← Chapters

အဲတာကျွန်မရဲ့အဖွား

Vol. 1 Ch. 9

အဲတာကျွန်မရဲ့အဖွား

Vol. 1 Ch. 9

အခန်းပြတင်းပေါက်ကနေ လေပြင်းတိုက်သံတွေ ကြားနေရသည်။ လုရန်မြို့သည် ကမ်းရိုးတန်းမြို့ဖြစ်ပြီး။ နွေရာသီရောက်ပြီမို့ ပင်လယ်လေက တော်တော်လေးကို ပြင်းထန်လှတယ်။

"ရှောင်ယွီ မြန်မြန်အိပ်တော့လေ။ TikTokကို ညနက်တဲ့အထိ ကြည့်မနေနဲ့လေ။"

အခန်းဖော်၏ ညည်းညူသောအသံ ထွက်ပေါ်လာသော်လည်း ရှောင်ယွီက ဘာမှပြန်မပြောပေ။ အိပ်ဆောင်ပြန်တိတ်ဆိတ်သွားတော့မှ ရှောင်ယွီက ဆက်ပြောသည် ။

"အဲ့ဒီမှန်က အားယုအတွက် အရမ်းအရေးကြီးနေပုံပေါ်နေတယ်၊ ပြီးတော့မိတ်ကပ်လိမ်းတာတွေ အစားအသောက်တွေလည်း လျှော့စားတာတွေလည်းလုပ်တက်လာတယ်။ သူမရဲ့ ခန္ဓာကိုယ်က ကိုယ်အလေးချိန်တက်ဖို့ လွယ်သလို ကိုယ်အလေးချိန်ကျဖို့လည်း လွယ်တဲ့ အမျိုးအစားပါ။ အဲဒီ့နေ့တွေတုန်းက သူမတစ်ကိုယ်လုံး ပြောင်းလဲသွားသလိုဘဲ။"

"သူမရဲ့ ခန္ဓာကိုယ်ပဲ ပြောင်းလဲသွားတာမဟုတ်ဘဲ သူမရဲ့ စိတ်နေစိတ်ထားပါ ပြောင်းလဲသွားတာ။

အဲဒီ့နေ့တွေတုန်းက ညဘက်တွေ မကြာခဏအပြင်ထွက်ပြီးတော့ ပြန်လာတဲ့အခါမှာလည်း အရက်နံ့ပြင်းပြင်းနဲ့ ပြန်လာခဲ့တယ်။

ဒါပေမယ့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ညတိုင်းပြန်လာပြီးတော့ အဲဒီကြေးနီမှန်ရှေ့မှာထိုင်ပြီး အလှပြင်နေတက်တယ်၊

တစ်ညမှာတော့ သူမ ဝယ်ထားတာကြာပြီးတော့ တစ်ခါမှမဝတ်ဖူးတဲ့ အနီရောင် ဟန်ဖူ (တရုတ်ဟန်လူမျိုးတွေရဲ့ အဝတ်အစား) ကို ထုတ်ယူခဲ့တယ်။"

“အဲဒီညက ကိုးနာရီလောက် ဖြစ်မယ်။

အားယု စောစောပြန်ရောက်လာတယ်။

သူမက အဲ့ဟန်ဖူကိုဝတ်ပြီးတော​့ ကြေးမှန်ရှေ့တွင်ထိုင်ကာ ဆံပင်ကိုဖြီးပြီးတော့ ပါးစပ်ကလည်း သီချင်းသံတိုးတိုးလေး ညည်းနေတာပေါ့။

“သူမက တိုးတိုးလေး ညည်းနေတာပေါ့ ဒါပေမယ့် အဲ့အချိန်က စောလွန်းနေတော့ ကျွန်မတို့လည်းသိပ်ပြီးတော့ ဂရုစိုက်ခဲ့ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူမရဲ့ အပြောင်းအလဲတွေကြောင့် ကျွန်မတို့သိလာရတာက သူမက ပိုပိုပြီး လှပလာတယ်ဆိုတာပါပဲ။

အဲဒီတုန်းက ကျွန်မတို့ သိပ်ပြီးထွေထွေထူးထူး မတွေးခဲ့ပါဘူး ။ ချင်းချင်း နဲ့ ရှောင်းလင်တို့က သူမကို ၊ အဲ့လို ပိန်ပြီးတော့ ပိုလှလာအောင် ဘယ်လိုအလှပြင်ပစ္စည်းတွေကို သုံးနေတာလဲဟု မေးခဲ့တာပေါ့။ "

"အားယုက ဒါကိုကြားရတာ သဘောကျနေပုံရတယ်။ ချင်းချင်းနဲ့ ရှောင်းလင် က သူမရဲ့ လျှို့ဝှက်ချက်ကို အရမ်းသိချင်တဲ့နေပုံကို ကြည့်ပြီးတော့။ အားယုက" ပိုပြီး လှလာချင်တာလား? ။ နင်တို့သိချင်ရင် ပြောပြမယ်လေ။

" ချင်းချင်းနဲ့ ရှောင်းလင် က ဘာလို့ မသိချင်ရမှာလဲ ၊ မိန်းကလေးတိုင်းက လှချင်ပချင်ကြတာပဲလေ။ အဲ့ဒီချိန်မှာ အားလုံးစုပြီး ဂိမ်းဆော့ဖို့ လိုတယ် လို့ အားယု က ပြောပြတယ်။ ဒီဂိမ်းကို ဆော့တဲ့အခါမှာ မျက်လုံးတွေကို ပိတ်ထားရမယ်။

"ချင်းချင်းက သဘောတူခဲ့တယ်။

သူမက အကြောက်တက်ဆုံးဖြစ်သော်လည်း သူမသည် အဆောင်တစ်ခုလုံးတွင် အလှဆုံးဖြစ်သည်။

တစ်ခါတစ်လေ မိန်းကလေးတွေက မင်းထင်သလို ဟုတ်မနေဘူး။

လှပတဲ့မိန်းကလေးတစ်ယောက်က တစ်ရက် သူ့ဝန်းကျင်က မိန်းကလေးတစ်ယောက်က သူ့ထက်ထက်ပိုလှနေတာကို သိလိုက်ရတဲ့အခါမှာ သူ့မှာ မနာလိုတဲ့စိတ်တွေပေါ်လာတက်တယ်၊ အထူးသဖြင့် ရုပ်ဆိုးတဲ့ ဘဲကလေးက ကြည့်ကောင်းတဲ့ ငန်းဖြူဖြစ်သွားတဲ့အခါမှာ၊ အရင်က ငန်းဖြူက စိတ်မသက်မသာခံစားရလိမ့်မယ်။ “

"သူမ မျက်လုံးတွေကို မှိတ်ထားလိုက်တယ် ပြီးတော့ အားယု က မီးတွေပိတ်ခိုင်းတယ်။ ရှောင်းလင်နဲ့ ကျွန်မက ချင်းချင်းကို တားလို့မရတော့ ကျွန်မတို့ အတူတူလုပ်ခဲ့ကြတယ်။ သုံးယောက်သား မျက်လုံးတွေကို တစ်ခုခုနဲ့ကာလိုကိတဲ့အခါ ဘာမှမမြင်ရတော့ပါဘူး။ အားယုရဲ့ အဆောင်ထဲမှာ သွားလိုက်လာလိုက် လုပ်နေတဲ့ ခြေသံတွေပဲ ကြားရတယ်။"

"မျက်လုံးတွေကို တင်းတင်းကြပ်ကြပ် ဖုံးထားလို့ လုံးဝမဖွင့်နိုင်ဘဲ အမှောင်ထုက ငါတို့ သုံးယောက်ကို လုံး၀ဖုံးလွှမ်းထားတယ်။

အားယုရဲ့ ခြေသံကိုသာ ကျွန်မတို့ နားထဲကြားနေရတယ်၊ ဒါပေမယ့် ကျွန်မတို့ရဲ့ လက်တွေက တဖြည်းဖြည်းနဲ့ အေးစက်လာတာကို ခံစားလိုက်ရတယ်။

အဲ့အအေးဓာတ်က ရေခဲတုံးတွေကို ထိတွေ့လိုက်တဲ့အအေးဓာတ်မဟုတ်ဘဲ နည်းနည်းပျော့​ပြောင်းတဲ့အအေးဓာတ်ဖြစ်တယ်။

မင်းက အရမ်းနူးညံ့တဲ့လက်ကို ကိုင်နေသလိုပါပဲ ဒါပေမယ့်...

ဒါပေမယ့် အဲ့ဒီလက်ရဲ့ အနွေးဓာတ်က တဖြည်းဖြည်း ပျောက်ကွယ်နေတဲ့ ပုံလိုမျိုး။"

“ကျွန်မအဖွားက ကျွန်မကို ထားသွားတုန်းကလိုပါပဲ။

သူ့မလက်ကို ဆုပ်ကိုင်ထားတဲ့အခါ အစပိုင်းမှာတော့ နွေးထွေးနေမှန်း သိသာပေမယ့် တဖြည်းဖြည်းနဲ့ အနွေးဓာတ်က ပျောက်ကွယ်လာတယ်။

ပြီးတော့ အရမ်းအေးသလို ခံစားလို​က်ရတယ်။

အဖွားလက်ရဲ့ နွေးထွေးမှုကို မခံစားရတော့တဲ့အခါမှာတော့ အဘွားရဲ့ မျက်လုံးတစ်ဝက်နဲ့ ပါးစပ်က ပွင့်နေတာကို တွေ့လိုက်ရတယ်။

အဲ့အချိန် ဘာကြောင့်လဲတော​့ မသိဘူး ဆုံးပါးသွားတဲ့ အဖွားရဲ့ အသွင်အပြင်က စိတ်ထဲမှာပေါ်လာတယ်။ ပြီးတော့ အဲ့တာကို စိတ်ထဲကနေ ထုတ်လို့မရခဲ့ဘူး။

အဲ့အချိန် အသံတစ်ခုကြားလိုက်ရတယ်။ အဲ့အသံက အဘိုးဖြစ်သူက ကြေးနီအကြွေစေ့ကို အဖွားပါးစပ်ထဲထည့်တုန်း သွားနဲ့ အကြွေစေ့နဲ့ ထိလိုက်တဲ့အသံနှင့် အတူတူပဲ။ “

“အဲဒီအချိန် ကျွန်မ တကိုယ်လုံး တုန်နေတာပေါ့။

မျက်လုံးကို အုပ်ထားတဲ့ အဝတ်ကို ချွတ်ချင်ပေမယ့် ခန္ဓာကိုယ်က လှုပ်လို့မရခဲ့ဘူး။

ပြင်းပြင်းထန်ထန် ရုန်းကန်ပေမယ့် ခန္ဓာကိုယ်က ဘာခွန်အားမှ ထုတ်လို့မရခဲ့ဘူး။

အအေးဓာတ်က ငါ့....ငါ့လက်တွေကနေ ဦးနှောက်ဆီ ဝင်လာတာကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့တယ်။

အားယုရဲ့လက်က ရုတ်တရက် ကျွန်မနဖူးပေါ်သကိုရောက်လာပြီးတော့ တဖြည်းဖြည်းနဲ့ ကျွန်မရင်ဘက်နားကို ရောက်လာခဲ့တယ်။

အဲ့အချိန် အားယုရပ်လိုက်တဲ့အခါမှာ အအေးဓာတ်လည်း ပျောက်ကွယ်သွားတယ်။”

ကျန်ရီက အဲ့အချိန်မှာ ရှောင်ယွီရဲ့စကားကို ထူးထူးခြားခြား ကြားဖြတ်လိုက်ပြီး "ရှောင်ယွီ၊ မင်း အခု အိပ်ချင်နေပြီလား"

"မအိပ်ချင်ပါဘူး၊ ငါလုံးဝမအိပ်ချင်ပါဘူး!"

"ကောင်းပြီလေ၊ အိပ်ချင်စိတ်မရှိဘူးဆိုလဲ။ ဒါပေမယ်​့ နောက်ပိုင်း အိပ်ချင်စိတ်တွေပေါ်လာရင် ငါ့ကိုကြိုပြောဖို့မမေ့နဲ့"

"ဟုတ်ကဲ့ပါ။"

ရှောင်ယွီက ပြန်ဖြေလိုက်သည်။ ကျန်းရီရဲ့ မေးခွန်းကြောင့် တိတ်ဆိတ်နေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လေထုက အနည်းငယ်ပြောင်းလဲသွားတယ်။

ရှောင်ယီက ဆက်ပြီးပြောတာပေါ့။ ဒါပေမယ့် သူ့အသံက အရင်ကလို သဘာဝမကျတော့ပါဘူး။ စောင်အောက်ကနေ ချောင်းနှစ်ကြိမ် ဆိုးပြီးတော့ ဆက်ပြောတယ် ။

"အားယုရဲ့လက်တွေက ငါ့ခန္ဓာကိုယ်ကနေ ဖယ်လိုက်တဲ့အခါမှာ ငါ့ခန္ဓာကိုယ်က ပြန်လှုပ်လို့ရလာတယ်။

မျက်လုံးပေါ်က အဝတ်စကို အမြန်ဆွဲချွတ်လိုက်ပြီး အားယု နဲ့ တခြားသူတွေကို ခုနအဖြစ်အပျက်အကြောင်း ပြောပြချင်ပေမယ့် အဲဒီတုန်းက သူတို့တစ်ယောက်ချင်းစီရဲ့ မျက်နှာတွေက နီရဲနေပြီး အကုန်လုံးက တကယ်ကို ရှက်နေကြတာကို တွေ့လိုက်ရတယ်။ အထူးသဖြင့် ချင်းချင်းရဲ့ မျက်လုံးတွေက ရွှဲနေပြီး အားယုကို ဆက်လုပ်အုံးမှာလားလို့ မေးတယ်။"

"အားယုကနည်းနည်းတော့ အံ့ဩသွားတယ်၊ ဒါပေမယ့် ဂိမ်းက တစ်ခါလောက်ဆော့ရင် လုံလောက်တယ်လို့ ချင်းချင်းကို ပြောပြတယ်။ ဘာလို့ အကြိမ်ကြိမ် ဆော့ရမှာလဲ၊ ချင်းချင်းက အားယု ကို လျှာထုတ်ပြလိုက်တယ်။ သူမလျှာထုတ်လိုက်တဲ့ အချိန်မှာ တစ်ယောက်ယောက်ကို ကျွန်မတွေ့လိုက်ရတယ်။ "

"လူတစ်​​ယောက်​ကို​ တွေ့လိုက်​တာလား၊ ဘယ်နေရာ​မှာ​တွေ့တာလဲ"

ကျန်းရီက ကျယ်လောင်စွာမေးလိုက်တယ်။ အဲ့အချိန် ရှောင်ယွီက က ငိုသံနဲ့" ချင်းချင်းက သူ့ပါးစပ်ကို ဖွင့်ပြီး စကားပြောလိုက်တဲ့အချိန်မှာ သူ့ပါးစပ်ထဲကနေ တစ်ယောက်ယောက်က ငါ့ကို လက်လှမ်းပြနေတာကို မြင်လိုက်ရတာ ။

သူမကို ကယ်တင်ဖို့ တောင်းဆိုနေပုံရတယ်။

အဲဒီအချိန် ချင်းချင်း က ပါးစပ်ဖွင့်ပြီး ပြုံးလိုက်တဲ့ချိန်မှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာ၊ ပြီးတော့ ပါးစပ်ထဲက လက်ပြနေတဲ့သူက ဆုံးသွားပြီဖြစ်တဲ့ ကျွန်မအဖွားဖြစ်နေတယ်။"

All Chapters