သူမသေသွားပြီ
Vol. 1 Ch. 10
"အဲဒါ ကျွန်မရဲ့အဖွား၊ အဲ့ဒါကျွန်မရဲ့အဖွား ဖြစ်နေတယ်”
ရှောင်ယွီသည် စောင်အောက်ထဲတွင် အသံတိုးတိုးဖြင့် ပြောနေသည်။ သူ့ငိုသံတွေကို အခန်းဖော်တွေကြားမှာ စိုးရိမ်နေပုံရသည်။
"အဖွားက ကမ္ဘာပေါ်မှာ ကျွန်မအပေါ် အကောင်းဆုံးလူပဲ၊ အိမ်ပြန်တိုင်း သူမက ကျွန်မလက်ကို ဆုပ်ကိုင်ပြီးတော့ ပြောလေ့ရှိတယ်" အဖွားရဲ့ နေရမယ့်နေ့ရက်တွေက ကုန်တော့မယ် ဒါပေမယ့် သမီးကအရွယ်မရောက်သေးဘူး။ အဖွားက ထွက်သွားဖို့ ဝန်လေးနေတယ်၊ "တကယ်ကို ဝန်လေးနေတယ်"
"သူမ ဒီလိုပြောတိုင်း ကျွန်မ ဘယ်တော့မှ စိတ်ထဲမှာ မထားခဲ့မိဘူး။ ဒါပေမယ့် မနှစ်တုန်းက သူမ အသည်းအသန် နေမကောင်းဖြစ်နေလို့ ဖုန်းခေါ်တုန်းက ရုတ်တရက် တစ်ခုခုဆုံးရှုံးသွားသလို ခံစားလိုက်ရတယ်။ တတ်နိုင်သမျှ မြန်မြန် အိမ်ပြန်ခဲ့တယ်၊ သူမရဲ့ နွေးထွေးနေဆဲဖြစ်တဲ့ လက်ကိုဆုပ်ကိုင်းထားရင်း၊ သူမတကယ်ပဲ ကျွန်မကို ထားသွားတော့မယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။"
“ဆုံးပြီးကတည်းက တစ်နှစ်တာလုံး အိပ်မက်တောင် မမက်ဖူးဘူး။
အဲဒီ့ညမှာတော့ အားယုရဲ့ ဂိမ်းမှာ ကျွန်မ အဖွားကိုတွေ့ခဲ့တယ်။
တကယ်ပါ။ ကျွန်မ စိတ်ဂယောင်ချောက်ချားဖြစ်ပီး တွေ့ခဲ့တာမဟုတ်ပါဘူး။
အဖွားကိုတကယ်တွေ့ခဲ့တာပါ။
အဲ့အချိန်မှာ၊ ကျွန်မက စိုးရိမ်စိတ်တွေလွန်နေတော့ ချင်းချင်းရဲ့ ပါးစပ်ကို ဖွင့်ဖို့ကြိုးစားခဲ့တာပေါ့။ ဒါပေမယ့်လည်း အဖွားက ချင်းချင်းရဲ့ ဗိုက်ထဲသို့ ကျသွားသည်ကိုသာ စောင့်ကြည့်နေခဲ့ရသည်။"
“နောက်ပိုင်းမှာတော့ သူတို့က ကျွန်မကို မခေါ်တော့ဘူး။
ကျွန်မဦးနှောက်က မူမမှန်တော့ဘူးလို့ ပြောပြီးတော့ သူတို့က မခေါ်မပြောတော့ဘူး။
ညတိုင်း အပြင်တွေထွက်ပြီး ပြန်လာတဲ့အခါလည်းညဉ့်နက်မှသာ ပြန်လာတော့တယ်။
ခုနက ကျွန်မကို လှမ်းပြောတာကလွဲရင် သူတို့နဲ့ အငြင်းပွားတဲ့အချိန်ကလွဲလို့ သူတို့ ငါ့ကို စကားတစ်ခွန်းမှ မပြောတော့ဘူး။"
ရှောင်ယွီက စကားပြောနေရင်း ရယ်မောလိုက်သည်။ ရယ်သံထဲမှာ မကျေနပ်ချက်နည်းနည်း ပါနေပုံရသည်။
တကယ်တော့ သူ့စကားတွေကို ဘယ်သူမှ မယုံချင်ကြပါဘူး။ တစ်နှစ်ကြာသေဆုံးသွားပြီးဖြစ်တဲ့အဖွားက အသက်ရှင်နေသူတစ်ယောက်၏ ပါးစပ်ထဲမှာ ဘယ်လိုလုပ် ရုတ်တရက်ပေါ်လာနိုင်မှာလဲပေါ့။
သူမအဲ့လိုမျိုးတွေ ဆက်ပြောနေရင် သူမကို ဘယ်သူမှ ခေါ်ပြောချင်မှာ မဟုတ်တော့ဘူး၊ လူအများက သူမကို ရူးနေပီဟုပင် မှတ်ယူကြပေလိမ့်မည်။
လောင်ချန်းကိစ္စတုန်းကလည်းဒီလိုပါပဲ၊ အစက မစ္စတာဝူက လောင်ချန်းဦးနှောက်ထဲတွင် တစ်ခုခု မှားယွင်းနေသည်ဟု တွေးထင်နိုင်သည်။
“သူတို့က ကျွန်မကိုရက်ပေါင်းများစွာ ဆက်တိုက် စကားမပြောခဲ့ဘူး။
တစ်ညတော့ သူတို့ သုံးယောက် အပြင်ကနေ ပြန်လာကြတယ်။
အဲ့ညမှာ ချင်းချင်းက ဝိုင်အလွန်အကျွန်သောက်ပြီးတော့ အဆောင်ကိုပြန်လာခဲ့တယ်။ အဝတ်အစားတွေချွတ်ပြီးတော့ အဝတ်ဗလာနဲ့ အိပ်ယာပေါ်မှာ လှဲပီးတော့ အိပ်ပျော်သွားတယ်။
အားယုနဲ့ ရှောင်းလင်တို့က ရေမိုးချိုးပြီးတော့ အိပ်ယာပေါ်လဲလျောင်းပြီး ခဏကြာတော့ အိပ်ပျော်သွားကြတယ်။
ညဉ့်နက်သန်းခေါင်ရောက်တော့ အသံတစ်ချို့ကြောင့် ကျွန်မနိုးလာတယ်။"
"ချင်းချင်းက ကျွန်မဘေးက ကုတင်ရဲ့အောက်ခြေက ကုတင်ပေါ်မှာ အိပ်တာ၊ ဒါကြောင့် ခေါင်းကို ထုတ်လိုက်တာနဲ့ သူ့ကုတင်ပေါ်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။
ငါ့မျက်လုံးတွေနဲ့... တကယ်ပဲ၊ ကျွန်မမျက်လုံးတွေနဲ့ သေချာမြင်လိုက်တာက ချင်ချင်းရဲ့မျက်နှာဟာ တဖြည်းဖြည်း အက်ကွဲနေပြီး သွေးတွေ... စီးကျနေတာကိုပဲ။
အဲဒီအက်ကြောင်းတွေကနေ စီးကျနေတာ။
ဒါပေမယ့် အဲ့အချိန်မှာ ချင်းချင်းက ကုတင်ပေါ်တွင် လဲလျှောင်းနေတုန်းပဲ။
ကျွန်မ အရမ်းထိတ်လန့်သွားပြီး သူမကို အော်လိုက်တာပေါ့"
"ဒါပေမယ့် သူမ တုတ်တုတ်မှမလှုပ်ခဲ့ပါဘူး ရှောင်းလင် နဲ့ အားယု လည်း မလှုပ်ခဲ့ပါဘူး။
ကျွန်မလည်း စိုးရိမ်တကြီးနဲ့ သွေးတိတ်အောင် တစ်ခုခုလုပ်ဖို့ အိမ်ယာကနေထဖို့ လုပ်တာပေါ့။
ဒါပေမယ့် ကုတင်ပေါ်က ဆင်းမယ်လုပ်တုန်း ချင်းချင်းက သူ့ခေါင်းကို ကျွန်မဘက်ကို လှည့်လိုက်တယ်။
သူမရဲ့ ခန္ဓာကိုယ်က မလှုပ်ပဲနဲ့ ခေါင်းကသာ 180 ဒီဂရီ လှည့်ပြီး ကျွန်မကို ကြည့်နေတာ။
တကယ်ပါ......သူမ ခေါင်းကလုံးဝ လိမ်ပြီး လှည့်ကြည့်နေတာ၊ ပြီးတော့ သူ့မျက်နှာက နာကျင်မှုတွေ ပြည့်နှက်နေပြီးတော့ မျက်လုံးအကြည့်တွေကလည်း အကူအညီတောင်းနေသလိုလိုပုံကြီး။"
"ဒါပေမယ့် ကျွန်မ သူမကို နှိုးလို့ မရဘူး။ လက်တွေ ခြေတွေ ကလွဲလို့ ကျွန်မလည်း မလှုပ်နိုင်လောက်အောင် ကြောက်နေတာ၊ ကျွန်မ အော်သံကို ဘယ်သူမှလည်း မကြားရဘူးထင်တယ်။ မိုးလင်းခါနီးမှာ ချင်းချင်း ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးတွေ တဖြည်းဖြည်း သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်လာတာကို တွေ့လိုက်ရတယ်။ ပြီးတော့ မျက်နှာက တဖြည်းဖြည်းနဲ့ နဂိုအတိုင်း ပြန်တည့်လာတယ်။"
" မနက်မိုးလင်း သူတို့နိုးလာတဲ့အခါ မနေ့ညက မြင်ခဲ့ရတာတွေကို အားယုနဲ့ ရှောင်းလင်ကို ပြောပြခဲ့တယ်။ ဒါပေမယ့် အားယုနဲ့ ရှောင်းလင်က မမျှော်လင့်ထားစွာနဲ့ ကျွန်မကို ရူးနေပြီးတော့ ကျွန်မက ချင်းချင်းကို တမင်တကာ အပုပ်ချနေတာ လို့ပြောခဲ့တာပေါ့။"
“အဲဒီချိန်တုန်းက ကူကယ်ရာမဲ့ ခံစားခဲ့ရပြီးတော့ ကျွန်မဘာပဲပြောပြော သူတို့ ယုံမှာမဟုတ်ဘူးဆိုတာ နားလည်လိုက်တယ်။
ကျွန်မလည်း ဂရုမစိုက်တော့ဘဲ ကျွန်မအတွက် အိပ်ဆောင်ကို ပြန်စီစဉ်ပေးဖို့ ဆရာ့ကို တောင်းဆိုခဲ့တယ်။
ဒါပေမယ့် ဆရာက သဘောမတူခဲ့ဘူး၊ အဲ့အကြောင်းကို သူတို့ကိုလည်း မပြောခဲ့ပါဘူး။
ကျွန်မပြောတာကိုမှ ဘယ်သူမှ မယုံကြတာ....ကျွန်မမြင်တာကို ဘယ်သူမှ မယုံကြဘူး"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှု့သူတွေကလည်း ရှောင်ယွီရဲ့ အကူညီမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ခံစားလိုက်ရသည်။ တစ်ယောက်ယောက်က "ရှောင်ယွီ၊ မင်းက အခု ချင်းချင်း ကို နှိုးပြီး သူ့ကို စတွင်မာနဲ့ စကားပြောခိုင်းလိုက်ရင် ဘယ်လိုလဲ"
"ဟုတ်တယ်၊ ချင်းချင်း၊ ရှောင်းလင် နဲ့ အားယု အားလုံးကို နှိုးပြီး စတွင်မာနဲ့ စကားပြောခိုင်းလိုက်ရင် သူတို့မှာ ဖြစ်ပျက်နေတာတွေကို သေချာနားလည်သွားလိမ့်မယ်”
ကျန်းရီက ပရိသတ်တွေရဲ့ အကြံပေးချက်တွေကို ရှောင်ယွီအား ပြောပြခဲ့သော်လည်း ဘယ်သူမှ မမျှော်လင့်ထားသည့်အရာမှာ ရှောင်ယွီက ငိုနေခြင်းဖြစ်သည်။
"ငါသူမကိုဘယ်တော့မှမတွေ့ရတော့ဘူး၊ ကျွန်မ ချင်းချင်း ကိုဘယ်တော့မှမတွေ့ရတော့ဘူး၊ သူမသေပြီ! သူမက ငါတို့ကျောင်းအဆောင်ရဲ့ခေါင်မိုးပေါ်မှာထိုင်ပြီးတော့ သူ့မျက်နှာကို ဓားနဲ့ခြစ်ပြီတော့ မျက်နှာပြင်တစ်ခုလုံးကို လှီးဖြတ်ပလိုက်တယ်။"
"သူမ ကျောင်းဆောင်ပေါ်ကနေ ခုန်ချတုန်းက လှီးထားတဲ့ မျက်နှာကို လက်ထဲမှာ ကိုင်ထားဆဲဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း ဘာအဝတ်အစားမှ မဝတ်ထားဘူး။ ခုန်ချလိုက်တော့ ဦးခေါင်းက အပိုင်းပိုင်းကွဲကြေသွားတယ်၊ဒါပေမယ့် ... ဒါပေမယ့်..."
ကျန်းရီက မျက်မှောင်ကြုတ်ပြီး မေးတယ် "ဒါပေမယ့် ဘာဖြစ်လဲ"
"ဒါပေမယ့် သူ့ခေါင်းထဲမှာ လုံးဝဗလာကြီးဖြစ်နေတယ်၊ ဘာမှမရှိဘူး... တကယ်ကို ဘာဆိုဘာမှမရှိဘူး!"
ရှောင်ယွီရဲ့ စကားက ကြည့်ရှုသူတိုင်ကို ထိတ်လန့်သွားစေတယ်။
လူကောင်းတစ်ယောက်က ခေါင်းထဲမှာ ဦးနှောက်ကတော့ ရှိကိုရှိရမယ်။
ချင်းချင်းက အဆောက်အဦးမှ ခုန်ချတဲ့အခါမှာ ဘာကြောင့် သူ့မျက်နှာကိုလှီးဖြတ်ရတာလဲ။ ပြီးတော့ ခေါင်းထဲမှာလဲ ဘာဦးနှောက်မှ ရှိမနေဘူး။
"စတွင်မာအကိုကြီးရေ ၊ ငါတကယ်ကြောက်နေပြီ၊ ဘာလို့လဲဆိုတော့ မနေ့ညက အားယုရဲ့ ခန္ဓာကိုယ် ကွဲအက်လာတာကို ငါတွေ့လိုက်ရတယ် ဒါပေမယ့် သူက ချင်းချင်း နဲ့ မတူဘူး"
"ဘယ်လိုမတူတာလဲ?"
"သူမက ကုတင်ပေါ်မှာ ကိုယ်လုံးတီးနဲ့ ထိုင်ပဲထိုင်နေတာ။
ခေါင်းလည်းမလှည့်ဘူး၊ ငြိမ်ငြိမ်လေးထိုင်နေတာ။
အဲ့နောက်မှာ သူမရဲ့ ခန္ဓာကိုယ်ပေါ်ရှိတဲ့ အရေပြားတွေက အတွင်းကနေ မရေမတွက်နိုင်သော ပိုးကောင်တွေ တွားသွားသလို ခံစားနေရပြီး အားယုက သူမ၏ မျက်နှာကို လက်သည်းတွေနဲ့ ကုတ်ခြစ်နေတာ။
အရေပြားအဟောင်းတွေကို ခွာနေသလိုမျိုး အားယုက တစ်ညလုံး ခွာနေတာပေါ့။ ဒါပေမယ့် မနက်ခင်းရောက်တော့ သူမ…...”
ထိုအချိန်တွင် ရှောင်ယွီ ရုတ်တရက် စကားရပ်သွားပြီး ကျန်းရီက " ရှောင်ယွီရေ! ရှောင်ယွီ မင်းရှိသေးလား"
"အား.....……!"
ရှောင်ယွီ၏ ကြောက်အားလန့်အား အော်သံကြီးသည် ဖုန်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။