ဟ ငါတို့ကို ဈေးကွက် လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲမှာတဲ့လား
Vol. 23 Ch. 337
ဖူကွမ်းကျန်းသည် ဘေကျင်းမှ ပြန်သွားသည်မှာ မကြာသေးခင် ဘေကျင်းသို့ ထပ်လာ၏။
“ဘာလို့ ဒီကို ထပ်ရောက်နေရပြန်တာလဲ။”
ဖုန်းယွီ၏ လေသံက ကောင်းကောင်းမွန်မွန် မပေါ်ပေ။
ဖူကွမ်းကျန်းသည်လည်း ကြောင်တောင်တောင် ဖြစ်သွားသည်။ သူသည် ဖုန်းယွီကို စိတ်အနှောက်အယှက် မပေးခဲ့ပေ။ သူသည် အရောင်းချန်နယ်ကို ထူထောင်ပြီး ဖြစ်ကာ ဈေးကွက် သုတေသနလည်း ပြီးပြီ ဖြစ်၏။
သူသည် ဟောင်ကောင်တွင် ရှိသည့် ဇာတ်လမ်းများနှင့် သီချင်းများ၏ မူပိုင်ခွင့်ကို ဝယ်ယူပြီး ဖြစ်သည်။ သူသည် အမေရိကန်နှင့် ဥရောပတွင်ရှိသည့် ကုမ္ပဏီများနှင့်တောင် ဆက်သွယ်ပြီး ဖြစ်၏။ သူသည် ထိုအရာများအားလုံးကို တစ်ပတ်အတွင်း လုပ်ခဲ့ကာ ဖုန်းယွီသည် အဘယ်တွက် ထိုလေသံမျိုးဖြင့် ပြောသနည်း။
“စိတ်အခြေအနေမကောင်းဘူးလား။ ဘာဖြစ်လို့လဲ။"
ဖူကွမ်းကျန်းက ယနေ့သည် ရုံးပိတ်ရက်မှန်း မသိပေ။ ပြီးနောက် ဖုန်းယွီသည် လီနနှင့် ချိန်းတွေ့ရန် လုပ်ထားသည်။ နောက်အပတ်တွင် လီန၏ ရာသီလာသည့် ကာလ ဖြစ်သည်။ နောက်အပတ်တွင် ဖုန်းယွီသည် ဘာမျှ လုပ်တော့မည် မဟုတ်ပေ။ လီနသည် သူနေ့ ယနေ့ ချိန်းတွေ့ရန် သဘောတူထားသည်။ သို့သော် ဖူကွမ်းကျန်းကြောင့် ဖုန်းယွီသည် ချိန်းဆိုမှုကို ရက်ပြောင်းခဲ့ရ၏။
ဖုန်းယွီက လက်ယမ်းပြလိုက်ကာ
“ကျွန်တော် အခု စိတ် အခြေအနေ မကောင်းဘူး။ ဒီူကို ရောက်လာတာ တစ်ခုခု မကောင်းတာမျိုး ဖြစ်လို့လား။”
ဖုန်းယွီသည် ဖူကွမ်းကျန်းကို အပြစ်ဖို့လိုက်သည်။ သူ့အမှားဟု ဝန်မခံပေ။
ဖူကွမ်းကျန်းက ခါးသက်သော အပြုံးပြုံးလိုက်ကာ
“ငါ့မှာလည်း မင်းအတွက် သတင်းဆိုး ရှိတယ်။"
ချီး တကယ်ပဲ သတင်းဆိုးပဲ။
ဖူကွမ်းကျန်းနှင့် ဖုန်းယွီ တွဲလုပ်သည့် စီးပွားရေးများသည် သူ၏ အကျိုးအမြတ်အများဆုံးစီးပွားရေးပင် ဖြစ်သည်။ ဖုန်းယွီသည် ထိုစီးပွားရေးနှင့် ပတ်သတ်ပြီး ဘာမှ အမှားမခံလိုပေ။
“ဘာမကောင်းသတင်းလဲ။”
“ငါတို့ ကုမ္ပဏီ တရားဆွဲခံရတယ်။ အမ်.... ငါ့အထင်တော့ ထိုက်ဟွကုမ္ပဏီလည်း မကြာခင် တရားစွဲခံရတော့မှာ။”
ဘာ.. ထိုက်ဟွကုန်သွယ်ရေးက မကြာခင် တရားစွဲခံရတော့မှာလား။ ဖူကွမ်းကျန်း၏ အရောင်းကုမ္ပဏီက တရားဆွဲခံရတာလား။ ဒါဆိုရင် ဒီကိစ္စက ရေနွေးငွေ့စက်နဲ့ ဒလက်မဲ့ ပန်ကာနဲ့ပဲ ပတ်သက်ရမယ်။
“အဲ့တာက ရေနွေးငွေ့စက် ဒါမှမဟုတ် ဒလက်မဲ့ ပန်ကာနဲ့လား။ အရည်အသွေးနဲ့ ပတ်သက်ပြီး ပြဿနာ ရှိလို့လား။”
ဖုန်းယွီက မျက်မှောင်ကျုံလိုက်၏။ ထိုထုတ်ကုန် နှစ်ခုသည် သူ့အရင်ဘဝတွင် မည်သည့် ပြဿနာမှ မဖြစ်ခဲ့ပေ။ အဘယ်တွက် ပြဿနာများက ယခုအချိန်မှ ပေါ်ပေါက်လာရသနည်း။ ထုတ်လုပ်သည့် အဆင့်တွင် လေယဉ်ထုတ်လုပ်သည့် စက်ရုံမှ လူများသည် အချို့သော အရာများကို မေ့ခဲ့သည်လော။
“အရည်အသွေးနဲ့ ပတ်သက်လို့ ဖြစ်တာ မဟုတ်ဘူး။ သူတို့တွေက ငါတို့ကို ဈေးကွက် လက်ဝါးကြီးအုပ်မှုနဲ့ တရားဆွဲတာ။”
ချီး ဈေးကွက်လက်ဝါးကြီး အုပ်မှုလား။
ဖုန်းယွီသည် စိတ်အဆင်မပြေ ဖြစ်သွားသည်။ သူသည် ထိုပစ္စည်းများကို မူပွင့်ခွင့် လျှောက်ခဲ့သည်။ ယင်းက အခြားသူများ လိုက်လံ တုပထုတ်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ သူသည် အနောက်နိုင်ငံများရှိ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေကို မေ့သွားခဲ့သည်။ ထိုနိုင်ငံများတွင် ဈေးကွက် လက်ဝါးကြီးအုပ်မှုကို ခွင့်ပြုခြင်း မရှိပေ။
“ငါတို့တွေ ဒီအမှုမှာ ရှုံးမှာလား။ ငါတို့တွေ ဒဏ်ကြေး ဘယ်လောက် အတပ်ခံရမလဲ။”
ဖုန်းယွီက နုံးချိစွာဖြင့် မေးလိုက်၏။
ဖူကွမ်းကျန်းက သိချင်စိတ် ဖြစ်သွားသည်။ တရုတ်နိုင်ငံတွင် ထိုသို့သော ဥပဒေမျိုး မရှိပေ။ ပြီးနောက် ဖုန်းယွီက ထိုသတင်းကို လက်ခံလိုနေသနည်း။ သူ့က အနောက်နိုင်ငံများတွင် ဈေးကွက်လက်ဝါးကြီးအုပ်ပါက ဒဏ်ကြေးပေးဆောင်ရသည်ကို သူမည်သို့ သိသနည်း။
“ဘယ်သူက ကျွန်တော်တို့ ရှုံးမယ်လို့ ပြောလဲ။ ကျွန်တော်တို့တွေ ဒီအမှုမှာ ရှုံးမှာ မဟုတ်ဘူး။ ဒီအမှုကို အသုံးချပြီးတော့ ပိုပြီး လူသိအောင်တောင် လုပ်လို့ ရသေးတယ်။”
ဖုန်းယွီ၏ စိတ်ခံစားချက်သည် ရိုလာကိုစတာလို ဖြစ်နေ၏။ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေကို နိုင်နိုင်မှာလား။
သူ့အရင်ဘဝတွင် မည်သည့် ကုမ္ပဏီမှ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေကို အနိုင်မယူနိုင်ကြပေ။ ကုမ္ပဏီအုပ်စု အများစုသည် ငွေကြေး ပမာဏ များစွာကို ပေးရသည်။ ပုံမှန်အားဖြင့် လူက တရားစွဲခံရလျှင် သူတို့သည် သေချာပေါက် သက်သေများကို ဆုဆောင်းမည် ဖြစ်သည်။ သူသည် ဈေးကွက်လက်ဝါးကြီးအုပ်ခြင်းကို ဖန်တီးပြီး တရားစွဲခံရခြင်းမှ လွတ်မြောက်သည့် ကုမ္ပဏီ တစ်ခုမျှ မကြားဖူးပေ။ ပြီးနောက် အနိုင်လည်း မရရှိပေ။
“ငါတို့တွေက နိုင်နိုင်မှာလား။ သူတို့တွေ ရူးနေလို့ ဖြစ်မယ်။ အဲလိုဆို ဘာလို့ သူတို့တွေက ငါတို့ကို တရားစွဲမှာလဲ။”
ဖုန်းယွီက မေးလိုက်၏။
ဖူကွမ်းကျန်းသည် လက်ဖက်ရည် သည်းလို့ နီးပါး ဖြစ်သွားသည်။ ယင်းဖုန်းယွီ၏ စိတ်ထားသည် အလွန်မြန်ဆန်ပေ၏။
“လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေက ဈေးကွက်လက်ဝါးကြီးအုပ်မှု အချို့ အခြေအနေမျိုးမှာ ပြဌာန်းထားတဲ့ ဥပဒေလေ။ အခြားလုပ်ငန်းရဲ့ ရှယ်ယာတွေကို ဝယ်ယူထိန်းချုပ်ပြီး ပြိုင်ဖက်ကို အားနည်းအောင် ပြုလုပ်တာ၊ ပြိုင်ဖက်၏ ဘုတ်အဖွဲ့ဝင်ဖြစ်အောင် ပြုလုပ်တာ ဥပမာအနေနဲ့ ပြိုင်ဖက်ကုမ္ပဏီ အများစုရဲ့ ဒါရိုက်တာ အဖြစ်ပေါ့။ ထုတ်ကုန် နှစ်မျိုးရောင်းချတာ။ ပြီးတော့ ဒုတိယ ထုတ်ကုန်ကို အတင်းဝယ်ယူအောင် လုပ်တာမျိုး သူတို့ လိုလို မလိုလိုပေါ့ ပြီးတော့ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေကို ဖောက်ဖျက်တာ။ ဈေးနှုန်းခွဲခြားသတ်မှတ်တာ။ ဒါက တူညီတဲ့ ထုတ်ကုန်ကို မတူညီတဲ့ ဈေးတွေ သတ်မှတ်ပြီးတော့ ပြိုင်ဖက်ကို ဈေးကွက်ထဲကနေ ထွက်သွားအောင်လုပ်တာ။ အားနည်းနေတဲ့ ပြိုင်ဖက် ဒါမှမဟုတ်ရင် ဈေးကွက် လက်ဝါးကြီး အုပ်လိုမှုနဲ့ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်တာ....”
ဖုန်းယွီက ဖူကွမ်းကျန်း ပြောသည်ကို ကောင်းကောင်း နားထောင်၏။ လေနှင့်မိုးက မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားသဖြင့် ဈေးကွက်လက်ဝါးကြီးအုပ်မှု ဖြစ်ကာ တရားစွဲဆိုခံရခြင်း ဖြစ်သည်။
သို့သော် ဖုန်းယွီသည် သူ့မူပိုင်ခွင့်ကို ကာကွယ်ထားခြင်းသာ ဖြစ်သည်။ ယင်းကို လက်ဝါးကြီးအုပ်သည်ဟု စဉ်းစားနိုင်သည်လော။
ဖုန်းယွီသည် ယခုအချိန်မှ အရင်ဘဝက ကုမ္ပဏီများစွာက အခြားကုမ္ပဏီများနှင့် မူပိုင်ခွင့် လဲလှယ်သည်ကို အမှတ်ရသွား၏။ ယင်းက သူတို့ ကုမ္ပဏီကို လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေမှ ကာကွယ်ရန် ဖြစ်သည်။
မင်းပြောသလိုဆိုရင် ငါက နည်းပညာကို လက်ဝါးကြီး အုပ်ထားတာပေါ့။ ဒါပေမဲ့ ငါဒီနည်းပညာကို အခြားသူတွေကို ရောင်းတယ်လေ။ ဘာကြောင့်လဲဆိုောတ့ သူတို့က ထုတ်ကုန်မှ မထုတ်တာ ငါက တခြားသူတွေကို ရောင်းရဦးမှာလား။
“အဲ့ပုံစံအရ ငါတို့က ဒီ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေနဲ့ ငြိနေတဲ့ပုံပဲ။ အဲတာဆို ငါတို့တွေ ဒီအမှုကို ဘယ်လို နိုင်နိုင်မလဲ။"
ဖုန်းယွီက နှုံးချိစွာဖြစ် ပြန်လည် ပြောလိုက်ပြန်၏။
“သူတို့တွေက ငါတို့ကို နည်းပညာလက်ဝါးကြီးအုပ်မှုနဲ့ တရားဆွဲထားတာ။ ပြီးတော့ ငါတို့ ထုတ်ကုန်တွေက ဈေးများလွန်းတယ်။ ဒါပေမဲ့ ငါတို့တွေ အနေနဲ့ ပြိုင်ဖက်တွေ ဈေးကွက်ထဲ ဝင်လာမှာကို ခွင့်ပြုလို့ မရဘူး။ ပြီးတော့ ငါတို့တွေ ဈေးကိုလည်း ပုံမှန်အတိုင်း ဖြစ်အောင် လုပ်လို့ မရဘူး။ ငါတို့အနေနဲ့ အခြားထုတ်ကုန်တွေနဲ့လည်း ရောလို့ မရဘူး။ ငါတို့တွေက ဈေးကွက်ထဲ ဝင်လာမဲ ပြိုင်ဖက်တွေကို အခက်အခဲတွေနဲ့ ပိုတွေ့အောင် လုပ်ရုံပဲ။ ငါတို့တွေ မူပိုင်ခွင့်ကို အခြားကုမ္ပဏီကို ရောင်းလိုက်မယ်ဆိုရင် သူတို့တွေက ထုတ်လုပ်ပြီး အနောက်နိုင်ငံတွေကို ပြန်လည် ရောင်းချလိမ့်မယ်။ ပြီးတော့ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေက အနည်းဆုံး တစ်နှစ် ကြာလိမ့်မယ်။ ဒီအချိန်မှာ ငါတို့တွေက တခြားကုမ္ပဏီကို ဒီထုတ်ကုန်တွေကို ရောင်းချခိုင်းရမယ်။ ဒီလိုဆို ငါတို့ နိုင်ပြီ။”
ဖူကွမ်းကျန်းက ပြောလိုက်၏။
ချီး မင်းက ငါတို့ ကိုယ်တိုင် ပြိုင်ဖက်ကို ဖန်တီးမလို့လား။ ဘယ်အရူးက ဒီလို ဥပဒေမျိုး ထုတ်ထားတာလဲ။
ဖုန်းယွီသည် သူ့၏ လေနှင့်မိုး ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာများသည် အမေရိကန်နှင့် ဥရောပတွင် ရောင်းကောင်းမည်ဟု မမျှော်လင့်ခဲ့ပေ။ မည်သည့်ကုမ္ပဏီမျှ ဈေးကွက်ထဲကို မဝင်နိုင်ကြပေ။
ဖုန်းယွီ ကံကောင်းသည်မှာ စက်မှုလုပ်ငန်းသုံး ရေနွေးငွေ့စက်များကို မထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသည် ထိုထုတ်ကုန်ကို ထုတ်လုပ်ခဲ့ပါက လွန်ခဲ့သည့် နှစ်များကတည်းက တရားဆွဲခံရပြီး ဖြစ်သည်။
“ငါတို့မှာ နောက်ထပ် ဖြေရှင်းဖို့ နည်းလမ်းရှိသေးလား။”
ဖုန်းယွီသည် အကျိုးအမြတ်များကို အခြားသူများကို မပေးလိုက်ချင်ပေ။ နိုင်ငံခြားမှ သူ့၏ ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာသည် အကျိုးအမြတ် အမေရိကန်ဒေါ်လာ သန်း ၃၀နီးပါး ရ၏။ ယင်းအကျိုးအမြတ်သည် ထပ်တိုးမည်သာ ဖြစ်သည်။ မူပိုင်ခွင့် ကာကွယ်မှု ပြီးသွားခဲ့ပါက သူသည် ဈေးကွက်ရှယ်ယာ အများဆုံး ရနေဦးမည် ဖြစ်ကာ သူ့ အမှတ်တံဆိပ်သည်လည်း အခြေကျလာမည် ဖြစ်သည်။ အကျိုးအမြတ်လည်း များဦးမည် ဖြစ်သည်။ သူ့အနေဖြင့် သူ့ရမည့် ငွေများကို အခြားသူများအား မျှဝေလိုခြင်း မရှိပေ။
ငါက အာထရာစောနစ် ရေနွေးငွေ့စက်ကိုပဲ ထုတ်လုပ်ထားတာ။ ပြီးတော့ မင်းတို့တွေက အပူပေးရေနွေးငွေ့စက်တွေကို သုံးလို့ ရတာပဲ။ ဒါမှမဟုတ် လျှပ်စစ်ရေနွေးငွေ့စက်။ အငွေ့ထုတ် ရေနွေးငွေ့စက် အစရှိသဖြင့်ပေါ့။ ငါက ဈေးကွက်ကို လက်ဝါးကြီး အုပ်တာမှ မဟုတ်တာ။
မင်းအနေနဲ့ သာမန် ပန်ကာ ဒါမှမဟုတ် အဲယားကွန်းကို ရောင်းလို့ ရတာပဲ။ပြီးတော့ ငါက ဒလက်မဲ့ ပန်ကာပဲ ရောင်းတာ။ ဒါကို လက်ဝါးကြီးအုပ်တယ်လို့ ခေါ်လို့ ရတာလား။
“ဟုတ်တယ် နောက်ထပ် အဖြေ တစ်ခု ရှိသေးတယ်။ ငါတို့တွေ အခြားသူတွေကို အတုအပ ပစ္စည်းထုတ်ခိုင်းလို့ ရတယ်။ ပြီးတော့ ငါ့တို့ရဲ့ မူပိုင်ခွင့်ကို ခိုးကူးမှုနဲ့ တရားပြန်ဆွဲလို့ ရတယ်။ ဥပမာအနေနဲ့ ငါတို့ရဲ့ မူပိုင်ခွင့် အချို့ကို ငါတို့ ရဲ ပြိုင်ဖက်တွေကို လစ်ဟပြမယ်။ ပြီးတော့ သူတို့ကို ထုတ်ကုန် ထုတ်ခိုင်းမယ်။ ငါတို့တွေ သူတို့တွေကို တရားစွဲလို့ ရမယ်။”
ဖုန်းယွီက “......”
ဘယ်လို အကြံဉာဏ်လဲ။ ငါတို့ကိုယ်တိုင် ပြိုင်ဖက် မွေးလိုက်တာမှ ကောင်းဦးမယ်။
ဖုန်းယွီသည် ရုတ်တရက် သူ့အရင်ဘဝတွင် အကြီးဆုံး ရေနွေးငွေ့စက် ထုတ်လုပ်သူ ဖြစ်သည့် YADU ကို သတိရသွားသည်။ ဖုန်းယွီသည် အိမ်သုံးရေနွေးငွေ့စက် ဈေးကွက်ထဲကို မဝင်လာအောင် လုပ်ခဲ့သည်။ အဘယ်ကြောင့် YADUသည် ထုတ်ကုန်အသစ် မထုတ်ရသနည်း။ တရုတ်နိုင်ငံတွင် YADUသည် စက်မှုလုပ်ငန်းသုံး ရေနွေးငွေ့စက်တွင် ခေါင်းဆောင် တစ်ဦး ဖြစ်နေဆဲ ဖြစ်၏။
ထပ်ပြောရပါက ကမ္ဘာ့အကြီးဆုံး ရေနွေးငွေ့စက် ထုတ်လုပ်သူသည် အမေရိကန် ကုမ္ပဏီ ဖြစ်သည်။ အဘယ်တွက် သူတို့သည် ထုတ်ကုန်အသစ်ကို မထုတ်လုပ်သနည်း။
ငါတို့ကို ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲမှတော့ ငါကလည်း ဈေးကွက်လက်ဝါးကြီး ဘယ်လို အုပ်လဲဆိုတာ ပြလို့ ရတာပေါ့။
“သွား YADU နဲ့ ဆက်သွယ်။ ပြီးတော့ သူတို့ကို ငါတို့ နည်းပညာတွေကို မျှဝေလိုကြောင်း ပြောလိုက်။”