← Chapters

လျှောပေါ်က လူမျက်နှာ

Vol. 1 Ch. 2

လျှောပေါ်က လူမျက်နှာ

Vol. 1 Ch. 2

ဖုန်း၏အခြားတစ်ဖက်တွင် လိုင်းပြတ်တောက်သွားတာလား သို့မဟုတ် ချို့ယွင်းချက်တစ်ခုခုကြောင့်လားမသိသော်လည်း လေပြင်းသံတိုးတိုး ထပ်မံထွက်ပေါ်လာသည်။ မစ္စတာဝူ၏ အသံသည် ပုံမှန်အတိုင်း ပြန်မဖြစ်မီ အချိန်အတော်ကြာအောင် ပြတ်တောက်သွားသည်။

"လောင်ချန်း က လျှောဘက်ကိုကြည့်ပြီးတော့ သူ့စိတ်ထဲမှာ မထိန်းနိုင်တဲ့ တွန်းအားတစ်ခု ပေါ်လာခဲ့တယ်။ ကလေးတွေက ကမ်းပါးရဲ့အခြားတစ်ဘက်ကိုသွားပီး လျှောဆင်းဖို့ လိုတယ်၊ ဒါပေမယ့် လူကြီးတွေအတွက်တော့ သူတို့က တခြားလမ်းကို တက်နိုင်တယ်။... လောင်ချန်းက... လျှောကိုတစ်ချက်ကြည့်ရင်း နောက်ဆုံးတော့ အထဲကို တက်ဖို့ဆုံးဖြတ်လိုက်တယ်။"

“ဒါပေမယ့် တစ်ထစ် နှစ်ထစ် လောက်တက်ပြီးတဲ့နောက် မောပန်းနွမ်းနယ်နေသလို ခံစားလာခဲ့ရတယ်။ ရှေ့ကိုတက်ဖို့ အရမ်းခက်ခဲနေတယ်။ နောက်ဆုံး အပေါ်လဲတက်နိုင်ရော ပိုက်ထဲမှာ ဘာအစိုဓာတ် သဲလွန်စမှ မရှိဘူး။ ”

"လောင်ချန်းကပြောခဲ့တယ် သူ့ရဲ့ အကြံအစည်က အရမ်းရိုးရှင်းတယ် ။ ရေကို မတွေ့ရင် လျှောကနေတွားသွားပြီး အိမ်ပြန်အိပ်တော့မှာ ။ ဒါပေမယ့် အဖွင့်နားကို ရောက်တဲ့အခါ နောက်ဆုံးမှာတော့ အဲ့ဒီအရာက ပေါ်လာခဲ့တယ်..."

မစ္စတာဝူ၏ စကားများ ရုတ်ခြည်း ရပ်တန့်သွားကာ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ကြည့်ရှုသူ အနည်းငယ်က သူ့ကို စိတ်မရှည်မှုများပင် ပေါ်လာခဲ့သည်။

" လခွမ်း..ဒီကောင်ကို ဇာတ်လမ်းတွေပြောဖို့ စတွင်မာ (Streamer) က ခေါ်ထားတာလားဟ။ ဇာတ်ရှိန်တက်နေပီဆို ဘာကြောင့် ဇာတ်လမ်းတွေ ရုတ်တရတ်ပြောနေတာကို ရပ်လိုက်တာလဲ။"

ဖုန်းရဲ့အခြားတစ်ဖက်ရှိ မစ္စတာဝူသည် ရုတ်တရက် ငိုချလိုက်ပြီး သူ့အသံမှာ ကြောက်ရွံ့မှု တုန်ခါမှုဖြင့် ပြည့်နေသည်။ ခဏလောက် ငိုကြွေးပြီးနောက် သူ့သွားတွေကို အံတင်းတင်းကြီတ်ပြီး သွားကြားထဲက အသံတိုးတိုးဖြင့်ပြောလိုက်တယ်။

"လောင်ချန်း အခြား တစ်ဖက်စွန်းသို့ ရောက်တဲ့အခါမှာ၊ သတိမပေးပဲ ရုတ်တရက် ရေစက်တွေတစက်စက်ကျပြီး ပြန့်ကျဲနေတဲ့ ဆံပင်တွေကို ​သူ့မျက်လုံးရှေ့တည့်တည့်မှာ တွေ့လိုက်ရသည်။ တဖြည်းဖြည်းနဲ့ နဖူး၊ မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်း ....အဲ့ဒီအရာက ဇောက်ထိုးဖြစ်နေတဲ့လူသားမျက်နှာကြီး !”

“ဆံပင်က အရမ်းရှည်ပြီး စိုနေတော့ ပိုက်ရဲ့အဆုံးထွက်ပေါက်ကို ဇောက်ထိုးပိတ်ရပ်နေသလိုပဲ။

ထိုအချိန်မှာ လောင်ချန်းက တစ်ခဏလောက် ကြောင်သွားတာပေါ့ ဒါပေမယ့် သူမျက်နှာကို သေသေချာချာ ကြည့်လိုက်သောအခါ မိန်းမမျက်နှာကြီး ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်။ ဒါ့အပြင် မျက်လုံးအိမ်ရှိမနေသည်ကို သူသိလိုက်သည်။

မျက်ဖြူမရှ မျက်ဆံမရှိပဲ သူ့ကို တည့်တည့်ကြီး စိုက်ကြည့်နေတယ်!"

"သူ့မမျက်နှာမှာ ဘာအမူအရာမှမရှိ၊ ရယ်လည်းမရယ်၊ ငိုလည်းမငို၊ စကားလည်း မပြော။ ​​လောင်ချန်းက မလှုပ်တော့ သူမလည်းမလှုပ်ဘူး။ လောင်ချန်းက သူဘာလုပ်နေလဲဆိုတာ သိသွားတော့ အမြန်ပဲနောက်ဆုတ်ပီးပြေးတော့တာပေါ့၊ ဒါပေမယ့်လည်း သူမကတော့ မလှုပ်သေးဘဲ တည့်တည့်ကြီးစိုက်ကြည့်နေတုန်းပဲ။"

မစ္စတာဝူ အဲဒီစကားပြောပြီးတဲ့အခါ သူ့ရဲ့အသံနည်းနည်းတုန်ခါသွားတယ်။

အဲ့ဒီအချိန်မှာ နှုတ်ဆိတ်နေတဲ့ ကျန်းရီ က သူပြောပြီးသည်နှင့် "မစ္စတာဝူ၊ အခုကြားခဲ့ရတာ အမှန်ဆိုရင်၊ ​လောင်ချန်းက တတိယသစ်ပင်ကို ရောက်တဲ့အခါမှ လေတိုက်တာမလား။"

"ဟုတ်​တယ်​ တတိယမြောက်အပင်​ရောက်မှပါ!"

“တတိယမြောက်သစ်ပင်ရဲ့ဘေးကိုရောက်တော့ လေတိုက်တယ်၊ပြီးတော့သွားကြိတ်သံတွေ ကြားရတယ်။ လျှောနားရောက်တဲ့အခါမှာ ကျားပုံနဲ့ ဖိနပ်က ပြုတ်ကျပြီး လောင်ချန်းက သူ့ရဲ့ သိချင်စိတ်ကို မထိန်းနိုင်ဘဲ လျှောပေါ့ကို တွယ်တက်သွားတယ်။ နောက်ဆုံးတော့ မျက်လုံးမှာ မျက်ဆံ အဖြူတွေ မပါတဲ့ အဲဒီမျက်နှာကို မြင်လိုက်ရတယ်။"

ကျန်းရီ က ခေါင်းကို နားလည်ဟန် အသာညှိတ်လိုက်ပြီး - "နားလည်ပါတယ် မစ္စတာဝူ၊ ဆက်ပြောပါဦး။ ကိစ္စက မပြီးသေးဘူးမလား"

“ဟုတ်ပါတယ် လောင်ချန်း ပြေးထွက်သွားတယ်။သူက အပြင်ကနေ အစောင့်အခန်းသို့ ပြေးသွားပြီး မသန့်ရှင်းတဲ့အရာ မကောင်းတဲ့ အရာတစ်ခု ကြုံတွေ့ရသည်ဟု ဆိုကာ အစောင့်ကို နှိုးလိုက်သည်။

အစောင့်က အရမ်းသတ္တိတွေရှိပြီး လောင်ချန်းနဲ့ အဲ့ဒီနေရာကို လိုက်ခဲ့မယ်လို့ပြောလိုက်တယ်။ဒါပေမယ့် အစောင့်ကတော့ သိပ်ပြီးအယုံအကြည်မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ လောင်ချန်းက သူတို့နဲ့လိုက်ဖို့ဘယ်လိုမှ သတ္တိမရှိတော့ပါဘူး။ ဒါကြောင့် သူတို့နဲ့မလိုက်တော့ဘူး။

အစောင့်နှစ်ယောက်သာ ထိုနေရာသို့ ကိုယ်တိုင်သွားခဲ့သည်။

"ငါးမိနစ်တောင်မပြည့်ခင်မှာပဲ အစောင့်နှစ်ယောက်က ဒေါသတကြီးပြန်လာပြီး မသန့်ရှင်းတဲ့ အရာတွေက ဘယ်ကရောက်လာတာလဲ၊ ပိုက်တွေထဲမှာ ရွှံ့တွေပဲ အများကြီးရှိနေတဲ့အကြောင်းပြောတယ်။ တံခါးစောင့်တွေက ကျိန်ဆဲပြီး လောင်ချန်းရဲ့ဖိနပ်ကို သတိထားမိပြီး လောင်ချန်းကို ပိုပြီးတောင် ကြိမ်းမောင်းတယ်။

ထိုအချိန်တွင် လောင်ချန်း၏ ဖိနပ်များသည် ရွှံ့များဖြင့် ညစ်ပတ်နေသည်။"

“အဲဒီနေ့က တစ်နေ့လုံးမိုးမရွာဘူး မြို့ကြီးတွေအားလုံးလိုလိုမှာ ဘိလပ်မြေလမ်းတွေပဲ ရှိတယ်။

ဖိနပ်မှာ ဖုန်မှုန့်တွေရှိနေတာက ပုံမှန်ဖြစ်ပေမယ့် ရွှံ့တွေရှိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

လောင်ချန်းက ကုမ္ပဏီမှ အလုပ်ဆင်းပြီးနောက် ရပ်ကွက်သို့ တက္ကစီကို တိုက်ရိုက်စီးကာ မြောင်းတွေ ဒါမှမဟုတ် ရွှံ့တွေ ကိုဖြတ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ "

"မစ္စတာဝူ၊ မင်းတို့ရက်ကွက်ကို ဆောက်တုန်းက မြေက ဘယ်လိုလဲ။ ရွှံ့ခင်းတွေ ပြောင်းပြီး ဆောက်ခဲ့တာလား"

ကျန်းရီမေးလိုက်တဲ့ချိန်မှာ မစ္စတာဝူက "မဟုတ်ပါဘူး ရက်ကွက်ကို မပြုပြင်ခင်မှာ အရင်ကမြို့ဟောင်းကြီးပါ "

"နားလည်ပါပီ ဆက်ပြောပါအုံး။"

ကျန်းရီ က ဖြေးညှင်းစွာပြောပြီး မစ္စတာဝူရဲ့ ဘက်က စီးကရက်ကို မီးညှိတဲ့အသံထွက်လာပြီး စီးကရက် သောက်နေဟန်တူသည်။

“တကယ်တော့ အဲဒီညပြီးတဲ့နောက်မှာ လောင်ချန်းက ဒီကိစ္စကို ချက်ချင်း မပြောဘူး။

သူနဲ့ကျုပ်က ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ပြီး တစ်ရက်ကွက်တည်း နေထိုင်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့က ကုမ္ပဏီမှာ အကောင်းဆုံးသူငယ်ချင်းတွေလို့ပြောလို့ရတယ် ။

ဒါပေမယ့် အဲဒီနေ့မှာပဲ သူ့မျက်နှာအနေအထားက တော်တော်ဆိုးနေတာကို သတိထားမိလိုက်တယ်၊ သူ့မျက်လုံးအောက်မှာ အစက်အပြောက်တွေ ညိုမဲနေပြီး သူ့မျက်နှာကြည့်ရတာ အခြေအနေမကောင်းဘူး၊

အဲဒီတုန်းကကျွန်တော် စလိုက်ပါသေးတယ်၊ ပရိုဂရမ်မာတစ်ယောက်အနေနဲ့ ရည်းစားရှာရတာ ခက်တယ်လေ ၊ ဒါကြောင့် ညဘက်တွေဆို မအိပ်ဘဲ ရုပ်ရှင်တွေ ကြည့်တာလျှော့လို့။

ကျွန်တော်စကားပြောနေစဉ်မှာပဲ သူတိတ်တဆိတ်ပဲ ခေါင်းငုံ့ကာ စားပွဲထိုးမှယူလာသော ကော်ဖီကို တစ်ချက်ကြည့်လိုက်သည်။ “

“အလုပ်ပြီးတာနဲ့ ကျွန်တော်တို့ အဲ့ဒီကော်ဖီဆိုင်မှာ အနားယူနေကြပါ။

အဲဒီအချိန်မှာပဲ လောင်ချန်း မှာ တစ်ခုခုဖြစ်ခဲ့တာကို ကျွန်တော်သိလိုက်ရတယ်။

ကော်ဖီကို သူ့မျက်စိနဲ့ မြင်တာနဲ့ ချက်ချင်း ရုတ်တရက် မတ်တပ်ထရပ်ကာ မျက်နှာက သွေးမရှိတော့တဲ့အတိုင်း ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။"

ကော်ဖီခွက်ကို မှောက်လန်ပြီး ဘာမှမရှိတဲ့ လေထဲကိုကြည့်ပြီး ငါ့ကိုနှောင့်ယှက်နေတာ ရပ်လိုက်ပါတော့ ကျေးဇူးပြုပြီး ငါ့ကို မနှောင့်ယှက်ပါနဲ့တော့ လို ထအော်ပါလေရော!”

“အဲဒီအချိန်မှာ ကော်ဖီဆိုင်က အရမ်းတိတ်ဆိတ်သွားတာပေါ့။

ဆိုင်ကလူတွေက သူ့ကြောင့် အနည်းငယ်ထိတ်လန့်သွားပေမယ့် သူ့ရဲ့အသံက တကယ်အကြောက်တရားတွေနဲ့ မို့လို့ဘယ်သူမှ သူ့ကို အပြစ်မတင်ကြဘူး။

ခင်ဗျားတို့ ကြုံဖူးလားတော့ မသိဘူး။

ဒီလိုမျိုး အော်သံကြီးက ဒေါသထွက်လို့ အော်တဲ့အသံမျိုးမဟုတ်ဘူး ။ အကြောက်တရား … သူ့အသံက စကားလုံးတိုင်းဟာ လုံးဝထိတ်လန့်တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်ပြီးတော့ အကြောက်တရားတွေနဲ့ ပြည့်နေတဲ့အသံပဲ!”

All Chapters