← Chapters

စီစီတီဗွီနှင့် ညှိုနှိုင်းခြင်း

Vol. 23 Ch. 342

စီစီတီဗွီနှင့် ညှိုနှိုင်းခြင်း

Vol. 23 Ch. 342

“အို ဒါက မန်နေဂျာဖုန်းမလား။ ဘာလို့ ဒီလောက် စောရတာလဲ။ ကြော်ငြာတွေ အတွက် လေလံက နောက်လမှလေ။”

လက်ထောက် အရာရှိချုပ်ကျားသည် ဖုန်းယွီကို မြင်သည့်အခါ လက်ဆွဲ နှုတ်ဆက်လိုက်၏။

ဖုန်းယွီကြောင့်သာ မဟုတ်ပါက သူတို့ ကြော်ငြာစရိတ်သည် မြန်မြန် တိုးလာမည် မဟုတ်ပေ။ လွန်ခဲ့သည့်နှစ် ကြော်ငြာ လေလံပွဲတွင် ဖုန်းယွီသည် သူ့စာချုပ်အသစ်ကို တွန့်တိုမနေဘဲ ချုပ်ဆိုခဲ့သည်။ ပြီးနောက် ကြော်ငြာကဏ္ဍများကိုတောင် ဝယ်ယူလိုက်သေး၏။ အကယ်၍ ဖုန်းယွီသည် သူ့ကြော်ငြာကို စာချုပ်အသစ် မချုပ်ဆိုပါက စီစီတီဗွီသည် သွားပြီ ဖြစ်သည်။

အရာရှိချုပ်ကျားသည် သူ့အတွင်းရေးမှူးထံမှ စီစီတီဗွီကို ဖုန်းယွီလာသည်ဟု အကြောင်းကြားသည့်အခါ သူသည် လုပ်လက်စများကို အကုန်ရွေ့ပြီး ဖုန်းယွီအတွက် အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။ သူ့အနေဖြင့် ဖုန်းယွီကို နောက်နှစ် ကြော်ငြာကဏ္ဍတွင် မည်မျှ အသုံးပြုမည်ကို မေးချင်၏။

“အရာရှိချုပ်ကျား။ ကျွန်တော် ဒီကို ကြော်ငြာကဏ္ဍအကြောင်း ပြောဖို့ လာတာ မဟုတ်ဘူး။ ကျွန်တော် ဂါလာညစာစားပွဲ စီစဉ်ဖို့ ပြီးတော့ ဒီညစာစားပွဲကို စီစီတီဗွီနဲ့ အတူတူ လုပ်ချင်တယ်။”

အရာရှိချုပ်ကျား၏ မျက်နှာထက်ရှိအပြုံးသည် ပျောက်ကွယ်သွားတော့၏။ ဖုန်းယွီက ဘာတွေ ပြောနေတာလဲ။ ဂါလာညစာစားပွဲ လုပ်ဖို့ စီစီတီဗွီကို စီစဉ်ခိုင်းတာလား။

ဖုန်းယွီက စီစီတီဗွီက နိုင်ငံပိုင်ရုပ်သံဌာနဆိုတာ မသိဘူးလား။ အစိုးရလုပ်ငန်းတွေက ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအတွက် ဘယ်လိုလုပ် ပွဲတွေ လုပ်ပေးရမှာလဲ။ ဒီဖုန်းယွီက ပိုပိုပြီး ရောင့်တက်လာတာပဲ။ သူက စီစီတီဗွီရဲ့ အကြီးဆုံး ဖောက်သည် ဖြစ်တိုင်း လုပ်ချင်တာ လုပ်လို့ ရမယ်လို့ တွေးနေတာလားမသိဘူး။”

အရာရှိချုပ်ကျား၏ အပြုံးသည် ချက်ခြင်းပင် ပျောက်ကွယ်သွားကာ

“မန်နေဂျာဖုန်း ကျွန်တော် နားကြားများ မှားလိုက်သလား။ ခင်ဗျားက စီစီတီဗွီကို ခင်ဗျားစီစဉ်မဲ့ ဂါလာ ညစားစားပွဲအတွက် အလုပ် လုပ်ပေးစေချင်တာလား။ ဒီဟာသက မရယ်ရဘူးနော်။”

ဖုန်းယွီက ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူသိသည့် ထိုလူများက အလွန် ရှေးရိုးဆန်ကြသည်။ သူ့အနေဖြင့် မငြင်းဆိုခင် ဖုန်းယွီ ပြောသည်ကို နားထောင်သင့်သည် ဖြစ်၏။

“လက်ထောက် အရာရှိချုပ်ကျား ကျွန်တော် ပြောတာကို အရင်နားထောင်ပေးပါ။ ဒီ ဂါလာညစာစားပွဲက ဆုပေးပွဲ အခမ်းအနား တစ်ခု။ ဒီပွဲရဲ့ စီစဉ်တဲ့သူက စီမံကိန်းကော်မတီက။ အမျိုးသား စီမံကိန်းကော်မတီ။”

ဟ... အမျိုးသား စီမံကိန်းကော်မတီက ဆုပေးပွဲ အခမ်းအနားတဲ့လား။ ဘာလို့ ငါ ဒါမျိုး အရင်က မကြားဘူးတာလား။ တကယ်လို့ အဲတာက အစစ်ဆိုရင်တောင် မင်းနဲ့ ဘာဆိုင်လို့လဲ။

ဖုန်းယွီက သူ့ရင်ကို ပုတ်လိုက်ကာ

“စီမံကိန်းကော်မတီက ဒီလို ပွဲမျိုးလုပ်ဖို့အတွက် ငွေမရှိဘူးဆိုတာ အရာရှိချုပ် သိမှာပါ။ ပြီးတော့ စီစီတီဗွီမှာလည်း ဒီလိုမျိုး မသုံးဖူးဘူး။ ကျွန်တော်က ဒီပွဲကို ရက်ရက်ရောရောနဲ့ စပွန်ဆာ ပေးခဲ့တာ။”

“မင်း ထိုက်ဟွ ကုန်သွယ်ရေးက ခမ်းနားကြီးကျယ်တဲ့ ဂါလာ ညစာစားပွဲကို စပွန်ဆာ ပေးတာလား။”

လက်ထောက် အရှာရှိချုပ်ကျားက မေးလိုက်၏။

ကြီးကျယ်ခမ်းနားတဲ့ ဂါလာညစာစားပွဲ ကုန်ကျစရိတ်က မြေပဲလှော်ပွဲလောက် မဟုတ်ဘူး။ မင်းက ဘာမှ မသိဘဲ စပွန်ဆာ ပေးတာလား။ ဒီညစာစားပွဲက မင်းရဲ့ ကြော်ငြာစရိတ်ထက်တောင် များသေးတယ်။ ဘယ်လောက်တောင် ဆိုးလိုက်တဲ့ ကောင်လဲ။

“အို မန်နေဂျာဖုန်းက ဒီပွဲကို စပွန်ဆာ ပေးမှာတဲ့လား။ ဒီလို ပွဲမျိုးက ဘယ်လောက် ကုန်မလဲဆိုတာ သိရဲ့လား။ တကယ်လလို့ ကျွန်တော်တို့တွေ စင်အပြင်အဆင် မီးစရိတ်တွေ မရင်ရင်တောင် သရုပ်ဆောင်စရိတ်၊ အဝတ်အစား စရိတ်တွေ... အဲတာတွေက အနည်းဆုံး ယွမ် ၂သန်းကနေ ၃သန်းပဲ။ မင်းအနေနဲ့ ဘယ်လောက် စပွန်စာပေးမှာလဲ။”

လက်ထောက် အရာရှိချုပ်ကျားသည် ငြီးတွားပြောရင်း သူ့လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်၏။

“ယွမ် နှစ်သန်း သုံးသန်းက လုံလောက်ပြီလား။ ကျွန်တော်က ငါးသန်းတောင် ပြင်ဆင်ထားတာ။”

ဖုန်းယွီက အံ့အားသင့်သည့် ပုံစံဖြင့် ပြောလိုက်၏။

“ဟွတ်... မင်းဘာပြောလိုက်တာလဲ။ မင်း ဘယ်လောက် ပြင်ထားတာလဲ။”

လက်ထောက်မြို့တော်ဝန်ကျားသည် လက်ဖက်ရည် သီးသွားတော့၏။

“ယွမ်ငါးသန်း။ ကောင်းသားပဲ။ အများကြီး မကုန်တော့ဘူးဆိုတော့ ငါ ရုံးကို ခေါ်ပြီး သူတို့ကို ပိုက်ဆံ ချွေတာ ခိုင်းရမယ်။”

“မဟုတ်ဘူး။ မဟုတ်ဘူ။ အဲတာက အဲလောက် ကုန်ကျတယ်။”

လက်ထောက်မြို့တော်ဝန် ကျားက အော်လိုက်၏။

ယွမ် ငါးသန်း။ ယွမ်ငါးသန်းမလား။ ဒီ ဂါလာ ညစာစားပွဲက အခမ်းနားဆုံး ဂါလာညစားစားပွဲ ဖြစ်မှာ။ သူတို့အနေဖြင့် စတိတ်စင်အတွက် အကောင်းဆုံး ပစ္စည်းများ။ ကားလိပ်များ၊ ဖျော်ဖြေရေး အဝတ်အစားနှင့် မိတ်ကပ် အစရှိသည်ကို အကောင်းဆုံး သုံးနိုင်၏။ ထို့ကြောင့် သူတို့အနေဖြင့် ယွမ် ၅သန်းတောင် ကုန်ကျမည် မဟုတ်ပေ။

အော်ပြောပြီးနောက် လက်ထောက်အရာရှိချုပ်ကျားသည် နောင်တရသွားသည်။ သူသည် ယွမ်ငါးသန်းကိုသာ တွေးမိပြီး သူသည် ထိုပွဲကို လက်ခံလိုက်ခြင်း ဖြစ်သည်ဟူသော အဓိပ္ပာယ်ကို သူမေ့သွားခဲ့၏။

“ဒါက ကောင်းတာပေါ့။ လက်ထောက် အရာရှိချုပ်ကျား အဲတာဆိုရင် ကျွန်တော်တို့တွေ စတိတ်စင် အကြောင်းကို စပြောလို့ ရပြီလား။”

ဖုန်းယွီက ပြောလိုက်၏။ သူ့အနေဖြင့် လက်ထောက်အရာရှိချုပ်ကျားကို နောင်တရသည့် အခွင့်အရေး တစ်ခုတောင် မပေးချင်ပေ။

“မန်နေဂျာဖုန်း ကျွန်တော်တို့ အနေနဲ့ ဒီပွဲလုပ်ဖို့အတွက် အထက်ကို တင်ပြရဦးမယ်။ ကျွန်တော်တို့ ဒီအတိုင်း လုပ်လို့ မရဘူး။”

လက်ထောက်အရာရှိချုပ်ကျားသည် ငွေလိုချင်သည်။ သို့သော် သူ သဘောမတူရဲပေ။ အနည်းဆုံးတော့ ရုပ်သံ အရာရှိချုပ် သဘောတူရမည် ဖြစ်သည်။ သူသည် ထိုအကြောင်းကို ပြောသည့်အခါ သူ အံ့အားသင့်သွား၏။

“ဘာလို့ ခွင့်မပြုရတာလဲ။ ဒီ ဂါလာညစာစားပွဲက နှစ်သစ်ကူးမှာ လုပ်မှာ။ စီစီတီဗွီက တစ်နှစ်မှာ တစ်ခါပဲ တရုတ်နှစ်သစ်ကူး အစီအစဉ်ပဲ ရှိတာ။ ပြီးတော့ ကြည့်ရှုသူတွေကလည်း အထူးအစီအစဉ်တွေ မရှိဘူး။ နှစ်သစ်ကူးက ကျွန်တော်တို့ရဲ့အားလပ်ရက် မဟုတ်လို့လား။"

“မဟုတ်ဘူး။ နှစ်သစ်ကူးက ငါတို့ရဲ့ ရိုးရာ ရုံးပိတ်ရက် မဟုတ်ဘူး။”

လက်ထောက်အရာရှိချုပ်ကျားက ခက်ထန်စွာ ပြောလိုက်၏။ နှစ်သစ်ကူးနေသည့် နှစ်တစ်နှစ်၏ ပထမဆုံး ရက် ဖြစ်သည်။ တရုတ်သည် တရုတ်နှစ်သစ်ကူးအတိုင်း သွားသင့်သည်ပင်။

ဖုန်းယွီက

“.....”

“နှစ်သစ်ကူးက ကျွန်တော်တို့ နိုင်ငံအတွက် အရေးပါတဲ့ နှစ်မဟုတ်ဘူးလား”

ဖုန်းယွီက မေးလိုက်၏။

“ဟုတ်တယ်။”

လက်ထောက်အရာရှိချုပ်ကျားက ခေါင်းညိတ်လိုက်၏။ ယင်းက ဒေသတိုင်းတွင် အများပြည်သူ အားလပ်ရက် ဖြစ်သည်။ တရုတ်နိုင်ငံသည် ဇန်နဝါရီလ တစ်ရက်နေ့ကို အားလပ်ရပ်အဖြစ် ကြေငြာထားတယ်။”

“စီစီတီဗွီမှာ ဟော့လိုင်း တစ်ခု ရှိတယ်လို့ ကြားဖူးတယ်မလား။ အရာရှိအနေနဲ့ အထက်အရာရှိတွေကို ကြည့်ရှုသူတွေက တောင်းဆိုလို့လို့ ပြောလို့ ရတာပဲ။ သူတို့တွေက နှစ်သစ်ကူး ဂါလာပွဲကို ကြည့်ချင်တယ်ပေါ့။ ခေါင်းဆောင်တွေက သေချာပေါက် ခွင့်ပြုပေးလိမ့်မယ်။ ဒါကို တစ်နိုင်ငံလုံးက တောင်းဆိုတယ်လို့ ပြောလိုက်ပေါ့။ သူတို့တွေက ခွင့်ပြုပေးမှာပဲ။”

ဖုန်းယွီက ပြောလိုက်၏။ ယင်း လက်ထောက်အရာရှိချုပ်ကျားသည် အထက်အရာရှိများကို မည်သို့ နားချရမည်ကို မသိရှိပေ။ ဒါက ဂါလာညစာစားပွဲ ဘာလို့ အထက်အရာရှိတွေက သဘောမတူရမှာလဲ။

လက်ထောက် အရာရှိချုပ်ကျားက ပါးစပ်အဟောင်းသား ဖြစ်သွား၏။

“အများပြည်သူက တောင်းဆိုတာလား။ တကယ်ပဲ လုပ်လို့ ရလို့လား။”

“သေချာတယ်။ အစီရင်ခံစာကို အထက်အရာရှိကို တင်တဲ့အခါကျရင် အရာရှိအနေနဲ့ ဒီဟာက ကြည်ရှုသူတွေက တောင်းဆိုတဲ့ အစီအစဉ် ပြီးတော့ စီမံကိန်း ကော်မတီရဲ့ ပွဲလို့ ပြောလို့ ရတယ်။ ဒါက ဂါလာညစာစားပွဲတင် မကဘူး။ ဆုပေးပွဲ အခမ်းအနား။ စီစီတီဗွီတွက် အရေးကြီးဆုံးက ငွေ တစ်ပြားမှ မကုန်တာပဲ။ စီစီတီဗွီအနေနဲ့ ဒီကနေ အကျိုးအမြတ်တောင် ရနိုင်သေးတယ်။ တစ်ချိန်တည်းမှာ စီစီတီဗွီအနေနဲ့ ဝန်ထမ်းတွေကို ဒီလို အရေးကြီးတဲ့ ပွဲမျိုးအတွက် လေ့ကျင့်ပေးရာလည်း ရောက်တယ်။ ဒီလိုဆိုရင် တရုတ်နှစ်သစ်ကူးပွဲကျလည်း ပိုကောင်းလာမှာ။”

လက်ထောက်အရာရှိချုပ်ကျားသည် ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီသည် တကယ်ပင် စိတ်ပါနေ၏။

သို့သော် ဖုန်းယွီ ပြောသည်မှာလည်း မှန်ပေ၏။ သူတို့တွင် အထူးအစီစဉ်များ မရှိသည့်အတွက် ပြောဆိုမှုများ ရှိနေသည်။ စီစီတီဗွီအနေဖြင့် အထူးပွဲများကို လုပ်ရန်လည်း ငွေကြေးမရှိပေ။

ယခုလက်ရှိတွင် တစ်ယောက်က စပွန်ဆာပေးသည်။ ပြီးနောက် ပွဲစီစဉ်သူသည် အစိုးရအေဂျင်စီ၏ ဂုဏ်သိက္ခာရှိ အဖွဲ့အစည်း ဖြစ်သည်။ အရေးကြီးဆုံး အချက်မှာ စီစီတီဗွီအနေဖြင့် တပြားမှ မကုန်ဘဲ ထိုပွဲမှ အမြတ်ရမည် ဖြစ်သည်။ အထက်အရာရှိများလည်း သေချာပေါက် ခွင့်ပြုပေးမည်ပင်။

လက်ထောက် အရာရှိချုပ်ကျားသည် ယင်းအကြောင်းကို တွေးမိသည့်အခါ အကြံဉာဏ်ကောင်းဟု ခံစားမိသည်။

“ဒါပေမဲ့ ငါတို့တွေ ဒီပွဲကို ပြင်ဆင်ဖို့ အချိန် မလောက်တောဘူး။ ငါတို့မှာလည်း ဖျော်ဖြေမှု ကောင်းကောင်း ရှိတာ မဟုတ်ဘူး။”

လက်ထောက် အရာရှိုချုပ်ကျားက ရေရွတ်လိုက်၏။ သူသည် ထိုပွဲကျင်းပရန် ဖြစ်တန်စွမ်းကို စဉ်းစားလိုက်ခြင်းပင် ဖြစ်၏။

“ဘာတွေက ခက်လို့လဲ။ ဖျော်ဖြေတင်ဆက်သူ နှစ်ယောက်နဲ့ ရုပ်ရှင်ဌာနက ရုပ်ရှင် မင်းသား မင်းသမီး တချို့ ကို ပြင်ဆင်မှု လုပ်ပေးရုံပဲ။ တကယ်လို့ အရာရှိမှာ အဆိုတော်တွေ မရှိဘူးဆိုရင် ကျွန်တော် ဟောင်ကောင်က အဆိုတော်တွေကို ဖိတ်ခေါ်လို့ ရတယ်။ ဒါမှမဟုတ်ရင် မစ္စတာလီရဲ့ ဖျော်ဖြေမှု ထည့်လို့ရတယ်။ သူတို့တွေ ဖျော်ဖြေမှု တရုတ်နှစ်သစ်ကူးမှာ တင်ဆက်တာနဲ့ မတူသ၍ ပြဿနာ ရှိမှာမဟုတ်ဘူး။ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ဖျော်ဖြေတင်ဆက်တဲ့သူတွေကို ကျွန်တော်လက်ထဲသာ ထားလိုက်တော့ ။ ပြီးတော့ ဆုပေးပွဲက တရုတ်နှစ်သစ်ကူးပွဲလောက် ရှည်စရာ မလိုဘူး။ နှစ်နာရီဆိုရင် လုံလောက်ပြ။ ဆုချီးမြင့်တာနဲ့ဆို ဖျော်ဖြေမှု ၁၀ခုလောက်ဆို လုံလောက်ပြီ။”

လက်ထောက် အရာရှိချုပ်ကျားသည် ဖုန်းယွီ ထိုမျှ အသေးစိတ် စဉ်းစားထားမည်ဟု မထင်ထားခဲ့ပေ။

သူသည် ချက်ခြင်းပင် ရုပ်သံ အရာရှိချုပ်ကို တင်ပြမည် ဖြစ်၏။

All Chapters