← Chapters

ငါတို့တွေ ဆုပေးပွဲမှာ ဆုမရဘူးလား။ ငါတို့ ကိုယ်တိုင် ဆုပေးပွဲ တစ်ပွဲပဲ လုပ်ကြတာပေါ့

Vol. 23 Ch. 340

ငါတို့တွေ ဆုပေးပွဲမှာ ဆုမရဘူးလား။ ငါတို့ ကိုယ်တိုင် ဆုပေးပွဲ တစ်ပွဲပဲ လုပ်ကြတာပေါ့

Vol. 23 Ch. 340

အတန်းပြီးနောက် ဖုန်းယွီသည် ဝူကျီကန်း အပြင်ဖက်တွင် စောင့်နေသည်ကို မြင်လိုက်ရ၏။

“ဘယ်လိုလဲ။ ငါတို့တွေ ဆုရတယ်မလား။”

တရုတ်နိုင်ငံတွင် ဆုအမျိုးအစား များစွာ ရှိသည်။ ယင်းဆုပေးပွဲ စတင်ပြီလားတော့ မသေချာပေ။ အမျိုးအစားပေါင်း များစွာ ရှိသေလည်း ထုတ်ကုန် တစ်ခုတွင် အနိုင်ရရှိသည့် ဆုတံဆိပ် တစ်မျိုးသာ ထည့်နိုင်၏။ ယင်းက ထုတ်ကုန်၏ အရောင်းပိုင်း တိုးတက်မှုတွင် အောင်မြင်ရန်လည်း အခွင့်အရေး ရှိပေ၏။ ထိုကဲ့သို့သော် ထုတ်ကုန်များကို ဈေးတောင် တင်နိုင်ပေ၏။ ထိုအချိန်က ဝယ်ယူသူများသည် ဆုများကို ယုံကြည်ကြ၏။

လုံကျန်းပြည်နယ်တွင် ဆုအမျိုးအစား အနည်းငယ်သာ ရှိသည်။ ထိုဆုများမှ အများစုမှာ နိုင်ငံပိုင် လုပ်ငန်းများကိုသာ ပေးအပ်ခြင်း ဖြစ်သည်။ လေနှင့်မိုး ထုတ်ကုန်များ ဖြစ်သည့် ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာများသည် နည်းပညာပိုင်းတွင် ဆန်ကာတင် စာရင်း ဝင်သော်ငြား ဆုတံဆိပ် ရရှိခြင်း မရှိပေ။

ဖုန်းယွီက အနည်းဆုံး တစ်ဆု ရမည်ဟု တွေးခဲ့မိသည်။ သူ့ထုတ်ကုန်များအားလုံးသည် ရောင်းကောင်းပြီး ပြည်ပကိုတောင် တင်ပို့ရသည်။ ဝူကျီကန်း၏ အမူအရာအရ ဖုန်းယွီက သူတို့အနေဖြင့် ဆုတစ်ဆုမျှ အနိုင်မရခဲ့ကြောင်း သိနိုင်ပေ၏။

ဝူကျီကန်းက စိတ်တိုစွာဖြင့် ပြောလိုက်၏။

“မန်နေဂျာဖုန်း ကျွန်တော်တို့ ဆု တစ်ခုမှ မရခဲ့ဘူး။ ကျွန်တော် ကြားတာတော့ ဒီဆုတွေက နိုင်ငံပိုင် လုပ်ငန်းတွေ အတွက်ပဲတဲ့။ ကျွန်တော်တို့ ထုတ်ကုန်တွေ ဆန်ကာတင် စာရင်း ဝင်တာလည်း မြို့တော်ဝန်ကျန်းကြောင့်ပဲ။ ကျွန်တော်တို့က ဆုတံဆိပ် ရဖို့တောင် မဖြစ်နိုင်ဘူးတဲ့။ ပွဲစီစဉ်တဲ့ သူတွေက အရောင်းပိုင်း၊ နည်းပညာနဲ့ အကျိုးအမြတ်ကို မစဉ်းစားဘူး။ သူတို့တွေက ကုမ္ပဏီရဲ့ နောက်ခံကိုပဲ ကြည့်ကြတယ် ပြောတယ်။”

ဖုန်းယွီသည် ပွဲစီစဉ်သူများကို လက်ဆောင်များ ပို့ရန် မေ့ခဲ့၏။

“ဘယ်လို ထုတ်ကုန်တွေက ဆုရတာလဲ။”

ဝူကျီကန်းက ဖုန်းယွီကို အနိုင်ရသည့် ဆုများအကြောင်းကို ပြောလိုက်၏။ ဖုန်းယွီသည် အချို့သော ထုတ်ကုန် အချို့ကို ကြားဖူးသည်။ သို့သော် ထုတ်ကုန် အများစုကို မကြားဖူးပေ။ သူ့အနေဖြင့် သိတောင် မသိသည့် ထုတ်ကုန်များကို ရှုံးသည့်အတွက် မပျော်ရွှင်ပေ။

“သူတို့တွေက ငါတို့ကို ဆုမပေးချင်ဘူးဆိုမှတော့ ငါတို့ကိုယ်တိုင်ပဲ လုပ်ကြတာပေါ့။ ငါတို့တွေ ဆုပေးပွဲ တစ်ပွဲ ကျင်းပပြီး ကိုယ်ကိုကိုယ် ဆုပြန်ပေးကြမယ်။”

ဝူကျီကန်းက ကြက်သေသေသွားကာ

“မန်နေဂျာဖုန်း ကျွန်တော်တို့အတွက် ဆုအတုတွေ လုပ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ ထုတ်ကုန်တွေက ဆုတစ်ဆုမှ မရရင်တောင် ကျွန်တော်တို့တွေက ပြည်တွင်းနဲ ပြည်ပမှာကော ရောင်းအား ကောင်းတယ်လေ။ ကျွန်တော်တို့တွေ ဒီလို အန္တရာယ် ယူစရာ မလိုပါဘူး။”

ဖုန်းယွီက ဝူကျီကန်းကို စိုက်ကြည့်ကာ

“အန္တရာယ်လား။ ဘယ်ကသာ။ အန္တရာယ်မရှိပါဘူး။ မင်းအရင် ဟိုတယ်ကို ပြန်လိုက်တော့။ ငါ့မှာ အတန်း တစ်တန်း ရှိသေးတယ် အတန်းပြီးတာ နဲ့ မင်းဟိုတယ်ကို ငါလာပြီး ဆွေးနွေးကြတာပေါ့။”

ဖုန်းယွီ၏ အရင်ဘဝတွင် အချို့သော ကော်မတီများ သို့မဟုတ် အဖွဲ့အစည်းများက သူတို့ကို သူတို့ ဆုပြန်ပေးကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အများပြည်သူရှေ့တွင် ဘူးပေါ်သလို ပေါ်ခဲ့ရ၏။

ကုမ္ပဏီ အများစုသည် ထိုအဖွဲ့အစည်းများနှင့် ကော်မတီများကို အသုံးပြုကာ သူတို့ကိုယ် သူတို့ ဆုပေးပြီး ရောင်းအားကို မြင့်တင်ကြ၏။

ထိုသူများက အချို့သော ပါမောက္ခများနှင့် ကျွမ်းကျင်ပညာရှင်များကို ဒိုင်အဖြစ် ထားကြသည်။ အချို့တွင် အစိုးရ အရာရှိများက ဒိုင်အဖြစ်တောင် ရုပ်ပြ ပါကြသည်။ ဖုန်းယွီသည် ဆုပေးပွဲကို စီစဉ်မည် ဖြစ်ကတည်းက သူ့အနေဖြင့် အနိုင်ရသူများလည်း ရှိပြီးသား ဖြစ်သည်ပင်။

မင်းတို့တွေရဲ့ ဆုက အသိအမှတ်ပြု စာရွက် တစ်ရွက် သာသာပဲမလား။ ငါတို့ဆုက အသိအမှတ်ပြု စာရွက် တစ်ရွက်ထက် ပိုတယ်။ ငါတို့တွေက ဒီ ပွဲကို ပိုပြီး လက်တွေ့ကြအောင် ပြီးတော့ ဆုပေးပွဲကိုလည်း ကြီးကြီးလုပ်မယ်။ ပြီးတော့ ဝယ်ယူသူတွေကလည်း ဒီဆုပေးပွဲအကြောင်း သိစေရမယ်။ ဒီနည်းနဲ့ဆိုရင် အနိုင်ရတဲ့ ထုတ်ကုန်တွေက ရောင်းအား သေချာပေါက် ကောင်းတော့မှာ။

......

“ကျီကန်း မင်း အရောင်းကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ပြီးပြီလား။ အရင်က ဆုမရခဲ့တဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ထုတ်ကုန်တွေ ရှိလားလို့ မေးသေးလား။ ငါတို့တွေ ဆုပေးပွဲ လုပ်တဲ့အခါ ဒီကုမ္ပဏီတွေကိုလည်း ခေါ်ကြတာပေါ့။”

“အ... မန်နေဂျာဖုန်း ဒီပွဲကို သူတို့ တကယ်ပဲ လာပါ့မလား။”

“တကယ်လို့ ဒိုင်တွေကသာ စီမံကိန်းကော်မတီက လူတွေ ဆိုရင်ကော”

ဖုန်းယွီက ပြုံးကာ မေးလိုက်၏။

စီမံကိန်းကော်မတီလား။ ဒါက အစိုးရ လွှမ်းမိုးထားတဲ့ ဌာန တစ်ခုလေ။ တကယ်လို့ ကုမ္ပဏီသာ ဒီအကြောင်းကို သိမယ်ဆိုရင် ဒီဆုပေးပွဲအတွက် တန်းစီနေကြမှာ။ သူတို့ကို ဖိတ်ခေါ်ဖို့တောင် မလိုဘူး။

ဖုန်းယွီသည် အဖွဲ့အစည်း အတုကို မထောင်ချင်ပေ။ အကယ်၍ သူသည် အဖွဲ့အစည်း ထူထောင်မည် ဆိုလျှင်တောင် စစ်မှန်သည့် အဖွဲ့အစည်း တစ်ခုကို ထူထောင်မည် ဖြစ်သည်။

မာစတာလူအနေဖြင့် ထိုဆုပေးပွဲအတွက် အရာရှိများကို ဒိုင်အဖြစ် ရှာနိုင်မည် ဖြစ်သည်။ သူ့တွင် စီမံကိန်းကော်မတီ၌ အဆက်အသွယ်များ ရှိပေ၏။ ယင်း အဖွဲ့အစည်းသည် စီမံကိန်းကော်မတီ၏ အောက်တွင် မှတ်ပုံတင်မည် ဖြစ်သည်။ ယင်းက လွယ်ကူသည့် ကိစ္စ တစ်ရပ် ဖြစ်၏။

ဝူကျီကန်းသည် မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။

“စီမံကိန်းကော်မတီတဲ့လား။ မန်နေဂျာဖုန်း ပြောတာက ကျွန်တော်တို့ ဆုကို စီမံကိန်းကော်မတီက ပေးမယ်လို့ ပြောချင်တာလား။ မန်နေဂျာဖုန်း ကိုယ့်ဘာသာကိုယ် ဆုပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။”

“ငါတို့တွေက သူတို့ရဲ့ နာမည်ကို ရှေ့မှာ ထားရုံပဲ။ ငါတို့တွေက သူတို့တွေကို ပိုက်ဆံ လှူဒါန်းမယ်။ ပြီးတော့ သူတို့ သဘောတူလိမ့်မယ်။ ဒါအတွက် မင်းစိတ်ပူစရာ မလိုဘူး။ အခုလက်ရှိ အရေးကြီးဆုံးက အချို့ နိုင်ငံပိုင် လုပ်ငန်းတွေ ဒီပွဲကို ပါလာဖို့ပဲ။ ငါတို့တွေ ဒီဆုပေးပွဲကို ခမ်းနားနိုင်သမျှ ခမ်းနားအောင် လုပ်မယ်။ ငါတို့တွေ ထင်ရှားတဲ့ အမှတ်တံဆိပ်တွေကိုလည်း ဖိတ်ခေါ်ရမယ်။ ငါက ဒီဆုပေးပွဲကို တရုတ်မှာ ဂုဏ်သိက္ခာကြီးမားတဲ့ စက်မှုပိုင်းဆိုင်ရာ ဆုပေးပွဲကြီး ဖြစ်စေချင်တယ်။”

......

“မာစတာလူ ကျွန်တော် ဖုန်းယွီပါ။ ဘေကျင်းမှာပဲလား။ ကျွန်တော်မှာ ကိစ္စ အချို့ ရှိလို့။ ကူညီပေးနိုင်မလား။"

“ညီအစ်ကို ဖုန်း မင်းကိစ္စကလည်း ငါ့ကိစ္စပဲလေ။ ဘာဖြစ်လဲ ဆိုတာသာ ပြော။”

မာစတာလူသည် မြန်မြန်ဆန်ဆန်ပင် ကူညီလိုက်သည်။ လွန်ခဲ့သည့် တစ်ခေါက် ဖုန်းယွီကို ကူညီခဲ့သည့် အခါက သူသည် အမြတ်များစွာ ပြန်ရခဲသည်။ သူက ဖုန်းယွီအနေဖြင့် ရင်းနှီးမြှပ်နှံရန်အတွက် ယွမ် သန်း တစ်ထောင် လွယ်လွယ်ဖြင့် ထုတ်နိုင်ကြောင်း သိသည့်အတွက် သူက ဖုန်းယွီကို ကောင်းကောင်း ဆက်ဆံ၏။

“မာစတာလူ စီးပွားရေး လောကအတွက် ဆုပေးပွဲ တစ်ခုကို စီစဉ်ချင်လို့။ မာစတာလူ အနေနဲ့ ဒီအဖွဲ့အစည်းကို စီမံကိန်း ကော်မတီ လက်အောက်ကနေ မှတ်ပုံ တင်ပေးနိုင်မလား။ ကျွန်တော်ကို ဘယ်လောက် ကုန်မလဲသာ ပြော။ ကျွန်တော် ပိုက်ဆံကို လွဲပေးလိုက်မယ်။”

မာစတာလူက အံ့အားမှင်သက်သွားသည်။ လူများစွာက သူ့အား ခွင့်ပြုချက် တောင်းခံခြင်း၊ အစိုးရ၏ ရုံးခွဲ သို့မဟုတ် ဆုများကို တောင်းဆိုခြင်းမျိုး အတွက် သူ့ကို အကူညီတောင်းကြသည်။ သို့သော် ဆုပေးပွဲ တစ်ခု စီစဉ်ရန်အတွက် တောင်းဆိုခြင်းက ပထမဆုံး အကြိမ် ဖြစ်သည်။

ဖုန်းယွီက ဘာတွေ စီစဉ်နေတာလဲ။ သူကိုယ်တိုင်အတွက်....... ဆုပေးဖို့ ပြင်နေတာလား။

ယင်းက အတော်လေး ခက်ခဲ့သည့် ကိစ္စ ဖြစ်သည်။ သို့သော်ငြား မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ အရေးကြီးဆုံးမှာ ဖုန်းယွီသည် ငွေသုံးရန် ဆန္ဒရှိခြင်းပင် ဖြစ်၏။ ပိုက်ဆံနှင့် ဆိုပါက ကိစ္စတိုင်းကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

မာစတာလူက ဖုန်းယွီထံမှ ငွေများကို လိုချင်သည် မဟုတ်ပေ။ စီမံကိန်းကောမတီက ငွေများ လိုအပ်ခြင်းပင် ဖြစ်သည်။ အကယ်၍ စီမံကိန်းကော်မတီသည် အချို့သော စပွန်ဆာနများကို ရရှိပါက သူတို့သည် စီစဉ်သူများ ဖြစ်ရန် အဆင်သင့် ရှိသည်။ ပြီးနောက် ထိုအချိန်က စီမံကိန်း ကော်မတီဝင်များသည် အရာများစွာ၏ တာဝန်ခံ ဖြစ်၏။

“ဒါက ပြဿနာ တစ်ရပ်တော့ မဟုတ်ပါဘူး။ ငါဘယ်လောက် ကုန်မလဲဆိုတာ မေးကြည့်မယ်။ ပြီးတော့ ငါတို့တွေ နောက်ပိုင်းကျ အသေးစိတ် ဆွေးနွေးလို့ ရတာပဲ။ အရေးကြီးလား။”

“နည်းနည်းပေါ့။ ဖြစ်နိုင်မယ်ဆိုရင် နှစ်မကုန်ခင် ပြီးချင်တယ်။ ပြီးတော့ ဆုပေးပွဲကို နှစ်သစ်ကူးမှာ ကျင်းပချင်တယ်။”

ဖုန်းယွီသည် ဆုပေးပွဲကို နှစ်သစ်ကူးတွင် ကျင်းပချင်သည်ကို မာစတာလူ နားမလည်နိုင် ဖြစ်နေ၏။ သူ့အနေဖြင့် အားလပ်ရက်ကို အသုံးချချင်တာ ဖြစ်ကောင်း ဖြစ်နိုင်၏။ အနည်းငယ် အလျင်လိုသော်ငြား အချိန်လုံလောက်၏။ မာစတာလူသည် သဘောတူပြီးနောက် ဖုန်းယွီကို စောင့်ရန် ပြောလိုက်၏။

........

“ဒါရိုက်တာဟို။ကျွန်တော် ဖုန်းယွီပါ။ ကျွန်တော် အသံကို မမှတ်မိတော့ဘူးမလား။ အလုပ်ရှပ်နေလား။ အင်ဂျင်တွေကို သုတေသန လုပ်တာ ဘယ်လိုလဲ။”

“ဟဟဟ မန်နေဂျာဖုန်း သုတေသနက အဆင်ပြေပါတယ်။ မင်းရဲ့ အကူအညီကြောင့်ပဲလေ။ ငါတို့တွေ နောက်နှစ်ကျ သုတေသန ပြီးတော့မှာ ပြီးတော့ ငါတို့တွေရှိတဲ့ နည်းပညာတွေကို အသုံးပြုပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဟယ်လီကော်ပတာကို ထုတ်တော့မှာ။”

ဟိုဟိုက်ထောင်သည် စိတ်ကောင်းဝင်နေ၏။ ဖုန်းယွီ သူ့ကို ပေးသည့် နည်းပညာသည် အလုံးစုံ ဖြစ်ကာ သူ့အနေဖြင့် ယင်းကို အလွယ်တကူ ကျေညက်နိုင်ပြီး သူတို့ ရှိပြီး ဖြစ်သည့် နည်းပညာများကို တိုးတက်အောင် ပြုလုပ်နိုင်ပေသည်။ ယခုလက်ရှိတွင် ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် တရုတ်နိုင်ငံ ဟယ်လီကော်ပတာ ထုတ်လုပ်ရေးတွင် နံပါတ်တစ် ဖြစ်၏။

“ဒါရိုက်တာဟို ကျွန်တော်တို့ ဘင်းမြို့တော် လေယဉ်ထုတ်လုပ်တဲ့ စက်ရုံက တိုင်းပြည်ကို တော်တော်လေး အကျိုးပြုတာပဲနော်။ အဆင့်မြင့် အရာရှိတွေက ဒါရိုက်တာကို ဘာဆုတွေ ပေးသေးလဲ။”

ဖုန်းယွီက ရည်ရွယ်ချက် ရှိရှိဖြင့် မေးလိုက်၏။

“ဆုလား။ ငါတို့က ဘာဆု ရမှာမို့လဲ။ ငါတို့တွေက မင်းပေးတဲ့ နည်းပညာကို နားလည်ပြီး ပုံစံ အသစ် တစ်ခု ထုတ်လုပ်ရုံပဲ။ ငါတို့တွေ များများ ထုတ်လုပ်နိုင်ရင်တောင် အဆင့်မြင့် အရာရှိတွေက ချီးကျူးရုံပဲ ရှိမှာ။ ဒီလောက်ဆို ငါတို့အတွက် လုံလောက်ပါပြီ။”

“ဒါရိုက်တာဟိုက တိုင်းပြည်အတွက် အများကြီး ပံ့ပိုးမှု ပြုလုပ်ထားတာလေ။ ဘာလို့ အဆင့်မြင့် အရာရှိတွေက ချီးကျူးရုံပဲလဲ။ ကျွန်တော်ကြားတာတော့ စီမံကိန်း ကော်မတီက စက်ရုံတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအတွက် နိုင်ငံအဆင့် ဆုပေးပွဲ တစ်ခု ရှိတယ်လို့ ကြားတယ်။ အဲ့ဆုက တိုင်းပြည်အပေါ် အကျိုးပြုတဲ့သူတွေကို ပေးမယ် ပြောတယ်။ သူတို့တွေက ကျွန်တော်တို့ ဘင်းမြို့တော် လေယဉ်ထုတ်လုပ်တဲ့ စက်ရုံကို ဆုပေးသင့်တယ်။ အဲ့အတွက် မစိုးရိမ်နဲ့ ကျွန်တော်ကိုပဲ လွဲထားလိုက်။”

ဖုန်းချပြီးနောက် ဟိုဟိုက်ထောင်သည် ကြောင်တောင်တောင် ဖြစ်နေ၏။

ဘာလို့ မင်းကို လွဲရမှာလဲ။ ဒါက ဆုပေးပွဲမလား။ ငါ ပါဝင်မယ်လို့ သဘောတူပြီးပြီမို့လား။ ဘာလို့ ဖုန်းယွီက ဒီနေ့မှ ငါ့ကို ကူဖို့ စိတ်အား ထက်သန်နေရတာလဲ။

All Chapters