← Chapters

ဒိုင်အဖွဲ့ ဖွဲ့စည်းခြင်း

Vol. 23 Ch. 343

ဒိုင်အဖွဲ့ ဖွဲ့စည်းခြင်း

Vol. 23 Ch. 343

လက်ထောက်အရာရှိချုပ်ကျားသည် ရုပ်သံအရာရှိချုပ်ကို အစီရင်ခံစာ တင်ခဲသည်။ သူသည် ထိုဆုပေးပွဲအား စီမံကိန်းကော်မတီ၏ စီစဉ်သည့်ပွဲ ဖြစ်ရုံသာမက အထူးနှစ်သစ်ကူး အစီအစဉ်လည်း ဖြစ်သည်။ အကယ်၍ တုံ့ပြန်မှုများ ကောင်းပါက သူတို့အနေဖြင့် နှစ်တိုင်း ကျင်းပနိုင်ပြီး သူတို့ ပိုက်ဆံ အသုံးပြုရန် မလိုဘဲ အကျိုးအမြတ် ရမည် ဖြစ်ကြောင်း တင်ပြခဲ့၏။

သူတို့အနေဖြင့် အကျိုးအမြတ် မည်သို့ ရမည်နည်း။ အဆောက်အဦးငှားယမ်းခြင်းနှင့် သူတို့ အလုပ်သမားများ၏ လစာ အစရှိသဖြင့် ဖြစ်၏။ စီစီတီဗွီအနေဖြင့် ဖျော်ဖြေ တင်ဆက်မှုများအတွက် စိတ်ပူရန် မလိုအပ်ပေ။ ဖုန်းယွီက ဖျော်ဖြေရေး အစီအစဉ်များအတွက် အနုပညာရှင်များကို ငှားရမ်းမည်ဟု ပြောထားသည်။

စီစီတီဗွီသည်လည်း တရုတ်နှစ်သစ်ကူးဂါလာညတွင် ဖျော်ဖြေမည့် အနုပညာရှင်များကိုလည်း ဖိတ်ခေါ်ရန်အတွက် စဉ်းစားနိုင်ပေသည်။ သို့သော် သူတို့သည် ဘတ်ဂျက် အလုံအလောက် မရှိပေ။ သူတို့ အနေဖြင့် တစ်ရက်အတွက်သာ ကုန်ကျခံနိုင်သည်။ ယင်းမှာ ရထားလက်မှတ်၊ နေ့လည်စာနှင့် ညအိပ်ရာနေရာအတွက် ဖြစ်သည်။ များစွာသော ငွေကြယ်ပွင့်များသည် တရုတ်နှစ်သစ်ကူးတွင် ဖျော်ဖြေလိုစိတ် မရှိပေ။ အကြောင်းမျာ သူတို့အနေဖြင့် အိမ်ကို အမြန်ပြန်ပြီး နှစ်သစ်ကူး ဆင်နွဲရမည် ဖြစ်သည့်အတွက် ဖြစ်၏။

ယင်းက အနာဂတ် နှစ်များကနှင့် အလွန်ပင် ကွဲပြားပေ၏။ အနာဂတ်တွင် အနုပညာရှင်များသည် တရုတ်နှစ်သစ်ကူးပွဲတော်တွင် ဖျော်ဖြေချင်ကြ၏။

အကယ်၍ တရုတ်နှစ်သစ်ကူးပွဲဂါလာညတွင် ဖျော်ဖြေသည့် အနုပညာရှင် တစ်ယောက်၏ တန်ဖိုးသည် အနည်းဆုံး ၁၀ဆခန့် တက်သွား၏။ ယင်းက ဒုတိယအဆင့် အဆိုတော် တစ်ယောက်၏ အနုပညာကြေး သုံးသောင်းခန့် ဖြစ်ပေသည်။ သို့သော် တရုတ်နှစ်သစ်ကူး ဖျော်ဖြေပွဲပြီးနောက် သူ့ အနုပညာကြေးသည် ယွမ် တစ်သန်းအထိ တိုးသွားသည်။ သူ့အနေဖြင့် အလုပ်များစွာကိုလည်း လက်ခံနိုင်ပေ၏။

ရုပ်သံ အရာရှိချုပ်က တခဏကြာ တွေးလိုက်ပြီးနောက်

“လူကြီးကျား ဒါက တကယ်ပဲ အလုပ် ဖြစ်ပါ့မလား။”

“အရာရှိချုပ် အနည်းဆုံးတော့ ကြည့်ရှုသူတွေက ကျွန်တော်တို့ဖက်မှာ ရှိတယ်။ တကယ်လို့ အထက်က စည်းမျဉ်းစည်းကမ်းတေါ အကြောင်းပြောရင်လည်း သူတို့တွေ တစ်နိုင်ငံလုံးက ကြည့်ရှုသူတွေရဲ့ ဆန္ဒကို ဆန့်ကျင်မှာတော့ မဟုတ်ဘူး။ ကျွန်တော်တော့ စဉ်းစားကြည့်သင့်တယ်လို့ တွေးမိတယ်။ ထပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ စီမံကိန်းကော်မတီကို အကာအကွယ်အနေနဲ့ အသုံးပြုလို့ ရတယ်။”

အကယ်၍ အထူးအစီအစဉ်သည် အောင်မြင်ခဲ့လျှင် လက်ထောက်အရာရှိကျားသည် အမှတ်ကောင်းရမည် ဖြစ်သည်။ သူ့အနေဖြင့် နောင်လာမည့် ရုပ်သံ အရာရှိချုပ်တောင် ဖြစ်နိုင်ပေ၏။

သို့သော် ယင်းက အလုပ်မဖြစ်ပါက သူတို့အနေဖြင့် ယင်းကို သာမန် ဆုပေးပွဲ တစ်ခု အဖြစ် တွေးနိုင်ပေသည်။ မည်သို့ပင် ဖြစ်စေ။ ယင်းကို ရိုက်ကူးထားရမည် ဖြစ်သည်။

“ကောင်းပြီလေ။ ငါတို့တွေ ဒီအကြောင်း ဆွေးနွေးဖို့အတွက် အစည်းအဝေး တစ်ခု လုပ်ကြတာပေါ့။ ဒီပွဲကို ဘယ်သူက စပွန်စာ လုပ်မယ်လို့ ပြောလိုက်လဲ။ အဲဒီ ထိုက်ဟွ ကုန်သွယ်ရေးက ဖုန်းယွီလား။ ရေနွေးငွေ့စက် ရောင်းတဲ့ လူငယ်လေးလား။”

“ဟုတ်တယ်။ ဒါပေမဲ့ သူက ရေနွေးငွေ့စက် ရောင်းရုံတင် မကဘူး။ ဒလက်မဲ့ ပန်ကာ၊ စုန့်ကျန်းမော်တော်ဆိုင်ကယ်နဲ့ အောင်မြင် ကျော်ကြားတဲ့ အိုက်ဝ နားကြပ်ကပ်ဆက်ကလည်း သူ့ဟာတွေ ချည်းပဲ။ ဒီကလေးက တော်တော်လေးကို တော်တယ်”

......

ဘီဘီ

ဖုန်းယွီသည် သူ့ပေဂျာကို ကြည့်လိုက်ပြီးနောက် ဖုန်းရုံးကို သွားကာ ဖုန်းပြန်ခေါ်လိုက်၏။

“ရုပ်သံ အရာရှိချုပ် ချန်းမလား။ ကျွန်တော်က ဖုန်းယွီပါ။”

“မန်နေဂျာဖုန်း။ ကျုပ်မှာ ခင်ဗျားအတွက် သတင်းကောင်း တစ်ခု ရှိတယ်။ ရုပ်သံ အရာရှိချုပ်က စီမံကိန်းကော်မတီက ကျင်းပတဲ့ ဂါလာညစာစားပွဲကို ကျင်းပဖို့ သဘောတူလိုက်သည်။ တရားဝင် စာရွက်စာတမ်းတွေ မလိုဘူး။ ဒါပေမဲ့ စီမံကိန်း ကော်မတီက တစ်ယောက်ယောက်တော့ အစည်းအဝေးကို လာရမယ်။ နားလည်မှု လွဲမှာ စိုးရိမ်လို့ပါ။”

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။ သူတို့ကို ကျွန်တော် ဒီအကြောင်း ပြောလိုက်ပါမယ်။”

ဖုန်းချပြီးနောက် ဖုန်းယွီသည် ပထမဆုံး အောင်မြင်မှုကို ရခဲသည်။ ယခုတွင် သူ့အနေဖြင့် စီမံကိန်းကော်မတီဖက်ကို ကိစ္စဖြတ်ရမည် ဖြစ်၏။ သူ့အနေဖြင့် မာစတာလူကို မြန်မြန် လုပ်စေချင်သည်။ သူ့အနေဖြင့် စီမံကိန်း ကော်မတီ သဘောတူမတူ မေးရမည် ဖြစ်သည်။ မတူပါက စီစီတီဗွီကို ကတိဖောက်ဖျက်ရာ ရောက်ပေမည်။

.......

“မာစတာလူ အခြေအနေ ဘယ်လို ရှိလဲ။”

ဖုန်းယွီက မေးလိုက်၏။

“အဆင်သင့် ဖြစ်ပြီ။ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီက ဒီပွဲမှာ အဓိက ပွဲစီစဉ်သူ ဖြစ်ပြီး ကျန်တဲ့ စီမံကိန်းကော်မတီတွေက ပူးပွဲစီစဉ်သူအဖြစ် ရှိကြမယ်။ ပြီးတော့ စက်မှုဌာနကလည်း ဒီပွဲမှာပါမယ်။ သူတို့တွေက ဒိုင်အဖွဲ့မှာ ပါလိမ့်မယ်။ မင်းက သူတို့တွေရဲ့ ကုန်ကျစရိတ် အကုန်လုံးကို အကုန်ခံမယ်လို့ ပြောခဲ့တယ်။ ဟုတ်တယ်လား။”

“ဟုတ်တယ်။ ရုံးငှားရမ်းခ၊ လစာ၊ လုပ်ငန်းလည်ပတ်မှု စရိတ် အစရှိသဖြင့်ပေါ့။ အကုန်ကို ကျွန်တော်ပဲ ခံမှာ။ ဒါပေမဲ့ ကျွန်တော် ဒိုင်အဖွဲ့ထဲမှာ ပါလို့ ရမလား။”

ဖုန်းယွီက မေးလိုက်၏။

ကော်မတီထဲမှာ နေရာ တစ်နေရာလား။ မာစတာလူ အကျပ်ရိုက်သွားသည်။ အကယ်၍ ဖုန်းယွီသည် အသက် ၄၀ သို့မဟုတ် ၅၀ ဒါမှမဟုတ် ၃၀ ဖြစ်လျှင်တောင် ပွဲကျင်းပရေး ကော်မတီထဲ ဝင်ရောက်ခြင်းက ပြဿနာ တစ်ရပ် မဟုတ်ပေ။ သို့သော် ဖုန်းယွီသည် ၂၀နှစ်တောင် မပြည့်သေးပေ။ အခြားသော ကော်မတီဝင်များက မည်သို့ ထင်ကြမည်နည်း။ သူတို့သည် ထိုနေရာကို ရောက်ရန်အတွက် ဆယ်စုနှစ်များစွာ အလုပ် လုပ်ခဲ့ရပြီး ထိုကောင်စုတ်လေးက သူတို့နှင့် အတူတူလားဟု တွေးကြမင်ပင် မဟုတ်ပေလော။

“ညီကိုဖုန်း ဒါက တော်တော်လေး ခက်တယ်။ ဘာလို့ မင်းမဟုတ်ဘဲ တစ်ယောက်ယောက်ကို မပါခိုင်းရမှာလဲ။ မင်းက အရမ်းငယ်လွန်းတယ်။”

ဖုန်းယွီက “......”

အသက်ကို ခွဲခြားဆက်ဆံပြန်ပြီ။

“ကောင်းပြီလေ။ ကျွန်တော် စဉ်းစားလိုက်ပါမယ်။ ကျွန်တော် ကော်မတီဝင် ဘယ်နှစ်ယောက်လောက် အဆိုပြုနိုင်မလဲ။”

“ဒိုင်အဖွဲ့မှာ အဖွဲ့ဝင် ၇ဦးပါမယ်။ ဒီ စီမံကိန်းကော်မတီနဲ့ စက်မှုကော်မတီက အခုလက်ရှိမှာ လေးနေရာ ယူလိမ့်မယ်။ ကျန်တဲ့ သုံးနေရာကို မင်းရဲ့ လူ နာမည်စာရင်း တင်သွင်းလို့ ရတာပဲ။ ဒါပေမဲ့ မင်းစိတ်ပူစရာ မလိုဘူး။ မင်းဆုပေးချင်တဲ့ ကုမ္ပဏီတွေကိုသာ ပြောလိုက်။ ဘာပြဿနာမှရှိမှာ မဟုတ်ဘူး။

ကော်မတီ အဖွဲ့ဝင် သုံးယောက် ပြီးတော့ အသက်ကြီးပြီးတော့ သိက္ခာရှိရမယ်။ ဒီလိုဆိုရင် ဟိုဟိုက်ထောင်၊ လီမင်တနဲ့ လီရှစ်ရုံတို့နဲ့ပဲ သင့်တော်တယ်။ ဖုန်းယွီက ထိုလူ သုံးယောက်အနေဖြင့် သူ့ကို ဆုသေချာပေါက် ရအောင် ကူညီပေးမည်ဟု ယုံကြည်ချက် ရှိပေ၏။ သူ့အနေဖြင့် ဤဆုပေးပွဲတွင် အခြားသော ဆုရရှိသူများအား ဆုရခွင့် မပေးနိုင်ပေ။

မာစတာလူ၏ ပြောပုံအရ အစိုးရဖက်အပိုင်းတွင် ထိုင်ခုံ လေးခုံ ရှိမည် ဖြစ်သည်။ ယင်းအတွက် သူတို့သည် နေရာ အနည်းငယ်သာ ရ၏။ ဖုန်းယွီအနေဖြင့် သူတို့ ထိုင်ခုံ နှစ်နေရာလက်လွတ်ရန် နည်းလမ်း ရှာရမည် ဖြစ်သည်။

“မာစတာလူ ဒီဆုရဲ့ နာမည်က ဘာဖြစ်မလဲ။ ပြီးတော့ ဆုအမျိုးအစား ဘယ်နှစ်ခု ရှိမှာလဲ။ ပြီးတော့ တစ်ဦးချင်းလား အဖွဲ့လိုက်လား။”

ယင်းက ဖုန်းယွီ စိတ်အပူဆုံး အပိုင်း ဖြစ်၏။ အဆုံးတွင် ဆုတစ်ဆု နှစ်ဆုသာ ရပါက ဖုန်းယွီလုပ်ထားသမျှ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

မာစတာလူက ဂုဏ်ယူသည့် အသံဖြင့် ပြောလိုက်၏။

“ကော်မတီနဲ့ ဆုအမျိုးအစားတွေကိုတော့ မဆုံးဖြတ်ရသေးဘူး။ မင်းက ဆုအရေအတွက်နဲ့ အမျိုးအစားကို ဆုံးဖြတ်လို့ ရတယ်။ ကော်မတီက အနိုင်ရရှိတဲ့သူတွေကို ဆုံးဖြတ်လိမ့်မယ်။ မင်း စဉ်းစားပြီးရင် ငါ့ကိုပြော။ ဒီလိုဆုပေးပွဲမျိုးက ပထမဆုံး အကြိမ်ဆိုတော့ အမျိုးအစား အများကြီးတော့ မလုပ်နဲ့ပေါ့။”

ဖုန်းယွီသည်လည်း ထိုအကြောင်းကို တွေးပြီး ဖြစ်သည်။ အကယ်၍ သူသည် ဆုဒါဇင်ပေါင်းများစွာ လုပ်ပါက ထိုဆုများသည် တန်ဖိုးမရှိတော့ပေ။ သူ့အနေဖြင့် အဖွဲ့လိုက်အတွက် ဆု ၅ဆုသို့မဟုတ် ၆ခု နှင့် တစ်ဦးချင်းအတွက် ဆု၅ဆု သို့မဟုတ် ၆ဆုစီစဉ်ထားသည်။ သူ့အနေဖြင့် အနည်းဆုံး ဆုတစ်ဝက်ကို သူတင်သွင်းထားသည့် သူများ ရစေချင်၏။

လွတ်လပ်ပြီး မျှတရမှာလား။ ငါက ပိုက်ဆံတွေကို သုံးထားတာ။ ငါ အနိုင်ရတဲ့သူတွေကို ငါပဲ ဆုံးဖြတ်မယ်။

ပွဲစီစဉ်သည့် ကော်မတီသည် တရုတ်သို့မဟုတ် အမျိုးသား ဟုသည် နာမည်ကို အသုံးပြုရပေမည်။ ယင်းနည်းက ဆုကို ပိုပြီး ဂုဏ်သိက္ခာ ရှိစေ၏။

.......

၃ရက်ကြာပြီးနောက် ဖုန်းယွီသည် ပွဲစီစဉ်သည့် ကော်မတီ၏ ရုံးကကို ရှာတွေ့ခဲ့သည်။ ယင်းရုံးသည် အမျိုးသားစီမံကိန်းရုံးအဆောက်အဦးနားတွင် ရှိသည်။ ထိုရုံးသည် ၁၀၀စတုရန်း ကီလိုမီတာ ရှိသည်။ သို့သော် ထိုရုံးထဲတွင်တော့ မည်သူမျှ အလုပ်မလုပ်ပေ။ ထိုရုံး၏ အချိန်အများစုတွင် ဟာလာဟင်းလင်း ဖြစ်နေ၏။

စီမံကိန်းကော်မတီ၏ ခေါင်းဆောင်များသည် ထိုအဖွဲ့အစည်းကိုသာ သူတို့ နာမည် သုံးထားသည်။ သူတို့အနေဖြင့် ထိုအဖွဲ့အစည်းကို မည်သို့ လည်ပတ်မည်ကိုတော့ ဂရုမစိုက်ပေ။ သူတို့ အလုပ်သည် ဒိုင်လုပ်ပြီး ဆုကြေငြာရန် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် အနိုင်ရသူများ အပါအဝင် အရာအားလုံးကို စီစဉ်မည် ဖြစ်သည်။

ဘွဲ့ရတစ်ဦးကို အမျိုးသားစီမံကိန်းကော်မတီမှ ထိုရုံးကို ပို့ခဲသည်။ သူသည် ထိုကဲ့သို့ အပို့ခံရမှုကို မပျော်ရွှင်ပေ။ ဖုန်းယွီက သူ့စိတ်ထဲတွင် ရယ်လိုက်တော့၏။ အနာဂတ်နှစ်များတွင် အစိုးရရုံးများစွာက ထိုကဲ့သို့သော ရုံးများတွင် ဝင်ရောက်ချင်ကြသည်။ သူတို့သည် လူများနှင့် တွေ့ရန် အခွင့်အရေးကောင်းများ ရှိပြီး အသုံးစရိတ်ကိုတောင် စုဆောင်းနိုင်ပေသည်။ ပိုအရေးကြီးဆုံး အပိုင်းသည် ......မှ အကျိုးအမြတ် ရခြင်းပင် ဖြစ်၏။

“မာစတာလူ”

မာစတာလူက ခေါင်းညိတ်လိုက်သည်။

“ဒါက မစ္စတာဖုန်း။ သူက ဒီပွဲရဲ့ ပွဲစီစဉ်ကျင်းပတဲ့သူပဲ။ နောက်ပိုင်းကျရင် မင်းကို ဒီအဖွဲ့အစည်းရဲ့ နာမည်နဲ့ ဆုအမျိုးအစားတွေကို ပြောပြလိမ့်မယ်။ မင်း ခေါင်းဆောင်တွေိဆီ အစီရင်ခံဖို့ ပြင်ထားလိုက်”

မာစတာလူသည် စီမံကိန်းကော်မတီမှ မဟုတ်ပေ။ သို့သော် စီမံကိန်းကော်မတီရှိ လူတိုင်းက သူကို သိကြသည်။ သူသည် ထိုဝန်ထမ်းအသစ်ကို အမိန့်ပေးရခြင်းမှာ သူ့ဝန်ထမ်း ဖြစ်သည့်အတွက် ဖြစ်၏။

“ဒီအဖွဲ့အစည်းရဲ့ နာမည်ကို “တရုတ်စီးပွားရေးအကျိုးပြုဒိုင်အဖွဲ့”လို့ အမည်ပေးမယ်။ ဆုအမျိုးအစား တွေ ရှိမယ် ပြီးတော့ အဲ့ဆုအမျိုးအစား တစ်ခုစီမှာ အဖွဲ့လိုက်နဲ့ တစ်ဦးချင်း ရှိမယ်.....”

All Chapters