သဘာဝလွန်ဖြစ်ရပ်ဆန်းများကို ဖြေရှင်းပေးသူ
Vol. 1 Ch. 4
ဖုန်း၏အခြားတစ်ဖတ်မှာ ရုတ်တရက် တိတ်ဆိတ်သွားကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာလည်း လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
နောက်ဆုံးတွင် ဖုန်း၏အခြားတစ်ဖက်တွင် ငိုသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
မစ္စတာဝူ၏ ရှိုက်သံများက လူတိုင်း၏နှလုံးသားကို တင်းကျပ်စေခဲ့သည်။ ကျန်းရီက "မစ္စတာဝူ၊ အခုဖုန်းခေါ်တာ အခုမင်းကြောက်နေလို့ မဟုတ်လား၊ဘာလို့ဆို မင်းအခု လောင်ချန်းလိုမျိုး တွေ့ကြုံနေရလို့မလား!"
"ဟုတ်ပါတယ် ဟုတ်ပါတယ် အခုရေတောင်မကိုင်ရဲတာ ရက်တွေတော်တော်ကြာနေပါပြီ။ရေကိုတွေ့တာနဲ့ အဲဒီမျက်နှာကိုမြင်ရတာပဲ၊ သူကရေမျက်နှာပြင်တိုင်းမှာ ဇောက်ထိုးပေါ်လာတယ်။ ငါ့ကိုကူညီပါ ... ကျေးဇူးပြုပြီးငါ့ကိုကူညီပါ!"
ဖုန်း၏အခြားတစ်ဖက်ရှိ မစ္စတာဝူသည် ငိုကြွေးနေပီဖြစ်သည်၊ အဲ့ဒီအချိန်တွင် ကြည့်ရှုသူများအားလုံးကလည်း "စတွင်မာ ၊ မင်းမှာ ဖြေရှင်းချက်တကယ်ရှိတာလား"မေးနေကြသည်။
"မစ္စတာဝူ၊ မင်း အခု အဲ့ဒီရပ်ကွက်မှာ ရှိနေတုန်းပဲလား။ ငါ အခု ဟန်ကျိုး ရဲစခန်းကို ဖုန်းဆက်နေတယ်၊ ပြီးတော့ မင်းကို တွေ့ဖို့ စိတ်ရောဂါကုဆရာဝန် စီစဉ်လိုက်မယ်။ မင်းရဲ့ အကြောက်တရားကို ကျော်လွှားပြီး ရေသောက်ပြီး တစ်ခုခုစားဖို့လုပ်ရမယ်။"
"လုပ်ပီးသွားပီ၊ ဘာမှ အသုံးမဝင်ဘူး။ စိတ်ရောဂါကု ဆရာဝန်နဲ့ သွားပြခဲ့ပြီးပီ၊ အကောင်းဆုံး ကျွမ်းကျင်သူတွေဆီတောင် သွားပြီးပီ၊ ဒါပေမယ့် ဘယ်သူမှ မကူညီနိုင်ဘူး။ သူမက ဒီမှာ...သူမဒီကို ရောက်လာပြန်ပြီ။ သူ့မမျက်နှာက ပြတင်းပေါက် အပြင်မှာ ပေါ်လာပြန်တယ်။ ... ထွက်သွား... ထွက်သွား!"
ကျန်းရီ၏အမူအရာသည် လေးနက်လာကာ သူ့ကိုယ်သူ တွေးတောမိသည်- "ငါက ငရဲမှလာတဲ့အတွက် မရေမတွက်နိုင်သော ဝိညာဉ်များကို မြင်ဖူးသော်လည်း ထိုဝိညာဉ်များက ငါ့ကိုမမြင်နိုင်ပေ။
စနစ်က ငါ့ကို နေရောင်ဆီကို ပြန်ခေါ်ဆောင်လာပြီး ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပေးခဲ့တယ်၊ အခုပထမဆုံး သဘာဝလွန်ဖြစ်ရပ်ကို ဖြေရှင်းဖို့ အချိန်တန်ပြီ”
"မစ္စတာဝူ၊ မင်း အခုဘယ်မှာလဲ" နောက်ဆုံးတော့ ကျန်းရီ က မေးလိုက်တယ်။
မစ္စတာဝူက "ကျွန်တော့်ရပ်ကွက်က အိမ်မှာ"
"ကောင်းပြီ အခု ငါ မင်းကို နည်းလမ်းတစ်ခု သင်ပေးမယ်။ မင်းဘေးမှာ ထမင်းစားတူ နဲ့ ပန်းကန်အလွတ်တစ်လုံး ရှိလား"
"ရှိပါတယ်"
"သွားယူလိုက်၊ ပြီးရင် မင်းကို ပို့လိုက်တဲ့ ဗီဒီယို ခေါ်ဆိုမှုကို လက်ခံလိုက်ပီးရင် ထမင်းစားတူခုနစ်ချောင်းကိုပန်းကန်လုံးထဲကိုထည့်ဖို့ လုပ်မယ်။"
ကျန်းရီ ပြောပြီးသည်နှင့်၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် အကွက်ငယ်တစ်ခု အမြန်ပေါ်လာသည်။
ရာနှင့်ချီသော ကြည့်ရှုသူများသည် နီရဲနေသော မျက်လုံးနှင့် မျက်နှာပေါ်တွင် မျက်ရည်များနှင့်အတူ ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးကို ထောင့်တစ်နေရာတွင် မြင်လိုက်ရသည်။
ဒါပေမယ့် အဲဒီအချိန်မှာတော့ ဒီလူဟာ ရယ်စရာကောင်းတယ်လို့ ဘယ်သူမှမထင်ကြဘဲ အားလုံးက သူ့ကို စိတ်ပူနေကြတယ်။
မစ္စတာဝူသည်နှင့် သူ့ရှေ့တွင် ထမင်းစားတူခုနစ်ချောင်းနှင့် ပန်းကန်လုံး တစ်လုံးရှိနေသည်။
"ငါယူလာပြီးပီ...ဘာဆက်လုပ်ရမလဲ"
"အဲဒါကို ပန်ကန်ထဲကို တည့်တည့်ထည့်ပါ။" ကျန်းရီက ပြောသည်။
မစ္စတာဝူသည် တုန်ယင်နေသောလက်ဖြင့် ထမင်းစားတူများကို ကောက်ကိုင်ကာ တည့်တည့်ထည့်လိုက်သည်။
ချက်ခြင်းပင် တူခုနစ်ချောင်းလုံး တစ်ချောင်းပြီးတစ်ချောင်း လဲကျသော်လည်း တစ်ချောင်းကတော့ တည့်တည့်ထောင်နေသည်။
ဒါကိုမြင်တော့ ကျန်းရီ က “ပြဿနာက တတိယမြောက် သစ်ပင်မှာပေါ်လာတယ်။
မစ္စတာဝူ အခုမင်းမှာ လုပ်စရာတွေရှိတယ်။
အဲ့ဒီအရာတွေက မင်းအတွက် အရမ်းကြောက်စရာကောင်းလောက်ပေမယ့် ကြိုးထုံးကို ဖြေတဲ့သူကပဲအဲ့ကြိုးထုံးကို ပြန်ချည်ရမယ်။
ဒါကြောင့် အရမ်းကြောက်နေရင်တောင်မှ မင်းလုပ်ကိုလုပ်ရမယ် ၊ ဒါပေမယ့် မင်း Lingyin ဘုရားကျောင်းမှာ စိတ်ငြိမ်အဆောင် သွားတောင်းပီးပီမလား။
"ဟုတ်တယ်၊ အဲ့ဒါငါ့လည်ပင်းမှာ၊ အဆောင်ကရေစိုနေပီလို့ ခံစားနေရတယ်၊ ဟုတ်တယ် တကယ်ရေစိုနေတယ်!"
မစ္စတာဝူ က ခြောက်ခြားစွာပြောသည်။ သူ့အသွင်အပြင်က ကြည့်ရှုတဲ့လူတိုင်းကို အသက်ရှူကြပ်စေတယ်။ ကျန်းရီက "အခုသွား ရေသွားယူလိုက်ပါ။ ရေရရင် ရေထဲကိုမကြည့်နဲ့ ငါကြည့် ဆိုမှကြည့် !"
"ငါ...ငါ မယူရဲဘူး!"
မစ္စတာဝူက ပြိုကျလုနီးပါးပါပဲ။ ကျန်းရီကခဏလောက်စဉ်းစားပြီး "ဒါဆို မင်းလက်ချောင်းကို ကိုက်ပြီး တူကနေ သွေးတွေ စီးကျစေလိုက်!"
မစ္စတာဝူက ဒါကို လုပ်ရတာ ပြဿနာမရှိတဲ့အတွက်ကြောင့် လက်ညှိုးကို ကိုက်လိုက်သည် ။
ဒါပေမယ့် မစ္စတာဝူ၏လက်ချောင်းများပေါ်မှ သွေးများ စီးကျလာသောအခါ ကျန်းရီ ၏မျက်လုံးများသည် ချက်ချင်းပင် ကျုံ့သွားခဲ့သည်။
သွေးများ လျင်မြန်စွာဖြင့် ထမင်းစားတူပေါ်မှ စီးကျလာပြီး တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ကျန်းရီနှင့် ကြည့်ရှုသူ ရာနှင့်ချီသော လူများကလည်း ထမင်းစားတူအပေါ်ကို အာရုံစိုက်နေကြသည်။
နောက်ဆုံးတွင် သွေးသည် ပန်းကန်လုံး၏အောက်ခြေသို့ စီးဆင်းသွားတယ်၊ ဒါပေမယ့် သွေးကနည်းနည်းလေးတော့ မဟုတ်ခဲ့ပါဘူး။ သွေး၏မျက်နှာပြင်မှတစ်ဆင့် လူအချို့သည် ပုံရိပ်တစ်ချို့ကို တဖြည်းဖြည်းမြင်လာရသည်။
ကြည့်ရှု့သူ A - "ဖိနပ်၊ ကျားရုပ်ဖိနပ်လေး။"
ကြည့်ရှုသူ B- " သစ်ပင်အောက်မှာ၊ သစ်ပင်အောက်မှာ မြုပ်နေတဲ့ အနီရောင် ကျားရုပ်ဖိနပ်တစ်ရံရှိတယ်!"
ကြည့်ရှုသူ C- " ဝှက်သယ်*.....ဘာတွေလည်း၊
စတွင်မာရေငါတို့ကို ရှင်းပြပါအုံး။"
ကျန်းရီကလည်း သွေးမျက်နှာပြင်ကနေ ကျားရုပ်ဖိနပ်၏အရိပ်ကို မြင်တွေ့ခဲ့ရသည်။ ပြီးနောက် "မစ္စတာဝူ၊ အခု မင်းအိမ်ရဲ့အပြင်ဘက်မှာ မင်းကို တက္ကစီတစ်စီးလာစောင့်နေလိမ့်မယ်" မင်းအတွက် ငါ အခုလေးတင် ဖုန်းဆက်ထားတဲ့ ကားက ရောက်ပြီ"
မစ္စတာဝူသည် သွေးမျက်နှာပြင်ကို မကြည့်ရဲဘဲ ခေါင်းကို မော့ကာ ကျန်းရီ၏ ညွှန်ကြားချက်ကို လိုက်နာကာ အမြန် ပြေးသွားခဲ့သည်။
သေချာပါတယ်၊ သူအပြင်ကိုရောက်တာနဲ့ မီးခိုးရောင် ကားတစ်စီးကို သူတွေ့လိုက်တယ်။ မစ္စတာဝူ ကားပေါ်တက်ပြီးနောက် ကားမောင်းသမားက "မစ္စတာ ဝူက တောအုပ်အနားကို သွားမှာလား" ဟု မေးသည်။
"ဟုတ်.. ဟုတ်ကဲ့!"
ကားသည် စတင်ခဲ့ပြီး တောအုပ်လေးဆီသို့ အလွန်လျှင်မြန်စွာ ရောက်ရှိခဲ့သည်။
"မစ္စတာဝူ၊ အခု မင်းက သစ်တောအုပ်လေးကို သွားပြီးတော့ တတိယမြောက် သစ်ပင်ခြေရင်းကို မင်းလက်နဲ့ တူးရမယ်။"
ကျန်းရီကပြောပြီးနောက်မှာ မစ္စတာဝူကသစ်ပင်ဆီသို့ လျှောက်သွားလိုက်တယ်။ သူ့ခန္ဓာကိုယ်က တစ်ချိန်လုံး တုန်နေပေမယ့် ကျန်းရီ ပြောတဲ့အတိုင်း သူ့လက်တွေက မြေဆီလွှာထဲကို လွယ်လွယ်ကူကူ ရောက်ရှိသွားပြီး မြေကြီးတစ်ပိုင်းကို လွယ်ကူစွာတူးဆွလိုက်ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ လူများက ယင်းကိုမြင်သောအခါ အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး "မစ္စတာဝူက ရေမသောက်သည်မှာ ရက်တော်တော်ကြာနေပီကို၊ ဘာလို့ အဲ့လောက်ခွန်အားတွေ ရှိနေရတာလဲ" ဟု မေးသည်။
ကြည့်ရှု့သူ A-"ငါလည်းနားမလည်ဘူး ဒါပေမယ့် စတွင်မာ ပြောတာကိုပဲ လုပ်လိုက်ပါ။ ခုနက ပန်ကန်လုံးအဖြစ်အပျက် ကိုကြည့်ပြီး စတွင်မာကို အထင်မသေးရဲတော့ဘူး။ သွေးမျက်နှာပြင်ပေါ်က ပုံရိပ်က
စောက်ကြိုးနည်းကြီး။"
အဲ့အချိန်မှာပဲ မစ္စတာဝူက သစ်ပင်အောက်ခြေကို တူးပြီးပီဖြစ်သည်။
လမ်းမီးရောင်ကြောင့် ပုံရိပ်များကို လက်ကိုင်ဖုန်းဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။
သူ့လက်ကိုင်ဖုန်းကနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းရှိ လူရာပေါင်းများစွာက သစ်ပင်အောက်ခြေ ရွှံ့နွံထဲက ကျားရုပ် အနီရောင်ကလေးဖိနပ်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။