ဘက်စုံသုံး
Vol. 23 Ch. 339
သုံးရက်ကြာပြီးနောက် YADUက ဖုန်းယွီကို သူတို့သည် ပူးပေါင်းဆောင်ရွက်မှုကို သဘောတူကြောင်း ပြော၏။ သို့သော် သူတို့အနေဖြင့် အသေးစိတ် ဆွေးနွေးရန် လိုအပ်ပေသေး၏။
ဖုန်းယွီနှင့် ဖူကွမ်းကျန်းသည် အလွန် စိတ်လှုပ်ရှားနေကြ၏။ သူတို့၏ ကမ်းလှမ်းမှုကို YADUငြင်းပယ်မည် မဟုတ်မှန်း သိပေ၏။ ယင်းက ထိုက်ဟွ ကုန်သွယ်ရေးအနေဖြင့် အကျိုးယုတ်ရာ ရောက်သော်လည်း ယင်း အပေးအယူသည် သူတို့ တရားစွဲခံရမှုနှင့် သူတို့၏ တရုတ်နိုင်ငံ၏ ပုံရိပ်ကို မြင့်တင်ပေးရာလည်း ရောက်၏။ ဖုန်းယွီအတွက် အပျော်ဆုံးအပိုင်းသည် သုတေသန အခမဲ့ ရရှိခြင်းပင် ဖြစ်သည်။
“မန်နေဂျာရှစ် ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဈေးကွက်ကို ကျွန်တော်တို့ ကောင်းကောင်း ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"
“မန်နေဂျာဖုန်း ကျွန်တော်တို့ရဲ့ ထုတ်ကုန် အသစ်တွေက ခင်ဗျားတို့နဲ့ ဒီဇိုင်းပိုင်းမှာ အတူတူ ဖြစ်နေတာက မသင့်တော်ဘူးမလား။”
ရှစ်ဖုန်းက YADUကို လေနှင့်မိုး အမှတ်တံဆိပ်၏ ခိုးကူးထုတ်ကုန်ဟု ထင်မည်ကို ကြောက်ရွံ့၏။ ယင်းက သူတို့ နာမည်အတွက် ကောင်းသည့် အရာ မဟုတ်ပေ။
“ဒီဇိုင်း အတူတူတဲ့လား။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော် အဲ့အတွက်လည်း စဉ်းစားပြီးသွားပြီ။ ဥပမာအနေနဲ့ ကျွန်တော်တို့ရဲ့ ဒလက်မဲ့ ပန်ကာက အဝိုင်းပုံ ပြီးတော့ ခင်ဗျားတို့ရဲ့ ပန်ကာကို ဘဲဥပုံ လုပ်လို့ ရတယ်။ ကျွန်တော်တို့ ကုမ္ပဏီက အဲ့ဒီဇိုင်းကို ဆွဲပြီး စမ်းသပ်ပြီးသား။ ကျွန်တော်တို့က နောက်နှစ်မှာ ထုတ်ဖို့ ပြင်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ အနေနဲ့ ဒီဒီဇိုင်းကို ဘာလို့ ခင်ဗျားတို့ကို သုံးခွင့် မပေးရမှာလဲ။”
ဖုန်းယွီသည် ဘောပင် တစ်ချောင်းနှင့် စာရွက် တစ်ရွက်ထဲတွင် ဒလက်မဲ့ ပန်ကာပုံကို ဆွဲပေးလိုက်၏။ သူ့အရင်ဘဝတွင် ဆလင်ဒါပုံ ပန်ကာများသည် ပုံမှန် ဖြစ်၏။ သို့သော် နေရာ အလွန်ယူ၏။ လေထွက်ရာ ဘဲဥပုံ ဒီဇိုင်းသည် နေရာ သိပ်မယူပေ။ သို့သော် လှည့်လို့ရပါက တမျိုး ဖြစ်သွားမည် ဖြစ်သည်။ ထို့ပြင် ထိုဒီဇိုင်းသည် နေရာပိုင်း သိပ်မလိုသကဲ့သို့ ဝယ်ယူများ အကြားတွင်လည်း ရေပန်းစားသည်။
ဒီဇိုင်း နှစ်ခုလုံးအတွက် နည်းပညာများမှာ အတူတူပင် ဖြစ်သည်။ အပြင်ပိုင်းဒီဇိုင်းသာ ကွဲပြားသွားခြင်း ဖြစ်သည်။ ရှစ်ဖုန်းသည် စိတ်သက်သာရာ ရသွားသည်။ ယင်းနည်းလမ်းက ဝယ်ယူသူများကို YADUအနေဖြင့် ဒီဇိုင်းသစ်များကို ဖန်တီးကြောင်း တွေးဖွယ်ရှိ၏။
“မန်နေဂျာဖုန်း ကျွန်တော်တို့ရဲ့ ထုတ်ကုန် အသစ်အတွက် ဘယ်လိုအပိုင်းကို သုတေသန လုပ်သွားမယ်လို့ စဉ်းစားထားလဲ။”
ရှစ်ဖုန်းက မေးလိုက်၏။ ထိုက်ဟွ ကုန်သွယ်ရေးသည် ထိုထုတ်ကုန်ကို မိတ်ဆက်သည်မှာ ကြာပြီ ဖြစ်သည်။ ပြီးနောက် သူတို့သည် ထုတ်ကုန်အသစ် အဆင့်မြင့်တင်ရန်အတွက်လည်း သုတေသနလည်း မရှိပေ။ သူက ဖုန်းယွီကို မေးကာ ယင်းက အချိန်အများကြီး သက်သာစေ၏။
ဖုန်းယွီက သူ့ကို ပြန်ဖြေလိုက်၏။
“မန်နေဂျာရှစ်အနေနဲ့ တောင်ပိုင်းကို အရင်က သွားဖူးလား။ အဲ့ဒီက ရာသီဥတုကို ဘယ်လို မြင်လဲ။”
“သေချာတာတော့ ကျွန်တော် တောင်ပိုင်းကို အကြိမ်များစွာ ရောက်ဖူးတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့က စိုထိုင်းမှုစုပ်စက်ကို မိတ်ဆက်ခဲ့တာ။ စိုထိုင်းမှုစုပ်စက် တောင်ပိုင်း ဈေးကွက်အတွက် ရည်ရွယ်တယ်။ ဆောင်းရာသီကျရင် အဲ့မှာ နွေးတဲ့ လေတွေ မရှိတော့ဘူး။ ပြီးတော့ အနည်းငယ် စိုစွတ်တယ်။ အဲက ရာသီဉတုကို ကျွန်တော် မခံနိုင်ဘူး။”
ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။
“အဲတာဆိုရင် အဲ့က ဈေးကွက်တွေမှာ အပူပေးစက်တွေကိုကော တွေ့ဖူးလား။ ကျွန်တော်တို့ မြောက်ပိုင်းမှာ သုံးသလို လျှပ်စစ် အပူပေးစက်လိုမျိုးလေ။”
“သေချာတာပေါ့။ ငါ အရင်က မြင်ဖူးတယ်။ တောင်ပိုင်းမှာ ရှိတဲ့ လူတွေကလည်း အဲတာကို ဆောင်းရာသီမှာ အသုံးပြုကြတယ်။”
ရှစ်ဖုန်းက ဖုန်းယွီက ပဟေဠိဆန်ဆန်ဖြင့် ကြည့်လိုက်သည်။ ဖုန်းယွီက လျှပ်စစ် အပူပေးစက်ကို ထုတ်လုပ်ချင်နေတာလား။ ဒီ အပူပေးစက်မှာ နည်းပညာ အများကြီး ပါတာမှ မဟုတ်တာ။ ပြီးတော့ ဘယ်သူမဆို ထုတ်လုပ်နိုင်တာပဲလေ။ လေနှင့်မိုး အမှတ်တံဆိပ်ရဲ့ အောက်မှာ ဆိုရင်တောင် အကျိုးအမြတ်က အရမ်းများမှာ မဟုတ်ဘူး။
“မန်နေဂျာရှစ် အခု အဲယာကွန်းတွေမှာတောင် အပူပေးတဲ့ စနစ်ပါနေပြီဆိုလာ သိလား။ ဘာလို့ ကျွန်တော်တို့ရဲ့ ဒလက်မဲ့ ပန်ကာမှာ လည်း လေပူထုတ်တဲ့ စနစ် မပါလို့ ရမှာလဲ။ ကျွန်တော်တို့တွေက အထဲမှာ အပူပေးတဲ့ အစိတ်အပိုင်းကိုပဲ ထည့်ပေးရုံပဲလေ။ ဒါက အရမ်းခက်ခဲတာမှ မဟုတ်တာ။”
ရှစ်ဖုန်း၏ မျက်လုံးများက တောက်ပသွား၏။ ယင်းက မှန်ပေ၏။ အကယ်၍ ဒလက်မဲ့ ပန်ကာများသည် အပူထုတ်နိုင်ပါက ရောင်းအားသည် ထပ်တိုးသွားမည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ထိုပန်ကာကို ဆောင်းရာသီတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကာ အအေးပိုင်းဒေသရှိ သုံစွဲသူများသည်လည်း ဝယ်ယူကြမည် ဖြစ်သည်။
“မန်နေဂျာဖုန်း ဒီလို အကြံဉာဏ်များ ထွက်လာတာ တကယ်ကို အံ့ဩစရာပဲ။ ပါရမီရှင်ပဲ။ ဒါက ပြဿနာ တစ်ရပ် အဖြစ် ရှိမှာ မဟုတ်ဘူး။ YADUကလည်း ဒီထုတ်ကုန်ကို တစ်ပတ်အတွင်း ထုတ်လုပ်နိုင်မယ်လို့ ရည်ရွယ်ချက် ရှိတယ်။”
ဖုန်းယွီက ဆက်ပြောလိုက်၏။
“ကျွန်တော်တို့ ရေနွေးငွေ့စက်က ထုတ်တဲ့ ရေငွေ့တွေက အခု အပေါ်ကို တက်နေတာ။ တကယ်လို့ ကျွန်တော်တို့သာ ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာ အတူတကွ ပေါင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ ဆီ ရေငွေ့တွေက လေနဲ့အတူ ပါလာတော့မှာ ခင်ဗျား ဘယ်လိုထင်လဲ။”
ဖုန်းယွီသည် ယင်းအကြောင်းကို တွေးပြီးသားဖ ြစ်သည်။ ယင်းက သူ့အရင်ဘဝနှင့် အတူတူပင် ဖြစ်သည်။ အသုံးဝင်သည့် အရာများကို ထုတ်ကုန် တစ်ခုအတွင်း ထည့်သွင်းထားခြင်း ဖြစ်သည်။ ယင်းက ဘက်စုံသုံး ထုတ်ကုန် တစ်ခု ဖြစ်ကာ ယင်းက အိမ်သုံးပစ္စည်းများ ရှေ့ဆက်သွားရမည့် လမ်းကြောင်းပင် ဖြစ်ပေမည်။ ထုတ်ကုန် တစ်ခုသည် သုံးစွဲသူများ ရင်ဆိုင်နေရသည့် ပြဿနာ အများအပြားကို တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်မည် ဖြစ်၏။
ဖုန်းယွီသည် ယင်းထုတ်ကုန်ကို နောက်နှစ်တွင် မိတ်ဆက်ချင်သည်။ သူသည် ဈေးကွက်ကို ထိန်းချုပ်ပြီးသား ဖြစ်ကာ သူ့အနေဖြင့် ဘက်စုံသုံး ထုတ်ကုန် ထုတ်လျှင်လည်း ကိစ္စ ရှိမည် မဟုတ်ပေ။သို့သော် ယခုတွင် သူသည် လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေနှင့် တရားစွဲခံထားရသည်။ ပြီးနောက် သူသည် ထုတ်ကုန်အသစ်ကို စောစော မိတ်ဆက်ရန်လည်း ဆုံးဖြတ်ထားသည်။ YADUသည်လည်း သူ့အတွက် သုတေသန ပြုလုပ်ပေးမည် ဖြစ်သည်။ ယင်းက မခက်ခဲပေ။ သူတို့အနေဖြင့် အစိတ်အပိုင်းမျာကို သေးအောင် ပြုလုပ်ကာ ထုတ်ကုန် တစ်ခုတည်းတွင် ပေါင်းထည့်ရုံသာ ဖြစ်သည်။
ရေနွေးငွေ့စက်နဲ့ ဒလက်မဲ့ ပန်ကာကို ထုတ်ကုန် တစ်ခုထဲမှာ ပေါင်းထည့်မှာလား။ ဒါက အမှန်ပဲ။ ငါတို့တွေ ဘာလို့ မပေါင်းရမှာလဲ။ ဒီနည်းနဲ့ဆိုရင် လေထဲကို ရေငွေ့ လုံလုံလောက်လောက် ရစေပြီး လူတွေက ပိုဝယ်ကြတော့မှာ။
“ဒါအပြင် ငါတို့တွေ အလူမီနီယမ် ပန်ကာကိုလည်း မိတ်ဆက်မယ်။ အဲတာက ပိုပြီး မာမယ်။ တစ်ချိန်တည်းမှာ ပိုပြီး ကြည့်ကောင်းမယ်။ ငါတို့တွေ အနေနဲ့ ပုံမှန်ရေနွေးငွေ့စက်တွေမှာ သုံးတဲ့ ပလက်စတစ်တွေ အစား ဖန်ကို သုံးမယ်။ အပြင်ပိုင်းကို ဖန်နဲ့ အစားထိုးလိုက်ရုံပဲ။ အဲတာက ပိုလှပြီးတော့ အနုပညာ မြောက်တယ်။”
ဖန်ထုတ်ကုန်များသည် သယ်ယူပို့ဆောင်ရေး မလွယ်ကူသော်ငြား သူတို့အနေဖြင့် ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်ပေသည်။ မည်သို့ပင် ဖြစ်စေ ဘေကျင်းတွင် ချမ်းသာသည့်သူ အများအပြား ရှိသည်။ သူတို့သည် ထိုရေနွေးငွေ့စက်များကို တိုက်မိလျှင် ပိုတောင် ကောင်းသေး၏။ သူတို့သည် ထုတ်ကုန် တစ်ခုကို တစ်ခါ အသုံးပြုဖူးသည်နှင့် ယင်းထုတ်ကုန်ကို ထပ်သုံးမည်ပင် ဖြစ်၏။ သူတို့အနေဖြင့် အသစ်ထပ်ဝယ်မည် ဖြစ်သည်။ ပြီးနောက် သူတို့ အနေဖြင့် အစိုးရအေဂျင်စီများကိုလည်း ရောင်းချနိုင်ပေသည်။ ယင်းအတွက် ဈေးကွက် အကြီးကြီး ရှိ၏။
ဖုန်းယွီတွင် အကြံဉာဏ်သစ် များစွာ ရှိသည်။ ရှစ်ဖုန်းသည် ဖုန်းယွီကို အလွန်ကို အားကျနေ၏။ သူသည် စိတ်ထဲတွင် တွေးမိ၏။ YADUက ထိုက်ဟွနဲ့ အတူ အလုပ် တွဲလုပ်ခွင့် ရတာ တကယ်ကို ကံကောင်းမှုပဲ။ ထိုထုတ်ကုန်များနှင့်ဆို ထိုက်ဟွ ကုန်သွယ်ရေးနှင့် YADUတို့ မျှမျှတတ မယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိပေ။
ယခုလက်ရှိတွင် အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ နည်းပညာ အလဲအလှယ် လုပ်ရုံသာ မက အတူတက အလုပ်လုပ်ခြင်းနှင့် YADU၏ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရေးပါ ပါ၏။
အကယ်၍ ဒလက်မဲ့ ပန်ကာနှင့် ရေနွေးငွေ့စက်ကို ပူးပေါင်းထုတ်ပါက သူတို့အနေဖြင့် လေသန့်စင်မှုနှင့် စိုထိုင်းမှု စုပ်သည့် နည်းပညာကိုလည်း အတူတကွ ထုတ်လုပ်နိုင်ပေသည်။ ပေါင်းထုတ်နိုင်သည့် အမျိုးအစား များစွာ ရှိ၏။
“မန်နေဂျာဖုန်း ကျွန်တော်တို့တွေ ဒီ ဘက်စုံသုံးတဲ့ ထုတ်ကုန်ကို နာမည် ဘယ်လို ပေးကြမလဲ။”
“စူပါပန်ကာ”
ဖုန်းယွီက နာမည်ကို တွေးပြီးသား ဖြစ်သည်။
ယင်း ပေါင်းစပ်မှုတွင် အပြင်ပိုင်းသည် ဒလက်မဲ့ ပန်ကာဟုသာ စဉ်းစား၍ ရနိုင်သည့်အတွက် ပန်ကာဟု အမည်ပေးခြင်း ဖြစ်သည်။
အပူပေး ရေနွေးငွေ့စက် မိတ်ဆက်ခြင်းနှင့်အတူ အဲယားကွန်း ဈေးကွက်သည်လည်း သက်ရောက်မှု ရှိခဲ့၏။ ၁၉၉၄ နောက်ပိုင်းတွင် အဲယာကွန်း တပ်ဆင်ခသည် ကျလာပြီ ဖြစ်သည်။ တရုတ်နိုင်ငံ၏ လျှပ်စစ် ထောက်ပံ့နိုင်မှုသည် တိုးတက်လာမည် ဖြစ်သည်။ လေနှင့်မိုး သည်လည်း အဲယားကွန်း မိတ်ဆက်မည် ဖြစ်သည်။
သို့သော် ဖုန်းယွီအနေဖြင့် သူကိုယ်တိုင် လုပ်ရန် မလိုပေ။ သူ့အနေဖြင့် အခြားသော အဲယားကွန်း ထုတ်လုပ်သည့် စက်ရုံကို ဝယ်ယူနိုင်ပေ၏။ ဥပမာအနေဖြင့် Gree လျှပ်စစ် ထုတ်ကုန် လုပ်ငန်းသို့မဟုတ် ယခုလက်ရှိ နာမည် ကြီးနေသည့် Qiu Lan လုပ်ငန်းတို့ ဖြစ်သည်။ သူ့အနေဖြင့် လေနှင့်မိုး အဲယားကွန်းသည် တရုတ်နိုင်ငံ၏ အဲယားကွန်းဈေးကွက်တွင် ထိပ်တန်း ဖြစ်မည်ဟု ယုံကြည်ချက် ရှိသည်။
ထို့အပြင် ဖုန်းယွီသည် YADUနှင့် အဲယားကွန်းတွင် အတူ အလုပ် လုပ်နိုင်ပေ၏။ သူ့ အဲယားကွန်းထဲကို အချို့သော အသုံးဝင်သည့် အရာများ ထည့်ပေးမည် ဖြစ်သည်။ ယခုလက်ရှိတွင် အဲယားကွန်းများတွင် အပူပေးစနစ် ပါသည်ကား အသစ် ဖြစ်နေသည်။ မည်သည့် အဲယားကွန်းမျှ စိုထိုင်းမှု စုပ်သည့် အပိုင်းမျိုး မပါဝင်သေးပေ။
နောင်လာမည့် နှစ်များတွင် အဲယားကွန်းများ၌ ယူဗွီအလင်းများ ထည့်သွင်းမည် ဖြစ်သည်။ အဲယားကွန်းတွင် ထည့်ထားသည့် ယူဗွီ အလင်းများသည် ဘက်တီးရီးယားများကို သတ်နိုင်၏။
YADUသည် လေသန့်စင်စက်ကို ထုတ်လုပ်သူ ဖြစ်ကာ နည်းပညာများ ကိုလည်း ပိုင်ဆိုင်၏။ သို့သော် ယခုတွင် မည်သူမျှ အသုံးဝင်သည့် အရာအမျိုးမျိုးကို ထုတ်ကုန် တစ်ခုထဲတွင် ထည့်မည်ဟု မည်သူမျှ တွေးမိမည် မဟုတ်ပေ။
အခြားသော အကြောင်းပြချက် တစ်ခုသည်လည်း နည်းပညာပင် ဖြစ်သည်။ ယင်းက မဖွံ့ဖြိုးသေးပေ။ အသုံးဝင်သည့် အရာများကို တစ်ခုတည်း ပေါင်းထည့်လိုက်ပါက ထုတ်ကုန်သည် အလွန်ကြီးသွားမည် ဖြစ်သည်။
ဖုန်းယွီ ရှစ်ဖုန်းနှင့် ဖူကွမ်းကျန်းတို့သည် ကျေကျေနပ်နပ်ဖြင့် စာချုပ်တွင် လက်မှတ် ထိုးလိုက်ကြသည်။ သူတို့၏ နည်းဗျူဟာ မိတ်ဖက်စာချုပ်သည် စတင်ပြီ ဖြစ်၏။