← Chapters

ဖျော်ဖြေသူများကို ငှားယမ်းခြင်း

Vol. 23 Ch. 345

ဖျော်ဖြေသူများကို ငှားယမ်းခြင်း

Vol. 23 Ch. 345

“မန်နေဂျာဖုန်း မတွေ့တာတောင် အတော်ကြာပြီ။ နောက်ထပ် ကြော်ငြာ တစ်ခု ရိုက်ဖို့လား။

ကျူးရှီမောက်သည် ဖုန်ယွီ၏ လက်ကို စိတ်အား တက်ကြွစွာဖြင့် ဆုပ်ကိုင် နှုတ်ဆက်လိုက်သည်။

ကျူးရှီမောက်သည် အနုပညာဆန်သည့် ရုပ်ရှင်များကိုသာ ရွေးချယ်လေ့ ရှိသော်ငြား ခေါင်းမာသည့် လူစာမျိုးတော့ မဟုတ်ပေ။ သူသည် ဖုန်းယွီနှင့် ကာလရှည် စာချုပ်ကို ချုပ်ဆိုထားသည်။ ပြီးနောက် ဖုန်းယွီအတွက် ကြော်ငြာတိုများ ရိုက်ပေးတိုင်း အန်ပေါင်းများ ရသည်။ ပြီးနောက် အနုပညာရှင်များကဲ့သို့ ဆက်ဆံပေးသည်။ လူမျာစွာက သူ့အား ထိုစာချုပ်ထဲတွင် နစ်မြှပ်နေပြီဟု ပြောကြသည်။ သို့သော် ဖုန်းယွီသည် စိတ်ထဲတွင် မထားပေ။

ဖုန်းယွီသည် ရက်ရော၏။

ကျူးရှီမောက်သည် ပထမဩဂုတ် ရုပ်ရှင် ကုမ္ပဏီမှ တရုတ်ရုပ်သံဖျော်ဖြေရေးအနုပညာအဖွဲ့ကို ပြောင်းရွေ့ခံရသည်။ ထို့ပြင် သူသည် နိုင်ငံခြားတွင်လည်း ကျောင်းတက်ရန် စီစဉ်ထားသည်။ သူသည် ထိုက်ဟွကုန်သွယ်ရေးကို ကြော်ငြာအသစ်များ ရိုက်ရန် အစီစဉ် ရှိမရှိ မေးခြင်းမှာ သူ့အနေဖြင့် ဆောင်းရာသီတွင်သာ အချိန်ရသည့်အတွက် ဖြစ်၏။

“ကြော်ငြာ အသစ်လား။ မစောလွန်းဘူးလား။ အခုလက်ရှိ ကြော်ငြာတောင် လွန်ခဲ့တဲ့ လအနည်းငယ်ကမှ စလွှင့်တာ။ နောက်နွေရာသီကျရင် ငါတို့ နောက်ထပ် ကြော်ငြာ ထပ်ရိုက်ကြတာပေါ့။ ငါက ဒီကို နောက်ထပ် ကိစ္စ တစ်ခုကြောင့် ရောက်လာတာ။ တရုတ်နှစ်သစ်ကူးဂါလာ ညစာစားပွဲအတွက် ပြင်ဆင်ထားတာမျိုး ရှိလား။”

“အဆင့်သင့်ပဲ။ ငါတို့တွေ ရီဟာဇယ်တောင် လုပ်ပြီးသွားပြီ။ ဘာလို့လဲ။”

ကျူးရှီမောက်က ဖုန်းယွီကို ကြည့်လိုက်သည်။ အဘယ်ကြောင့် သူ့ တရုတ်နှစ်သစ်ကူး ဖျော်ဖြေပွဲအတွက် စိတ်ပူနေရသနည်း။

“အို ဒါက ဒီလိုပါ။ စီစီတီဗွီက နှစ်သစ်ကူးကျ ဂါလာညစာစားပွဲ ကျင်းပမှာ။ ငါက မင်းနဲ့ ချန့်ကွမ်းတိုင်ကို ဖျော်ဖြေမှု တစ်ခု လုပ်ဖို့အတွက် ဖိတ်ခေါ်ချင်တာ။ အဓိက အကြောင်းအရာကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို ပံ့ပိုးတဲ့ ပုံစံအနေနဲ့ပေါ့။ မင်းတို့အနေနဲ့ ဇာတ်ညွှန်းကောင်းကောင်း ပြင်ဆင်နိုင်တယ်မလား။”

နှစ်သစ်ကူးညဂါလာညစာစားပွဲလား။ ကျူးရှီမောက်သည် အံ့အားသင့်နေ၏။ စီစီတီဗွီမှာ နှစ်သစ်ကူးအတွက် အစီအစဉ်တွေ ရှိတာလား။ တရုတ်နှစ်သစ်ကူးပွဲတော်သည် စီစီတီဗွီ၏ ငွေ အများစုကို အသုံးပြုရသည်။ သူတို့အနေဖြင့် နှစ်သစ်ကူး ညစာစားပွဲကိုမည်သို့ စီစဉ်နိုင်မည်နည်း။

ထပ်ပြောရရင် စီစီတီဗွီမှာ ပွဲကြီး နှစ်ခုလုပ်ဖို့အတွက် လုံလောက်တဲ့ ငွေကြေး ရှိလို့လား။ ဒါက နည်းတဲ့ ပမာဏတော့ မဟုတ်ဘူး။ ပွဲနှစ်ခုလုံးအတွက် စတိတ်စင်က တူလို့ မရဘူး။ စီစီတီဗွီအတွက် ဖျော်ဖြေရေး အစီအစဉ်တွေဆို ပိုလို့တောင် စီစဉ်ရ ခက်ခဲဦးမယ်။ သူတို့တွေ လိုက်မှီပါ့မလား။

“မန်နေဂျာဖုန်း ကျွန်တော် ဒီ နှစ်သစ်ကူး ပွဲတော် ညစာစားပွဲ အကြောင်း တစ်ခါမှ မကြားဖူးဘူး။”

ကျူးရှီမောက်သည် ယခုလက်ရှိတွင် တရုတ်နိုင်ငံ၏ ထိပ်တန်း ငွေကြယ်ပွင့်များထဲမှ တစ်ဦး ဖြစ်သည်။ ပြီးနောက် တရုတ်နှစ်သစ်ကူးတွင် ဖျော်ဖြေရန်အတွက် ချန်ကွမ်းတိုင်း နှင့် အတူ ဖိတ်ခေါ်မှု ရခဲ့သည်။ သူသည် စီစီတီဗွီနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိသော်ငြား သူသည် ထိုပွဲကို ကောင်းကောင်း အာရုံ မစိုက်မိပေ။

ဖုန်းယွီက နှစ်သစ်ကူးဂါလာညစာစားပွဲ အကြောင်းကို ရှင်းပြ၏။

“ဆုချီးမြင့်ပွဲအခမ်းအနားဂါလာညလား။ ဘာလို့ ဆုပေးပွဲအတွက် အစီအစဉ်တွေ အများကြီး ပါဖို့ လိုအပ်နေရတာလဲ။ မင်းက ဟောင်ကောင်နဲ့ ထိုင်ဝမ်က အနုပညာရှင်တွေကိုတောင် ဖိတ်ခေါ်ဦးမှာလား။ သူတို့ရဲ့ အနုပညာကြေးက သေးမျာတော့ မဟုတ်ဘူးနော်။”

“အဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူနဲ့။ သူတို့တွေက ငါတို့ရဲ့ ပြည်တွင်း အနုပညာရှင်တွေ အတိုင်းပဲ အနုပညာကြေးရမှာ။ ငါတို့ထက် သူတို့ ပိုမရဘူးလို့ ငါ အာမခံတယ်။ သေချာတာကတော့ ဒီပွဲက တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ ကွဲပြားတယ်။ ဖျော်ဖြေတင်ဆက်မှုတိုင်း ဟန်ပေါင်းရမှာ။ ပြီးတော့ အဲဟန်ပေါင်းထဲမှာ ဂဏန်း ၅လုံးလောက်ပါမယ်တော့ ငါအာမခံတယ်။ ဒါက ဖျော်ဖြေတင်ဆက်တဲ့သူတွေကို ကြိုးစားအားထုတ်မှုအတွက် ပေးမှာ။”

ဂဏန်း ၅လုံးလောက် ပါမယ်။ ယင်းက အလွန်များသည့် ပမာဏဟု စဉ်းစား၍ ရနိုင်ပေ၏။ သို့သော် ကျူးရှီမောက်အတွက် ယင်းက အလွန်များပြားသည့် ပမာဏ မဟုတ်ပေ။ ပထမဩဂုတ် ရုပ်ရှင် စတူဒီယိုမှ ထွက်ခဲ့ပြီးနောက် သူသည် အခြားသော အလုပ်များကိုလည်း လက်ခံခဲ့သည်။ သို့သော် ထိုအလုပ်များသည် နိုက်ကလပ် အစရှိသည့် နေရာများတွင် ဖြစ်သည်။ ပြီးနောက် ထိုအရာများကို သူ လက်ခံဖို့က အလွန်နည်းပေ၏။

သူ့ကို ယွမ် ၅သိန်းပေးသည့် အလုပ်ကတောင် သူ ငြင်းဆိုခဲ့သည်။ သူ့အနေဖြင့် ထိုထောက်ခံချက် ပေးရသည့် ထုတ်ကုန်သည် သူ့ပုံရိပ်ကို သက်ရောက်မှု ရှိနိုင်သည့်အတွက် ဖြစ်သည်။ သူသည် ပိုက်ဆံလည်း မပြတ်တောက်ပေ။

“ဟုတ်ပြီလေ။ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို အကျိုးပြုတဲ့ ရည်ရွယ်ချက်ပဲလား။ နောက်ထပ် ကော ဘာတွေ ပါသေးလဲ။”

ဖုန်းယွီက တခဏကြာ တွေးလိုက်ပြီးနောက်

“မင်းအနေနဲ့ စက်ယန္တရားကုမ္ပဏီနဲ့ စပ်ဆက်မဲ့ ဖျော်ဖြေမှုမျိုးကော လုပ်နိုင်မလား။ ငါတို့ရဲ့ စုန့်ကျန်းမော်တော် ဆိုင်ကယ် အကြောင်းလေ။ မင်း ဖျော်ဖြေမှု ပြီးတဲ့ နောက်မှာ ဒါရိုက်တာလီက စင်ပေါ်တက်ပြီး ဆုလက်ခံလိမ့်မယ်။"

“ကိစ္စမရှိဘူး။ ဇာတ်ညွှန်းနဲ့အတူ ဒီအပတ်ထဲကို ငါလာခဲ့မယ်။ပြီးတော့ ငါတို့ နောက်အပတ်ကျ ရီဟာဇယ် စလုပ်ကြတာပေါ့။”

“ကောင်းပြီလေ။ အဲတာဆို ငါမင်းနဲ့ပဲ ထားခဲ့လိုက်တော့မယ်။ မင်း နိုင်ငံခြားကို ပညာသွားသင်တဲ့အခါ အကူအညီလိုရင် ငါ့ဆီ ဖုန်းဆက်လိုက်။ မင်းကို ငါ့ရဲ့ နိုင်ငံခြား အဆက်အသွယ်တွေကနေ ကူညီပေးကောင်း ပေးနိုင်လိမ့်မယ်။”

.......

“မစ္စတာဝမ် ဒီလိုအခွင့်အရေးမျိုးက ဘယ်လောက်တောင် ရဖို့ ခက်ခဲလဲဆိုတာ ခင်ဗျား သိပါတယ်။ ခင်ဗျား ဖေးရှန်းကို သိတယ်မလား။ သူ စီစီတီဗွီက လုပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော် ပြီးတာနဲ့ သူ့ကို တစ်နိုင်ငံလုံး သိသွားတာ။ သူမရဲ့ သီချင်းတွေက တော်တော်လေး ရေပန်းစားတယ်။ ပြီးတော့ သူ့အယ်ဘမ်လ်တွေဆို ရောင်းကောင်းချက်ပဲ။ ဒါပေမဲ့ တရုတ်တစ်နိုင်ငံထဲမှာတောင် အယ်ဘမ် ဘယ်လောက်ရောင်းရလဲ။သိလား။ တရုတ်နိုင်ငံမှာ လူတော်တော်များများက သူမရဲ့ သီချင်းကို နားထာင်ကြတယ်။ ဒါပေမဲ့ သူ့မ သီချင်းကို လူဘယ်လောက်က ပါးစပ်ထဲ စွဲလို့လဲ။ စီစီတီဗွီက သူမမျက်နှာကို တစ်နိုင်ငံလုံးကို ပြဖို့အတွက် အကောင်းဆုံး ဖျော်ဖြေမှု ဖြစ်လိမ့်မယ်။ ဒီ ဖျော်ဖြေမှုက ကမ္ဘာပေါ်မှာ အကြီးဆုံးလို့တောင် စဉ်းစားလို့ ရနိုင်တယ်။ သူ သန်းရာချီကလည်း ဒီအစီအစဉ်ကို ကြည့်လိမ့်မယ်။.......”

ဖူကွမ်းကျန်းသည် ဖုန်းယွီ၏ ဇာတ်ညွှန်းအတိုင်း ဟောင်ကောင်တေးသံကုမ္ပဏီ၏ သူဌေးကို ပြောနေ၏။ သူ့အနေဖြင့် ဘေကျင်းတွင် လုပ်မည့် နှစ်သစ်ကူးဂါလာညစာစားပွဲတွင် ချီယွီကို ဖျော်ဖြေခွင့်ရရန် ပြောနေခြင်း ဖြစ်သည်။ သူ့အနေဖြင့် သီချင်း နှစ်ပုဒ် ဆိုရမည် ဖြစ်သည်။ ပထမ တစ်ပုဒ်သည် သီချင်းဟောင်း ဖြစ်ပြီး နောက်ထပ်တစ်ပုဒ်သည် အသစ် ဖြစ်၏။ သို့သော် သူမ၏ လေယဉ်လက်မှတ်ခနှင့် ကုန်ကျစရိတ်မှ လွဲပြီး မည်သည့် အနုပညာကြေးမျှ မပေးပေ။

တေးသံကုမ္ပဏီ၏ သူဌေးသည် သဘောမတူပေ။ ချီယွီသည် ထိုအချိန်က ထိပ်တန်း အဆိုတော် တစ်ယောက်ဖြစ်ပြီး သူ့သီချင်းအတွက် ဂဏန်း၅လုံး ရပေသည်။ သူ့အနေဖြင့် ခရီးစရိတ်နှင့် ကုန်ကျငွေသာ စပွန်ဆာရသည့် အစီအစဉ်ကို မည်သို့ သွားမည်နည်း။

သို့သော် ဖူကွမ်းကျန်းပြောသည်ကိုတော့ သူဌေးက မျက်ဝါးကြမိ၏။ တရုတ်နိုင်ငံသည် ဈေးကွက်ကြီး ဖြစ်သည်။ သူ့အနေဖြင့် ထိုဈေးကွက်ထဲ ဝင်ချင်ခဲ့သည်။ သို့သော် အမြဲတမ်း ကျရှုံး၏။ အကယ်၍ သူ့ အနုပညာရှင်များသည် ဖေရှန်းကဲ့သို့ စီစီတီဗွီတွင် ဖျော်ဖြေခွင့်ရပါက သူ့အနေဖြင့် တရုတ်နိုင်ငံတွင်တောင် ဂီတ ဖျော်ဖြေပွဲ ပြုလုပ်နိုင်ပေ၏။ ဂီတဖျော်ဖြေပွဲများက သူ့ကို ငွေများစွာ ရစေ၏။

အဆုံးတွင် ဖူကွမ်းကျန်းသည် ချီယွီနှင့် သူ့လက်ထောက်၏ ကုန်ကျစရိတ်ကို စပွန်ဆာ ပေးလိုက်သည်။ ပြီးနောက် ဂီတကုမ္ပဏီကလည်း သဘောတူလိုက်သည်။ တချိန်တည်းတွင် ဖူကွမ်းကျနးသည် သူ့ဂီတကုမ္ပဏီမှ သီချင်းမူပိုင်ခွင့်များကိုလည်း ဝယ်ယူလိုက်၏။

ဖူကွမ်းကျန်းသည် အေရွန်ခွခ်ကိုလည်း ဖိတ်ခေါ်ရန် စီစဉ်လိုက်သည်။ အေရွန်ခွခ်သည် သူ့ ဒုတိယမြောက် အယ်လ်ဘမ်ကို ထုတ်ထားကာ သူ့ နာမည် ကျော်ကြားမှုသည်လည်း မြင့်တက်နေလေ၏။ သို့သော် တရုတ်နိုင်ငံတွင်တောင် အခြားသော ဟောင်ကောင် သီချင်းဆိုများကဲ့သို့ပင်။ သူတို့ သီချင်းများသည် ရေပန်းစားသော်ငြား သူအကြောင်း မည်သူမျှ မသိပေ။ သူ့ အယ်လ်ဘမ်များသည် ရောင်းကောင်းသည်။ သို့သော် ဂီတကုမ္ပဏီသည် ငွေမရပေ။ ထိုအယ်လ်ဘမ်များသည် ခိုးကူးများ ဖြစ်၏။

ဖူကွမ်းကျန်းသည် ချွမ်းမင်မန်ကိုလည်း အပေါ်အတိုင်း ဆက်ဆံခဲသည်။ ချွမ်းမင်မန်၏ သီချင်းနှင့် အကများသည် အေရွန်ခွခ်နှင့် မယှဉ်နိုင်သော်ငြား ချွမ်းမင်မန်၏ ပရိသတ်များသည် အေရွန်ခွခ်သည် ဆယ်ဆ ပိုများသည်။ အကြောင်းမှာ ချွမ်းမင်မန်သည် တရုတ်နှစ်သစ်ကူးပွဲတွင် ဖျော်ဖြေဖူးသည်။ တရုတ်နိုင်ငံတွင် သူ့ပရိသတ်များစွာရှိပြီး သူသည် တရုတ်နိုင်ငံတွင် ပွဲပေါင်းရာချီ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယင်းက အလွန်ပင်များသည့် ပမာဏ ဖြစ်၏။

အေရွန်ခွခ်၏ ကုမ္ပဏီသည် ထိုင်ဝမ်အဆိုတော် ချီယွီသည်လည်း ဖျော်ဖြေမည်ဟု ကြားသည့်အခါ သဘောတူလိုက်သည်။ ချီယွီသည် ထိုအချိန်က အေရွန်ခွခ်ထက် ပိုပြီး နာမည် ကြီးသည်။ ဖူကွမ်းကျန်းသည်လည်း သူတို့ သီချင်းများ၏ မူပိုင်ခွင့်ကို ယူလိုက်သည်။

အမှန်တကယ်တွင် ထိုင်ဝမ်မှ ထရီစာတန်ကိုလည်း ဖိတ်ချင်ခဲ့သည်။ သို့သော် သူမသည် ထိုပွဲနှင့် မလိုက်ဖက်ပေ။ ပြီးနောက် ထိုင်ဝမ်မှလွဲပြီး အခြားတွင် ဖျော်ဖြေသည့် ပွဲများလည်း နည်းပေသည်။ အဆုံးတွင် ဖုန်းယွီသည် ချီယွီကိုသာ မေးခဲ့ခြင်း ဖြစ်သည်။

ဟောင်ကောင်၏ လက်စလီချန်းနှင့် စမျူရယ်ဟွေ့သည် သူတို့ အနားယူမည်ဟု ကြေငြာခဲ့သည်။ထို့ကြောင့် ဖုန်းယွီသည် သူတို့ကို မဖိတ်ကြားနိုင်တော့ပေ။

ဖုန်းယွီသည် ဖျော်ဖြေသူများကို ဖိတ်ခေါ်ရန်အတွက် အချိန် အတော်ကြာ ယူခဲ့ရသည်။ သူသည် သူတို့အပေါ် ပရိသတ်အမြင်များနှင့် သီချင်းများကိုလည်း စဉ်းစားရဦးမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီး ဖြစ်သော်ငြား ဆုပေးပွဲများတွင် ဖျော်ဖြေသူများအနေဖြင့် အချစ်သီချင်းများဆိုခွင့် မရှိပေ။ ဖုန်းယွီအနေဖြင့် သူ့ အကြိုက်ဆုံး အဆိုတော်များကို မဖိတ်ခေါ်နိုင်ခဲ့ပေ။

ဖုန်းယွီသည် အချို့သော သီချင်းများနှင့် အကပညာရှင်များ၊ ကျွမ်းဘား ပညာရှင်များ၊ မျက်လှည့်ပညာရှင်၊ စကားနိုင်လုများကို တရုတ်အဖွဲ့များမှ ခေါ်ယူခဲ့သည်။ စုစုပေါင်း ဖျော်ဖြေမှု ၁၂ဆု ဖြစ်ကာ ဆုအမျိုးအစား တစ်ခုစီအတွက် ဖြစ်၏။

ထိုပြည်တွင်း အနုပညာရှင်များသည် စီစီတီဗွီ၏ အစီအစဉ်ဟု ကြားသည့်အခါ ချက်ခြင်းပင် သဘောတူကြသည်။ သူတို့အတွက် စီစီတီဗွီက ဖိတ်ခေါ်စာ ရရှိခြင်းကတောင် ဂုဏ်ယူဖွယ်ရာ ဖြစ်နေ၏။

တစ်ပတ်အတွင်း ဖုန်းယွီသည် ဖျော်ဖြေသူများအားလုံးကို စီစဉ်ပြီး ဖြစ်သည်။ ကုန်ကျစရိတ်သည် များသော်ငြား ထိုဖျော်ဖြေသူများ၏ ဈေးကွက်ပေါက်ဈေးနှင့် ယှဉ်ပါက ယင်းက ဘာမျှ မဟုတ်ပေ။ အကယ်၍ ဖုန်းယွီ၏ အရင်ဘဝတွင် ဖြစ်လျှင်လည်း ထိုဖျော်ဖြေသူများအတွက် ကုန်ကျငွေသည် သန်းချီ ကုန်ပေလိမ့်မည်။ ဖုန်းယွီသည် ထိုအစီအစဉ်တိုင်းအတွက် ယွမ် ၁၀၀၀သာ အသုံးပြုခဲ့ရသည်။

ဖုန်းယွီသည် အစီအစဉ် ဇယားကို ရခဲ့သည်။ ထိုအစီအစဉ်သည် အလွန်ပင် ပျင်းစရာ ကောင်းနေ၏။

..........

စီစီတီဗွီကို သင်ခန်းစာပေးခြင်း (၁မှ ၄)ကို မနက်ဖြန်မှ ဆက်တင်ပေးပါ့မယ်။

All Chapters