← Chapters

ဆုပေးပွဲက ခမ်းနားကြီးကျယ်တဲ့ ညစာစားပွဲ တစ်ခုလား။

Vol. 23 Ch. 341

ဆုပေးပွဲက ခမ်းနားကြီးကျယ်တဲ့ ညစာစားပွဲ တစ်ခုလား။

Vol. 23 Ch. 341

ဖုန်းယွီသည် သူရင်းနှီးသည့် ကုမ္ပဏီများကို ဖုန်းခေါ်ဆိုလိုက်၏။ ဖုန်းယွီသည် သူတို့ကို ဆုအကြောင်း ပြောခဲ့သည်။ သူသည် လဲ့ဟဟကိုလည်း ထိုအကြောင်းပြောခဲ့၏။ လဲ့ဟဟသည် ကျန်းမာရေး ဖြည့်စွက်စာများ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သောငြား ကျန်းမာရေး ဖြည့်စွက်စာများသည် တိုင်းပြည်ကို အကျိုးပြု၏။ ကလေးများသည် တိုင်းပြည်၏ အနာဂတ် ဖြစ်သည်။ ယင်းအတွက်ကြောင့် ဖုန်းယွီသည် ထိုကုမ္ပဏီကို စာရင်းထည့်ခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ထိုကုမ္ပဏီကို မည်သည့်ဆု ပေးနိုင်မည်နည်း။ ယင်းကို ကလေးအကျိုးပြု ဆုဟု ခေါ်ဆိုနိုင်ပေ၏။

ဝူကျီကန်းသည် ပြည်နယ်တိုင်းရှိ အရောင်းကိုယ်စားလှယ်များကို ဆက်သွယ်ခဲ့သည်။ သူတို့ ဒေသတွင် ကောင်းမွန်သည့် ထုတ်ကုန်များစွာ ရှိသည်။ သို့သော် ထိုကုမ္ပဏီများကို မသိကြပေ။

ဖုန်းယွီက ဖူကျီကန်းကို အရောင်းကိုယ်စားလှယ်များအား ထိုကုမ္ပဏီများနှင့် ဆက်သွယ်ကာ စီမံကိန်း ကော်မတီက ကျင်းပမည့် ဆုပေးပွဲ အခမ်းအနားကို ပါဝင်ရန် စိတ်ဝင်စားမစား မေးရန် ညွှန်ကြားထားသည်။

အရောင်းကိုယ်စားလှယ်များသည် မှင်သက်သွားကြ၏။ ယင်း နိုင်ငံအဆင့် ဆုချီးမြင့်ပွဲ ဖြစ်ကာ ထိုကုမ္ပဏီများကို ဖိတ်ခေါ်သည်လော။

ဖိတ်ခေါ်ခြင်းလား။ ယင်းက မဟုတ်ပေ။ ထိုဆုအကြောင်း သူတို့အား အသိပေးရုံသာ ဖြစ်သည်။ အကယ်၍ သူတို့သည် ထိုဆုပေးပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုပါက သူတို့သည် သူတို့နည်း သူတို့ဟန်ဖြင့် ပါဝင်ရမည့် နည်းလမ်း ရှာရမည် ဖြစ်သည်။ ပွဲစီစဉ်သူများသည် စီမံကိန်း ကော်မတီ ဖြစ်ကာ အသေးစိတ်ကိုလည်း မကြေငြာရသေးပေ။ ယင်းက ထိုကုမ္ပဏီများကို အသိပေးရုံသာ ဖြစ်၏။

ဝူကျီကန်းသည် ပဟေဠိ ဖြစ်သွား၏။ မန်နေဂျာ ဖုန်းက သူတွေ များများပါဝင်လာအောင် လုပ်ဖို့ ပြောထားတာ အသေးစိတ်ကို ဘာလို့ ဒီကုမ္ပဏီတွေကို မပြောပြချင်ရတာလဲ။

ဖုန်းယွီက ဝူကျီကန်းခေါင်းကို ပုတ်လိုက်၏။

“ငါတို့သာ သူတို့ကို ဖိတ်ရင် သူတို့တွေ တက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီ ဆုအကြောင်းကို သိပြီးတော့ ဒီဆုက စီမံကိန်းကော်မတီက လုပ်တယ်ဆိုတာ သိရင် သူတို့နည်း သူတို့ဟန်နဲ့ ဆုပေးပွဲကို ပါဝင်ဖို့ နည်းလမ်းရှာကြလိမ့်မယ်။ ငါတို့တွေက သူတို့ကို ဖိတ်စရာ မလိုဘူး။ မင်းသွားပြီး သူတို့တွေ ဘယ်လို တုန့်ပြန်လဲဆိုတာကိုပဲ ကြည့်နေလိုက်။”

ဖုန်းယွီသည် အချို့သော ကုမ္ပဏီကြီးများနှင့် လုပ်ငန်းများကို ဖိတ်ခေါ်ပြီး ဖြစ်သည်။ သူ့အနေဖြင့် ကုမ္ပဏီများစွာ မလိုအပ်ပေ။ သူသည် ထိုကုမ္ပဏီများကို သူတိုကိုယ်တိုင် ပြိုင်နိုင်မည့် နည်းကို ရှာက ထိုဆုအကြောင်းကိုသာ ပိုအရေးထားစေလို၏။

ဝူကျီကျန်းသည် ခေါင်းညိတ်လိုက်ပြီးနောက် ဘေးတွင်ထိုင်ကာ အကြောင်းပြချက်များကို စဉ်းစားနေ၏။ ဖုန်းယွီက ဝူကျီကန်း၏ လေ့လာရန် အဆင်သင့် ဖြစ်မှုနှင့် သူ့ညွှန်ကြားမှုများကို စိစစ်သည့်သူ ဖြစ်သည့်အတွက် နှစ်သက်၏။ သူသည် ထိုက်ဟွ ကုန်သွယ်ရေးကို သူ့အား စီမံခန့်ခွဲရန် ထားခဲ့သ်ည။ သူသည် ဖုန်းယွီမရှိသည့် ထိုက်ဟွ ကုန်သွယ်ရေးကို ကောင်းကောင်း စီမံနိုင်ခဲ့၏။

ဝူကျီကန်းသည် ဖုန်းယွီ ပြင်ဆင်ပေးထားသည့်ဟု စဉ်းစား၍ ရနိုင်ပေ၏။ အနာဂတ်တွင် သူသည် ဖုန်းယွီ ပိုင်သည့် လုပ်ငန်းများတွင် အဆင့်မြင့် အဖွဲ့ဝင် တစ်ယောက် ဖြစ်လာမည် ဖြစ်သည်။ သို့သော် ယင်းက ဝူကျီကန်း၏ စွမ်းဆောင်ရည်ပေါ်တွင်လည်း မူတည်သေး၏။

ဆုချီးမြင့်ပွဲအတွက် လူများကို ဖိတ်ခေါ်ရခြင်းက ပျင်းစရာကောင်းသည်။ ပိုကြီးသည့် အခမ်းအနားမျိုးမှ အဆင်ပြေမည် ဖြစ်၏။

ဖုန်းယွီသည် ပါဝင်သည့်သူများကြားထဲတွင် အနာဂတ်တွင် အောင်မြင့်မည့် စီပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံချင်သေး၏။ အကယ်၍ အနာဂတ်တွင် အောင်မြင်မည့် စီးပွားရေး လုပ်ငန်းရှင် မရှိလျှင်တောင် သူတို့နှင့် သိအောင်လုပ်ထားမည် ဖြစ်သည်။ ယင်းက အကျိုးအမြတ်များစွာ ရစေ၏။

......

“ဟာ မန်နေဂျာဖုန်း မန်နေဂျာက ဂါလာညစာစားပွဲကိုတောင် စီစဉ်ချင်တာလား။ အနုပညာရှင်တွေကိုတောင် ဖိတ်ဦးမှာလား။”

ဝူကျီကန်းသည် စက်ပစ္စည်းစက်ရုံ၏ ညစာစားပွဲမျိုးကို အရင်က မြင်ဖူးသည်။ သူသည် အတိတ်က စက်ပစ္စည်းစက်ရုံ၏ အလုပ်သမား တစ်ယောက်ဟု စဉ်းစား၍ ရနိုင်ပေ၏။ ပြီးနောက် ထိုကဲ့သို့ ညစာစားပွဲမျိုးကိုလည်း စီစဉ်ဖူးသည်။ သို့သော် ညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်သူများသည် စက်ရုံ၏ အလုပ်သမားများသာ ဖြစ်သည်။ ရံဖန်ရံခါမှ အကအဖွဲ့ကို ဖိတ်ခေါ်၏။ ယခုလက်ရှိတွင် အနုပညာရှင်များကို မန်နေဂျာဖုန်းသည် ဖိတ်ကြားချင်နေသည်လော။

ထိုခေတ်အခါက အနုပညာရှင်များ ငှားရမ်းခသည် အလွန်များပေ၏။ ဖျော်ဖြေမှု တစ်ခုကတောင် ယွမ် သောင်းချီ ကြ၏။ မန်နေဂျာဖုန်းသည် အနုပညာရှင်များနှင့် အဆိုတော်များကို ဖိတ်ခေါ်ချင်သည်လော။ ယင်းက ကုန်ကျစရိတ် အလွန်များမည်ပင်။

“ဒါအမှန်ပဲ။ ငါတို့ရဲ့ ပွဲက ဂါလာညစာစားပွဲတစ်ပွဲ ဖြစ်ရမယ်။ ဆုအမျိုးအစားတွေ အတွက် ဖျော်ဖြေမှု တစ်ခုစီ။ ဒါက အနည်းဆုံး ပမာဏပဲ။ ကျူးရှီမောက်၊ ချန်ကွမ်းတိုင်၊ လျိုသာ့ချင် အစရှိတဲ့ အောင်မြင် ကျော်ကြားတဲ့သူတွေ အကုန်လုံး ဖိတ်လိုက်။”

“မန်နေဂျာဖုန်း တကယ်လို့ ဂါလာညစာစားပွဲပါ လုပ်မယ်ဆိုရင် ပွဲကျင်းပတဲ့ နေရာကြီးကြီး လိုလိမ့်မယ်။ ကျွန်တော်တို့ ဒီလို ကြီးတဲ့ ခန်းမမျိုးကို ဘယ်မှာ သွားရှာရမလဲ။”

“စီစီတီဗွီ နှစ်တိုင်း နွေဦးပွဲတော်ဂါလာ ညစာစားပွဲ ကျင်းပတဲ့ အဆောက်အဦးက တော်တော်လေး ကြီးတယ်။”

ဖုန်းယွီက လက်ယမ်းပြလိုက်၏။ စီစီတီဗွီတွင် ရှိသည့် ခန်းမသည် ယခုနှစ်များကဲ့သို့ မကြီးပေ။ သို့သော် အနည်းဆုံး လူတစ်ထောက် ဝင်ဆံ၏။ သူဖိတ်ခေါ်သည့် ကုမ္ပဏီများနှင် ဝန်ထမ်းများပါ တက်ရောက်မည် ဖြစ်သည်။ ယင်းနည်းလမ်းဖြင့် ပရိသတ်များ ပြည့်သွားမည် ဖြစ်သည်။

အရှေ့ပိုင်းတွင် စားပွဲများနှင့် ကုမ္ပဏီ၏ ကိုယ်စားလှယ်များ ထိုနေရာတွင် ထိုင်မည် ဖြစ်သည်။ သူတို့ မျက်နှာများကို ပြနိုင်ပြီး သူတို့ ဆုရရှိပါက အလွယ်တကူဖြင့် တက်ယူနိုင်ပေသည်။ ယင်းက အခြားသူများကိုပါ အပြန်အလှန် သက်ရောက်မှု ရှိမည် ဖြစ်သည်။

ဖုန်းယွီ စိတ်ကူးယဉ်ကြည့်သည့်အခါ စိတ်လှုပ်ရှားလာတော့၏။ ထိုပွဲ၏ အခမ်းအနားမှူးများသည် စီစီတီဗွီမှ ကျန်းရှန်၊ ကျောက်ကျုံးရှန်းနှင့် နီပင်း အစရှိသူတို့ ဖြစ်၏။ သူတို့သည် ထိုကဲ့သို့ ပွဲများကိုလည်း ကျင်းပဖူးသည့် အတွေ့အကြုံရှိသည့် အခမ်းအနားမှူးများ ဖြစ်သည်။ သူတို့သည် စီစီတီဗွီနှင့် အလုပ်လုုပ်ပြီး အခြားသော အနုပညာရှင်များနှင့်လည်း တွေ့ဖူးသည်။ အကယ်၍ စီစီတီဗွီသည် တိုက်ရိုက်ပြသမှု သို့မဟုတ် ကြိုရိုက်ကူး ဖြစ်လျှင်တောင် နှစ်ဦးနှစ်ဖက်အတွက် အကျိုးအမြတ် ရှိ၏။

စီစီတီဗွီတွင် အောင်မြင်သည့် ဂါလာညစာစားပွဲများ ရှိပြီး ပရိသတ်များသည်လည်း ဂါလာ ညစာစားပွဲများကို နှစ်သက်ကြသည်။ အရေးကြီးဆုံး အပိုင်းသည် စီစီတီဗွီအနေဖြင့် တပြားမှ ကုန်မည် မဟုတ်ပေ။ ဖုန်းယွီသည်သာ အစအဆုံး အကုန်အကျ ခံမည် ဖြစ်၏။

၁၉၈၈ခုနှစ်အထိ စီစီတီဗွီတွင် နှစ်ကူးညစာစားပွဲ မရှိချေ။ ယခုလက်ရှိတွင် နှစ်သစ်ကူးပွဲတွင် မည်သည့် အထူးအစီအစဉ်မျှ မရှိပေ။ (နှစ်သစ်ကူးသည် နိုင်ငံတကာ နှစ်သစ်ကူးကို ပြောခြင်း ဖြစ်သည်)

ယင်း ဆုပေးပွဲ အခမ်းအနားကို ဂါလာညစားစားပွဲကဲ့သို့ ပြုလုပ်နိုင်ကာ တရုတ်နိုင်ငံရှိ လူတိုင်းကို ပြသမည် ဖြစ်သည်။ စီစီတီဗွီအနေဖြင့် သူ့အကြံဉာဏ်ကို ငြင်းမည် မဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ။ ဖုန်းယွီသည် စီစီတီဗွီကို သဘောတူအောင် လုပ်မည် ဖြစ်သည်။

“မန်နေဂျာဖုန်း စီစီတီဗွီမှာ ဒီပွဲကို ကျင်းပမလို့လား။”

ဝူကျီကန်း၏ အတွေးတွင် သူသည် လေကြီးပြီး နားကြားမှားသည်ဟုတောင် ထင်မိ၏။ မန်နေဂျာဖုန်း ရူးသွားပြီလား။

ငါတို့တွေက ကိုယ်ကိုကိုယ် ဆုပြန်ပေးရုံပဲလေ။ ပြီးတော့ ငါတို့တွေက ဒီပွဲကို စီစီတီဗွီမှာ လုပ်မျာလား။ စီစီတီဗွီက နိုင်ငံပိုင် ရုပ်သံလိုင်းလေ။

“မင်း ကောင်းကောင်း တွေးသင့်တယ်။ ပြီးတော့ မင်း အိပ်မက်ကို ရောက်ဖို့အတွက် အများကြီး ကြိုးစားသင့်တယ်။ ဒီနည်းနဲ့ဆိုရင် မင်း အောင်မြင်မယ်။ အခုလက်ရှိ ငါတို့ လုပ်ရမဲ့ အလုပ်က ငါတို့အတွက် ဖျော်ဖြေ တင်ဆက်ပေးမဲ့ အနုပညာရှင်တွေကို ဆက်သွယ်ဖို့ပဲ တကယ်လို့ ငါတို့ စီစီတီဗွီမှာ လုပ်မယယ်ဆိုရင် ငါတို့တွေ အများကြီး သုံးစရာ မလိုဘူး။ မဖြစ်နိုင်တာလည်း မရှိဘူး။ လုပ်သာလုပ်”

ဖုန်းယွီသည် အင်္ဂလိပ်စာလုံးများ ရေရွတ်လိုက်သည်။ ယင်းစာလုံးများသည် ဝူကျီကန်း နားမလည်ပေ။

“မန်နေဂျာဖုန်း ဒီပွဲအတွက် ဘတ်ဂျက်က ဘယ်လောက်လဲ။”

“ဘယ်လောက်ဆို လုံလောက်ပြီလို့ မင်းထင်လဲ။”

“ဖုန်းယွီက သူ့ကို ပြန်မေးလိုက်သည်။

“တကယ်လို့ ကျွန်တော်တို့က သူတို့ရဲ့ ခရီးစရိတ်နဲ့ တည်းခိုစရိတ်ကို မပေးဘူးဆိုရင် ပြီးတော့ ဒီအနုပညာရှင်တွေက သူတို့ စရိတ်ကို လျော့ပေးမယ်ဆိုရင် ကျွန်တော်တို့တွေ ယွမ် ၁သန်းလောက်ပဲ လိုမှာ။ ကျွန်တော်တို့တွေ အနေနဲ့ စတိတ်ကို ပြင်ဆင်ဖို့အတွက် အများကြီးကုန်ဦးမှာ။”

ဝူကျီကန်းက ပိုက်ဆံ ဖြုန်းတီးသည်ဟု ခံစားမိသည်။ ယွမ် ၁သန်းသည် ကြော်ငြာအချို့နှင့် ညီမျှသည်။ ကြော်ငြာများက သူတို့ အရောင်းကို တိုးတက်စေ၏။

ဝူကျီကန်း၏ အတွေးတွင် ယင်းပွဲသည် ပွဲသေးသေးလေးသာ ဖြစ်ကာ များများ သုံးစွဲရန် မလိုဟု ထင်၏။ သို့သော် ဖုန်းယွီအလိုရှိသည်မှာ ဂါလာညစာစားပြီး ဖြစ်သည်။ ပြီးနောက် ယင်းပွဲသည် ခမ်းနားကြီးကျယ်ရပေမည်။

“ယွမ် ၁သန်းလား။ မလောက်ဘူး။ ဒီပွဲကို စပွန်ဆာ ပေးတာတင် ယွမ် ၅သန်းကျော် ကုန်မှာ။ ဒီပွဲက တရုတ်နှစ်သစ်ကူး ပွဲတော်ထက် ပိုပြီး ခမ်းနားရမယ်။ မင်းအနေနဲ့ လူတွေကို ပြဖို့အတွက် ပိုက်ဆံများများ သုံးသင့်တယ်။ အနည်းဆုံး ယွမ်သန်းချီ ထပ်ထည့်ရမယ်။ ဘတ်ဂျက်ကို ယွမ် ၁၀သန်းလို့ သတ်မှတ်မယ်။ တကယ်လို့ မလုံလောက်ဘူးဆိုရင် ငါ့ကို ပြော။”

ဖုန်းယွီက ဝူကျီကန်းကို ကြည့်လိုက်သည်။ ထိုဝူကျီကန်းသည် အလွန် ကပ်စေးကုပ်၏။ ယွမ် တစ်သန်းဖြင့် မည်သည့် အရာ လုပ်နိုင်မည်နည်း။

အနာဂတ် နှစ်များတွင် ထိုကဲ့သို့သော ဂါလာ အစီအစဉ်မျိုးသည် ယွမ် သန်းရာချီ ကုန်ကျ၏။ ပြည်နယ် ရုပ်သံလိုင်းများကတောင် ငွေရှာနိုင်ကြသည်။ မရေမတွက်နိုင်သည့် ကုမ္ပဏီများသည် ထိုကဲ့သို့သော ပွဲများကို စပွန်စာ ပေးချင်ကြသည်။ အဆင့်အတန်းမြင့် ဂါလာအစီအစဉ်များကို ကြိမ်ဖန်များစွာ ထုတ်လွှင့် ပြသသည်။ ပြီးနောက် ကြည့်ရှုသူများက အင်တာနက်မှ တဆင့် ကြည့်နိုင်၏။ ယင်းက ကုမ္ပဏီများအတွက် သူတို့ အမှတ်တံဆိပ်ကို ပြသရန် အခွင့်ရေး တစ်ခုဖြစ်၏။

ယခုလက်ရှိတွင် တရုတ်နှစ်သစ်ကူး အစီအစဉ်မှ လွဲပြီး စီစီတီဗွီတွင် ဆင်တူသည့် အစီအစဉ်မျိုး မရှီပ။ ဖုန်းယွီသည် ထိုဆုပေးပွဲ ဂါလာသည် အောင်မြင်မည် ပြီးနောက် ကြိမ်ဖန်များစွာ ထုတ်လွှင့်မည်ဟု ယုံကြည်၏။ ယင်းက အကြိမ်ပေါင်းများစွာ ကြော်ငြာခြင်းနှင့် သူသည်။ ထုတ်ကုန်၏ နေရာရမှုသည် တီဗွီထက်တောင် ပိုကောင်းမည် ဖြစ်၏။

ယွမ် ၁၀သန်း မလောက်ဘူးလား။ ဘယ်လောက်မှ လောက်မှာလဲ။

ဝူကျီကန်းသည် သူ့ခြေလက်များ အေးသွားသလို ခံစားရသည်။ မန်နေဂျာဖုန်းသည် ထိုအခမ်းအနားကို မည်မျှ ခမ်းနားချင်သနည်း။ တရုတ်နှစ်သစ်ကူးပွဲတောင် ထိုမျှ မကုန်ပေ။

ဖုန်းယွီ၏ တောက်ပနေသည့် မျက်လုံးများကို ကြည့်ရင် ဝူကျီကန်းက ဖုန်းယွီကို တစ်ခုခု ပူးနေသည်ဟု ခံစားမိသည်။ တကယ်လို့ မင်းမှာ ပိုက်ဆံရှိရင် ဒီလိုသုံးဟု ပြောနေသည့် အတိုင်းပင်။

All Chapters