← Chapters

လျှောပေါ်က ဖိနပ်လေး

Vol. 1 Ch. 1

လျှောပေါ်က ဖိနပ်လေး

Vol. 1 Ch. 1

မီးမှိန်မှိန်လေး လင်းနေသော စားပွဲခုံပေါ်တွင် ကွန်ပြူတာအဟောင်းတစ်လုံး ရှိနေသည်

ကျန်းရီ က တစ်ခုခုကို စောင့်နေသလိုပဲ ကွန်ပြူတာရှေ့မှာ ထိုင်နေသည်

နောက်ဆုံးတွင်၊ သူ၏ကွန်ပြူတာမှ "ဘိ ဘိ" မြည်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး အဲ့ဒီတော့မှသာ သူ့အား စိတ်သက်သာရာရစေကာ ကွန်ပြူတာရှိ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ပြောခဲ့သည်။

"ဟယ်လို၊ ငါက ကျန်းရီ ပါ။ အခုဖုန်းခေါ်သူကို ဘယ်လိုခေါ်ရမလဲ? ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အခုပဲ ကြည့်နေတာလား။"

ကျန်းရီ ၏အသံသည် ကျဆင်းသွားပြီး ဖုန်း၏အခြားတစ်ဖက်တွင် မောပန်းနွမ်းနယ်နေဟန်ရှိသည့် ခပ်အောအောအသံထွက်ပေါ်လာသည် ။

"ဟယ်လို ငါ့မျိုးရိုးနာမည်က ဝူဟောင်ချန် ပါ။ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ငါ အခုပဲ ကြည့်နေတာပါ။ မေးချင်တာက ညသန်းခေါင် ၁၂နာရီလောက်မှာ ကလေးကစားကွင်းနားကနေ အနီရောင်ကလေးဖိနပ် ကိုကောက်ရလိုက်ရင် ပြဿနာတက်လိမ့်မယ်လို့ မင်း တွေးဖူးလား။"

"ကလေးဖိနပ် အနီရောင်လား?"

"ဟုတ်တယ်၊ အရောင်ကသွေးနီရောင် အဲ့ပေါ်မှာ ကျားပုံလေးထိုးထားတယ်၊ ညသန်းခေါင်ကြီးမှာ လျှောထဲက ပိုက်ကနေ ပြုတ်ကျလာတာ။"

"အဲ့ဒီအဖြစ်အပျက်ကို သင့်မျက်စိနဲ့တိုက်ရိုက်မြင်ခဲ့တာလား မစ္စတာဝူ။"

ကျန်းရီ ကမေးတော့ ဖုန်းရဲ့အခြားတစ်ဖက်ကနေ အရမ်းစိတ်လှုပ်ရှားစွာနဲ့ပဲ မဟုတ်ပါဘူး၊ ကျွန်တော်နဲ့အတူတူတစ်ရက်ကွက်ထဲမှာနေထိုင်တဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက် လောင်ချန်း က ကျွန်တော့်ကို ပြောပြခဲ့တာပါ

အဲဒီညက အချိန်ပိုအလုပ်ကြောင့် ရပ်ကွက်ထဲကို ပြန်လာခဲ့တော့ ညသန်းခေါင်ကျော်နေပြီမို့ ဖြတ်လမ်းကနေ သွားမယ်ဆိုပြီး ရက်ကွက်နားက သစ်တောအုပ်လေးကနေ တိုက်ရိုက်ဖြတ်လာခဲ့တာ။

"ဒီအကြောင်းကို သူပထမဆုံးပြောဖူးတာကိုကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်၊ သူ့မျက်နှာအမူအရာက ထူးဆန်းနေပုံရတယ်။ အဲဒီတုန်းက ဘယ်လိုဖော်ပြရမှန်းကို မသိပေမယ့် အခု ဖြစ်ပျက်ခဲ့တဲ့ နောက်မှာ ကျွန်တော်တဖြည်းဖြည်း နားလည်လာတယ်။ အဲဒီ အမူအရာမျိုးကိုပေါ့။"

"ကောင်းပြီ လောင်ချန်းအကြောင်း အရင်ပြောပါရစေ။

အဲဒီနေ့က ရာသီဥတုက အရမ်းပူတယ်၊ ညလယ်မှာတောင် လေမတိုက်ဘူး။ ဒါပေမယ့် လောင်ချန်က သစ်အုပ်လေးထဲသို့ အဝင် သုံးခုမြောက်သစ်ပင် အနားကို ရောက်သောအခါ ရုတ်တရက် အသံထွက်လာတာ

အဲ့တာက လေတိုက်တဲ့အသံပေါ့

ရပ်ကွက်နားက သစ်တောလေးက အလွန်စိမ်းလန်းစိုပြည်ပြီး ဟန်ကျိုး ရဲ့ ရာသီဥတုကလည်း မကြာခဏဆိုသလို လေထန်ပြီး မိုးရွာကာ သစ်ရွက်တွေကလည်း အမြဲကြွေတာပေါ့ဗျာ။"

"ဒါပေမယ့် အခုသစ်ရွက်တွေရဲ့ ကြွေကျတဲ့အသံက အရင်နဲ့မတူပဲ ထူးဆန်းနေတယ်တယ်။ လောင်ချန်းကိုယ်တိုင်ပြောခဲ့တာကတော့ အဲဒီညက လေတိုက်တဲ့အခါ ကြွေကျလာတဲ့သစ်ရွက်တွေရဲ့အသံက တစ်ယောက်ယောက်က အံကြိတ်နေတဲ့အသံမျိုးလို့ ပြောတယ်။ မင်းရဲ့ အပေါ်နဲ့ အောက်သွားတွေကို အားပါပါနဲ့ ကြိတ်နေတဲ့အသံမျိုး!

"ဒါပေမယ့် လောင်ချန်း က ငယ်ငယ်က သိပ်အကြောက်အလန့် မရှိတဲ့ထဲမှာပါတယ်။ သူနဲ့ သူ့အဖေက ငယ်ငယ်က သုသာန်မှာ အစောင့်အကြပ်လုပ်ဖူးတယ်လို့ ငါတို့ကို အမြဲကြွားခဲ့တာပေါ့။ ဒါကြောင့် အဲဒီတုန်းက သိပ်ပြီးမစဉ်းစားခဲ့ဘူး။ ပင်ပန်းနေတော့ အိမ်မြန်မြန်သွား ရေချိုးပြီး အိပ်ချင်ခဲ့တာပေါ့ ။ ဒါပေမယ့်....."

"ဒါပေမယ့် သူလျှောနားကိုရောက်သွားခဲ့တယ် ဟုတ်တယ်မလား?" ကျန်းရီက ဒီအချိန်မှာ တစ်ခုခုပြောလိုက်တယ် ဖုန်းရဲ့တစ်ဖက်က မစ္စတာဝူက စိတ်လှုပ်ရှားစွာနဲ့ပဲ ပြန်ဖြေတယ်

"ဟုတ်တယ်၊ လျှောနားကိုရောက်ပြီး လှမ်းကြည့်လိုက်တော့ အပေါ်က ကွေးကောက်နေတဲ့ ပိုက်ကနေ သူ့ခြေထောက်နားကို လျှောဆင်းလာတဲ့ အနီရောင်ကျားဖိနပ်လေးကို သူ့မျက်လုံးနဲ့ မြင်လိုက်ရတယ်!"

"လောင်ချန်းက ဖိနပ်ကို ပထမဆုံးအကြိမ် မြင်လိုက်တာနဲ့ နှလုံးတစ်ချက် ခုန်သွားတာပေါ့၊ ဒါပေမယ့် အဲဒီအချိန်က လေပြင်းတိုက်လို့ပဲ ထင်ခဲ့တာ။ မိဘတွေက ကလေးကို ညနေဘက် ဆော့ကစားဖို့ ခေါ်သွားပြီး ဖိနပ်ကနောက်မှာ ကျန်ခဲ့တာ ဖြစ်နိုင်တယ်။ လျှောရဲ့အတွင်းပိုင်းကနေ လေတိုက်လို့ လွင့်ထွက်သွားတယ်လို့ပဲ ထင်ခဲ့တာပေါ့"

ဒါနဲ့ပဲ သူ့ခြေရင်းနားမှာ ကျားဖိနပ်ကိုတွေ့တော့ ငုံ့ပြီး ကောက်လိုက်တယ်။

ဖိနပ်က အလွန်ပေါ့ပါးပြီး လှလှပပ ချယ်ထားတယ်။

ဒါပေမယ့် ဖိနပ်က ရေစိုနေပြီး လောင်ချန်းက သူ့လက်နဲ့ ကိုင်လိုက်တဲ့အခါ အရမ်းအေးနေခဲ့တယ်လို့ ပြောခဲ့တယ်။

ရေခဲရေထဲမှာ စိမ်ထားသလိုပါပဲ။

သူ မသိစိတ်ကနေ ကျားဖိနပ်လေးကို လိမ်ပြီး ရေတွေကို ညှစ်ထုတ်ပစ်လိုက်တာပေါ့။

ဒါကိုကြားတော့ ကျန်းရီ က မျက်မှောင်ကြုတ်ပြီး "အဲဒီနေ့က မိုးရွာခဲ့တာလား?"

"မဟုတ်ဘူး၊ မိုးတစ်စက်မှ မရွာဘဲ နေသာတဲ့နေ့။ ညဘက် နှင်းတွေကျရင်တောင် ဖိနပ်က အဲ့လောက်ထိ ရေစိုမှာမဟုတ်ဘူး။"

အဲဒီတုန်းက လောင်ချန်းက အရမ်းစပ်စုတယ်၊ အဆော့သန်တဲ့ ကလေးက ပိုက်ထဲကို ရေလောင်းထည့်သွားတာ ဖြစ်နိုင်တယ်လို့ပဲ ထင်ခဲ့တာပေါ့

ဒါကြောင့် သူသိပ်ပြီးတော့ ဂရုမစိုက်ခဲ့ဘူး။

လောင်ချန်းက အဲ့အချိန်မှာ အလွန်ပင်ပင်ပန်းနွမ်းနယ်နေသဖြင့် ဖိနပ်ကို အစောင့်ခန်းသို့ ယူသွားဖို့ ဆုံးဖြတ်ခဲ့တယ်။

မနက်ဖြန်မှာ မိဘတချို့က သူ့ကိုလာတွေ့ဖို့ ဖြစ်နိုင်တယ်လို့ပဲ ထင်ထားခဲ့တာပေါ့။

"ဒါပေမယ့် သူ မမျှော်လင့်ထားတဲ့အရာက သူ မတ်တတ်ထရပ်ပြီးတော့ သူ့မျက်လုံးတွေက လျှောထဲကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာပဲ!"

All Chapters