← Chapters

လျှောပေါ်တက်လိုက် ဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်

Vol. 1 Ch. 5

လျှောပေါ်တက်လိုက် ဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်

Vol. 1 Ch. 5

မစ္စတာဝူ၏ ဖုန်းမှ ထူးထူးခြားခြား အသံမျိုးစုံ ထွက်ပေါ်လာသည်။ ဒါပေမယ့် သူ့မျက်နှာကတော့ အပေါ်ကို ကြည့်နေတုန်းပါပဲ။ တကယ်လို့ အောက်ကိုငုံ့ကြည့်လိုက်ရင် ဇောက်ထိုးသရဲမျက်နှာကို ပြန်မြင်ရမှာကို သူကြောက်နေပုံ​ရတယ်။

အဲ့ချိန်မှာပဲ သစ်တောအုပ်လေးထဲမှာ လေက ရုတ်တရက်ဆိုသလို တိုက်ခက်လာခဲ့သည်။ ထိုထဲတွင် လေသံနှင့် သစ်ရွက်ကြွေသံများအပြင် အပေါ်သွားနှင့် အောက်သွားများပွတ်တိုက်သံ "တကျွီကျွီ" အသံများကိုလည်း ကြည်လင်ပြတ်သားစွာ ကြားနေရသည်။

ထိုအသံများက တိုက်ရိုက်ထုတ်လွင့်တဲ့အခန်းထဲရှိ ကြည့်ရှု့သူများကို ကြည်သီးမွှေး​ညင်း ထစေခဲ့သည်။

ကြည့်ရှု့သူ A -"စတွင်မာ၊ ဖိနပ်ကိုတော့ အခု တူးပြီးပြီ။ ဖိနပ်ရဲ့ အသွင်အပြင်ကို ကြည့်ရတာတော့ အရင်ကျားရုပ်ဖိနပ်နဲ့ အတူတူပဲ!"

ကြည့်ရှု့သူ B -"ဖိနပ်ကို တူးဖော်ပြီးတာနဲ့ နောက်ဘာဆက်လုပ်ရမှာလဲ။ အခု မစ္စတာဝူက ဖိနပ်ကို တူးပြီးပြီ၊ ဒါပေမယ့် ဇောက်ထိုးသရဲမျက်နှာနဲ့ ဖိနပ်နဲ့ ဘယ်လိုပက်သတ်နေတာလဲ"

ကြည့်ရှု့သူ C-"အဲ့ဒီဖိနပ်ကို ကောက်ရတဲ့သူတိုင်းကရေမျက်နှာပြင်တိုင်းမှာ ပေါ်လာတဲ့ ဇောက်ထိုးသရဲမျက်နှာကြီးကို မြင်ရတာလား? အဲ့လိုဆိုရင် အဲ့သရဲက ရေသရဲလား?"

ကျန်းရီက သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာရှိတဲ့ကြည့်ရှုသူများမေးတာတွေကို သိပါတယ် ပြီးတော့ သူ့တိုက်ရိုက်ထုတ်လွင့်မှုအခန်းထဲမှာ ကြည့်ရှု့သူတွေ တဖြည်းဖြည်းတိုးလာတာကိုလည်း မြင်နေရတယ်။

ကနဦး လူဆယ်​ယောက်လောက်ကနေ အခု ရာဂဏန်းအထိ တိုးလာတာကိုကြည့်ခြင်းအားဖြင့် သူ့တိုက်ရိုက်ထုတ်လွင့်မှု အောင်မြင်ကြောင်း တွေ့ရသည်။

"မစ္စတာဝူ မင်းငါပြောတာကြားရသေးလား"

ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ လှမ်းအော်လိုက်သည်။ မစ္စတာဝူသည် အဲ့အချိန်မှသူ့အသိစိတ်ပြန်ဝင်လာပြီး ...

" ကြားရပါတယ်၊ အခု ငါဘာဆက်လုပ်ရမလဲ၊ ငါ့လည်ပင်းကိုတစ်ယောက်ယောက်က ညှစ်နေသလို ခံစားနေရတယ်၊ အသက်ရှူလည်းမဝဘူး"

"စတွင်မာရေ၊ အဖြေတစ်ခုခုကို မြန်မြန်စဉ်းစားပေးပါအုံး!"

မစ္စတာဝူရဲ့မျက်နှာက အလွန်တရာကို ဖြူဖတ်ဖြူရော်ဖြစ်နေသည်။

ကျန်းရီက သူ့မျက်လုံးတွေကို အသာအယာမှိတ်လိုက်ပြီး "အဲဒီဖိနပ်ကို ကောက်လိုက်ပါ။ ပြီးတော့ မင်းခေါင်းကို အခု ဇွတ်အတင်းမြောက်နေဖို့ မလိုတော့ဘူး။ အဲဒီဖိနပ်ကို ကိုင်ထားပြီး လျှောရဲ့ အခြားတစ်ဖက်ကနေ တက်ပြီးတော့ အဲ့ဖိနပ်နဲ့ ပဲလျှောရဲ့ပိုက်ကနေ အောက်ကိုဆင်းသွားလိုက်။"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်း ငါ့ကို သေအောင် တွန်းပို့နေတာလား။ ငါအဲဒီလျှောကို မဝင်ရဲဘူး!"

မစ္စတာဝူ၏ စိတ်အခြေအနေသည် ရုတ်တရက် မတည်မငြိမ် ဖြစ်လာသည်။

အဲ့အချိန် ကျန်းရီက အသံတိုးတိုးဖြင့် "ဒါပေမယ့် မင်းအဲဒီကို ရောက်ခဲ့ပြီးပီမလား၊ လောင်ချန်းသေပီးတဲ့နောက် မင်းအဲ့ရပ်ကွက်မှာ ဆက်နေတုန်းပဲ။

ပြီးတော့ ညတိုင်း လောင်ချန်းရဲ့ အဖြစ်အပျက်ကို တွေးပြီးတော့ နောက်ဆုံးမင်းရဲ့သိချင်စိတ်ကို မထိန်းနိုင်တဲ့တစ်ညမှာ မင်းအဲ့တောအုပ်ကိုသွားခဲ့တယ်၊ မင်းအဲ့လျှောကိုလည်း ရောက်ခဲ့တယ်၊ ပြီးတော့ လေတိုက်လို့လွင့်လာတဲ့ ကျားရုပ်အနီရောင်ဖိနပ်ကိုလည်း တွေ့ခဲ့တယ်မလား?"

"အဲဒီအချိန်တုန်းက မင်း အရမ်းကြောက်ခဲ့တယ်၊ ဘာလို့လဲ ဆိုတော့ လောင်ချန်း ဖြစ်ခဲ့သမျှအရာအားလုံးဟာ အမှန်ဖြစ်နေတဲ့အကြောင်း နောက်ဆုံးမှာ မင်းအတည်ပြုနိုင်ခဲ့လို့ပဲ။

ဒါပေမယ့် အဲ့ဒီဖိနပ်ကို ဘာလို့ ကောက်ခဲ့တာလဲ။ မင်း အဲ့ဒီဖိနပ်ကို မကောက်ခဲ့သင့်ဘူး ။ သစ်ပင်အောက်မှာ မြုပ်နေတဲ့ ဖိနပ်နဲ့ လျှောကနေကျလာတဲ့ဖိနပ်က တစ်ရံတည်း။ အဲ့လျှောကနေကျလာတဲ့ဟာက မင်းတို့ကို မျှားခေါ်ဖို့ပဲ။

အဲ့ဖိနပ်ကို ကောက်ကိုင်လိုက်ပီဆိုကတည်းက အဲ့သရဲမ ဖြစ်ချင်တာတွေကို ပြီးမြောက်အောင် ကူညီပေးရတော့မှာ။

လောင်ချန်းက အဲဒါကို မလုပ်ခဲ့လို့ သေသွားရတာ။

မင်းလည်း အခု သေချင်နေတာလား။ "

ကျန်းရီ ရဲ့စကားပြီးတဲ့နောက် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ကြည့်ရှူ့သူတွေက တစ်ခုခုကို နားလည်သွားပုံရပါတယ်။

ကြည့်ရှု့သူ A- "အဲ့ဒီကျားဖိနပ်လေးကို ငါးစာအနေနဲ့ သုံးခဲ့တာလား ။ ဇောက်ထိုးမျက်နှာနဲ့ သရဲမက ဖိနပ်ကောက်တဲ့သူကို တခြားကျားဖိနပ်ကို တူးစေချင်လို့ လျှောပေါ်ကနေ ဖိနပ်ကိုပစ်ချခဲ့တာလား"

ကြည့်ရှုသူ B- "ဒီလိုဆိုတော့လည်း ကျိုးကြောင်းဆီလျော်ပုံရတယ်၊ ဒါပေမယ့် ဒီကိစ္စက လုံးဝကို ရိုးရှင်းမှာ မဟုတ်ဘူး။ ဒါကြောင့် ဆက်မပြောပဲနဲ့ စတွင်မာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ကြရအောင်။ သူသာ ဒီပြဿနာကို တကယ်ဖြေရှင်းနိုင်ရင် သူ့ကို ဆုအကြီးကြီးချဖို့ အဆင်သင့်ပဲ"

ဗီဒီယိုထဲမှာတော့ မစ္စတာဝူက ခေါင်းကို ပြင်းပြင်းထန်ထန် ခါနေဆဲပါ။ ရေထဲကသရဲမျက်နှာကို မမြင်အောင် ခေါင်းကိုမော့ပြီး နေနိုင်ပေမယ့် လျှောပေါ်ကို ထပ်တပ်ဖို့ဆိုတာကတော့ သူမှာသတ္တိမရှိတော့ပါဘူး။

လောင်ချန်းသေဆုံးပြီးနောက်မှာ မရေမတွက်နိုင်သော အတွေးများက သူ့ရဲ့ စူးစမ်းချင်စိတ်ကို နိုးဆွလိုက်ပြီး အဲ့နေရာသို့ သွားကာ လျှောကနေကျလာတဲ့ ဖိနပ်ကိုမတော်တဆ ကောက်ပီးတဲ့နောက်မှာတော့ သူ့မှာရေတောင်မကိုင်ရဲတော့ပါ။ အဲ့ကတည်းက ရေလည်းမသောက်ရတာ အခုချိန်ထိကို သူ့မှာ သေချင်စိတ်တောင်ပေါက်နေပါပီ။

"အဲဒါကို မင်းမှမလုပ်ရင် မင်းကိုဘယ်သူမှကယ်နိုင်မှာမဟုတ်ဘူး မစ္စတာဝူ။ အသက်ရှင်မလား သေမလား ၊ မင်းသေချာစဉ်းစားပါ။"

ကျန်းရီ၏ အသံက တိုက်ရိုက်ထုတ်လွှင့်မှု ခန်းထဲရှိ ကြည့်ရှု့သူများနှင့် မစ္စတာဝူ၏ နားထဲတွငိပဲ့တင်ထပ်နေသည်။

ထိုအချိန်တွင် မစ္စတာဝူသည် ခေါင်းငုံ့ကာ တိုက်ရိုက်ထုတ်လွင့်တဲ့အခန်းရှိ ကျန်းရီ ၏ ငယ်ရွယ်နုပျိုသော မျက်နှာကို ကြည့်ပြီး အံကြိတ်ကာ “ကောင်းပြီ မင်းကို ယုံလိုက်မယ်၊ မင်းပြောသမျှအကုန်လုပ်ပါ့မယ်!”

ကျန်းရီက သူ့ကို ပြုံးပြပြီး "ကောင်းပြီ၊ မင်း လျှောပေါ်ကိုတက်လိုက် ဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်!"

မစ္စတာဝူသည် ရေစိုနေသော ကျားဖိနပ်လေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ လျှောရဲ့အခြားတစ်ဘက်သို့ သွားလိုက်သည်။ တခြားဘက်သို့ ရောက်သည်အထိ သူခြေတလှမ်းလှမ်းတိုင်း ခြေဖဝါးအောက်တွင် အနက်ရောင်ရွှံ့များ ကျန်နေသည်။

ရွှံ့ကိုကြည့်ရင်း ကျန်းရီက ပြဿနာကို ပိုမိုရှင်းလင်းစွာ နားလည်လာသည်။

မစ္စတာဝူသည် နောက်ဆုံးတွင် လျှောပေါ်သို့တက်လိုက်ပါပီ။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူ ရာချီသောလူများ၏ နှလုံခုန်နှုန်းများသည်လည်း မစ္စတာဝူ၏ လှုပ်ရှားမှုများနှင့်အတူ ခုန်နေပုံရသည်။

အချိန်မရွေးပေါ်လာနိုင်တဲ့ ဇောက်ထိုးသရဲမျက်နှာကို သူတို့အားလုံးက စောင့်နေကြတယ်။

သို့သော်လည်း မစ္စတာဝူက လျှော၏အဝင်ဝသို့ တက်သွားသည့်တိုင်အောင် သရဲမျက်နှာမှာ ပေါ်မလာသေးပေ။

မစ္စတာဝူသည် လျှော၏ပိုက်အဝကိုကြည့်ကာ ကျန်းရီအား အသံအောအောကြီးဖြင့်

"အခု ဘာဆက်လုပ်ရမလဲ။"

"နောက်ကိုပြန်လှည့်ကြည့်လိုက်၊ သေသေချာချာမှတ်ထားပါ မင်းသေအောင်ကြောက်နေရင်တောင် အသံမထွက်မိစေနဲ့ ၊ ပြီးရင် တခြားကျားဖိနပ်လေးကို ကောက်ကိုင်ပြီး လျှောပေါ်ကနေ လျှောချလိုက်"

ကျန်းရီ၏ စကားကို ကြားပြီးတဲ့နောက် မစ္စတာဝူ ၏မျက်နှာတွင် ချွေးများထွက်လာသည်။ ပြီးနောက်မှာတော့ ခေါင်းကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သည်။

အဲ့သရဲမျက်နှာကြီးက ရှေ့တည့်တည့် သူ့မျက်နှာနှင့် အလွန်နီးကပ်နေ၏။ သရဲမ၏မျက်နှာမှာ ပါးစပ်နဲ့ နှာခေါင်းတစ်ခုရှိပြီး သူ့မရဲ့ရှည်လျားတဲ့ဆံပင်တွေကတော့ ရေတွေနဲ့ စိုရွှဲနေပါတယ်။

မစ္စတာဝူနှင့် သရဲမျက်နှာကြားတွင် ကျားရုပ်ဖိနပ်လေးရှိနေပါသည်။ မစ္စတာဝူကတော့ ကြောက်လွန်းလို့ အသားတွေတောင် တုန်နေပါပီ။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှ ကြည့်ရှုသူများကလည်း အသံတောင်မထွက်ရဲတော့ပါဘူး။ တကယ့်အကြောက်တရားနဲ့တွေတဲ့အခါ ဘယ်သူမှအသံကျယ်ကျယ်မထွက် ရဲတော့ပါဘူး။

တိတ်ဆိတ်ခြင်းကသာ သူတို့အတွက် ရှိသင့်သည့် တုံ့ပြန်မှုဖြစ်ပါသည်။

မစ္စတာဝူလည်း ထိုနည်းတိုင်းပါပဲ၊ ကြောက်လွန်းလို့မျက်နှာမှာ မျက်ရည်များ ကျနေသည့်တိုင်အောင် ပါးစပ်ကို တင်းတင်းပိတ်ထားတုန်းပါ။ အပေါ်သွားနဲ့ အောက်နှုတ်ခမ်းကိုက်မိပြီး သွေးထွက်သည့်တိုင်အောင် သူ့မှာ အသံမထွက်ရဲပါဘူး။

ဖိနပ်လေးကိုသာ တိတ်တဆိတ်ကိုင်ဆောင်ပြီးတော့လျှောပေါ်မှ လျှောဆင်းလိုက်ပါသည်။

သူအောက်ကို ဆင်းနေတုန်းမှာပဲ မစ္စတာဝူ ကိုင်ဆောင်ထားသော လက်ကိုင်ဖုန်းကနေပီးတော့ အဲ့သရဲမ၏မျက်နှာကို မတော်တဆ ရိုက်ကူးမိသွားတာပေါ​့။

အဲ့ဒီအချိန်မှာ သူမက ပြုံးနေတယ်။

အဲ့ဒီအပြုံးက ကြောက်စရာကောင်းတဲ့ အပြုံးမဟုတ်ပါဘူး။ ကျေးဇူးတင်တဲ့အပြုံး...ပြီးတော​့ သူမရဲ့ပါးပေါ်က မျက်ရည်စည်းကြောင်း နှစ်ကြောင်းကိုလည်း မြင်လိုက်ရပါတယ်။

All Chapters