ကြေးမှန်ရှေ့တွင် အလှပြင်ခြင်း
Vol. 1 Ch. 8
ရှောင်ယွီ၏ စကားလုံးများသည် ကြည့်နေသည့်လူများကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေသည် ။
မနက်နိုးလာတိုင်း သူမရဲ့ အခန်းဖော်တွေက ဘယ်လိုပြောင်းလဲသွားမှာလဲ?
"သူတို့ပြောင်းလဲသွားတယ်လို့ ထင်တာ မင်းတစ်ယောက်တည်းပဲလား?။"
ကျန်းရီက ထိုအချိန်တွင် အသံတိုးတိုးဖြင့်မေးလိုက်သည်။
"ဟုတ်ပါတယ်၊ အဲ့အကြောင်းကို အခြားလူတွေကို ပြောခဲ့ပါသေးတယ်၊ ဒါပေမယ့် ဘယ်သူမှ ငါ့ကို မယုံကြဘူး။ တစ်ချို့က ငါ့ကို သူတို့လှလာတာကို မနာလိုနေတယ်လို့တောင် ထင်ကြပါသေးတယ်"
ကျန်းရီက အနည်းငယ် ခေါင်းညှိတ်လိုက်ပြီးတော့ "အရာရာတိုင်းမှာ အကျိုးအကြောင်းဆိုတာရှိတယ်၊ ဒါကြောင့် ရှောင်ယွီရေ အစကနေ စပြောပေးလို့ရမလား "
"ဟုတ်ကဲ့။"
“အဲ့တာကတော့ မေလရဲ့အားလပ်ရက်မှာ စတင်ခဲ့တာပါ။
ကျွန်မက လုရန်အနုပညာကျောင်းကနေ ကီလိုမီတာ ခုနစ်ရာကျော် ရှစ်ရာလောက်ဝေးတဲ့ မြို့ကနေ လာတက်တဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆောင်းရာသီနှင့် နွေရာသီအားလပ်ရက်များတွေကလွဲပြီးတော့ အခြေခံအားဖြင့် ကျန်တဲ့အားလပ်ရက်တွေမှာ အိမ်မပြန်ဖြစ်ဘူး။"
ဒါပေမယ့် ကျောင်းမှာရှိတဲ့ ကျောင်းသားအများစုဟာ မြို့ခံတွေပါ။ ကျွန်မအခန်းဖော် ချင်းချင်း၊ ရှောင်းလင် နှင့် အားယု တို့ကလည်း လုရန် မှာနေတာ။"
“မေလကျောင်းပိတ်ရက်ပြီးတဲ့နောက်မှာ ကျောင်းသားတိုင်း ကျောင်းကိုပြန်လာကြတာပေါ့။
ကျွန်မအခန်းဖော်ထဲမှာ အားယု က ကျောင်းကို ပထမဆုံး ပြန်လာခဲ့တယ်။
အဲ့နေ့ ပြန်ရောက်လာတဲ့အခါမှာ သူမက ပျော်နေခဲ့တာပေါ့။ ပြီးတော့ သူတို့ရဲ့ ဒေသထွက်အထူးအစားအစာတွေကိုလည်း ယူလာခဲ့သေးတယ်။"
"ကျွန်မက အစားအသောက်နည်းနည်းမက်တယ်လေ။ ကျွန်မအကြိုက်ဆုံးအရာက အစားအစာအမျိုးမျိုးကို စားရတာပဲ၊ အားယုအမေလုပ်ထားတဲ့ ဝက်သားခြောက်က အရမ်းအရသာရှိတာ"
"ဒါပေမယ့် ထမင်းစားနေတုန်းမှာ အားယု က ရုတ်တရက်ထပြောတယ်၊ ရှောင်ယွီမင်းငါ့ကို ရုပ်ဆိုးတယ်လို့ထင်လား? သူ အဲ့ဒီမေးခွန်းကို မေးလိုက်တဲ့အခါမှာ ဘယ်လိုဖြေရမှန်းမသိဖြစ်သွားတယ်။
ငါတို့အဆောင်မှာ မိန်းကလေး လေးယောက်ရှိတယ်၊ အားယုက နည်းနည်းဝပြီးတော့ သူ့မျက်နှာမှာ အစက်အပြောက်တွေရှိနေတယ်။
သူမရဲ့ ရုပ်ရည်က သိပ်ကြည့်မကောင်းတဲ့ထဲမှာ ပါတယ် ဒါပေမယ့် ကျွန်မလည်းပဲ သိပ်ကြည့်မကောင်းပါဘူး။ အစားအသောက်မက်တဲ့အတွက်ကြောင့် အားယုလောက် ကျွန်မလည်းဝပါတယ်။ဒါပေမယ့် ကျွန်မမျက်နာမှ အစက်အပြောက်တွေတော့မရှိပါဘူး။ ဒါကြောင့် အဲ့အချိန်မှာ ငါတို့ အားယုက အလှဆုံးပဲလို့ ဖြေခဲ့ပါတယ်”
"ကျွန်မ သူ့ကို နှစ်သိမ့်နေတယ်ဆိုတာ အားယု သိတဲ့အတွက် ပြုံးပဲပြုံးပီး ဘာမှတော့ပြန်မပြောခဲ့ပါဘူး။
ဒါပေမယ့် သူမက မိနစ်အနည်းငယ်လောက် နှုတ်ဆိတ်နေပြီးတဲ့ နောက်မှာတော့ ဒီတစ်ကြိမ် အိမ်ပြန်တဲ့အခါမှာ ရွာမှာရှိတဲ့ ဘိုးဘွားခန်းမကို သွားခဲ့တယ်လို့ ရုတ်တရက် ပြောပြခဲ့ပါတယ်။
အဲဒီအကြောင်းကို ပြောရရင် အားယုရဲ့ ရွာအကြောင်း ပြောပြရအုံးမယ်။
သူတို့ရွာက တစ်ချိန်က အဲ့နယ်တဝိုက်မှာ တော်တော်လေး နာမည်ကြီးခဲ့တဲ့တဲ့ မူးရစ်ဆေးရောင်းတဲ့ရွာတစ်ရွာ ဖြစ်ခဲ့တယ်။”
“အဲ့ရွာမှာရှိတဲ့ မျိုးနွယ်စုရဲ့ အတွေးအခေါ်အယူအဆက အရမ်းရှေးကျတယ်။ ရွာမှာ အိမ်ထောင်စု တစ်ထောင်ကျော်လောက်ရှိပြီးတော့ လူဦးရေ ၁၀၀၀၀ ကနေ ၂၀၀၀၀ ဝန်းကျင်လောက်ရှိတယ်။
သူတို့ရွာ မျိုးနွယ်စုခေါင်းဆောင်က ကျေးရွာ၏ ပါတီအတွင်းရေးမှူးလည်းဖြစ်ပြီးတော့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။
အားယု၏ရွာက အလွန်ရှေးဆန်တဲ့အတွက် အမျိုးသမီးတွေက ဘိုးဘွားခန်းမထဲကို ၀င်ခွင့်မရှိပါဘူး။
ရွာက စည်းမျဥ်းစည်းကမ်းတွေကို မျိုးနွယ်စုခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်က ဆုံးဖြတ်ပါတယ်။"
“မေလပိတ်ရက်ရဲ့ ဒုတိယညမှာ အားယုက ဘိုးဘွားခန်းမထဲကို ခိုးဝင်ခဲ့တယ်။
သူမ ယခင်ကအဲ့လောက်ထိလောက် သတ္တိမရှိပါဘူး။ ဒါပေမယ့် ညစာစားတုန်းက အားယုရဲ့ မိဘတွေက သူမစိတ်ကို ဆွဲဆောင်စေခဲ့တဲ့ တစ်စုံတစ်ခုကို မတော်တဆ ပြောမိခဲ့ပါတယ်။
ရွာမှာ ကိုယ်ဝန်မရတာ နှစ်အတော်ကြာနေပြီ ဖြစ်တဲ့ အိမ်ထောင်စု တစ်စု ရှိတယ် လို့ မိဘတွေက ပြောပါတယ်။
နောက်ပိုင်းမှာ သူတို့မိသားစုရဲ့ အကြီးအကဲကဘိုးဘွားခန်းမထဲကို သွားပြီးတဲ့နောက်မှာတော့ အဲဒီမိသားစုရဲ့ချွေးမက တကယ် ကိုယ်ဝန်ရှိလာခဲ့တယ်။ “
" အားယုက အဲဒီအချိန်က အရမ်းပျော်ခဲ့တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူးဆိုတာ ကျွန်မတို့ အားလုံးသိပြီးသားပါ။
သူမက တစ်ချိန်က ယောက်ျားလေးတယောက်ကို ကြိုက်ခဲ့ဖူးတယ်၊ ဒါပေမယ့် သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့အတွက်ကြောင့်မို့လို့ အဲ့ကောင်လေးကို မလိုက်ရဲ့ခဲ့ဘူး။"
သူမက ခပ်လန်းလန်းအ၀တ်အစားတွေကိုလည်းဘယ်တော့မှ မဝတ်ရဲခဲ့ဘူး။
သူ့မိဘတွေထံကနေ ဘိုးဘွားခန်းမရဲ့ မှော်ဆန်ဆန် ထူးခြားဆန်းကြယ်မှု အကြောင်းကို သူမကြားသိပြီးတဲ့နောက်မှာတော့ ဘိုးဘွားခန်းမထဲကို တိတ်တဆိတ် ခိုးဝင်ခဲ့တယ်။"
“ဒါပေမယ့် အားယုက ဘိုးဘွားခန်းမထဲမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မပြောခဲ့ဘူး၊ သူဘယ်လိုဝင်သွားလဲဆိုတာကိုလည်း ကျွန်မတို့မသိခဲ့ဘူး။
ယုတ္တိရှိရှိပြောရမယ်ဆိုလျှင် ဤကဲ့သို့ ရှေးကျပြီး ပဒေသရာဇ်ဆန်တဲ့ရွာရဲ့ ဘိုးဘွားခန်းမမှာ အစောင့်ကတော့ရှိကိုရှိရမှာ။
ဒါပေမယ့် အားယုတကယ်ခိုးဝင်လို့ ရခဲ့တယ်။ သူမကျောင်းပြန်ရောက်တဲ့ညမှာ ကျွန်မတို့ သုံးယောက်ရဲ့နာမည်တွေကို ခေါ်ခဲ့တယ်။"
“သူမခေါ်တုန်းက ငါတို့အိပ်နေပြီဆိုတာကို ကျွန်မရှင်းရှင်းလင်းလင်းမှတ်မိပါတယ်။
သူမက ကျွန်မတို့ရဲ့ အိပ်ယာဘေးမှာ ရပ်ပြီးတော့ လက်နှစ်ဖက်လုံးမှာ ဖယောင်းတိုင်တစ်တိုင်နှင့် အမွှေးတိုင် သုံးချောင်းကို ကိုင်ပြီးတော့ အလွန်သေးငယ်သော အသံဖြင့် ထပ်ခါထပ်ခါ ခေါ်နေတာပေါ့။
ကျွန်မတို့နိုးလာတဲ့အခါမှာ နည်းနည်းတော့ ကြောင်သွားတာပေါ့၊ ဒါပေမယ့် သူ့ကို ဒေါသတော့မထွက်ခဲ့ပါဘူး။ ညခင်းအချိန်မတော်ရီးမှာ မအိပ်ပဲနဲ့ ဘာတွေလုပ်နေတာလဲလို့ မေးခဲ့ပါတယ်။”
"အားယုက ဘာမှပြန်မပြောခဲ့ပါဘူး၊ မှန်တစ်ချပ်ကို ပြေးယူပြီး မှန်ထဲက သူ့ကိုယ်သူ ညွှန်ပြပြီးတော့ သူပိုပြီးလှလာတယ်လို့ ထင်လားလို့မေးခဲ့တယ်။"
ထိုအချိန်တွင် ရှောင်ယွီ ၏ အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။
ကျန်းရီက မထိန်းနိုင်ဘဲ " ရှောင်ယွီ ဘာဖြစ်တာလဲ?"
"ဘာမှမဟုတ်ပါဘူး...အဆင်ပြေပါတယ်။ မနက်ကအိပ်ရာထတော့ မှန်ကို ခေါင်းအုံးအောက်မှာထားခဲ့တာ သတိရလိုက်လို့၊ အခုရွှေ့လိုက်မယ်"
ရှောင်ယွီအသံဆုံးသည်နှင့် ဖုန်းရဲ့အခြားတစ်ဖက်ကနေ နှစ်ထပ်သံကုတင်မှ ကျွီဆိုတဲ့ ကြားလိုက်ရသည်။ မကြာမီတွင် ရှောင်ယွိ၏ အသံထွက်ပေါ်လာသည် ။
"စတွင်မာ၊ မင်းနားထောင်နေသေးလား"
"နားထောင်နေပါတယ် ရှောင်ယွီကျေးဇူးပြုပြီး ဆက်ပြောပါအုံး။"
"ကောင်းပါပြီ၊ အဲဒီအချိန်မှာ ဖယောင်းတိုင်မီးအလင်းရောင်နဲ့ မှန်ထဲကအားယုက အရင်ကထက်ပိုပြီး လှလာတာကို ငါတို့အားလုံး မြင်လိုက်ရတယ်။ ဒါပေမယ့် အဲဒီတုန်းက သူမ မိတ်ကပ်လိမ်းထားတာကြောင့်ပဲလို့ အားလုံးက ထင်ခဲ့တာပေါ့။ ပြီးတော့ ညအချိန်မတော်ကြီး နှုတ်ခမ်းနီတွေနဲ့ မိတ်ကပ်တွေဘာလို့ လူးနေတာလဲလို့ မေးတာပေါ့”
အဲ့ချိန်မှာ အားယုက ကျွန်မတို့ မေးတာတွေကို လျစ်လျူရှုပြီးတော့ သူမ ပိုလှလာသလားဟု ဆက်မေးနေတာပေါ့။
သူ့ကို သေသေချာချာကြည့်လိုက်တော့ သူမကမိတ်ကပ်တွေလိမ်းထားပေမယ့် အားယုက အရင်ကထက်ပိုလှလာတာတော့ အမှန်ပဲ ။
အထူးသဖြင့် အားယုက သူမရဲ့ မိတ်ကပ်ကို ချွတ်လိုက်တဲ့ အခါမှာပဲ။
သူ ငါတို့ရှေ့မှာ မတ်တပ်ရပ်ပြတဲ့အခါ သူ့မျက်နှာပေါ်က အစက်အပြောက်တွေ အများကြီး နည်းသွားတာကို ငါတို့အားလုံး တွေ့လိုက်ရတယ်။
“မိန်းမတွေ အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ အလှအပရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ပါဘူး။
အားယု၏ သိသိသာသာ ပိန်လာတဲ့မျက်နှာနဲ့ ပါးလာတဲ့ အမည်းစက်တွေကို ကြည့်ပြီးတော့ အခန်းဖော်တွေက သူမဘယ်လိုနည်းလမ်းသုံးခဲ့ တာလည်းဆိုတာမေးကြတာပေါ့? အဲ့အချိန်မှာ အားယုရဲ့ ပါးစပ်ထောင့်က ယုတ်မာတဲ့ပုံစံနဲ့ ကွေးကောက်လိုက်ပြီး၊ ငါ့မှန်ကို ကြည့်နေတာမဟုတ်ဘူးလား။"
"အားယုကိုင်ထားတဲ့ မှန်က သူအရင်သုံးနေကြ မှန်မဟုတ်ပါဘူး။ ကြေးမှန်တစ်ချပ်ပါ။ ဒါပေမယ့် အဲဒါက သာမန်မှန်တစ်ချပ်ဖြစ်ပြီးတော့ နောက်ကျောဘက်မှာတော့ ရုပ်ပုံတချို့ ထွင်းထုထားတယ်။ မှန်က လူခေါင်းတစ်လုံးစာလောက် ကြီးပါတယ်။ စားပွဲပေါ်မှာ မှန်ကိုတင်ပြီးတော့ ငါ့လိုလှချင်တာလားလို့ မေးတယ်။"
“အဲ့လိုမေးပြီးတော့ သူက မှန်ရှေ့မှာထိုင်ပြီးတော့ ကျွန်မတို့ကို နောက်ကျောပေးကာ သူ့ဆံပင်ကိုဖြီးပါတော့တယ်။
သူမရဲ့ ဆံပင်က အလွန်ရှည်ပြီးနက်မှောင်နေတယ်၊ အဲ့ဆံပင်နက်နက်ကို ပုံမှန်ဘီးနဲ့ အဖြောင်းတိုင်း ဖြီးနေတာပေါ့။
ရိုးရိုးသားသားပြောရရင် အဲဒီအချိန်မှာ သူမကို အဲ့လိုပုံစံနဲ့ မြင်လိုက်ရတာ။
ကျွန်မတို့ နည်းနည်းကြောက်သလိုတောင် ခံစားလိုက်ရတယ်။
မိန်းကလေးတွေက အကြောက်လွယ်တက်တယ်၊ ညဘက်ကြီး ဖယောင်းတိုင်ထွန်းပြီး မှန်ကြည့်နေတဲ့ မြင်ကွင်းက ဘယ်လိုကြည့်ကြည့် ထူးဆန်းနေတာပေါ့၊ အထူးသဖြင့် ချင်းချင်း၊ သူက ကျွန်မတို့ထဲမှာအကြောက်တက်ဆုံးပါပဲ။
သူက မီးခလုပ်ကို ပြေးဖွင့်ပြီးတော့ အားယုကို ညခင်းကြီး ထူးထူးဆန်းဆန်းတွေမလုပ်ဖို့ ပြောလိုက်တယ်။"
"အဲ့ချိန်မှာ အားယု က ချင်းချင်း ကို အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုး ထူးထူးဆန်းဆန်း ကြည့်နေတာကို ကျွန်မ မှတ်မိပါသေးတယ်။"
ဖုန်း၏အခြားတစ်ဖက်မှ ရှောင်ယွီစကားပြီးသွားတဲ့နောက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ နောက်ထပ် အသံတစ်သံထွက်လာသည်။"ရှောင်ယွီ နင်ဘာလုပ်နေတာလဲ၊ ညလယ်ခေါင်ကြီးမှာ ဘာတွေပွစိပွစိနဲ့ ပြောနေတာလဲ။ ငါတို့တွေအိပ်ပျော်နေပီလေ။"
နိုးလာသူမှာ ရှောင်ယွီ၏ အခန်းဖော်ဖြစ်သည်။