← Chapters

နောက်ထပ်ဖြစ်ရပ်အသစ်

Vol. 1 Ch. 7

နောက်ထပ်ဖြစ်ရပ်အသစ်

Vol. 1 Ch. 7

သရဲမျက်နှာ ဖြစ်ရပ်ကို ဖြေရှင်းပြီးတဲ့နောက်မှာတော့ ကျန်းရီက ယခု ဒုတိယခေါ်ဆိုမှုကို စောင့်ဆိုင်းနေသည်။ အချိန်ကတော့ မနက်သုံးနာရီကျော်နေပီဖြစ်သည်။

ဒုတိယအကြိမ် ခေါ်ဆိုမှု မစတင်မီတွင် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတွင် ကြည့်ရှု့သူဦးရေ တစ်ထောင်ကျော် ရှိနေပီဖြစ်သည်။ တဖြည်းဖြည်းတိုးလာသော ကြည့်ရှု့သူ များကြောင့် ညနက်နေပီဖြစ်သော်လည်း ကျန်းရီသည် လန်းဆန်းတက်ကြွနေဆဲဖြစ်သည်။

ယခုအချိန်တွင် ကျန်းရီသည် နာမည်မကြီးသေးသော်လည်း ဤတိုက်ရိုက်ထုတ်လွှင့်သည့်ပလပ်ဖောင်းတွင် သဘာဝလွန်ဖြစ်ရပ်များကို ဖြေရှင်းပေးသည့် စတွင်မာအနေဖြင့် သူတစ်ယောက်တည်းသာရှိတဲ့အတွက်ကြောင့် သဘာဝလွန်ဖြစ်ရပ်များကို စိတ်ဝင်စားသူများအနေဖြင့် သူ့တိုက်ရိုက်ထုတ်လွင့်သည့်အခန်းသို့ အလိုအလျောက်ဝင်ရောက်လာမည်ဖြစ်သည်။

ယခုအချိန်တွင် လူတစ်ထောင်ကျော်၏ အများစုသည် သရဲမျက်နှာအဖြစ်အပျက် ပြီး​တဲ့နောက်မှာတော့ ကျန်းရီအား လက်ဆောင်များဖြင့် ဆုချနေပီဖြစ်သည်။

လက်ရှိတွင် ကြည့်ရှု့သူ ၁၀၀၀ ကျော်၏ စုစုပေါင်းလက်ဆောင်ပမာဏမှာ ယွမ်(တရုတ်ငွေကြေး) ၅၀၀၀၀ မှ ၆၀၀၀၀ နီးပါးရှိနေပီဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ပျမ်းမျှအားဖြင့် လူတစ်ယောက်ချင်းဆီကနေ ယွမ်ဒါဇင်နှင့်ချီသော လက်ဆောင်ပေးနေသည်ဟု ဆိုနိုင်သည်။

အဲ့ပမာဏက များတယ်လို့ ထင်ရတာပေါ့။ ဒါပေမယ့် တဟုန်ထိုး တိုးတက်လာနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုစျေးကွက်ပမာဏနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်ဒီငွေပမာဏသည် ရေပုံးကြီးထဲကို ကျသွားတဲ့ရေစက်ပမာဏလောက်သာ ရှိပါတယ်။

ဒါပေမယ့် ငရဲ လို့ခေါ်တဲ့ သူ့ရဲတိုက်ရိုက်ထုတ်လွှင့်ခန်းမှာတော့ ပေးလို့ရတဲ့ လက်ဆောင်တွေက သူများနဲ့ယှဥ်ရင် နည်းနည်းထူးဆန်းနေတယ်။

ဟုတ်ပါတယ် သူ့ကိုပေးလို့ရတဲ့လက်ဆောင်က သုံးခုပဲရှိပါတယ်၊ ပထမတစ်ခုက စိတ်ဝိညာဥ်ကျောက်စိမ်း၊ ဒုတိယတစ်ခုက သေခြင်းရှင်ခြင်းပုတီးစေ့၊ တတိယကတော့ ငရဲဘုရင်ရဲ့အမိန့် လို့ခေါ်ပါတယ်။

အဲ့အထဲမှာ စိတ်ဝိညာဥ်ကျောက်စိမ်းက တစ်ယွမ်နှင့်ညီမျှတဲ့ ပွိုင့် ၁၀၀ တန်တယ်။

သေခြင်းရှင်ခြင်းပုတီးစေ့ကတော့ ပွိုင့် ၁၀၀၀၀ ရှိပြီး ယွမ်တစ်ရာတန်ဖိုးရှိတယ်။

ငရဲဘုရင်ရဲ့ အမိန့်ကတော့ တန်ဖိုးအရှိဆုံး အမျိုးအစားဖြစ်တယ်။ ပွိုင့်တစ်သန်းတန်ပြီးတော့ ယွမ် ၁၀၀၀၀ တန်ကြေးရှိတယ်။

တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ကြည့်ရှုသူတွေ မသိတာကတော့ သူတို့လက်ဆောင်ပေးလိုက်တဲ့ စိတ်ဝိဥာဉ်ကျောက်စိမ်းတိုင်းဟာ ကျန်းရီရဲ့ စိတ်ဝိညာဥ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်တာကိုပါပဲ။

မစ္စတာဝူ ကိစ္စတုန်းက လောင်ချန်းရဲ့ပုံစံကို စိတ်ထဲတွင်ပေါ်လာခြင်းမှာ စိတ်ဝိညာဥ်စွမ်းရည်ကြောင့် ဖြစ်သည်။

ဤစွမ်းအားမှာ ငရဲပြည်မှ ပြန်ရောက်ကတည်းက သူပိုင်သော စွမ်းအားတစ်ခုဖြစ်သည်။

သေခြင်းရှင်ခြင်းပုတီးစေ့ကတော့ ကျန်းရီရဲ့ဝိညာဥ်တွေရဲ့သေခြင်းနှင့် ​ရှင်ခြင်းတို့ကိုထိန်းချုပ်နိုင်ပြီးတော့ ဝိညာဥ်တွေကို အနိုင်ယူနိုင်ဖို့နည်းလမ်းတွေကိုရှာဖွေနိုင်ပါသည်။

သရဲမျက်နှာ ဖြစ်ရပ်မှာ သစ်ပင်အောက်က ကျားဖိနပ်လေးကို ရှာဖွေတာတွေ၊ ပြီးတော့ အရိုးစုတွေကိုမြှုပ်ထားတဲ့နေရာတွေကို လွယ်လွယ်ရှာတွေ့ခြင်းမှာ သေခြင်းရှင်ခြင်းပုတီးစေ့ရဲ့ စွမ်းအားပင်ဖြစ်သည်။

ငရဲဘုရင်ရဲ့ အမိန့် ကတော့ ကျန်းရီမှာမရှိသေးတဲ့အတွက် သူ့ရဲ့ စွမ်းအားကို သူမသိရသေးပါဘူး။ ဒါပေမယ့် ဝိညာဥ်တွေ သတ်ဖို့အတွက်လက်နက်ဖြစ်ပုံံရပါသည်။

ဒါပေမယ့် ဖန်သားပြင်ကနေ ဘယ်လိုလှမ်းသတ်ရမလဲ?။

သေချာတာကတော့ သူ့ရဲ့စွမ်းအားကို တကယ်သတ်ဖို့လိုအပ်တဲ့ ဝိညာဥ်ဆိုးတွေနဲ့ တွေ့မှပဲ သူ့စွမ်းအားကို သိရမယ်ထင်တယ်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက လက်ဆောင်တွေကို ကြည့်နေစဉ် ကျန်းရီက ထူးထူးဆန်းဆန်းလက်ဆောင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

လျှို့ဝှက်သောရာဇသံ၊ ဝှက်ထားသောရာဇသံသည် ဆယ်ယွမ်တန်ဖိုးရှိသည်။

လျှို့ဝှက်သောရာဇသံဆိုတာဘာလဲ။

သူ့ရဲ့ ရှင်းပြချက်ကိုဖတ်ပြီးတဲ့နောက်မှာတော့ ကျန်းရီက သူ့ရဲ့လုပ်ဆောင်ချက်ကို သဘောပေါက်သွားသည်။ လျှို့ဝှက်သောရာဇသံက ပတ်ဝန်းကျင်ကနေသူ့ရဲ့ တည်ရှိမှုကို ဖုန်းကွယ်ပေးနိုင်ကြောင်းသဘောပေါက်သွားခဲ့သည်။

တစ်နည်းဆိုရသော် လျှို့ဝှက်သောရာဇသံ အပိုင်းအစတိုင်းက သူ့ကို ပိုမိုလျှို့ဝှက်ဆန်းကြယ်စေနိုင်သည်။

ငရဲ ဆိုတဲ့နာမည်နဲ့ တိုက်ရိုက်ထုတ်လွင့်နေတဲ့ စတွင်မာ ကျန်းရီရှိနေမှန်း လူတိုင်းသိသော်လည်း၊ သူ့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တော်ရုံတန်ရုံ ရှာမတွေ့နိုင်စေပါဘူး။

ကြည့်ရှု့သူ A- “ ဒီလို စတွင်မာမျိုးကို များများထောက်ပံပေးသင့်တယ် ရော့ လျှို့ဝှက်သောရာဇသံ ၁၀ခု ယူလိုက်”

ကြည့်ရှု့သူ B မှ ​စတွင်မာအား စိတ်ဝိညာဥ်ကျောက်စိမ်း ၁၀ခု ပေးခဲ့သည်။

ကြည့်ရှု့သူ C မှ စတွင်မာအား သေခြင်းရှင်ခြင်းပုတီးစေ့ ၁၀ခု ပေးခဲ့သည်။

………………

ကြည့်ရှု့သူ A-“ညီအစ်ကိုတို့၊ ဒါက တခြားနဲ့မတူပဲ သဘာဝလွန် အဖြစ်အပျက်တွေကို ဖြေရှင်းပေးတဲ့ စတွင်မာပဲ။ သူ့ကို ငါတို့တွေ ပိုပြီးပံ့ပိုးပေးဖို့လိုတယ်။”

ကြည့်ရှု့သူ B-“မှန်တာပေါ့၊ စတွင်မာက အစကနေ အဆုံးထိ ထိုင်ရာကနေ မထခဲ့ဘူး၊ ဒါပေမယ့် မိုင်ထောင်ချီဝေးတဲ့နေရာက သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းပေးနိုင်တယ်။ ဒီလိုစွမ်းရည်က အံ့သြစရာပဲ!”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ ကြည့်ရှုသူ တစ်ထောင်ကျော်က အချင်းချင်း ပြောနေကြသည်။

ကျန်းရီအတွက်ကတော့ စိတ်ဝိညာဥ်ကျောက်စိမ်းတစ်သောင်းရတိုင်းမှာ သူ​့ရဲ့စိတ်ဝိညာဥ်စွမ်းအားကို 10% တိုးစေနိုင်သည်။

အလားတူပဲ၊ သေခြင်းရှင်ခြင်းပုတီးစေ့နဲ့ ငရဲဘုရင်ရဲ့ အမိန့် ၁၀၀၀၀ ရရှိပြီးနောက်မှာလည်း သူ့ရဲ့စွမ်းအား 10% တိုးလာမည်ဖြစ်သည်။

ကျန်းရီက ပြုံးကာ ခေါင်းညိတ်ပြရင်း “ ကြည့်ရှုသူအားလုံးရဲ့ အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ ဒုတိယအကြိမ် ဖုန်းခေါ်ဖို့အတွက် အချိန်နီးလာပါပြီ။ တခြားခေါ်ဆိုသူရဲ့ ပြဿနာကို မိုးမလင်းခင် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြတာပေါ့။”

သူပြောပြီးသည်နှင့် ကွန်ပြူတာတွင် ဖုန်းခေါ်ဆိုမှုအသံမြည်လာသည်။

“တစ်ယောက်ယောက်ခေါ်နေတယ်!” တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှု့သူများကလည်း တက်ကြွလာကြသည်။

ကျန်းရီက “ဟယ်လို၊ ငါက ကျန်းရီပါ ၊ သဘာဝလွန်​ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာပါ၊ အခု ဖုန်းခေါ်သူကို ဘယ်လိုခေါ်ရမလဲ”

“ဟယ်လို စတွင်မာရေ၊ မင်းငါ့ကို ရှောင်ယွီလို့ ခေါ်လို့ရပါတယ်။ ငါက လုရန်အနုပညာကျောင်းက ကျောင်းသားတစ်ယောက်ပါ။ ဟမ်… စတွင်မာကို ငါတကယ်အကူအညီတောင်းလို့ ရမလား၊ ဒါပေမယ့် ငါ့ရဲ့မုန့်ဖိုးက အရမ်းနည်းလို့ မင်းကို ဆုချဖို့ ပိုက်ဆံသိပ် မရှိဘူး!”

ကျန်းရီက ပြုံးပြီး ခေါင်းခါတယ် “လူတိုင်းရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ တိုက်ရိုက်ထုတ်လွှင့်နေတာပါ လက်ဆောင်အတွက်မဟုတ်ပါဘူး၊ ​​ဒါကြောင့် မင်းမှာ ပြဿနာရှိရင် မင်းငါ့ဆီ အကူအညီလာတောင်းလို့ရပါတယ်။”

ကျန်းရီက ထိုသို့ပြောလိုက်ပြီးနောက် အနည်းငယ် အရှက်မရှိသလို ခံစားလိုက်ရသည်။

သို့သော် သူမထင်မှတ်ထားသည့်အရာမှာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ တစ်စုံတစ်ဦးမှ ရုတ်တရက် ဆုချီးမြှင့်လိုက်ခြင်းဖြစ်သည်။ “ငါးလို ရေသောက်”က၊ ငရဲဘုရင်၏ အမိန့် ၁၀ခုကို ပေးခဲ့သည် !”

ကြည့်ရှု့သူများ - “သောက်ကြိုးနည်း နာမည်ကြီး ငါးလိုရေသောက် တဲ့”

ငါးလိုရေသောက် -“စတွင်မာရေ ၊ မင်းကိုနောက်ထပ် ငရဲဘုရင်ရဲ့အမိန့်ပေးဖို့အတွက် ငါတာဝန်ယူတယ် ဟီးဟီး... ဒါပေမယ့် ဒီညီမ ရှောင်ယွီရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရမယ်!”

ကြည့်ရှု့သူများ “ဝှက်သယ်**....၊ ငရဲဘုရင်ရဲ့ အမိန့် ဆယ်ခုတောင်၊ အဲ့ဒါယွမ်တစ်သိန်းတန်တယ်ဟ။ ဟ... ID ကိုကြည့်ရတာ သူဌေးသမီးနဲ့တူတယ်”

ကြည့်ရှု့သူ -“မစ် ငါးလိုရေသောက်က ရှောင်ယွီနဲ့အသိလား”

ငါးလိုရေသောက်- “မသိပါဘူး၊ ဒါပေမယ့် စတွင်မာက သူနဲ့မသိတဲ့ မစ္စတာဝူရဲ့အသက်ကိုတောင် ဘာတစ်ခုမှပြန်မတောင်းပဲနဲ့ ကယ်တင်ခဲ့တယ်လေ။ ဒီလိုလူမျိုးကို ငရဲဘုရင်ရဲ့ အမိန်ဆယ်ခုလောက် ဆုမချသင့်ဘူးလား?”

အဲ့ဒီအခိုက်အတန့်တွင် ကျန်းရီက “အခုလို ဆုချတဲ့အတွက် ကျေးဇူးတင်ပါသည်။ အတန်းဖော် ရှောင်ယီ ​ပြောမယ့်စကားကို အရင်ဦးစွာနားထောင်ကြပါစို့။ သူမက အနုပညာအကယ်ဒမီမှ ကျောင်းသားဖြစ်တယ်။ကဲ ရှောင်ယီရေ မင်းရဲ့အဖြစ်အပျက်ကို ပြောပြပါအုံး”

ရှောင်ယွီ -“ဟုတ်ကဲ့၊ မစ္စတာဝူနဲ့ မတူတာက ကျွန်မထူးထူးဆန်းဆန်းတွေ ကြုံတွေ့နေရပေမယ့် အခုအချိန်ထိတော့ အကောင်းတိုင်းရှိနေပါသေးတယ် ။ အခုဖြစ်နေတာက ကျွန်မအတန်းဖော်နှစ်ယောက်ပါ။”

ကျန်းရီက “ဘယ်လိုဖြစ်နေလို့ပါလဲ”

ရှောင်ယွီ -“ဟုတ်​ကဲ့​ မနက်​အိပ်​ရာနိုးတိုင်း အရင်နဲ့မတူပြောင်းလဲသွားတာတွေ့နေရလို့ပါ​။”

All Chapters