← Chapters

ကုတ်အမည် သရဲမျက်နှာ

Vol. 1 Ch. 6

ကုတ်အမည် သရဲမျက်နှာ

Vol. 1 Ch. 6

အသက်သုံးဆယ်ကျော်ခန့်ရှိပြီး ဆံပင်အနည်းငယ်ပြောင်နေသော အမျိုးသားတစ်ဦးသည် လက်တစ်ဖက်တွင် ဖိနပ်တစ်ရံနှင့် တခြားတစ်ဖက်မှာတော့လက်ကိုင်ဖုန်းတစ်လုံးကို ကိုင်ကာ လျှောပေါ်မှ ငိုယိုကာ ဆင်းနေပုံကို ကြည့်ရသည်မှာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ကြည်ရှု့သူများကို ဝမ်းနည်းစေခဲ့ပါသည်။

ဒါပေမယ့် ဖုန်းထဲက ပြုံးနေတဲ့ သူရဲမမျက်နှာကို မြင်လိုက်ရတဲ့အခါ ကြောက်စိတ်က တဖန်ထွက်ပေါ်လာခဲ့ပါတယ်။

မစ္စတာဝူသည် လျှောပေါ်မှလျှောချကာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းထဲသို​့ကြည့်ကာ ကျန်းရီအား "အောက်တော့ဆင်းပီးသွားပီ၊ အခုဘာဆက်လုပ်ရမလဲ?"

"ရေသွားရှာပြီးရေသောက်လိုက်၊ ပြီးရင်တစ်ခုခုစား၊ နောက်ပီး ခုနစ်နာရီကြာပြီးတဲ့နောက်မှာ ဆေးရုံသွားရမယ်၊ မှတ်ထားပါ ခုနစ်နာရီကျမှ ဆေးရုံသွားရမယ်။ တိတိကျကျဆို ခြောက်နာရီနဲ့ ငါးဆယ့်ကိုးမိနစ်။ ငါ့ကိုဘာလို့လဲမမေးနဲ့ ငါ့စကားကိုသာနားထောင်။"

ကျန်းရီက နောက်ဆက်တွဲအကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်းပြောနေပေမယ့် သူ့မျက်နှာကတော့ အလေးအနက်ဆုံးအနေအထားမှာ ရှိနေပါတယ်။

မစ္စတာဝူက သူ့ကို ငိုင်ငိုင်ကြီး ကြည့်ပြီးတော့ "သူမ ငါ့ကို အနှောက်အယှက် မပေးတော့တာ အမှန်ပဲလား။ အဲဒီဖိနပ်ကရော ဘယ်လိုလဲ။"

"အဲဒါကို လျှောအောက်မှာထားခဲ့လိုက်၊ အစောင့်ခန်းကိုသွားပြီး အစောင့်ကိုခေါ်လိုက်။ မင်းသူတို့ကိုခေါ်တဲ့အခါမှာ မင်းဒီလိုပြောရမယ်..."

"ကောင်းပါပြီ ဒါပေမယ့် အဲ့လိုပြောလို့ အဆင်ပြေပါ့မလား?" မစ္စတာဝူက မေးသည်။

ကျန်းရီက ပြုံးပြီးတော့ “အဲ့ဒီနည်းနဲ့မှပဲ သူတို့လက်နဲ့ သူတို့ကိုယ်တိုင်တူးမှာ။

မင်းက အခု ခံရတဲ့အကောင်။

အဲ့ရက်ကွက်ရဲ့ ပြုပြင်ထားတဲ့နေရာတစ်ဝိုက်ကို စည်းခက်ပြီးမှ နက်နက်တူးရမှာ။

အဲ့နေရာမှာ အရိုးတွေရှိတယ်လို့ပြောရင် သူတို့က မင်းကိုယုံမှာ မဟုတ်ဘူး။”

နေရာတကာလိုက်ပြီးတော့ အဲ့နေရာမှာအရိုးတွေ ရှိတယ်လို့လိုက်ပြောနေရင် မင်းကိုဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ ကြောက်စိတ်တွေပဲ ဝင်လာမှာ။"

"အခုသူတို့နေတဲ့ အိမ်ကို မရောင်းချင်ဘူးဆိုရင်တော့ မင်းပြောတဲ့အတိုင်း လုပ်မှာပါ”

"ကောင်းပြီ ငါချက်ချင်းသွားလိုက်မယ်။"

မစ္စတာဝူသည် သူဆင်းလိုက်တဲ့ နေရာမှာ ဖိနပ်ကို ချထားလိုက်ပြီး အစောင့်အခန်းသို့ ဦးစွာသွားလိုက်သည်။ ခဏကြာတော့ အစောင့်မှူးက နောက်ထပ်လူတချို့နဲ့ ရောက်လာခဲ့တယ်။

မစ္စတာဝူသည် အကြောက်လွန်သွားပီ ဖြစ်တဲ့အတွက် သူတူးသည်ဖြစ်စေ မတူးသည်ဖြစ်စေ အရေးမကြီးတော့ပါ။ တနေ့မှာ အဲ့ရက်ကွက်ရဲ့ အဝင်ဝမှာ လောင်ချန်းလိုမျိုးသာ သေသွားခဲ့ရင် အဲ့ရက်ကွက်ပေါ် သက်ရောက်လာမယ့် အကြိုးဆက်ကို မင်းသိသင့်တယ်။"

“အခုက အင်တာနက်ခေတ်ဆိုတော့ တခုခုသာဖြစ်ကြည့်လိုက် အပြင်မှာရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်ပါတယ်။ မြို့ဟောင်းကိုပြန်မပြင်ခင်တုန်းက ဒီနေရာတဝိုက်ကမြောင်းကြီးတစ်ခုပါ။ ရွှံဗွက်တွေနဲ့ မြောင်းတစ်ခုပါ။

မစ္စတာဝူ က " မြန်မြန်ဆန်ဆန်တူး "လို့အော်လိုက်သည်။ သူ့အသံကတော်တော်ကျယ်ပေမယ့် ရပ်ကွက်တာဝန်ခံမှာ ဘာမှပြန်မပြောဘဲ သူ့လူတွေကိုသာ မြန်မြန်ဆက်တူးခိုငိးသည်။

ယနေ့ခေတ်မှာ အင်တာနက် ဆိုတဲ့လက်နက်ရဲ့စွမ်း အားကို သူကောင်းကောင်း နားလည်တာပေါ့။ လွန်ခဲ့သည့် နှစ်လက ဖြစ်ပျက်ခဲ့တဲ့ Jinlong ရေကန်မတော်တဆမှုက လူများစွာ၏ နှလုံးသာထဲမှာ ရှိနေဆဲပါ။

သူ့ရှေ့မှာရှိတဲ့ မစ္စတာဝူသည် မျက်တွင်းချိုင့်ချိုင့် မျက်နှာကလည်း ဖြူဖပ်ဖြူရော်ဖြစ်နေကာ သေလုမျောပါး ဖြစ်နေပုံရသည်။

လူတချို့ အဲ့တဝိုက်ကို စည်းပိတ်ရန် ဆိုင်းဘုတ်ထောင်ထားလိုက်သည်။ ပြီးတော့ ပေါက်ပြားကိုယ်စီကိုင်ကာ ဖြည်းဖြည်းချင်း စတူးကြတာပေါ့။ ဒါပေမယ့် အရမ်းအနက်ကြီးတော့ မတူးပါဘူး။ အဲ့ရပ်ကွက်မှာ ဟိုးအရင်ကတည်းက နေလာခဲ့တာဖြစ်တဲ့အတွက် ရပ်ကွက်အသစ်မဆောက်ခင် အဲ့မြောင်းကို မြေဖို့ခဲ့တယ်ဆိုတာ သိနေတဲ့အတွက်ဖြစ်သည်။

ဒါပေမယ့်လည်း အနက်လေးမီတာလောက်ထိ တူးပြီးတဲ့အခါမှာတော့ အဲ့တူးနေသူတွေ သတိမပြုမိသေးချိန်တွင် တိုက်ရိုက်ထုတ်လွင့်တဲ့ အခန်းမှာရှိတဲ့ ကြည့်ရှု့သူတွေက စပြီးတော့အော်ပါလေရော။

ကြည့်ရှု့သူ A- "အရိုးတွေ၊ အရိုးတွေကို ငါမြင်နေရပြီ!"

ကြည့်ရှု့သူ B-"စောက်ကျိုးနည်းကြီး ၊ စတွင်မာရဲ့ နည်းလမ်းကတော့ တကယ့်ကိုအံသြစရာပဲ။ သူက နေရာ အတိအကျကိုတောင် သိနေပါလားဟ!"

ကြည့်ရှု့သူ C-"ဘယ်လိုတောင်မှန်လိုက်တဲ့ ဗေဒင်လဲဟ။ စတွင်မာကြည်​့ရတာ အသက် နှစ်ဆယ်ကျော်လောက်သာ ရှိပုံရတယ်၊ ဒါပေမယ့် မစ္စတာဝူရဲ့ အန္တရာယ်ကို အဆိုးကနေ အကောင်းဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ သူ့ရဲ့စွမ်းရည်က တကယ့်ကို မယုံနိုင်စရာပါပဲ။"

ကြည့်ရှု့သူ D- "မစ္စတာဝူကြည့်ရတာ ထပ်ငိုနေပြန်ပြီ!"

အဲ့ချိန်မှာ မစ္စတာဝူက တကယ်ငိုနေပါပီ။ နောက်ဆုံးမှာတော့ သူ့အာခေါင်ခြောက်က ပထမဆုံးရေကို သောက်လိုက်ရလို့ပါပဲ။ ရေအေးအေးလေးက အာခေါင်ကနေဖြတ်ပြီးတော့ အစာအိမ်ထဲကိုရောက်သွားတဲ့ အခိုက်အတန့်လေးက ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရလို့ပါပဲ။

အထူးသဖြင့် သူ ဒီတစ်ကြိမ် ရေသောက်လိုက်တဲ့အခါမှာ ကြောက်စရာကောင်းတဲ့ သရဲမျက်နှာကို မမြင်ရတော့ပါဘူး။ သေခြင်းတရားကနေ လွတ်မြောက်လာတဲ့ ပျော်ရွှင်မှုက အခြားသူတွေအဖို့ ဘယ်လိုသိနိုင်မှာလဲ။

မစ္စတာဝူက မြေပြင်ပေါ်တွင်ထိုင်ကာ ကျယ်လောင်စွာ ငိုနေတာပေါ့။ ရပ်ကွက်တာဝန်ခံကလည်း ထိတ်လန့်သွားပြီး မြန်မြန်တူးဖော်ဖို့ အခြားသူတွေကို ပြောတော့တာပေါ့။

သိပ်မကြာခင်မှာဘဲ ပြောင်းပြန်ဖြစ်နေတဲ့ အရိုစုတစ်ခုရဲ့ အောက်ပိုင်းကတဖြည်းဖြည်းနဲ့ ပေါ်လာတာပေါ့ဗျာ။

နောက်ထပ် ထပ်တူးကြည့်လိုက်တဲ့အခါမှာတော့၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်တဲ့သူတွေက အဲ့ဒီအရိုးစုဟောင်းရဲ့ လက်ထဲမှာ နောက်ထပ်အရိုးစုငယ်တစ်ခုရှိနေတာကို ရုတ်တရက် သတိပြုမိသွားတာပေါ့။

ကြည့်ရှု့သူ -"သူတို့က သားအမိနှစ်ယောက်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား?။ လျှောထဲကနေ ကျလာတဲ့ဖိနပ်က ကလေးခြေထောက်က ဆွေးနေတဲ့ ကျားရုပ်ဖိနပ်လေးပဲ"

ကြည့်ရှု့သူ-"သူတို့ကို ဘယ်လိုတောင် မြှုပ်နှံထားရတာလဲ။ သေပြီးတဲ့အခါမှာ ဘယ်သူက ဇောက်ထိုးကြီးမြှုပ်မှာလဲ၊ ပြီးတော့သူမ ရင်ခွင်ထဲမှာ ကလေးတစ်ယောက်ကိုလည်း ကိုင်ထားသေးတယ်။ ဒါက လူသတ်မှုပဲ"

"အဲဒါ လူသတ်မှုပဲ!" ကျန်းရီ၏ အသံသည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲတွင် ထွက်ပေါ်လာသည်။

အဲဒီအချိန်တွင် ရပ်ကွက်တာဝန်ခံက ၎င်း၏ လက်ကိုင်ဖုန်းကို ကောက်ကိုင်ကာ ရဲကို ဖုန်းဆက်နေပြီဖြစ်သည်။

ရဲတွေ မလာခင် ကျန်းရီက မစ္စတာဝူကို "မစ္စတာဝူ အခု သူမ မရှိတော့ဘူး၊ မင်းအန္တရာယ်ကနေ လွတ်မြောက်သွားပီ။

ဒါပေမယ့် ငါ့စကားကို မမေ့ပါနဲ့ ၊ ခုနစ်နာရီအတွင်း ဆေးရုံကို သွားပါ။

အဲဒီအချိန်မှာပဲ မိုးကလင်းစပြုလာပါပီ။

" အခုအချိန်မှာ အဖြစ်အပျက်တွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့။

မင်းဆီကနေ မှတ်စုလာယူတဲ့ ရဲတွေကလွဲရင် ဘယ်သူ့ကိုမှ မပြောပါနဲ့။ “

"ငါ...ငါ...ကျေးဇူးတင်ပါတယ်" မစ္စတာဝူသည် ငိုချင်စိတ်ကို တွန်းလှန်ပြီးတော့ ဖုန်းကိုမျက်နှာမူကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ကျန်းရီက ခေါင်းခါလိုက်ပြီး "မင်းရဲ့အသက်ကို ငရဲတံခါးဝကနေ ငါကယ်တင်ပေးပြီးသွားပြီ။ မစ္စတာဝူက ဘဝရဲ့ ကျန်တဲ့အချိန်တွေကို ကောင်းစွာဖြတ်သန်းလိုက်ပါ ။ လောင်ချန်းရဲ့ အကြောင်းတွေကို မေ့လိုက်တော့၊ ပြီးခဲ့တာတွေကို ပြီးပါစေတော့။ သူကားတိုက်ခံရတုန်းက သေသည်ဖြစ်စေ မသေသည်ဖြစ်စေ မင်းစိတ်ထဲနေ ရှင်းထုတ်လိုက်တော့။"

"ကောင်းပြီ၊ မင်းစကားကိုနားထောင်ပါ့မယ်! ငါ မင်းရဲ့စကားကို နားထောင်ပါ့မယ်!" လို့ မစ္စတာဝူက အကြိမ်ကြိမ် ပြန်ဖြေလေသည်။

ထိုအချိန်တွင် ရဲကားများလည်း ရောက်လာပြီ။ ကျန်းရီက "ကောင်းပြီ မစ္စတာဝူ သရဲမျက်နှာကိစ္စက ပြီးသွားပီဆိုတော့ ခေါ်ဆိုမှုကို ဒီမှာပဲ ရပ်လိုက်တာပေါ့"

" ဒီမိခင်နဲ့ကလေးအရိုးစုဖြစ်ရပ်ရဲ့ နောက်ဆုံးရလဒ်ကို ကျွန်တော် အဓိကအလေးအနက် အာရုံစိုက်ပေးသွားမှာပါ၊ ဒါပေမယ့် အခုတော့ စုံစမ်းစစ်ဆေးဖို့အတွက်ကတော့ ရဲကို ထားခဲ့ပြီးတော့ နောက်ထပ်ဖုန်းဆက်မယ့်သူအတွက် အချိန်ရောက်လို့လာပီ ဖြစ်တဲ့အတွက် ဖုန်းချလိုက်ပါတော့မယ်”

အဲ့ဒီနောက် ကျန်ရီက ရေခွက်ကို ကောက်ကိုင်လိုက်ပြီး ရေတစ်ငုံသောက်လိုက်သည်။ ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲက တစ်ယောက်က “စတွင်မာ ၊ မင်းက လူသတ်မှု ဖြေရှင်းတဲ့နေရာမှာ ဆရာကြနေတော့ ၊ ​​ငါတို့က ရဲကိုမင်းအကြောင်း ပြောပြမှာ မကြောက်ဘူးလား ?"

ကျန်းရီက တည်ငြိမ်စွာ ပြုံးလိုက်ပြီး "ရဲကငါ့ကို လာဖမ်းဖို့လား၊ အာ့ဆို ငါ့ကိုပဲ အရင်တွေ့အောင်ရှာပါအုံး၊ ဟုတ်ပါပြီ၊ နောက်ဖုန်းဆက်တာကို စောင့်လိုက်ရအောင်"

"စတွင်မာ၊ နောက်ဖုန်းမလာခင် ဒီအဖြစ်အပျက်ကို နာမည်ပေးလိုက်ရအောင် "

"နာမည်လား?" ကျန်းရီသည် မသိစိတ်မှ ရေရွတ်ကာ ခပ်​​ဖျော့ဖျော့အပြုံးဖြင့် "သရဲမျက်နှာ" လို့နာမည်ပေးရင် ဘယ်လိုလဲ!"

All Chapters