန်အားပေးသည့် အရာများ ဖြစ်လာခဲ့သည်။
ကျန်းဝမ်မန့် ဒုက္ခရောက်နေသည့် ပုံကို ကြည့်ပြီးနောက် ဖုန်းယွီက ဆက်ပြောလိုက်၏။
“မစ္စတာကျန်း ခင်ဗျားရဲ့ ကုမ္ပဏီမှာ ခင်ဗျားက အထွေထွေ မန်နေဂျာ တစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုက အနည်းငယ် ဖြစ်ရင်တောင်မှပေါ့။ တကယ်လို့ ခင်ဗျားကို ကျွန်တော်နဲ့ အတူ အလုပ်လုပ်ဖို့ တောင်းဆိုမယ်ဆိုရင် ခင်ဗျား သေချာပေါက် ငြင်းလိပ်မယ်။ ဒါပေမဲ့ ခင်ဗျားကို ရှယ်ယာအချို့ ပိုင်ဆိုင်ခွင့် ပေးမယ်ဆိုရင်ကော ဘယ်လိုလဲ။ ငါပြောတာက မစ္စတာကျောက်သာ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံခွင့်ပေးမယ်။”
ဖုန်းယွီ၏ အရင်ဘဝတွင် ကျန်းဝမ်မန့်သည် သုတေသန အသုံးစရိတ်အတွက် ငွေသန်းအနည်းငယ်ကိုသုံးခဲ့သည်။ ယခုဘဝတွင် သူသည် ရှေ့ရောက်ပြီး ဖြစ်သည်။ သို့သော် သူ့အနေဖြင့် အနည်းဆုံး ၁သန်း သို့ ၂သန်း ထုတ်နိုင်ပေ၏။
ထိုကုမ္ပဏီအသစ်သည် နည်းပညာအသစ်မပါပါက တန်ကြေးအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ကျော် တန်ကြေးရှိပေသည်။ အနာဂတ်တွင် ဗွီစီဒီ၏ အကျိုးအမြတ်နှင့် ဆိုလျှင် ဖုန်းယွီသည် ကျန်းဝမ်မန့်ကို ထိုကုမ္ပဏီတွင် ရှယ်ယာဝယ်ယူခွင့်ပေးခြင်းက အလွန် ရက်ရောခြင်းပင် ဖြစ်သည်။
ကျန်းဝမ်မန့်က ကြည့်လိုက်သည်။ ဘာ ဖုန်းယွီက ငါ့ကို ရှယ်ယာအချို့ ရောင်းချချင်တာလား။
“မစ္စတာဖုန်း ဒီ ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို အသေးစိတ် ပြောပြလို့ ရနိုင်မလား။”
ကျန်းဝမ်မန့်က ဖြားယောင်းမှုကို ခံလိုက်ရသည်။ ဖုန်းယွီ စိတ်သက်သာရာ ရသွား၏။
“ယခုလက်ရှိမှာ ငါက ဒီ ဓာတ်ပုံချုံ့ နည်းပညာကို ပိုင်ဆိုင်တယ်။ ငါ့အနေနဲ့ ဒီနည်းပညာကို ရဖို့အတွက် အမေရိကန်ဒေါ်လာ သန်း၂၀နီးပါး ကုန်ခဲ့တယ်။ မင်းအနေနဲ့ ဒီလောက် တန်ကြေးမရှိဘူးလို့ တွေးလိမ့်မယ်။ ဒါပေမဲ့ ဒီနည်းပညာက ငါတို့ရဲ့ ဗီဒီယိုနဲ့ အသံ ထုတ်ကုန် အသစ်ကို ထုတ်လုပ်ဖို့အတွက် ကူညီပေးလိမ့်မယ်။ အဲတာဆို ငါတို့က ဗီဒီယို ဈေးကွက်ကို လက်ဝါးကြီး အုပ်လို့ ရပြီ။ ပြီးတော့ အကျိုးအမြတ်ကလည်း ငါရင်းနှီးမြှပ်နှံတာထက်ကို များလိမ့်မယ်။ ငါ့အနေနဲ့ ဒီထုတ်ကုန် ထုတ်လုပ်ဖို့ စက်ရုံ တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း၂၀ ရင်းနှီးမြှပ်နှံမယ်။ အဲ့ထုတ်ကုန်ကို ဗွီဒီယိုကျစ်လစ်ပြား၊ ဗွီစီဒီ လို့ခေါ်မယ်။ ဒီ ဗွီစီဒီက ဗီဒီယိုကပ်ဆက်ခွေနဲ့ ခွေစက်တွေ အကုန် ပြောင်းလဲလိမ့်မယ်။ အခုလက်ရှိ ကာရာအိုကေစနစ်ကို ပြောင်းလဲလိမ့်မယ်။ ဒါက လျှပ်စစ် ထုတ်ကုန်အသစ်ပဲ။ တကယ်လို့ ငါတို့သာ ဈေးကွက်တစ်ခုလုံး ရယူနိုင်မယ်ဆိုရင် အကျိုးအမြတ် ဘယ်လောက်ရမယ်ထင်လဲ။”
ကျန်းဝမ်မန့်က အသက်ပြင်းပြင်းရှုနေ၏။ ဈေးကွက်လက်ဝါးကြီးအုပ်မှုက အကျိုးအမြတ်လွန်စာရမည် ဖြစ်သည်။
“ဒီအဓိပ္ပာယ်က ငါ့အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၄၀ ရင်းနှီး မြှပ်နှံမယ်။ ခင်ဗျား ဘယ်လောက် ရင်းနှီးမြှပ်နှံမလဲ။”
ကျန်းဝမ်မန့်က လေသွင်းထားသည့်ဘောလုံး တစ်ခုနှယ် ခံစားနေရသည်။ ဖုန်းယွီသည် သန်း၄၀ ရင်းနှီးမြှပ်နှံထားသည်။ ပြီးနောက် သူသည် ဈေးကွက် အကြောင်းကို သိသည်။ ယင်းနည်းပညာသည် အမေရိကန်ဒေါ်လာ သန်း၂၀ တန်ကြေးရှိသည်။ သို့သော် ထိုနည်းပညာသည် ကမ္ဘာပေါ်တွင် တစ်ခုသာ ရှိသည်။ ဖုန်းယွီအနေဖြင့် ယင်းကား မည်မျှ တန်ကြေးရှိမှန်း မသိပေ။ သူသည် ဗွီစီဒီ၏ အလားအလာကို မြင်နေရ၏။
သို့သော် သူ့တွင် ပိုက်ဆံ အလုံအလောက် မရှိပေ။ သူသည် ကုမ္ပဏီတွင် အထွေထွေ မန်နေဂျာ တစ်ယောက် ဖြစ်သော်ငြား သူ့တွန် အလွန်ဆုံးရှိမှ ၁သန်းပင် ဖြစ်သည်။ သူ့အဆက်အသွယ်များနှင့် ပေါင်းပါက ဒေါ်လာ ၂သန်းအထိ ရနိုင်ပေ၏။
ယင်းအဓိက သူ့အနေဖြင့် ရှယ်ယာ၏ ၂ရာခိုင်နှုန်းသာ ရရှိမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူသည် ဖုန်းယွီနှင့် အလုပ်အတူတူ တွဲလုပ်သည်ဟုသာ စဉ်းစားရနိုင်သည်။ သူ့အနေဖြင့် အနည်းဆုံး ရှယ်ယာ ၁၀ရာခိုင်နှုန်း လိုချင်၏။
“ကျွန်တော် အမေရိကန်ဒေါ်လာ သုံးသန်းအထိ ထည့်ဝင်လို့ ရတယ်။ ဒါက ကျွန်တော် လုပ်နိုင်တာ အကုန်ပဲ။ ဒါပေမဲ့ မစ္စတာဖုန်း ပြောပုံအရဆို ကျွန်တော် ဒီနည်းပညာနှင့် ထုတ်ကုန် ဖွံ့ဖြိုးအောင် လုပ်ဖို့ လုပ်ရဦမှာ။ ဒါက ပြဿနာ တစ်ရပ် မဟုတ်ဘူး။ ကျွန်တော် သုတေသနဝန်ထမ်းတွေကလည်း ကျွမ်းကျင်ကြသည်။ ကျွန်တော်တို့တွေ ခင်ဗျားအတွက် ပြဿနာ အများကြီးကို ဖြေရှင်းပေးနိုင်တယ်။ ကျွန်တော်အနေနဲ့ ရှယ်ယာများ ထပ်ရနိုင်မလား။”
ကျန်းဝမ်မန့်က မေးလိုက်၏။
ဖုန်းယွီက ထိုထုတ်ကုန် ထုတ်လုပ်ရာတွင် ထုတ်လုပ်မှု တာဝန်ခံအဖြစ် ကျန်းဝမ်မန့်ကို တာဝန်ပေးရန် စီစဉ်ပြီး ဖြစ်သည်။ အကယ်၍ ကျန်းဝမ်မန့်သည် ဝန်ထမ်းလောက်ငှမှု မရှိပါက သူ့အနေဖြင့် အိုက်ဝမှ လူအချို့ကိုတောင် လွဲပြောင်းနိုင်ပေ၏။ သို့သော် ယင်းက နောက်ဆုံးမှ စဉ်းစားသည့်အချက်ပင် ဖြစ်၏။ တရုတ်နိုင်ငံတွင် ကျွမ်းကျင်နည်းပညာရှင်များနှင့် အင်ဂျင်နီယာများ ရှိပေ၏။
ဖုန်းယွီ၏ အရင်ဘဝတွင် ကျန်းဝမ်မန့်သည် ဗွီစီဒီကို သူကိုယ်တိုင် ကိုယ်ကျ ဖွံ့ဖြိုးအောင် လုပ်နိုင်ခဲ့သည်။ စွန်းယန်ရှန်း၏ ကုမ္ပဏိက အနည်းငယ် ကူညီသော်ငြား ယင်းက ဓာတ်ပုံချုံ့ နည်းပညာကို ဆားကစ်ပြားထဲတွင် ထည့်သွင်းခြင်းသာ ဖြစ်သည်။
ဖုန်းယွီသည် ကျန်းဝမ်မန့်အနေဖြင့် သုတေသန အစီအစဉ်များကို လုပ်ရမည် ဖြစ်သည်။ ဖုန်းယွီသည် ငွေများကို သုံးစွဲနိုင်ပေ၏။ သူ့တွင် ငွေများ ရှိသည်။ သူလိုအပ်သည်ကား ပိုကျွမ်းကျင်သည့် ဝန်ထမ်းများ ဖြစ်သည်။
“မစ္စတာကျန်း ကျွန်တော်တို့ နမူနာပုံစံ ရဖို့ ဘယ်လောက်ကြာမလဲ။”
“ခြောက်လဆို လုံလောက်ပြီ။ တကယ်လို့ ငွေရေးကြေးရေးသာ လုံလောက်မယ်ဆိုရင် ၅လနဲ့တောင် ဖြစ်နိုင်တယ်။”
ကျန်းဝမ်မန့်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။
ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီလေ။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ အသင်းက ရှယ်ယာ ဘယ်လောက် လိုချင်လဲ။”
ဖုန်းယွီသည် ကျန်းဝမ်မန့်ကို ခေါ်ယူနိုင်ရုံသာမက သူ့အသင်းကိုလည်း ခေါ်ယူနိုင်ခဲ့၏။
ကျန်းဝမ်မန့်သည် တခဏကြာ တွေးပြီးနောက် ပြောလိုက်၏။
“ကျွန်တော်က အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အတူ ကျွန်တော်ရဲ့ အသင်း စုစုပေါင်း တန်ဖိုးက အမေရိကန်ဒေါ်လာ ၅သန်းလောက် ရှိမယ်။”
ကျန်းဝမ်မန့်သည် ဈေးကြီးကြီး ပြောလိုက်၏။ အကယ်၍ ဖုန်းယွီ သဘော မတူပါက ရှေ့ဆက်ဆွေးနွေးရန် အကြောင်းမရှိတော့ပေ။
ဖုန်းယွီက ဖူကွမ်းကျန်းဖက် လှည့်လိုက်ပြီးနောက်
“အစ်ကိုဖူ အစ်ကိုကို နိုင်ငံခြား အရောင်းပိုင်းမှာ ကိုင်ခွင့်ပေးမယ်။ အစ်ကိုကော အမေရိကန်ဒေါ်လာ ၅သန်း ရင်းနှီးမြှပ်နှံမယ်မလား။”
ဖူကွမ်းကျန်းသည် အပျော်လွန်သွားသည်။ ဖုန်းယွီက သူနှင့်အတူ ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။ ဖုန်းယွီသည် ဖူကွမ်းကျန်းအနေဖြင့် စက်ယန္တရားကုမ္ပဏီတွင် အလုပ်ကောင်းကောင်း လုပ်နေမှန်း သိပေ၏။
ဗွီစီဒီအသံက အကျိုးမြတ်မည့် ပုံစံ ဖြစ်သည်။ သူ့အနေဖြင့် အမေရိကန် ဒေါ်လာ ၅သန်းအတွက် သူ့မိသားစုကို မေးရန် မလိုအပ်တော့ပေ။ ယင်းက သူ့အတွက် အလွန်သေးနှပ်သည့် ပမာဏ ဖြစ်သည်။
“ညီအစ်ကိုဖုန်း ကျေးဇူးပါ။ ငါ့မှာ အမေရိကန် ဒေါ်လာ ၅သန်း အဆင်သင့်ပါတယ်။ ငါ့အနေနဲ့ နိုင်ငံခြားဈေးကွက်အရောင်းပိုင်းကို အာရုံစိုက်မယ်လို့ မင်းကို ကတိပေးပါတယ်။ ငါတို့ထုတ်ကုန်တွေ အကုန် ကမ္ဘာနေရာ အနှံကိုရောက်အောင် လုပ်မှာပါ။”
ဖုန်းယွီက ဝီလ်ဆင်ဖက်ကို လှည့်လိုက်၏။ ဝီလ်ဆင်သည် စာရွက်စာတမ်းအချို့ ထုတ်လိုက်ပြီးနောက် ဖုန်းယွီဆီကမ်းလိုက်၏။
“ဒီမှာ တစ်ချက် ကြည့်ကြည့်ပါ။ တကယ်လို့ ပြဿနာမ ရှိဘူးဆိုရင် စာချုပ်မှာ လက်မှတ် ထိုးလို့ရတယ်။ ကုမ္ပဏီ စာရင်းသွင်းဖို့က အစ်ကိုဖူလုပ်ပေးရမယ်။ ကျွန်တော်တို့တွေအနေနဲ့ ကုမ္ပဏီနာမည်ကို လေနှင့်မိုးလျှပ်စစ်လို့ အသုံးပြုမယ်။ လေနှင့်မိုး အမှတ်တံဆိပ်ကို အသုံးပြုတာက မာကတ်တင်း စရိတ်ကို ချွေတာနိုင်တယ်။ ပြဿနာ ရှိလား။”
ဖူကွမ်းကျန်းနှင့် ကျန်းဝမ်မန့်တို့သည် စာချုပ်ကို ဖတ်လိုက်၏။ ယင်းစာချုပ်ထဲတွင် ဖုန်းယွီသည် နည်းပညာကို အသုံးပြုကြောင်း၊ အမှတ်တံဆိပ်နှင့် ကုမ္ပဏီကို ငွေရင်းနှီးမြှပ်နှံမည် ဖြစ်ကြောင်း ပြောထားသည်။ သူ့အနေဖြင့် ရှယ်ယာ ၈၀ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။ ဖူကွမ်းကျန်းသည်လည်း ရင်းနှီးမြှပ်နှံမှုအတွက် ငွေကြေး အသုံးပြုမည် ဖြစ်သည်။ သူသည် ရှယ်ယာ ၁၀ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။ ကျန်းဝမ်မန့်သည် ငွေကို ရင်းနှီးမြှပ်နှံမည် ဖြစ်ကာ သူသည် သုတေသနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် တာဝန် ရှိသူ ဖြစ်သည်။ သူသည်လည်း ရှယ်ယာ ၁၀ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။ အရာအားလုံးသည် သူတို့ ဆွေးနွေးထားသည့်အတိုင်း ဖြစ်သည်။ ဝီလ်ဆင်သည် စာရွက် တစ်ရွက်ကိုသာ စာချုပ်ထဲ ထပ်ထည့်ရပြီး ယင်းထဲတွင် ပုဂ္ဂိုလ်အသီးသီး၏ ရင်းနှီးမြှပ်နှံမှု အသေးစိတ် ပါရှိသည်။
ယင်းစာချုပ်ကို ယခု တွေ့ဆုံပွဲ မတိုင်ခင်ကတည်းက ပြင်ခဲ့ခြင်း ဖြ်စသည်။ ဖုန်းယွီသည် ရလဒ်ကို သိသည်။ ဖုန်းယွီသည် အလွန် ကြောက်ဖို့ ကောင်း၏။
သူတို့က အချင်းချင်း ကြည့်လိုက်ကြသည်။
“ဒါနဲ ပတ်သက်ပြီး အဆင်ပြေပါတယ်။”
ယင်းက လေနှင့်မိုး ဗွီစီဒီ၏ ကမ္ဘာကြီးကို မုန်တိုင်းထန်ထန်သိမ်းပိုက်ခြင်း၏ အစ ဖြစ်လာမည်ပင်။