← Chapters

မိတ်ဖက်

Vol. 23 Ch. 338

မိတ်ဖက်

Vol. 23 Ch. 338

YADU၏ အထွေထွေ မန်နေဂျာနှင့် ရှယ်ယာရှင် တစ်ဦး ဖြစ်သူ ရှစ်ဖုန်းက ဆိုဖာပေါ်တွင် ထိုင်နေကာ သူ့ရှေ့ရှိ လူနှစ်ယောက်ကို ကြည့်နေ၏။

“မန်နေဂျာဖုန်း အဘယ်တွက် ထိုက်ဟွ ကုန်သွယ်ရေးက ကျွန်တော်တို့ကို လာရှာရတာလဲ။ ငါတို့တွေက ပြိုင်ဖက်တွေလေ။”

ရှစ်ဖုန်းက ခပ်ပြတ်ပြတ် ပြောလိုက်၏။

YADUသည် ရေနွေးငွေ့စက်ကို ဖန်တီးပြီး ဖြစ်ကာ အိမ်သုံး ရေနွေးငွေ့စက်အဖြစ် မိတ်ဆက်တော့မည့် အချိန်ကို ရောက်နေပြီး ဖြစ်သည်။ သို့သော် သူတို့ ထုတ်ကုန်ကို ဈေးကွက်ထဲ မမိတ်ဆက်ခင် ဈေးကွက်ထဲ၌ အိမ်သုံး ရေနွေးငွေ့စက်သည် ရှိနေပြီး ဖြစ်ကြောင်း သိရှိခဲ့သည်။ သို့သော် ယင်းက အပူပေးရေနွေးငွေ့စက်သာ ဖြစ်သည့်အတွက် သူတို့က စိတ်ထဲ မထားပေ။

သူတို့၏ စမ်းသပ်မှုများအရ ထိုခေတ်အခါက လျှပ်စစ်မီး အကန့်အသတ် ရှိနေပသည်။ လူများများစားစားက ထိုရေနွေးငွေ့စက်များကို မတက်နိုင်ကြပေ။ သို့သော် မကြာခင်တွင် ထိုက်ဟွသည် အာထရာစောနစ် ရေနွေးငွေ့စက်ကို မိတ်ဆက်ခဲ့သည်။ ပြီးနောက် ထိုက်ဟွ ကုန်သွယ်ရေးအနေဖြင့် အမြတ် မည်မျှ ရှာနိုင်ကြောင်း YADUအနေဖြင့် သိပေသည်။ ပိုပြီး အံ့အားသင့်စရာကောင်းသည့် အချက်မှာ ထိုထုတ်ကုန်သည် အလွန်ရောင်းကောင်းခြင်း ဖြစ်သည်။

ထိုထုတ်ကုန်ကို ပြည်ပကိုတောင် တင်ပို့ရောင်းချ၏။ ပြီးနောက် လေနှင့်မိုး အမှတ်တံဆိပ်သည် ဈေးကွက်ထဲတွင် နေရာယူပြီး ဖြစ်သည်။ စိတ်အတိုရဆုံး အချက်မှာ ထိုက်ဟွ ကုန်သွယ်ရေးသည် ထိုနည်းပညာကို မူပိုင်ခွင့် တင်ထားခြင်း ဖြစ်သည်။ သူတို့အနေဖြင့် နောက်ထပ် ရေနွေးငွေ့စက်အမျိုးအစားကို ထုတ်လုပ်နိုင်သော်ငြား ဈေးကွက်ကို လေနှင့်မိုး အမှတ်တံဆိပ်က ထိန်းချုပ်ပြီး ဖြစ်သည်။ အဆုံးတွင် သူတို့သည် စက်မှုလုပ်ငန်းသုံး ရေနွေးငွေ့စက်များတွင်သာ အာရုံ စိုက်ရတော့သည်။

သို့သော် ယနေ့တွင် ထိုက်ဟွ ကုန်သွယ်ရေးမှ လူများက ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောချင်သည့်အတွက် ဆက်သွယ်သည်ဟု ဆိုသည်။ YADUနှင့် ထိုက်ဟွကုန်သွယ်ရေးကြား မည်သည့် ပူးပေါင်းမှုမျိုး ပြောရန် ရှိမည်နည်း။

“မန်နေဂျာရှစ် ကျွန်တော်တို့ရဲ့ ထုတ်ဟွကုန်သွယ်ရေးနဲ့ ခင်ဗျားတို့ရဲ့ YADUက တရုတ်ရဲ့ ရေနွေးငွေ့စက် ဈေးကွက်မှာ ခေါင်းဆောင်တွေလို့ စဉ်းစားလို့ ရနိုင်တယ်။ ကျွန်တော်တို့က အိမ်သုံး ရေနွေးငွေ့စက်တွေကို ထုတ်လုပ်တယ်။ ပြီးတော့ ခင်ဗျားတို့က စက်မှု လုပ်ငန်းသုံး ရေနွေးငွေ့စက်တွေကို အသုံးပြုတယ်။ ခင်ဗျားတို့ ကုမ္ပဏီအနေနဲ့ ဈေးကွက်မှာ အိမ်သုံး ရေနွေးငွေ့စက်တွေကို မရောင်းချင်ဘူးလား။”

“ဘာမှားလို့လဲ။ မင်းတို့ပဲ အိမ်သုံး ရေနွေးငွေ့စက်တွေကို ရောင်းလို့ ရတာလေ။ ငါတို့က ရောင်းလို့ ရလို့လား။ မင်းမှာ မူပိုင်ခွင့် ရှိတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ထုတ်ကုန်တွေက မင်းနဲ့ ကွဲပြားနေတယ်။”

အိမ်သုံးရေနွေးငွေ့စက်အကြောင်း ပြောသည့်အခါ ရှစ်ဖုန်းက ဒေါသထွက်သွားသည်။ ယင်း အာထရာစောနစ် နည်းပညာကို ရှာဖွေရန်အတွက် သူတို့ သုံးရက်သာ ကြာခဲ့သည်။ သို့သော် ယင်းနည်းပညာကို မူပိုင်ခွင့်ကာ ကာကွယ်ထားသည့်အတွက် သူတို့ ထုတ်လုပ်ခွင့် မရှိပေ။

“မဟုတ်ဘူး. မဟုတ်ဘူး.. မဟုတ်ဘူး မန်နေဂျာရှစ် ကျွန်တော်တို့ကို အမြင်မှားနေတာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ ဒီကို လာရတဲ့ ရည်ရွယ်ချက်က YADUနဲ့ နည်းပညာပိုင်း ဖလှယ်ဖို့ပဲ။”

ရှစ်ဖုန်းက မတ်တပ် ထရပ်လိုက်ကာ

“မင်းဘာပြောလိုက်တာလဲ။ နည်းပညာ ဖလှယ်မှာတဲ့လား။”

လေနှင့်မိုး ရေနွေးငွေ့စက်သည် ယခုလက်ရှိတွင် ဈေးကွက် ခေါင်းဆောင် ဖြစ်ကာ အကယ်၍ ရှစ်ဖုန်းသာ ဖြစ်လျှင် သူ့အနေဖြင့် ထိုနည်းပညာများကို မည်သည့်အခါမျှ လဲလှယ်မည် မဟုတ်ပေ။ ဒီထိုက်ဟွ ကုန်သွယ်ရေးက ရူးသွားပြီလား။

“ဒါအမှန်ပါပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ရေနွေးငွေ့စက် နည်းပညာကို YADUရဲ့ ရေနွေးငွေ့စက်နဲ့ စိုထိုင်းမှုစုပ်စက်အတွက် အသုံးပြုချင်လို့ပါ။ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ မျှမျှတတ ယှဉ်ပြိုင်လို့ ရပြီးတော့ ဈေးကွက် စစ်ပွဲ ဖြစ်တာကနေလည်း ရှောင်လွဲလို့ ရတယ်။”

ယင်းက အိုက်၀နှင့် ဆိုနီကဲ့သို့ ဖြစ်သည်။ မျှမျှတတ ယှဉ်ပြိုင်ခြင်း ဖြစ်ကာ တရာဝင်ပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ်သည်ဟု စဉ်းစား၍ မရနိုင်တော့။

“မင်းအနေနဲ့ စက်မှုလုပ်ငန်းသုံး ရေနွေးငွေ့စက် ဈေးကွက်ထဲ ဝင်ချင်တာလား။”

ရှစ်ဖုန်းက ထိုက်ဟွ ကုန်သွယ်ရေးအနေဖြင့် စက်မှုလုပ်ငန်းထဲကို ဝင်ချင်သည်ဟု ခံစားမိ၏။

“အခုလက်ရှိမှာတော့ ကျွန်တော်တို့အနေနဲ့ စက်မှုလုပ်ငန်းသုံး ရေနွေးငွေ့စက် ဈေးကွက်ကို စိတ်မဝင်စားသေးဘူး။ ကျွန်တော်တို့တွေက အိမ်သုံးရေနွေးငွေ့စက်ကိုပဲ အာရုံ စိုက်ဦးမှာ။ ဒါ့အပြင်ကို ကျွန်တော်တို့အနေနဲ့ စက်မှုလုပ်ငန်းသုံး ရေနွေးငွေ့စက် ထုတ်ရင်တောင် အရေအတွက်က များမှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကုမ္ပဏီရဲ့ ရောင်းအားကို ထိခိုက်မှာ မဟုတ်ဘူး။”

ဟာသ လုပ်တာ ရပ်လိုက်။ တရုတ်မှာ YADU ပဲ ရှိပေမဲ့ နိုင်ငံခြားမှာတော့ စက်မှုလုပ်ငန်းသုံး ရေနွေးငွေ့စက်ကုမ္ပဏီတွေ အများကြီး ရှိတယ်။ ဖုန်းယွီသည် ဈေးကွက်ထဲ ဝင်ရောက်ရန် ယုံကြည်ချက် မရှိပေ။ သူသည် အိမ်သုံး ရေနွေးငွေ့စက်နှင့် ကျေနပ်နေပြီ ဖြစ်သည်။

ရှစ်ဖုန်းသည် အဘယ်တွက် ထိုက်ဟွ ကုန်သွယ်ရေးအနေဖြင့် ယခုကဲ့သို့ ပူးပေါင်းမှု လုပ်ချင်မှန်း နားမလည်ပေ။ သို့သော် ယခု အပေးအယူတွင် YADUအနေဖြင့် အမြတ်ရမည် ဖြစ်သည်။ ရေနွေးငွေ့စက် နည်းပညာ အပြင် YADUတွင် အခြားသော နည်းပညာများ၏ မူပိုင်ခွင့်လည်း ရှိပေသည်။ သို့သော် အခြားသူများသည် နည်းပညာကို အနည်းငယ် ပြုပြင်လိုက်ခြင်းဖြင့် သူတို့အနေဖြင့် ထိုထုတ်ကုန်များကို ထုတ်လုပ်နိုင်ပေသည်။ သို့သော် အခြားသော ထုတ်ကုန်များသည် အရမ်းမများပေ။ဘာလို့ ထိုက်ဟွ ကုန်သွယ်ရေးက ဒီနည်းပညာတွေနဲ့ ဘာလုပ်ချင်နေတာလဲ။”

“နည်းပညာ ဖလှယ်ဖို့ပဲ ငွေရေးကြေးရေး မပါဘူး။”

“သေချာပေါက် မပါဘူး။ ကျွန်တော်တို့တွေက နည်းပညာတွေကို လဲလှယ်ရုံတင် မကဘူး ကျွန်တော်တို့တွေ မိတ်ဖက် အဖြစ် ဖြစ်ကြပြီးတော့ အခြား ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့အတွက် အချင်းချင်း ကူညီပေးရမယ်။”

YADU၏ စက်ရုံသည် အလွန်ကြီးပြီး အရေးပါသည့် နေရာ ဖြစ်သည့် ဘေကျင်းတွင် ရှိသည်။ အကယ်၍ YADUသာ ဖုန်းယွီကို ရေနွေးငွေ့စက်နှင့် အစိုထိုင်းမှုစုပ်စက် ထုတ်ရာတွင် ကူညီပေးပါက လေနှင့်မိုး၏ ထုတ်လုပ်ရေးသည်လည်း တိုးတက်လာမည် ဖြစ်သည်။ ပြီးနောက် ပို့ဆောင်ခ စရိတ်လည်း လျော့ချနိုင်မည် ဖြစ်သည်။ ဖုန်းယွီ၏ စက်ရုံသည် တုန့်ကွမ်းတွင် ရှိပြီး YADU၏ ထုတ်ကုန်များ ထုတ်လုပ်ရာတွင်လည်း ကူညီပေးသည်။ ဖုန်းယွီက YADU၏ ထုတ်ကုန်များကို ဖူကွမ်းကျန်း၏ ကုမ္ပဏီမှ တဆင့် နိုင်ငံခြားကို တင်ပို့ရာတွင် ကူညီမည်ဟုတောင် ဆုံးဖြတ်ချက် ချထားသည်။ ယင်းက လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေမှ ကာကွယ်ပြီး ဖြစ်၏။

YADUသည် အစိုးရနှင့် ပုဂ္ဂလိကပိုင် လုပ်ငန်း ဖြစ်သည်။ ယင်းအတွက်ကြောင့် နိုင်ငံခြားသားများထံမှ ငွေရယူခြင်းက ပိုတောင် ကောင်းပေ၏။ ထပ်ပြောရလျှင် YADU၏ နည်းပညာများတွင် လေ့သန့်စင်နည်းပညာသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးထဲမှ တစ်ခု ဖြစ်သည်။ အနာဂတ်တွင် ဖုန်းယွီသည် သူတို့နှင့်တောင် အတူ အလုပ် တွဲလုပ်ချင်၏။

ရှစ်ဖုန်းသည် ယင်းအကြောင်းကို တွေးပြီး ဖြစ်သည်။ အချင်းချင်း၏ ထုတ်ကုန်များကို ထုတ်လုပ်ပေးခြင်းက သူတို့၏ ကုန်ကျစရိတ်ကို လျော့ချပေးရာ ရောက်သည့်အပြင် အချို့သော အားသာချက်များလည်း ရှိပေ၏။ ယင်းက မကောင်းသည့် ကိစ္စတော့ မဟုတ်ပေ။ ထိုက်ဟွ ကုန်သွယ်ရေးအနေဖြင့် YADU၏ ထုတ်လုပ်မှု စွမ်းအားကို အသုံးပြုချင်သည်လော။

ရှစ်ဖုန်းသည် ထိုက်ဟွ၏ အခြေခံနည်းကိုတောင် စမ်းသပ်ရန် ဆုံးဖြတ်ချက် ချလိုက်၏။

“မန်နေဂျာဖုန်း ကျွန်တော် ကြားတာတော့ ထိုက်ဟွ ကုန်သွယ်ရေးက ဒလက်မဲ့ ပန်ကာရဲ့ မူပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်တယ်လို့ ပြောတယ်။ ဘာလို့ ဒီနည်းပညာကိုလည်း ကျွန်တော်တို့နဲ့ မ လဲလှယ်ရမှာလဲ။ နည်းပညာ တစ်ခုအတွက် နည်းပညာ နှစ်ခုကို လဲလှယ် အသုံးပြုတာက တရားမျှတမှာ မဟုတ်ဘူး။”

ဖုန်းယွီနှင့် ဖူကွမ်းကျန်းသည် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့ မျှော်လင့်ထားသည့်အတိုင်း YADUသည် တကယ်ပင် လောဘကြီးသည်ပင်။ ယခု အစည်းအဝေး မတိုင်ခင်က ယင်းအကြောင်းကို ဆွေးနွေးပြီး ဖြစ်သည်။ သူတို့သည် ဒလက်မဲ့ ပန်ကာ၏ နည်းပညာကို အဆင့်မြန်တင်ရန် လိုအပ်ကတည်းက YADUနှင့် မလဲလှယ်ဘဲ နေမည်နည်း။ YADUတွင် လေသန့်စင်သည့် နည်းပညာလည်း ရှိသေး၏။ ယင်းက အနာဂတ်တွင် ဈေးကွက် အလွန် ကြီးလာမည် ဖြစ်သည်။

“ခင်ဗျားက ဒလက်မဲ့ ပန်ကာရဲ့နည်းပညာကိုလည်း အလိုရှိတာလား။ ဒါက ပြဿနာ တစ်ခုမှ မဟုတ်တာ။ ဒါပေမဲ့ ခင်ဗျားတို့က လေသန့်စင် နည်းပညာနဲ့ ဖုန်စုပ်စက် နည်းပညာကို အဲ့တာနဲ့ အလဲအလှယ် လုပ်ကြမယ်လေ။ ဒီ နည်းပညာ လဲလှယ်မှုမှာ ကျွန်တော်တို့ဖက်က နာတာတွေလည်းရှိမယ်။ ဒါကြောင့် ခင်ဗျားတို့ဖက်ကလည်း ကျွန်တော်တို့ မိတ်ဖက်ဆက်ဆံရေးမှာ အချို့ အကျိုးအမြတ်တွေ ပြန်ပေးပေးပေါ့။ ဥပမာအနေနဲ့ ဒီနည်းပညာတွေရဲ့ အဆင့်မြင့်တင်မှုကို YADUက လုပ်ပေးတာမျိုး ပြီးတော့ အဲတာက ကျွန်တော်တို့အတွက် အခမဲ့ပေါ့။ နှစ်တိုင်းနှစ်တိုင်း ခင်ဗျားတို့က ကျွန်တော်တို့ကို ရေနွေးငွေ့စက်၊ စိုထိုင်းမှု စုပ်စက်၊ ဖုန်စုပ်စက်၊ လေသန့်စက်နဲ့ ဒလက်မဲ့ ပန်ကာ ထုတ်လုပ်တဲ့အခါ စာချုပ်ကြေး အခမဲ့နဲ့ ဆောင်ရွက်ပေးရမယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း အခြားနိုင်ငံတွေကို YADUရဲ့ ထုတ်ကုန်တွေကို တင်ပို့မှုမှာ ကူညီပေးမှာ။ ကျွန်တော်တို့တွေ အခြားနိုင်ငံရဲ့ ဈေးကွက်ကို အတူတူ ဝင်ကြပြီးတော့ တရုတ်နိုင်ငံအတွက် ငွေရှာပေးကြတာပေါ့။”

နည်းပညာ နှစ်ခုကို အသုံးပြုပြီး အကျိုးအမြတ် အလွန်များသည့် နည်းပညာကို လဲလှယ်ခြင်းက တကယ်ပင် ကောင်းမွန်သည့် အပေးအယူ ဖြစ်သည်။ ရှစ်ဖုန်းအတွက် ငြင်းဆိုရင် အကြောင်းပြချက် မရှိပေ။ ဖုန်းယွီ၏ ထပ်ပေါင်း အခြေအနေများသည်လည်း လက်ခံနိုင်သည်။ ယခု အပေးအယူတွင် ရှစ်ဖုန်းအတွက် စိတ်ဝင်အစားဆုံး အချက်သည် နိုင်ငံခြားကို တင်ပို့ရတွင် အကူအညီပေးမည် ဆိုသည့် အချက်ပင် ဖြစ်၏။

YADUသည် တစ်နိုင်ငံလုံး၏ အိပ်မက်ကို ပခုံးထမ်းထားရသည်။ ၁၉၈၇ခုနှစ်တွင် စုစုပေါင်း သန်း ၁၇၀ကို ထိုကုမ္ပဏီထဲ ရင်းနှီးမြှပ်နှံထားသည်။ ယခုလက်ရှိအထိ ကုမ္ပဏီသည် ထုတ်ကုန်များစွာ ထုတ်လုပ်ပေးသည့်တိုင် အရှုံးမရှိဘဲ မနေနိုင်ခဲ့သေးပေ။

အကယ်၍ YADUသာ သူတို့ ထုတ်ကုန်များကို နိုင်ငံခြားသို့ တင်ပို့ပါက အကျိုးအမြတ်သည် အလွန်များလာမည် ဖြစ်သည်။ ရှစ်ဖုန်း ချက်ခြင်း သဘောမတူနိုင်သည့် အခြေအနေ တစ်ခုသည် ထိုနည်းပညာများ အဆင့်မြင်တင်မှုကို ထိုက်ဟွ ကုန်သွယ်ရေးအတွက် အခမဲ့ လုပ်ပေးရမည် ဆိုသည့် အချက် ဖြစ်သည်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်သည် YADUအတွက် ငွေကုန်ကြေးကြ အများဆုံး အပိုင်း ဖြစ်သည်။ သူ့အနေဖြင့် ထိုက်ဟွ အနေဖြင့် သုတေသန စရိတ် မည်မျှ အကုန်ခံထားသည်ကို မသိသော်ငြား ယင်းက နည်းသည့် ပမာဏတော့ ဟုတ်မည် မဟုတ်ပေ။ မဟုတ်ပါက ဖုန်းယွီအနေဖြင့် သူတို့ နည်းပညာကို သူတို့ကို အဆင့်မြင့်ခိုင်းစေမည်နည်း။

သို့သော် ဖုန်းယွီသည် ထိုနည်းပညာများ ဖြစ်လာဖို့အတွက် ငွေကြေးများစွာ မရင်းနှီးခဲ့ရပေ။ သူသည် အရင်က သူ့ရသည့်ထဲမှသာ လေယဉ်ထုတ်လုပ်သည့် ကုမ္ပဏီကို ခွဲပေးခဲ့သည်။ ယခုလက်ရှိတွင် ဖုန်းယွီလက်ထဲ၌ ထိုထုတ်ကုန်များ၏ ရှယ်ယာများအားလုံး ရနေပြီ ဖြစ်၏။

“မန်နေဂျာဖုန်းနဲ့ မစ္စတာဖူ ခင်ဗျားတို့ ဘေကျင်းမှာ ဘယ်လောက် ကြာကြာနေဦးမှာလဲ။ ကျွန်တော်အနေနဲ့ အဖြေ ပြန်မပေးခင် အခြား ရှယ်ယာရှင်တွေနဲ့လည်း ဆွေးနွေးဖို့ လိုသေးတယ်။”

“သုံးရက်ဆို လုံလောက်လား။ သုံးရက်အတွင်း YADUအနေနဲ့ ကျွန်တော်တို့ ကမ်းလှမ်းတဲ့ အခြေအနေတွေကို သဘောမတူဘူးဆိုရင် ကျွန်တော်တို့က နောက်ထပ် မိတ်ဖက် တစ်ယောက်ကို စဉ်းစားမှာ။”

ဖုန်းယွီနှင့် ဖူကွမ်းကျန်းသည် အကြည့်ချင်း ဖလှယ်လိုက်ကာ နောက်ဆုံးရက် သတ်မှတ်ပေးလိုက်၏။

All Chapters