← Chapters

အဖေ စီစီတီဗွီမှာ အဖေမျက်နှာ ပြချင်လား။

Vol. 23 Ch. 344

အဖေ စီစီတီဗွီမှာ အဖေမျက်နှာ ပြချင်လား။

Vol. 23 Ch. 344

အဖွဲ့အစည်းက ထည်ထောင်ပြီး ဖြစ်သည်။ ဖုန်းယွီသည်လည်း ထိုက်ဟွန် ကုန်သွယ်ရေး အနေဖြင့် ထိုက်ဟွ ကုန်သွွယ်ရေးအတွက် သူ၏ ဒလက်မဲ့ ပန်ကာနဲ့ ရေနွေးငွေ့စက်များကို အချို့ တီထွင်မှု ဆုများအဖြစ် အနိုင်ရရန်လည်း ဆုံးဖြတ်ပြီး ဖြစ်သည်။ သူသည် စက်ပစ္စည်းစက်ရုံ၊ လေယဉ်ထုတ်လုပ်သည့် စက်ရုံနှင့် စက်ယန္တရားကုမ္ပဏီတို့ကိုလည်း မည်သည့် ဆုမျိုး ပေးသင့်သည်ကို တွေးနေ၏။

စက်ယန္တရားကုမ္ပဏီ၏ လယ်ယာသုံးစက်များသည် တရုတ်နိုင်ငံတွင် ခေတ်အမှီဆုံး ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ထိုလုပ်ငန်းအတွက် ဆုအမျိုးအစားကို ဖန်တီးရန် ဆုံးဖြတ်ချက် ချလိုက်၏။

စက်ပစ္စည်းစက်ရုံနှင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံအတွက် မည်သည့် ဆုမျိုး ဖြစ်မည်နည်း။

ဖုန်းယွီသည် လီရှစ်ယုံနှင့် ဟိုဟိုက်ထောင်တို့နှင့် ဆွေးနွေးခဲ့သည်။ သူတို့ စက်ရုံမှ ထုတ်လုပ်သည့် အချို့သော ပစ္စည်းများကို လျို့ဝှက်ထား၏။ သူတို့တွင် သူတို့ နည်းပညာများကို ကျော်ဖြတ်နိုင်မည့် အချို့သော နည်းပညာများ ရှိသော်ငြား သူတို့အနေဖြင့် အများပြည်သူထံကို မချပြရသေးပေ။ ဥပမာအနေဖြင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံမှ ထုတ်လုပ်သည့် ဟယ်လီကော်ပတာ နည်းပညာသည် လျို့ဝှက် ဖြစ်၏။

သူတို့ နှစ်ယောက်သား စီစီတီဗွီအနေဖြင့် ထိုပွဲကို ထုတ်လွှင့်မည် ဖြစ်ပြီး စီမံကိန်းကော်မတီနှင့် စက်မှု ကော်မတီမှ ကျင်းပသည်ဟု ပြောသည့်အခါ သူတို့သည် အချို့သော နည်းပညာများကို လျို့ဝှက်မှ အများပြည်သူကို ထုတ်ပြမည်ဟု ပြောခဲ့သည်။ ထိုနည်းပညာများသည်လည်း တရုတ်နိုင်ငံတွင် အဆင့်အမြင့်ဆုံး ဖြစ်သည်။

ဖုန်းယွီသည် လဲ့ဟဟနှင့်လည်း ဆွေးနွေးပြီး ဖြစ်သည်။ ကျန်းမာရေးဖြည့်စွက်စာကဏ္ဍအတွက် ဆုကို ထည့်ရန် မဖြစ်နိုင်သော်ငြား သူတို့အနေဖြင့် လဲ့ဟဟကို အဖျော်ယမကာ အုပ်စုထဲကို ထည့်ထားနိုင်သည်။ ထိုကဏ္ဍတွင် လဲ့ဟဟအနေဖြင့် ကျန်းလီပေါင်ကို မယှဉ်ပြိုင်နိုင်ပေ။ ပြီးနောက် ထိုကဏ္ဍအတွင်းရှိ ကုမ္ပဏီ တော်တော်များများသည်လည်း ပမာဏ တော်တော်များများကို ပိုင်ဆိုင်ထားသည်။

သို့သော် ဖုန်းယွီသည် ကျုံးချင်းရှန်ကို တီဗွီတွင် ပါရန်အတွက် အခွင့်အရေး ပေးမည် ဖြစ်သည်။ ယင်းက ကြိုတင်ရိုက်ကူးမည့် အစီအစဉ် တစ်ခု ဖြစ်ကာ တီဗွီတွင် ထုတ်လွှင့်မည် ဖြစ်သည်။ သို့သော်ငြား တစ်နိုင်ငံလုံးက ထိုအစီစဉ်ကို ကြည့်မည် ဖြစ်သည်။ ယင်းက သူတို့ ထုတ်ကုန်များကို မာကတ်တင်း လုပ်နိုင်မည့် နေရာ တစ်နေရာ ဖြစ်လာမည် ဖြစ်၏။

လေနှင့်မိုး လော်ဂျစ်စတစ်သည်လည်း မည်သည့်ဆုမျှ ရရှိမည် မဟုတ်ပေ။ သူတို့သည် ဆန်ကာတင် စာရင်းတွင်တော် ပါဝင်မည် မဟုတ်ပေ။ အကယ်၍ ဖုန်းယွီသည် လေနှင့်မိုး လော်ဂျစ်စတစ်ကိုသာ အနိုင်ပေးလိုက်ပါက ယင်းပွဲသည် တမင်စီစဉ်ထားသည့် ပွဲဖြစ်မှန်း သိသွားမည် ဖြစ်သည်။ ထိုဆုပေးပွဲ၏ အနိုင်ရသူများကို စီစဉ်ပြီး ဖြစ်သော်ငြား ပြိုင်ပွဲဝင်များနှင့် ဆန်ကာတင် စာရင်းပွဲ ကုမ္ပဏီများအနေဖြင့် အချို့သော အောင်မြင်မှုကို ရထားရမည် ဖြစ်သည်။

လေနှင့်မိုး လော်ဂျစ်စတစ်၏ စီးပွားရေးသည် သေးငယ်ဆဲ ဖြစ်သည်။ ဘေကျင်းအထိ ဈေးကွက်ချဲ့ထွင်ပြီး ဖြစ်သော်ငြား သူတို့ ကားများနှင့် ဝန်တင်နိုင်မှုအားသည် သူတို့၏ တိုးတက်မှုကို အဟန့်အတား ဖြစ်နေစေ၏။

စက်ယန္တာရားကုမ္ပဏီအနေဖြင့် သူတို့၏ အမြောက်အမြား ယဉ်ထုတ်လုပ်မှု စတင်သည့်အခါ ဖုန်းယွီအနေဖြင့် သူ့ယောက်ဖကို သူ့လုပ်ငန်း ချဲ့ထွင်နိုင်ရန်အတွက် ကုန်တင်ကား ကြီးကြီးများ ဝယ်ယူရန် ညှိုနှိုင်းမည် ဖြစ်သည်။

ယခုလက်ရှိတွင် လော်ဂျစ်စတစ်ကဏ္ဍသည် မဖွံ့ဖြိုးသေးပေ။ ရထားတွဲများကို စီစဉ်ရန်ကား ခက်ခဲနေဆဲ ဖြစ်ကာ အဝေးသို့ သွားသည့် ထရပ်ကားများလည်း မရှိသေးပေ။ သို့သော် ယင်းက ဈေးကွက်ကို သိမ်းပိုက်ရန်အတွက် အကောင်းဆုံး အခွင့်အလမ်း တစ်ခု ဖြစ်၏၊။

နှစ်အနည်းငယ်အတွင်း လော်ဂျစ်စတစ် ကုမ္ပဏီ သေးသေးလေးများအမြောက်အများ ပေါ်ထွက်လာမည် ဖြစ်သည်။ ထိုအချိန်တွင် ကုမ္ပဏီများသည် အချင်းချင်းသာ ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။ ယင်းက သူတို့ အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှု စံနှုန်းများတွင် ကောင်းမည် မဟုတ်ပေ။

ဖုန်းယွီသည် လေနှင့်မိုး လော်ဂျစ်စတစ်အနေဖြင့် ဆန်ကာတင် စာရင်းတောင် မဝင်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သို့သော် သူ့အဖေ၏ ကုမ္ပဏီတော့ ဆန်ကာတင် စာရင်းထဲ ဝင်နိုင်ပေ၏။ သူ့တိရစ္ဆာန်အစာများသည် တရုတ် တစ်နိုင်ငံလုံးတွင် အရောင်းကောင်းဆုံး ဖြစ်သည်။ ပြီးနောက် ထျန်ဖုန်း ဝက်ခြံသည်လည်း အရှေ့မြောက်ပိုင်း ဒေသ တစ်ခုလုံး သိပေ၏။ တရုတ်နိုင်ငံ၏ နံပါတ် ဝက်သား တံဆိပ်ဟုတောင် ပြော၍ ရနိုင်ပေ၏။ ထို့ပြင် ထျန်ဖုန်း ဝက်ခြံသည် တရုတ်နိုင်ငံတွင် ပထမဆုံး ခေတ်မှီ ဝက်ခြံ ဖြစ်သ်ည။

အကယ်၍ သူ့အဖေသည် မည်သည့်ဆုမျှ မရနိုင်လျှင်တောင် သူ့အနေဖြင့် ဆန်ကာတင် စာရင်းတွင်တော့ ဝင်နိုင်ပေ၏။

ဖုန်းယွီသည် ချက်ခြင်းပင် အိမ်ကို ဖုန်းခေါ်ဆိုပြီး သူ့အဖေကို မေးလိုက်၏။ သူ့အဖေသည် ယခု သတင်းကို ကြားသည့်အခါ ဝမ်းသာမည်ကို သိပေ၏။

“ဟယ်လို။ အမေလား။ အဖေကော ဘယ်မှာလဲ။ သား အဖေနဲ့ ဖုန်းပြောချင်လို့။”

“ဖေကြီးရေ ဖေကြီး။ ဆေးလိပ်သောက်တာ ရပ်ပြီးတော့ ဖုန်းလာကိုင်ဦး။ ဖုန်းယွီဖုန်း။”

ကျန်းမူဟွက အော်လိုက်၏။

“ဟယ်လို သားရေ။ တက္ကသိုလ်က ဘယ်လိုလဲကွ။ မင်းစာလိုက်နိုင်လား။ အဲဒီက အစားအစာကရော အဆင်ပြေရဲ့လား။”

ဖုန်းရှင်းထိုက်က ဖုန်းယွွီကို ဘေကျင်းရှိ သူ့အခြေအနေကို မေးလိုက်၏။

“အဖေ ကျွန်တော်ကို စိတ်မပူပါနဲ့။ ကျွန်တော် စာကောင်းကောင်း လေ့လာပါတယ်။ ပြီးတော့ ကျွန်တော် ဆရာတွေကလည်း ကျွန်တော်ကို ချီးကျူးနေတာ။ ဒီက အစားအသောက်တွေက စားလို့ ရပါသေးတယ်။”

“အဲလို ကြားရတဲ့အတွက် အဖေ ဝမ်းသာတယ်။”

ဖုန်ရှင်းထိုက်သည် သူ့သားကို စိတ်မပူပေ။ သူသည် လက်ဖွာသူ တစ်ယောက် ဖြစ်ပြီး ကောင်းကောင်း ထိုင်ဖို့အတွက် ပိုက်ဆံ များများ သုံးစွဲမည်ကို သူသိပေ၏။ သို့သော် သူ့အနေဖြင့် စိုးရိမ်ကြောင်းကို သူ့သားကို ပြောရန် လိုအပ်ပေသေး၏။

“အဖေ ကျွန်တော်လေ အဖေနဲ့ ဆွေးနွေးစရာ ရှိလို့။ အဖေ စီစီတီဗွီရဲ့ ဖန်သားပြင်ပေါ်မှာ ပေါ်ချင်လား။”

“ဟာ... စီစီတီဗွီလား။”

ဖုန်းရှင်းထိုက်က အံ့အားသင့်သွား၏။ တီဗွီမှာပါရမှာလား။”

“အမျိုးသားစီမံကိန်းကော်မတီက တရုတ်ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်တွေကို အကဲဖြတ်ဖို့အတွက် အဖွဲ့အစည်း တစ်ခု တည်ထောင်ထားတယ်။ တရုတ်နိုင်ငံကို ပံ့ပိုးပေးတဲ့ ကုမ္ပဏီတွေ ပြီးတော့ တစ်ဦးချင်း ဆုတွေကို ပေးမှာ။ နှစ်သစ်ကူးပွဲတော်မှာ ဆုပေးပွဲအခမ်းအနားဂါလာ ညစာစားပွဲ ကျင်းပမှာ။ ပြီးတော့ အနိုင်ရတဲ့သူတွေက စင်ပေါ်တက်ပြီး ဆုလက်ခံ ယူရမှာ။””

“မင်း ငါ့ကို ပြောချင်တာက ငါက တစ်နိုင်ငံလုံး ကြည့်ရှုသူတွေရဲ့ ရှေ့မှာ ဆုတက်ယူရမယ်လို့ ပြောချင်တာလား။”

ဖုန်းရှင်းထိုက်သည် သူ့စိတ်လုပ်ရှားမှုကို မထိန်းထားနိုင်ပေ။

“......”

ဖုန်းယွီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

“အဖေ ကျွန်တော် ပြောတာကို နားထောင်။ ဒီဆုက တိုင်းပြည်အတွက် ပံ့ပိုးမှုကို စွမ်းစွမ်းတမံ လုပ်ထားတဲ့ ကုမ္ပဏီတွေ လူပုဂ္ဂိုလ်တွေကို ပေးမဲ့ အမျိုးသားအဆင့် ဆုပဲ။ အဖေရဲ့ ကုမ္ပဏီက သေးသေးတယ်။ ပြီးတော့ အလုပ်သမားကလည်း နည်းနည်းပဲ ရှိသေးတယ်။ အဖေအနေနဲ့ ဆုရမယ်လို့ ထင်နေတာလား။”

ဖုန်းရှင်းထိုက်က စိတ်အားတက်ကြွမှု ရုတ်ချည်း ပျောက်ကွယ်သွားကာ

“အဲတာဆိုက မင်းက ဘာလို့ ငါ့ကို မေးရတာလဲ။”

“အဖေ အဖေအနေနဲ့ ဆုကို အနိုင်မရနိုင်ပေမဲ့ အဖေအနေနဲ့ ဆန်ကာတင် စာရင်းထဲကိုတော့ ဝင်နိုင်သေးတယ်လေ။ အဖေရဲ့ မျက်နှာကို တီဗွီမှာ ပြမှာ။ တစ်နိုင်ငံလုံးက အဖေကို မြင်နိုင်တယ်။ အဖေ စိတ်မဝင်စားဘူးလား။”

ဖုန်းယွီသည် တီဗွီတွင် ပါဝင်ရန် စိတ်မဝင်စားပေ။ သို့သော် သူ့အဖေသည် တီဗွီထဲတွင် အလွန်ပါချင်နေမှန်း သိပေ၏။

“ဆန်ကာတင် စာရင်းဆိုတာက ဘာလဲ။ မင်းပြောတဲ့ စကားအရ ငါ့အနေနဲ့ ဆု တစ်ဆုမှ အနိုင်ရဖို့ လမ်းမမြင်ဘူးမလား။ ဘယ်သူက ဆုပေးမှာလဲ။ ငါတို့နိုင်ငံရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေလား။”

ဖုန်းရှင်းထိုက်က မေးလိုက်သည်။

“အဖေ.... အနိုင်ရတဲ့သူတွေကို ဒိုင်အဖွဲ့ကပဲ ဆုံးဖြတ်မှာ ပြီးတော့ အဖေရဲ့သားကလည်း အဖေကို ဆန်ကာတင် စာရင်းအထိပဲ ပါအောင် လုပ်ပေးနိုင်မှာ။ အဖေကတော့ ဆု တစ်ဆုလေးတောင်မှ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်ကို ယုံလိုက်။ အဖေရဲ့ ကုမ္ပဏီရဲ့ တိုးတက်နှုန်းနဲ့ဆိုရင် နောက်သုံးနှစ်အတွင်း ဆုရလိမ့်မယ်။"

“အ.. သုံးနှစ်တောင် လိုသေးတာလား။”’

ဖုန်းရှင်းထိုက်က စိတ်ပျက်သွား၏။

ဖုန်းယွီက ပြောစရာ စကားမဲ့သွားတော့သည်၊။ အဖေက သုံးနှစ်ကို အရမ်းကြာတယ်လို့ တွေးနေတာလား။ ကုမ္ပဏီအများစု ဒါမှမဟုတ်ရင် တစ်ဦးတည်တောင် သူတို့ သက်တမ်း တစ်လျှောက်လုံး အမျိုးသားအဆင့် ဆန်ကာတင် စာရင်းတောင် မဝင်ဘူး။ ထပ်ပြောရမယ်ဆိုရင် ဒီပွဲကို အမျိုးသား စီမံကိန်းကော်မတီနဲ့ စက်မှုကော်မတီက စီစဉ်တာ။ အကယ်၍ စိုက်ပျိုးရေးဌာန ပါလာပါက ဖုန်းယွီအနေဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို ထည့်သွင်းနိုင်ပေသည်။

“အဖေ ဇီဇာကြောင်မနေနဲ့တော့။ ဒါက အမျိုးသားအဆင့် ဆုလေ။ ပြီးတော့ ဆန်ကာတင် စာရင်းထဲ ပါတာကတောင် ဂုဏ်ယူစရာ ကောင်းနေပြီ။ အဖေနဲ့ အမေ ဒီ ပွဲမတိုင်ခင် ရက်ကြိုပြီးလာခဲ့လိုက်။ အဖေတို့ နှစ်ယောက် ဝတ်ဖို့အတွက် ကူညီပေးမယ်။ အဖေတို့ နှစ်ယောက်လုံး တီဗွီထဲမှာ ချောချောခန့်ခန့်လေး ဖြစ်အောင် လုပ်ပေးမယ်။ ပြီးတော့ ပါမောက္ခစုကိုလည်း ဒီအကြောင်းကို ပြောလိုက်ဦး။ တကယ်လို့ သူ စိတ်ဝင်စားတယ်ဆိုရင် သူ့ဇနီးနဲ့ အတူ တက်ဖို့ ပြောပေးဦး။”

ယခုလက်ရှိတွင် ပါမောက္ခစုသည် ခေတ်မှီ ဝက်မွေးမြူရေး ကျွမ်းကျင်သူ ဖြစ်လာသည်။ သူသည် ထျန်ဖုန်းဝက်ခြံကို အခမဲ့ ကူညီပေး၏။ ပြီးနောက် ဖုန်းယွီသည်လည်း သူ့ကို ထိုပွဲကို ဖိတ်ကြားသင့်သည်ပင်။ သေချာသည်မှာ ထျန်ဖုန်း ဝက်ခြံတွင် ပါမောက္ခစုနှင့် သူ့ကျောင်းသားများသည် သုတေသနရုံးကို ထောင်ထားသည်။ သူတို့ သုတေသန ပြုလုပ်ရန်အတွက် ဖြစ်၏။

ပထမက ဖုန်းရှင်းထိုက်သည် ထိုစီစဉ်မှုကို လုံးဝ သဘောကျသည်တော့ မဟုတ်ပေ။ သို့သော် ဖုန်းယွီက သူ့အဖေအား သုတေသနရုံးဆိုသည်ကို ရှင်းပြလိုက်သည်။ အကယ်၍ သူတို့ ဝက်များ နေမကောင်း ဖြစ်လျှင် ပါမောက္ခစုအနေဖြင့် ဝက်များကို အခမဲ့ ကုသပေးမည် ဖြစ်သည်။ ပါမောက္ခစုနှင့် သူ့ကျောင်းသားများသည် သူတို့ ဝက်ခြံကို ထိန်းသိမ်းပေးသေးသည်။ အပြန်အလှန်အနေဖြင့် ပါမောက္ခစုသည် သူ့ သင်ခန်းစာများကို သူတို့ ခြံတွင် သင်ကြားသည်။ သူတို့ ဝန်ထမ်းများသည်လည်း ထိုအတန်းကို တက်ရောက်ကြ၏။

ယင်းက သူတို့ ဝက်ခြံအတွက် ကောင်းမွန်သည့် အရာပင် ဖြစ်သည်။

ပါမောက္ခစု၏ ကျောင်းသားများကို လုပ်ငန်းအကြို ပေးခြင်းကလည်း ကောင်းမွန်သည့် အရာ တစ်ခု ဖြစ်သည်။ ဖုန်းရှင်းထိုက်သည်လည်း သူတို့အတွက် နေစရာနှင့် အစားအသောက် ထောက်ပံ့သည်။ ပြီးနောက် သူသည် အခမဲ့ လုပ်သားများ ရရှိခြင်း ဖြစ်သည်။ ထိုလုပ်ငန်းအကြိုဆင်းသည့် သူများသည် စွမ်းဆောင်ရည် ကောင်းပါက သူတို့ ဘွဲ့ရပြီးနောက် ခေါ်ယူနိုင်မည် ဖြစ်၏။

ဖုန်းယွီ ရှင်းပြမှုများကို နားလည်ပြီးနောက် ဖုန်းရှင်းထိုက်သည် ပါမောက္ခစုကို ပိုတောင် ကောင်းကောင်း ဆက်ဆံပေး၏။ သူသည် ပါမောက္ခစု အလိုရှိသမျှကို ပေးရန် ဆုံးဖြတ်ချက် ချက်ချလိုက်ပြီးနောက် ထျန်ဖုန်း ဝက်ခြံအတွက် လုပ်ငန်းအကြို ကျောင်းသားများကို ပိုရချင်၏။ သူ့ရှန်းယန်ရှိ ဝက်ခြံတွင် အလုပ်သမား လိုအပ်နေသေးဆဲ ဖြစ်၏။

“ကောင်းပြီလေ။ ငါ ပါမောက္ခစုကို မေးလိုက်မယ်။ ပြီးတော့ ငါ ဘေကျင်းမသွားခင် မင်းကို ဖုန်းခေါ်လိုက်မယ်။ သား။ အဖေလေ တကယ်ပဲ ဆုရဖို့ အခွင့်အရေး မျှင်မျှင်လေးတောင် မရှိဘူးလား။”

ဖုန်းရှင်းထိုက်က ထပ်မေးလိုက်ပြန်သည်။

ဖုန်းယွီက “......”

အဖေ ဒီဆုပေးပွဲက အဖေ့သား ကိုယ်တိုင် လုပ်ထားတယ် ဆိုပေမဲ့လည်း အရမ်းကြီး ပေါ်လို့ မရဘူးလေ။ ဆုရဖို့ အိပ်မက်ကနေ နိုးထလိုက်ပါတော့။

All Chapters