← Chapters

မင်းလိမ်နေတာ

Vol. 1 Ch. 3

မင်းလိမ်နေတာ

Vol. 1 Ch. 3

"အဲဒီချိန်မှာ လောင်ချန်းကို ဆိုင်အပြင်ဘက်ကို ဆွဲခေါ်ခဲ့တယ်။ သူ့ကို ဘယ်သူကမှ အပြစ်မတင်ပေမယ့် ဆိုင်ထဲမှာ ဆက်နေရင် တခြားသူတွေကို ထိခိုက်စေတယ်လေ။ ဒါကြောင့် သူ့ကို နေရောင်အောက်ကို ဆွဲထုတ်လိုက်တာနဲ့ သူ့စိတ်တွေ နည်းနည်း သက်သာရာရသွားတယ်။ သူ တော်တော် ငြိမ်သက်သွားပြီးနောက် ဘာဖြစ်တာလဲလို့ သူ့ကို မေးလိုက်တယ်။ သူဘာလို့ အရမ်းကြောက်နေရတာလဲ"

“အဲ့ဒီမေးခွန်းကြောင့်ပဲ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ပြောပြခဲ့တာ။

အဲဒီအချိန် နေရောင်အောက်မှာတောင် ကျောချမ်းသလိုတောင် ခံစားလိုက်ရတယ်။

ဘာလို့လဲဆိုတော့ ကျွန်တော်လည်း အဲ့ဒီရက်ကွက်မှာနေတာပဲလေ၊ ပြီးတော့ အလုပ်ကလည်း အမြဲနောက်ကျတတ်တယ်။

ဒါပေမယ့် ကျွန်တော်နေထိုင်တဲ့ အဆောက်အဦးက တောအုပ်နဲ့ဝေးတော့ အခြေခံအားဖြင့် အဲ့ဘက်ကို မသွားဖြစ်ဘူး။"

ရိုးရိုးသားသားပြောရရင် အဲဒီတုန်းက သိပ်ပြီးတော့ မယုံကြည်ခဲ့ဘူး။

လူတိုင်းလည်း သိကြတာပဲ ပရိုဂရမ်မာတွေဟာ အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှု ပေါ်လာတက်တာကို ။

လောင်ချန်းက မနက်မိုးလင်းတော့ သူ့မျက်နှာသစ်တော့ ရေထဲမှာ ဇောက်ထိုးဖြစ်နေတဲ့ သရဲမျက်နှာကို မြင်ရတာ၊​ ပြီးတော့ကော်ဖီသောက်တဲ့အခါ ကော်ဖီထဲမှာ အဲ့မျက်နှာကြီးပဲ တွေ့လိုက်ရကြောင်းပြောတာတောင် သိပ်မယုံသေးပါဘူး။”

"ဒါပေမယ့် အဲဒီအချိန်တုန်းက လောင်ချန်းကို ကျွန်တော် အကြံပြုခဲ့ပါသေးတယ်။ ဟန်ကျိုးမှာရှိတဲ့ Lingyin ဘုရားကျောင်းက အရမ်းနာမည်ကြီးတဲ့အတွက် သူ့ကို စိတ်ကိုငြိမ်းချမ်းစေတဲ့ အဆောင် သွားတောင်းဖို့ ဘုရားကျောင်းကို သွားခိုင်းလိုက်ပါတယ်။"

ကျန်းရီရဲ့ အသံက တိုက်ရိုက်ထုတ်လွှင့်မှုမှာ ထပ်ပြီး အသံထွက်လာပြီး "ဒါဆို... ဒီစိတ်ငြိမ်အဆောင်က အလုပ်ဖြစ်လား?"

“အကျိုးသက်ရောက်ခဲ့တယ် ။

နောက်ရက်အနည်းငယ်အတွင်း လောင်ချန်း၏ စိတ်အခြေအနေက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့တယ်။

အရင်ကလို စကားသိပ်မပြောတော့ပေမယ့် အနည်းဆုံးတော့ သူလန်းလန်းဆန်းဆန်း ဖြစ်လာခဲ့တယ်။

တစ်နေ့ အလုပ်ဆင်းချိန်မှာ သူနဲ့ကျွန်တော်က တစ်ချိန်တည်းမှာပါပဲ

ပြန်လာခဲ့တယ်၊ ညနေ ခုနစ်နာရီလောက်ရှိပြီ။

ရက်ကွက်အဝင် ရောက်တာနဲ့ လူတွေ အများအပြား စုဝေးနေတာကို တွေ့လိုက်ရတယ်။

စပ်စုချင်စိတ်ပေါ်လာတော့ လူအုပ်ဆီကို ​လောင်ချန်းကိုပါ ဆွဲခေါ်ခဲ့တယ်။"

"ကျွန်တော့်အမှားတွေပါ ၊ ကျွန်တော်တကယ်မှားခဲ့တာပါ၊ ငါ သူ့ကို အဲ့ဒီကို မခေါ်ခဲ့သင့်ဘူး"

အဲ့ဒီအချိန် ရပ်ကွက်ရဲ့အ၀င်ဝမှာ တဲ့တိုးထားတဲ့ စျေးဆိုင်လေးကို လူတွေက ဝိုင်းရံနေတာပေါ့။

အဲ့ဒီဆိုင်မှာ လက်ရာမြောက်စွာ ပြုလုပ်ထားသည့် ကလေးဖိနပ်များစွာရှိတယ်။ ပြီးတော့ ကျားရုပ်နဲ့ ဖိနပ်လေးပါရှိနေတာပေါ့ ။

ငါတို့ဘေးမှာရပ်နေတဲ့ လူငယ်စုံတွဲတစ်တွဲက ကျားရုပ်ဖိနပ်လေးတစ်ရံကို ရုတ်တရက် ကောက်ကိုင်လိုက်တယ်၊ ကျွန်တော်လည်းတစ်ချက်ကြည့်ပြီး လှည့်ထွက်သွားတော့မယ့်အချိန်မှာပဲ။

ထိုအမျိုးသမီးက လောင်ချန်းရဲ့ ဘေးနားမှာပေါ့။

သူမဖိနပ်ကို ကောက်ကိုင်လိုက်တဲ့အခါမှာ လောင်ချန်း မြင်သွားတာပေါ့ ။

အဲဒီအချိန်မှာ လောင်ချန်းရဲ့ မျက်နှာက လုံးဝပြောင်းလဲသွားသည်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့တယ်။ “

“သူ့မျက်နှာက အဲဒီညက အတွေ့အကြုံကို ကျွန်တော့်ကို ပြောတဲ့အချိန်ကအတိုင်းပဲ ၊ပြီးတော့ သူပြုံးနေတယ် ဘာလို့လည်းမသိဘူး အဲ့အပြုံးက ကျွန်တော့်ကို ကြက်သီးထစေတယ်။

သူ့မျက်နှာက သိသိသာသာ ဖြူဖျော့နေပြီး သွေးမရှိတဲ့အတိုင်းပဲ၊ သူ့မျက်လုံးတွေက ကြောက်ရွံ့လွန်းလို့ မျက်ရည်တွေတောင် ထွက်နေတယ်။ ဒါပေမယ့် သူ့မျက်နှာက ပြုံးနေတုန်းပဲ။

သူက ကျားဖိနပ်လေးကို စိုက်ကြည့်ပြီး ချွေးတွေကအရမ်းထွက်နေတယ်။

သူ့ တစ်ခုခုမှားနေတာကို သတိထားမိပြီး သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ မဆွဲထုတ်နိုင်ခဲ့ဘူး။ မြေကြီးမှာ ကော်နဲ့ကပ်ထားတဲ့အတိုင်းပဲ လူငယ်စုံတွဲလက်က ကျားရုပ်ဖိနပ်လေးကို စိုက်ကြည့်နေတယ်။"

“ဆယ်စက္ကန့်လောက် စိုက်ကြည့်ပြီးတဲ့နောက်မှာ လူအုပ်ထဲကနေ ရုတ်တရက် ပြေးထွက်လာတယ်။

အဲ့ဒီအချိန်မှာ ရပ်ကွက်ရဲ့ ဆန့်ကျင်ဘက် လမ်းမကြီးပေါ်မှာ ကုန်တင်ယာဉ်ငယ်တစ်စီး ဖြတ်သွားခဲ့တယ်။ လောင်ချန်းကို ဖြတ်တိုက်မိတာပေါ့ ။ လောင်ချန်းလည်း သုံးလေးပတ်လောက် လွင့်ထွက်သွားတာပေါ့ဗျာ။

ဒါပေမယ့် မျက်နှာကတော့ ရပ်ကွက်အ၀င်ဝကို မျက်နှာမူပြီး ကျွန်တော်ကို ကြည့်ကာ နောက်ဆုံးတော့ ဝတ်ကျွတ်သွားပြီလို့ ပြုံးပြုံးလေး ပြောနေသလိုပဲ…”

မစ္စတာဝူရဲ့ ငိုသံဖြင့် ပြောပြီးသောအခါ၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိတ်သတ်တစ်ယောက်ကက ရုတ်တရက် "ဟန့်ကျိုး၊ ကျင်းလုံရေကန် မတော်တဆမှု!"လို့ထအော်ပါလေရော...

ကြည့်ရှု့သူ A -"အခုမှ မှတ်မိတယ် ။ လွန်ခဲ့တဲ့ နှစ်လလောက်က အင်တာနက်မှာ သတင်းတစ်ပုဒ် ဖတ်ဖူးတာကို မှတ်မိသေးတယ်။ ကျင်းလုံရေကန်နားမှာ တစ်ယောက်ယောက်က ကျားဖိနပ်လေးကို တွေ့တဲ့အခါ ရုတ်တရက် ပြေးသွားပြီး လမ်းပေါ်မှာ သူ့ကိုယ်သူ သတ်သေသွားတယ့်အကြောင်း!"

ကြည့်ရှု့သူ B -"အဲ့ဖိနပ်က အဲ့လောက်တောင်ဆိုးတာလား၊ ဒါပေမယ့် ဒီအကြောင်းအရာတွေကို သတင်းမှာဘာလို့ မဖော်ပြခဲ့တာလဲ။"

ဖုန်း၏အခြားတစ်ဖက်ရှိ မစ္စတာဝူက အသက်ပြင်းပြင်းရှူရင်း “အဲဒီအချိန်တုန်းက ငါပြောပြခဲ့ပေမယ့် သတင်းမှာ မဖော်ပြခဲ့ဘူး။

လောင်ချန်း ထွက်သွားပြီးနောက် သူ့မိသားစုက သူ့ပြာတွေကို သူ့မွေးရပ်မြေကို ပြန်သယ်သွားဖို့ ရောက်လာခဲ့တယ်။ အဲ့တုန်းကသူ့မိဘ တွေပြောတာကို ထူးထူးဆန်းဆန်းကြားလိုက်ပါသေးတယ်။"

မှုခင်းဆရာဝန်က လောင်ချန်း အလောင်းကို ခွဲစိပ်စစ်ဆေးတဲ့အခါမှာ သူက ရေမသောက်သည်မှာ ကြာမြင့်နေပြီဖြစ်တဲ့အကြောင်း တွေ့ရတယ်။

လူတစ်ယောက်က ရေမသောက်ပဲနေပါက သုံးရက်မှ ခုနစ်ရက်အတွင်း သေဆုံးလိမ့်မည်ဖြစ်သည်။ အဲ့နေ့က သူတစ်နေ့လုံး ရေမသောက်ခဲ့ပါဘူး။

ဒါပေမယ့် ဘုရားကျောင်းမှ ယူခဲ့သော စိတ်ငြိမ်အဆောင်ကတော့ သူ့ခန္ဓာကိုယ်ကနေခွာတော့ စိုစွဲနေခဲ့ပါတယ်။

ချွေးထွက်လို့ စိုတာလားတော့မသိပါဘူး။

ဦးခေါင်းကွဲသွားပေမယ့် လည်ပင်းမှာ ကပ်နေတဲ့ စိတ်ငြိမ်အဆောင်ကတော့ သွေးတစ်စက်မှ စွန်းထင်းမနေတာကိုလည်း တွေ့လိုက်ရတယ်။”

မစ္စတာဝူက အဲ့ဒီအချိန်မှာ စကားပြောတာကို ခေတ္တရပ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များက ကျန်းရီကို မနေနိုင်တော့ဘဲ မေးလိုက်သည် "စတွင်မာ၊ မင်းက အွန်လိုင်းမှာ သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းပေးနိုင်သူလို့ ပြောနေတဲ့ သူမဟုတ်ဘူးလား။ အခုဟာက ဘာလဲဆိုတာ မြန်မြန်ရှင်းပြပါ။

သရဲဆိုတာတကယ်ရှိတာလား။ လောင်ချန်းက မကောင်းတာတစ်ခုခုကြောင့် အမှန်တကယ် သေဆုံးသွားခဲ့တာလား။ “

ကျန်းရီက ချက်ချင်းပြန်မဖြေဘူး။ သူ့ရှေ့က ကွန်ပြူတာအဟောင်းနဲ့ သူ့ဘေးက စားပွဲမီးရောင်မှိန်မှိန်လေးကို ကြည့်လိုက်တော့ သူ့စိတ်ထဲ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာပေါ်လာသည်။

ဒီအချိန်မှာ မစ္စတာဝူသာ သူ့ဘေးမှာ ရှိနေပြီး အဲဒီရုပ်သွင်ကို ပြောပြလိုက်ရင် သူကြောက်ရွံ့စွာနဲ့ ဒီလူက လောင်ချန်းလို့ ပြောလိမ့်မည်။

" ဝမ်းနည်းနေတဲ့ မျက်နှာတွေအပြင်။လောင်ချန်းရဲ့ မိဘတွေက သူ့ပြာတွေကို လာယူတုန်းက အမူအရာတွေက ဘယ်လိုလဲလဲ။" ကျန်းရီ က မေးတယ်။

မစ္စတာဝူက သူ၏တတိယမြောက် စီးကရက်ကို မီးညှိလိုက်ပြီး မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ပြီးနောက် "ဝမ်းနည်းတဲ့မျက်နှာလား? ဒါနဲ့ အဲဒီနေ့ သူတို့မျက်နှာမှာ ဝမ်းနည်းမှု သိပ်မရှိတဲ့ပုံပဲ၊ ဆန့်ကျင်ဘက် တစ်ခုခုကို ကြောက်နေပုံရတယ်။ ဟုတ်တယ်၊ သူတို့ကြောက်နေတာ။ အဲဒီအချိန်မှာ ကျွန်တော် နားမလည်ခဲ့ဘူး၊ အချိန်အတော်ကြာအောင် စဉ်းစားပြီးတောင်မှ သူ့မိဘတွေက ကျွန်တော့်ကို တွေ့တဲ့အခါ ဘာကြောင့် ကြောက်နေတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး!"

ကျန်းရီက အခြေအနေကို သဘောပေါက်နားလည်နေပြီဖြစ်သည်။ ဒါပေမယ့် ဆက်ပြီးတော့ "ဒါဆို မင်း နောက်တော့ လောင်ချန်းရဲ့အိမ်ကို ရောက်သွားသေးတယ်မလား" ဟု မေးသည်။

"ဟင့်အင်း... ကျွန်တော် မရောက်ခဲ့ပါဘူး။ သူ့မိဘတွေ လာပြီးတော့ တံခါးကို သော့ခတ်တော့ ဝင်လို့မရခဲ့ဘူး"

"ဒါဆို မင်း တောအုပ်လေးနားက လျှောကို ရောက်ဖူးလား။"

"မဟုတ်ဘူး... အဲ့လည်း မရောက်ဖူးဘူး။"

ကျန်းရီက သူ့မျက်လုံးတွေကို မှေးလိုက်ပြီး "မစ္စတာဝူ၊ မင်းက လိမ်နေတာပဲ၊ မင်း လောင်ချန်းရဲ့အိမ်ကို ရောက်ပြီးတော့ သဲလွန်စတွေ့ခဲ့တယ်။ ပြီးတော့ မင်းလျှောကိုလည်းရောက်ဖူးတယ်။ မင်းအဲဒီကို ညသန်းခေါင်ချိန်မှာတောင် သွားခဲ့တယ်ထင်တယ်။ လောင်ချန်းရဲ့အိမ်မှာ မင်းဘာတွေ့ခဲ့တာလဲ လောင်ချန်းဘာကြောင်​​့ သေရတာလဲဆိုတာကိုရော တွေ့ခဲ့တာလား။"

All Chapters