← Chapters

ပြင်ဆင်ခြင်း

Vol. 23 Ch. 336

ပြင်ဆင်ခြင်း

Vol. 23 Ch. 336

ဖူကွမ်းကျန်းသည် ဟောင်ကောင်ကို ပြန်သွားကာ လေနှင့်မိုး ဗွီစီဒီ၏ နိုင်ငံခြား အရောင်းပိုင်းအတွက် စတင် ပြင်ဆင်တော့သည်။ သူသည် အသင်းတစ်သင်းကို ဖွဲ့စည်းပြီး ဟောင်ကောင်ရုပ်ရှင်နှင့် ဂီတကုမ္ပဏီမျာတွင် စတင် ဆက်သွယ်တော့၏။ သူသည် ရုပ်ရှင်နှင့် သီချင်းများစွာ၏ ထုတ်လုပ်ခွင့်များစွာကို ဝယ်ယူခဲ့သည်။

ဖူရုန်ကျင်းသည် ယင်းအကြောင်းကို သိသည့်အခါ ဖူကွမ်းကျန်းကို ဆူတော့၏။

“မင်းကို ဒီလို လုပ်ရမယ်လို့ ဘယ်သူ ပြောတာလဲ။ နမူနာပုံစံတောင် အဆင်သင့် မဖြစ်သေးဘူး။ မင်းက လူ့စွမ်းအားတွေကို ဖြုန်းတီးနေတာပဲ။ မင်းရဲ့ အသင်းက ဘာမှ လုပ်စရာ မလိုဘူးလား။ အရောင်းကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်နေတာလား။ မင်းအနေနဲ့ ကုန်ကျစရိတ်က အရမ်းနည်းတယ်လို့ တွေးနေတာလား။ သူတို့တွေကို မင်းလစာ ပေးဖို့ မလိုဘူးလား။”

“အဖေ ဒါက ဖုန်းယွီလို ချင်တဲ့ အတိုင်းပဲလေ။ သူက ထုတ်ကုန် အသင့် ဖြစ်တာနဲ့ ဈေးကွက်ထဲကို မိတ်ဆက်ချင်တာ။ သူအနေနဲ့ ဈေးကွက်ကို မြန်မြန်ဆန်ဆန်ပဲ သိမ်းပိုက်ချင်တဘ်။”

ဖူကွမ်းကျန်းက ရှင်းပြလိုက်၏။

“ဖုန်းယွီက ဘာသိလို့လဲ။ ထုတ်ကုန်က လက်တွေ့မှာ ရှိတောင် မရှိသေးဘူး။ ဘာလို့ အလျင်လိုနေတာလဲ။ ထုတ်ကုန်အသစ်က အရမ်းရိုးရှင်းတယ်လို့ တွေးနေတာလား။ မင်းအသင်းလုပ်နေတာကို ရပ်ပြီးတော့ ခန့်ထားတာတွေကိုလည်း ဖြုတ်လိုက်တော့။”

“အဖေ ကျွန်တော်က ဒီအရောင်းကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်နဲ့ ကိုယ်စားလှယ်နော်။”

ဖူကွမ်းကျန်းက ပြန်ပြောလိုက်၏။

ဖူရုန်ကျင်းက ဒေါသထွက်သွားကာ

“မင်းဘာပြောတာလဲ။ မင်းက ဘယ်သူ့ကို ပြောနေတာလဲ။ ဒီအကြောင်းကို မင်းပြောထွက်ရဲတယ်ပေါ့။”

အကယ်၍ ဖူရုန်ကျင်းသာ သူ့ရှယ်ယာများကို ဖူကွမ်းကျန်းထံသို့ မလွဲပြောင်းပါက သူ့အနေဖြင့် အဓိက ရှယ်ယာရှင် မည်သို့ ဖြစ်လာမည်နည်း။ အကယ်၍ ဖူရုန်ကျင်းသာ သူ့အစ်ကို နားချတာ မခံခဲ့ရပါက ဖူကွမ်းကျန်းအနေဖြင့် ကုမ္ပဏီ၏ ကိုယ်စားလှယ် မည့်သို့ ဖြစ်လာမည်နည်း။

ယခုလက်ရှိတွင် အသုံးမဝင်သည့် သားက သူ့စကားကိုတောင် နားမထောင်တော့ပေ။ သူသည် ဖုန်းယွီနှင့်သာ မနက်မိုးလင်းသည်မှ မိုးချုပ်သည်အထိ ပြောနေ၏။ သူ့ကိုယ်ပိုင် အဖြစ် ရုန်းထွက်ချင်နေသည်လော။

“အဖေ စိတ်လျော့ပါ။ လေနှင့်မိုး လျှပ်စစ်က ဒီ အရောင်းပိုင်း အသင်းအတွက် ပေးမှာပါ။ ကျွန်တော်တို့အနေနဲ့သူတို့တွေကို ဘာမှ ပေးစရာ မလိုအပ်ပါဘူး။ ဒီ လူတွေက ကျွန်တော်တို့ ကုမ္ပဏီအတွက်ဆက်ပြီး အလုပ်လုပ်မှာပါ။ ကျွန်တော်က သူတို့တွေကို လည်ပတ်မှု အကြောင်းနဲ့ ရင်းနှီးအောင် ပြီးတော့ ဈေးကွက် သုတေသန လုပ်ဖို့အတွက် ပြေထားလို့ပါ။ သူတို့က ကျွန်တော်တို့အတွက် အသင့်ဖြစ်အောင် လုပ်ပေးမှာလေ။”

ဖူကွမ်းကျန်းက ရှင်းပြ၏။

“ဟ လေနှင့်မိုးလျှပ်စစ်က သူ့အတွက် ပေးမှာလား။ ကောင်းတာပေါ့။ မင်းကောင်းကောင်း လုပ်သားပဲ။ ဒါပေမဲ့ မင်းအနေနဲ့ ဈေးကွက်သုတေသန လုပ်ဖို့အတွက် ဒီလောက် လူအများကြီး သုံးဖို့ မလိုပါဘူး။ ပြီးတော့ မင်းက ဘာကြောင့်မလို့ ရုပ်ရှင်နှင့် ဂီတကုမ္ပဏီတွေကို ဆက်သွယ်နေရတာလဲ။ သူတို့တွေက ဘာအတွက်ကြောင့်လဲ။ မင်းက ဗီဒီယိုတိပ်ခွေတွေနဲ့ ကပ်ဆက်တွေ ရောင်းမလို့လား။”

ဖူရုန်ကျင်းက သူတို့အနေဖြင့် လစာပေးရန် မလိုကြောင်း သိသည့်အခါ သူ စိတ်ခံစားချက် ပိုကောင်းလာခဲ့သည်။ သူ့သားက သူ့အတိုင်းပင် ဖြစ်၏။ သူသည် တခြားသူ၏ ပိုင်ဆိုင်မှုကို ကိုယ်ပိုင် အဖြစ် မည်သို့ အသုံးပြုရမည်ကို သိပေ၏။

ဖူရုန်ကျင်းသည် ဖူကွမ်းကျန်းက လေနှင့်မိုး လျှပ်စစ်တွင် ရင်းနှီးမြှပ်နှံသည်ကို သိသည့်အခါ သူ ဒေါသထွက်သွားတော့၏။ တရုတ်နိုင်ငံ၏ လျှပ်စစ်လုပ်ငန်းသည် ရင်းနှီးမြှပ်နှံရန် မသင်ေ့ပ။ အကယ်၍ အိုက်ဝသာ ဖြစ်လျှင် ဖူရုန်ကျင်းအနေဖြင့် သူ့သား ရင်းနှီးမြှပ်နှံသည်ကို အားပေးမည် ဖြစ်သည်။ သို့သော် ယင်း ဗွီစီဒီက သူတို့ကို မည်သို့ တိုးတက်မှုမျိုး ပေးမည်နည်း။ သူသည် အရင်က ထိုသို့သော် အရာမျိုးကို တခါမျှ မကြားဘူးပေ။

ဖူရုန်ကျင်း ဒေါသထွက်ရသည့် အကြောင်းအရင်းကား ဗွီစီဒီသည် ဘယ်နေရာမှာမှန်းမသိဘဲ ရှယ်ဘာ ၁၀ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ ငါးသန်း ရင်းနှီးမြှပ်နှံလိုက်သည့်အတွက် ဖြစ်၏။

ယခုလက်ရှိတွင် ဖူကွမ်းကျန်းသည် ပိုက်ဆံများစာကို ရှာနိုင်၏။ သို့သော် အမေရိကန် ဒေါ်လာ ငါးသန်းသည် နည်းပါးသည့် ပမာဏ မဟုတ်ပေ။ အခြားသော အရာများတွင် ရင်းနှီးမြှပ်နှံခြင်းက ပိုကောင်းပေသည်။ အကယ်၍ Forex ဈေးကွက်တွင် ဖူရုန်ချီကဲ့သို့ ရင်းနှီးမြှပ်နှံပါက အမြတ်များစွာ ပြန်ရမည် ဖြစ်သည်။

ဖူရုန်ကျင်းသည် ဖုန်းယွီလုပ်သမျှ အရာတိုင်း အောင်မြင်သည်ကိုတော့ သိပေ၏။ သူ့ရင်းနှီးမြှပ်နှံမှု အကုန် ငွေရှာနိုင်ပေ၏။ သို့သော် သူတို့သည် ဖုန်းယွီရောင်းချသည့် ပစ္စည်းများအကြောင်းကို သိပေ၏။ ဗွီစီဒီသည် သူတို့အတွက် လုံးဝ ပစ္စည်းအသစ် ဖြစ်နေသည်။ သူတို့အနေဖြင့် ထို ဗွီစီဒီအကြောင်း ဘာမျှ မသိပေ။ ထိုထုတ်ကုန်အတွက် အနာဂတ်သည် မည်သို့ ဖြစ်မည်နည်း။ ဆောင်ပုဒ်သည် နားထောင်လို့ ကောင်းသည်။ သို့သော် ယင်းက အကောင်လုံးတောင် မပေါ်သေးပေ။ ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာများကို အနာဂတ် ပစ္စည်းများဟု မတွေးနိုင်သော်ငြား ဗွီစီဒီသည် ထိုရေနွေးငွေ့စက်ထက် ပိုပြီး အကျိုးအမြတ်များမည်လော။

ဒီ ဗွီစီဒီတွေကို ရင်းနှီးမြှပ်နှံချင်တယ်။ အဆင်ပြေတယ်။ ဒါကို အိမ်သုံးပစ္စည်းတစ်ခု အနေနဲ့ တွေးလို့ ရတယ်။ ဒါပေမဲ့ မင်းက ရုပ်ရှင်နဲ့ သီချင်းတွေရဲ့ မူပိုင်ခွင့်ကို ဝယ်ဘူနေတာလဲ။ တရုတ်ဈေးကွက်က အလွန် ရှေးရိုးဆန်သည်ပင်။ ဟောင်ကောင်ဇာတ်ကားနှင့် သီချင်းများသည် တရုတ်နိုင်ငံသို့ မည်မျှ ဝင်ရောက်ခွင့်ရမည်နည်း။

“အဖေ ကျွန်တော်တို့တွေက အဲ့ထုတ်ကုန်ကို ဗွီစီဒီလို့ ခေါ်တယ်။ ဒါက ခွေတစ်ခွေပဲ အဲ့ထဲမှာ ဇာတ်ကားတွေနဲ့ သီချင်းတွေကို ထည့်ထားလို့ ရတယ်။ အခုလက်ရှိ ဆေးကွက်ထဲမှာ ဗီဒီယို အမျိုးအစား နှစ်ခုပဲ ရှိတယ်။ တစ်ခုက ပုံမှန် ဗီဒီယို တိပ်ခွေ။ နောက်တစ်ခုက လေဆာပြား။ ဗီဒီယို တိပ်ခွေတွေက ဈေးချိုတယ်။ ဒါပေမဲ့ လေဆာပြားတွေက အနည်းဆုံး တစ်ခုကို အမေရိကန်ဒေါ်လာ ၁၀၀ရှိတယ်။ သီချင်းမှာလည်း နှစ်မျိုးရှိတိယ်။ ကပ်ဆပ်ခွေနဲ့ စီဒီ”

“ကျွန်တော်တို့တွေက နည်းပညာအသစ်ကို ပိုင်ဆိုင်ထားတယ်။ အဲ့နည်းပညာက ဓာတ်ပုံတွေနဲ့ အသံတွေကို ချုံ့နိုင်တယ်။ ကျွန်တော်တို့တွေ အနေနဲ့ မိနစ် ၁၀၀စာ ဗီဒီယိုကို ဗွီစီဒီနှစ်ခုမှာ ထည့်နိုင်တယ်။ ကုန်ကျစရိတ်က လေဆာပြားရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိဘူး။ ဒါက ကျွန်တော်တို့ သုတေသနအသင်းက တွက်ချက်မှုပဲ ရှိသေးတယ်။ ကျွန်တော်တို့ ထုတ်လုပ်မှု အများကြီး လုပ်ဆောင်တဲ့အခါမှာ ကုန်ကျစရိတ်က အဲ့ထက်တောင် နည်းနိုင်သေးတယ်။ အဖေအနေနဲ့ ဒီနည်းပညာ အလားအလာ ရှိတယ်လို့ မတွေးမိဘူးလား။”

ဖူရုန်ကျင်းသည် ချက်ချင်းပင် ခန့်မှန်းနိုင်ခဲ့သည်။

“ဒါကြောင့် မင်းက သီချင်းနဲ့ ရုပ်ရှင်တွေရဲ့ မူပိုင်ခွင့်တွေကို လိုက်ဝယ်နေတာလား။ မင်းက ဒီအခွေတွေကိုထုတ်ဖို့အတွက်လား။”

“ဟုတ်တယ်။ ကျွန်တော်တို့တွေက ဗွီစီဒီစက်တွေလည်း ထုတ်ဦးမှာ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ စက်ထဲ ထည့်ဖွင့်ဖို့အတွက် ဗွီစီဒီခွေတွေကိုလည်း အသင့် လုပ်ထားမှ ရမယ်လေ။ ဒီ ဗွီစီဒီတွေရဲ့ အကျိုးအမြတ်က နည်းမှာ မဟုတ်ဘူး။”

“မင်းက အကျိုးအမြတ်ကိုပဲ ကြည့်နေတာ။ ဒါပေမဲ့ မင်းရဲ့ ဗွီစီဒီက လေဆာပြားရဲ့ ကုန်ကျစရိတ်ထက် ဆယ်ပုံ တစ်ပုံပဲ ရှိတယ်ဆိုပေမဲ့ ဗီဒီယိုတိပ်ခွေထက်တော့ ဈေးကြီးသေးတယ်။ ငါ့မှာ ဗီဒီယို တိပ်ခွေစက်နဲ့ ဗီဒီယို တိတ်ခွေတွေ ရှိတယ်။ ဘာလို့ မင်းရဲ့ ထုတ်ကုန်ကို ဝယ်ယူရမှာလဲ။”

ဖုန်းယွီ၊ ကျန်းဝမ်မန့်နှင့် ဖူကွမ်းကျန်းတို့သည် ထိုမေးခွန်းကို ဆွေးနေပြီးပြီ ဖြစ်သည်။ ဖုန်းယွီသည် မေးခွန်း တစ်ခုကိုသာ ပြန်မေးသည်။ ပြီးနောက် သူတို့သည် အဖြေ ပြန်ရသွားကြ၏။

“မိသားစု အများစုက တစ်ဆယ်ဒေါ်လာထက် နည်းတဲ့ ပန်ကာတွေ ရှိကြတယ်။ ဒါပေမဲ့ သူတို့တွေက ဒလက်မဲ့ ပန်ကာကို ဝယ်ဖို့အတွက် ဒေါ်လာ ရာဂဏန်းအထိ အသုံးပြုတာလဲ။”

ထိုအချိန်က ဖူကွမ်းကျန်း၏ အဖြေသည်

“ဒလက်မဲ့ပန်ကာက နည်းပညာဖြင့် ထုတ်ကုန် ပြီးတော့ ဒီဇိုင်းကလည်း ကောင်းတယ်။ ငြိမ်တယ်။ အလွယ်တကူ သန့်ရှင်းလို့ ရတယ်။ အဲယားကွန်းထက်စာရင် ပိုဈေးကြီးပေမဲ့ ဈေးချိုသေးတယ်။ မတူညီတဲ့ ထုတ်ကုန်တွေက မတူညီတဲ့ ဈေးကွက် အပိုင်းတွေမှာ ဝင်ကြတယ်။”

ဖုန်းယွီက သူ့ကို ပြောလိုက်၏။

“ဒီ ဗွီစီဒီကလည်း အတူတူပဲ။ ဗီဒီယို ကပ်ဆက်ခွေတွေထက် ပိုဈေးကြီးတယ် ဆိုပေမဲ့ လေဆာပြားစက်တွေနဲ့ ယှဉ်မယ်ဆိုရင် ဈေးချိုသေးတယ်။ ဗွီစီဒီက လေဆာပြားတွေထက် ဈေးချိုတယ်။ လေဆာပြားက ဈေးကွက်ထဲကို ဝင်နိုင်တယ်ဆိုတာက ပိုကောင်းတဲ့ ပုံအရည်အသွေးတွေ ရှိနေလို့ပဲ။ ဒီ ဂျပန်ကုမ္ပဏီတွေက လေဆာပြားတွေကနေ ပိုက်ဆံ အများကြီးရှာနိုင်တယ်။ ဗွီစီဒီကလည်း တိပ်ခွေထက်စာရင် ပိုကောင်းတဲ့ ပုံအရည်အသွေးကို ရနိုင်တယ်။ ပြီးတော့ လေဆာပြားလောက်လည်း ကောင်းတယ်။ ထပ်ပြောရမယ်ဆိုရင် ငါတို့တွေက ရုပ်ရှင် ဗွီစီဒီခွေတွေပဲ ရောင်းမှာ မဟုတ်ဘူး။ ငါတို့တွေက သီချင်း ဗွီစီဒီတွေလည်း ရောင်းမှဦ။ ဒါက ကာရာအိုကေလုပ်ငန်းမှာဆိုရင် ခေတ်ပြောင်းတဲ့ ထုတ်ကုန် တစ်ခု ဖြစ်လာမှာ။”

ကာရာအိုကေကို ဂျပန်လူမျိုးများက တည်ထွင်ခဲ့ခြင်း ဖြစ်သည်။ ပြီးနောက် ယင်းက တကမ္ဘာလုံးတွင် အောင်မြင်ကျော်ကြားပေ၏။ သို့သော် ကာရာအိုကေသည် သီချင်းသာ ဖြစ်သည်။ မည်သည့်ပုံနှင့် စာမျှ မပါပေ။ ယင်းက သီချင်းဆိုစွမ်းရည်ကို စမ်းသပ်ခြင်းသာ ဖြစ်သည်။

အနာဂတ်တွင် ဗွီစီဒီမိတ်ဖက်ပြီးနောက် ကာရာအိုကေဆိုင်များက ဝယ်ယူကြမည် ဖြစ်သည်။ ထိုဂီတ ဗွီစီဒီများက သုံစွဲသူများကို သူတို့နှစ်သက်သည့် သီချင်းများကို သီချင်းစာသား ကျက်ရန် လိုအပ်တော့မည် မဟုတ်ပေ။

ဖုန်းယွီသည် ဖူကွမ်းကျန်းနှင့် အောင်အောင်မြင်မြင် ဆွေးနွေးပြီး ဖြစ်သည်။ ဗွီစီဒီစက် ဈေးကွက်ထဲသို့ ဝင်သည်နှင့် လုံလောက်သည့် ရုပ်ရှင်များနှင့် သီချင်းခွေများ ရှိမည်ဟု ယုံကြည်ပေသည်။ ယင်းက အောင်မြင်မှု တစ်ခုပင် ဖြစ်မည်။ ယင်းထုတ်ကုန်က တကမ္ဘာလုံးကို လျင်လျင်မြန်မြန်ဖြင့် ပြောင်းလဲနိုင်မည် ဖြစ်သည်။

ဖူကွမ်းကျန်း၏ ရှင်းပြမှုကို ကြားပြီးနောက် ဖူရုန်ကျင်းသည် သူ့စိုးရိမ်စိတ်များ ပျောက်သွားတော့၏။ ဖုန်းယွီပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။ အကယ်၍ သူတို့သည် ဈေးကွက်ထဲတွင် ထိုထုတ်ကုန်ကို ကောင်းကောင်း တင်ပို့နိုင်ခဲ့ပါက ဗွီစီဒီအရောင်းပိုင်းနှင့် ပတ်သက်ပြီး ပြဿနာ ရှိမည် မဟုတ်ပေ။ အကျိုးအမြတ်သည် ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာထက်တောင် များမည် ဖြစ်သည်။

“ကွမ်းကျန်း မင်းလုပ်တာတော်တယ်။ အလုပ်ကိုကြိုးစား ငါ့ကို စိတ်မပျက်စေနဲ့။ ငါမင်းကို ဒီလိုတွေ ပြောရတယ်ဆိုတာက မင်းကို စိတ်ခွန်အားပေးတာပဲ။”

ဖူရုန်ကျင်းသည် ဖူကွမ်းကျန်း၏ ပခုံးကို ပုတ်ကာ ပြုံးလိုက်၏။

ဖူကွမ်းကျန်းက “.....”

ခုနတုန်းက ထရိုက်တော့မလိုနဲ့ အခုမှ ခွန်အားပေးတာတဲ့လား။

All Chapters