← Chapters

အဖွား

Vol. 1 Ch. 11

အဖွား

Vol. 1 Ch. 11

"ရှောင်ယွီ? ဘာဖြစ်တာလဲ ရှောင်ယွီ"

ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ လှမ်းအော်လိုက်သော်လည်း ရှောင်ယွီက ကျယ်လောင်စွာ အော်နေဆဲဖြစ်သည်။

သူမက လုံးဝထိတ်လန့်တကြားအော်ဟစ်နေပြီး ကျန်းရီက ကျယ်လောင်စွာဖြင့် "ရှောင်ယွီ၊ မင်းငါပြောတာကြားလား"

"မှန်၊ ငါ မှန်ကို ဖယ်ထားလိုက်တယ်လေ၊ ဘာလို့ ခေါင်းအုံးအောက်မှာ ရှိနေသေးတာလဲ၊ ကျွန်မ ခုနကစတွင်မာနဲ့ စကားပြောနေတုန်းမှာ မှန်ကို ငါ့ခေါင်းအုံးအောက်ကဖယ်ထားခဲ့တာ၊ ဘာလို့ ထပ်ရှိနေတာလဲ"

ရှောင်ယွီငိုနေပေမယ့် ထူးထူးခြားခြား သူမရဲ့ငိုသံက အိပ်ဆောင်မှာရှိတဲ့ တခြားမိန်းကလေးတွေကို မနှိုးစေခဲ့ပါဘူး ။

ကျန်းရီနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များက ရှင်းရှင်းလင်းလင်း မှတ်မိပါသေးတယ်၊ ရှောင်းယွီ ဖုန်းစဆက်တုန်းက စကားပြောတာကို ခဏရပ်ပြီးတော့ မနက်အလှပြင်တုန်းက ခေါင်းအုံးအောက်က ထားခဲ့တဲ့မှန်ကို အပြင်မှာ သွားထားမယ် ဆိုတဲ့အကြောင်းကိုပါပဲ။

ကျန်းရီက လေးလေးနက်နက်တွေးတောပြီးနောက် ရှောင်ယွီထံ ဗီဒီယိုခေါ်ဆိုမှု ပေးပို့ခဲ့သည်။

ရှောင်ယွီက အထိတ်တလန့်ဖြစ်နေသော်လည်း ကျန်းရီ၏ ဗီဒီယိုခေါ်ဆိုမှုကို လက်ခံခဲ့သည်။ အခုအချိန်မှာ သူမရဲ့ပုံစံက သိပ်ပြီးအခြေအနေမကောင်းဘူး။

ဒါပေမယ့် သူ့ကိုယ်သူ ဖော်ပြခဲ့သလိုပါပဲ၊ သူမဟာ သာမန်ရုပ်ရည်နဲ့ အနုပညာကျောင်းသူတစ်ယောက်ပါ။

အဲ့ဒီအခိုက်အတန့်မှာ ရှောင်ယွီက ဒူးကိုလက်နဲ့ဖက်ပြီး ငိုနေတာပေါ့။

"ရှောင်ယွီ၊ မှန်ကအနားမှာလား?" ကျန်းရီက မေးသည်။

"လွှင့်ပစ်လိုက်ပီ၊ ကြမ်းပြင်ပေါ် ပစ်ချလိုက်ပီ" လို့ ရှောင်ယွီက ပြန်ပြောတယ် ။

"အိုကေ၊ အခု ငါပြောသမျှ မင်းလိုက်လုပ်ရမယ်။ အရင်ဆုံးမင်းလက်ကို ခေါင်းအုံးအောက်ကို ထားလိုက်၊ ပြီးတော့သတိထားဖို့က မင်းလက်က ဘာကိုပဲထိမိထိမိ မကြောက်ရဘူး။ မစ္စတာဝူ အဖြစ်အပျက်ကို မင်းမှတ်မိသေးတယ်မလား။ ငါ မင်းကို ဘာမှမဖြစ်စေဘူးဆိုတာ အာမခံတယ်"

ကျန်းရီ၏အသံသည် နူးညံ့သိမ်မွေ့နေသည်။ ကြောက်စိတ်ဝင်နေသော မိန်းကလေးတစ်ယောက်အတွက်တော့ လုံခြုံမှု ပေးစွမ်းစေသည်။ ငိုနေရင်းနဲ့ ခေါင်းညိတ်ပြပြီးတော့ "ကောင်းပြီ ငါမကြောက်ဘူး၊ ငါမင်းစကားကို နားထောင်မယ်"

ရှောင်ယွီ ကို ပြုံးပြရင်း ကျန်းရီ က "အခု မင်းလက်ကို ခေါင်းအုံးအောက်မှာ ထားလိုက်ပြီး အော်ခေါ်ရမယ်။"

"ဘာကိုအော်ရမှာလဲ"

"မင်းအဖွားကိုခေါ်ရမှာ။"

ကျန်းရီပြောပြီးသောအခါ ရှောင်ယွီရဲ့ မူလကြောက်ရွံ့မှုပြည့်နေတဲ့ မျက်နှာက ရုတ်တရက် အေးခဲသွားသည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေတောင် တစ်ခဏ ကြောင်သွားသည်။

ကြည့်ရှု့သူ A-"ဘာတွေဖြစ်နေတာလဲ၊ စတွင်မာက ရှောင်ယွီကို သူ့အဖွားကို ခေါ်ခိုင်းတာလား။"

ကြည့်ရှု့သူ B-" ရှောင်ယွီ ရဲ့အဖွားကို ချင်းချင်းကမျိုချလိုက်တာ မဟုတ်ဘူးလား?"

ကြည့်ရှု့သူ C-"ဘာမှ ထပ်ပြောမနေနဲ့တော့ ရှောင်ယွီ စတွင်မာ ပြောတာကိုပဲ လိုက်လုပ်လိုက်။"

ရှောင်ယွီ က ယခုအချိန်မှာ ဘာမှ နားမလည်တော့ပါဘူး။ သူမရဲ့ မျက်နှာပေါ်မှာလည်း အံ့သြမှုတွေ ပေါ်လာပါတယ်။

"စတွင်မာ အကိုကြီး၊ ဘာလို့ ကျွန်မအဖွားကိုခေါ်ခိုင်းရတာလဲ"

"ဘာလို့လဲ မမေးနဲ့၊ ခေါ်ဆိုရင်ခေါ်လိုက်၊ မင်းပြောတော့ ငါပြောတဲ့အတိုင်းလုပ်မယ်ဆို" ကျန်းရီက ပြုံးပြီး ပြောလိုက်တယ်။

ရှောင်ယွီက အသက်ပြင်းပြင်းရှူပြီး သူ့လက်ကို ခေါင်းအုံးထဲကို ဖြည်းညှင်းစွာထည့်လိုက်တယ်။ သူမ၏ ခန္ဓာကိုယ်က တုန်ခါနေပြီးတော့ "အဖွား" ဟု တိုးတိုးလေး အော်လိုက်သည်။

သူ့အဖွားကို ခေါ်ပြီးနောက် ရှောင်ယွီရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

သူမက တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ အံ့သြထိတ်လန့်စွာ ကြည့်လိုက်ပြီးတော့ ကျန်းရီအားကြည့်နေပုံရသည်။

ကျန်းရီက သူမကို ခေါင်းညိတ်ပြပြီးတော့ "မကြောက်နဲ့၊ လက်ကို အထဲမှာထည့်ပြီး ထပ်အော်လိုက်"

"အဖွားရေ"

ရှောင်ယွီက ထပ်ပြီးအော်လိုက်တယ် ဒါပေမယ့် ချက်ချင်းပဲ သူမ မျက်ရည်တွေကျလာတယ်။ ခေါင်းအုံးအောက်က လက်က တစ်ခုခုကို တင်းတင်းကျပ်ကျပ် ကိုင်ထားပုံရတယ်။

ဒီတစ်ကြိမ်မှာတော့ ရှောင်ယွီ က ကျန်းရီ သူ့ကို သတိပေးစရာမလိုဘဲ "အဖွားရေ..အဖွား" ဆိုပြီး ထပ်အော်လိုက်ပါတယ်။

သူမအော်လေလေ ရှောင်ယွီရဲ့မျက်နှာပေါ်မှာမျက်ရည်တွေကလည်း ကျသထက်ကျလာတာပေါ့၊ ဒါပေမယ့် မကြာလိုက်ပါဘူး ရှောင်ယွီရဲ့ ထိတ်လန့်မှုတွေပေါ်ပေါက်လာတယ်။

"အဖွား.. မသွားပါနဲ့ မသွားပါနဲ့ အဖွား...။"

"ဘာလို့လဲ……"

ဤအသံသည် ရှောင်ယွီထံမှမဟုတ်ဘဲ ကျန်းရီ၏သက်ပြင်းချသံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

"သူမထွက်သွားပြီ၊ သူမထွက်သွားဖို့လည်း အချိန်တန်ပြီ။ သူမက မင်းကို ကြီးပြင်းလာတဲ့အထိ ကာကွယ်ပေးပြီးပြီ၊ သူမသေပြီးတဲ့အခါ သူမသွားသင့်တဲ့နေရာကို သွားဖို့အချိန်တန်ပြီ။ ရှောင်ယွီ မင်းခုနက ခံစားလိုက်ရတယ်မလား"

"ဟုတ်ပါတယ်၊ အဲ့ဒါက ကျွန်မအဖွားရဲ့လက်ပဲ၊ ကျွန်မသူ့လက်ကို နောက်ဆုံးအကြိမ် ဆုပ်ကိုင်ထားတုန်းကလိုပဲ ခံစားလိုက်ရတယ်။"

ရှောင်ယွီက ငိုပြီးပြောတဲ့အခါ ကျန်းရီက ခေါင်းညိတ်လိုက်ပြီးတော့ "ဒါဆို မင်းအခုသိပီမလား အဆောင်က လူလေးယောက်ထဲက သုံးယောက်မှာ ထူးဆန်းတာတွေဖြစ်ပြီးတော့ ၊ ဘာလို့ မင်းတစ်ယောက်တည်းကသာ အကောင်းတိုင်းဖြစ်နေရတာလဲဆိုတာ "

“အဖွားက ငါ့ကို ကာကွယ်ပေးနေတာ။

အိပ်မက် တစ်ခါမှ မပေးဖူးပေမယ့် သူ ကျွန်မနဲ့ အမြဲရှိနေတယ်။

သူမက ကျွန်မ အနိုင်ကျင့်ခံရမှာကို ကြောက်နေတာ ပြီးတော့ တစ်ယောက်တည်း အထီးကျန်စွာ စာသင်ရမှာကို ရောပဲ။

သူ့မြေးက စကားအများကြီးပြောရတာ မကြိုက်ဘူး။

အပြင်မှာ တစ်ယောက်တည်း စာသင်နေရတာကို အရမ်း စိတ်ပူတယ်လို့ ခဏခဏပြောတယ်။"

ရှောင်ယွီ၏ စကားများသည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ကြည့်ရှုသူများရဲ့ စိတ်ကိုဝမ်းနည်းစေခဲ့သည်။ သူတို့စိတ်ထဲမှာတော့ သူတို့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့ အိမ်မှာရှိတဲ့ အဖိုးအဖွားတွေကို မတွေးဘဲနဲ့ မနေနိုင်ကြတော့ပါဘူး။

တချို့လူတွေဆိုရင် မနက်ဖြန် လက်မှတ်ဝယ်ပြီး အိမ်ပြန်ဖို့ စိတ်ကူးထားကြတယ်။

ဒါပေမယ့် အများစုကတော့ တိုးတိုးတိတ််တိတ်လေး ငိုနေရုံပါပဲ ။ ဘာလို့ဆို သူတို့ကို ချစ်ပေးဂရုစိုက်ပေးခဲ့တဲ့ အဖိုးအဖွားတွေက လောကကြီးမှာ မရှိတော့လို့ပါပဲ။

နှစ်တွေတောင် ဘယ်လောက်ကြာသွားပီလဲ မသိပါဘူး။

ဒီအကြောင်းတွေကို ထပ်မတွေးသင့်တော့ပါဘူး။ အဲဒါကို ပိုတွေးလေလေ၊ တစ်ချို့လူတွေက သူတို့ဘဝရဲ့ အလွန်အရေးကြီးတဲ့ လူတစ်ယောက် ဆုံးပါးသွားခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာ မမှတ်မိနိုင်တော့တာကို တွေ့ရတဲ့အတွက် ပိုထိတ်လန့်ဝမ်းနည်းစရာပဲ များလာမှာပါ။

ရှောင်ယွီက သူမလက်ကို ခေါင်းအုံးအောက်ကနေ ဆွဲထုတ်လိုက်ပြီး ကျန်းရီ က "မနက် သုံးနာရီ သုံးဆယ့်နှစ်မိနစ်ရှိပြီ။ ရှောင်ယွီ အိပ်ရာပေါ်ကနေ ဆင်းပြီးတော့ အားယု ရဲ့ အိပ်ရာဆီကို သွားပြီးတော့ အားယုရဲ့ ခေါင်းအုံးအောက်ကို ထိလိုက်။"

"ကောင်းပြီ ငါမကြောက်တော့ဘူး။ ငါ့အဖွားက ငါ့ကို ကာကွယ်ပေးနေတာ၊ ငါမကြောက်တော့ဘူး!"

ရှောင်ယွီက သူမ၏ မျက်ရည်များကို သုတ်ရင်း ကုတင်ပေါ်မှ ထကာ သူမ၏ မျက်နှာမှာတော့ အားအင်အပြည့်ပါပဲ။

အားယုက သူမကုတင်ရဲ့ အောက်ထပ် ကုတင်မှာ နေတဲ့အတွက် ရှောင်ယွီက ကုတင်ဘေးကနေ အားယု၏ ခေါင်းအုံးဆီသို့ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။

သူမခေါင်းအုံးအောက်ကို လက်ထိုးလိုက်သည်နှင့်တပြိုင်နက်မှာပဲ ရှောင်ယွီက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကျန်းရီကို ကြည့်လိုက်သည်။ ကျန်းရီကပြုံးကာ "မင်း အဲဒါကို ထိမိတာမလား" လို့ မေးလိုက်တယ်။

"ဟုတ်တယ်၊ အဲဒီကြေးမှန်ကို ထိမိလိုက်တာ!"

"ဟုတ်ပီ၊ မင်းဆီမှာ ချင်းချင်း နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေရှိသေးလား"

ရှောင်ယွီ ခဏလောက်စဉ်းစားပြီး "ကျွန်မမှာ သူနဲ့ပတ်သတ်တဲ့ဟာ ဘာမှမရှိဘူး၊ သူမအဆောက်အဦးပေါ်ကနေ ခုန်ချပြီးနောက် သူ့မိဘတွေက သူ့ပစ္စည်းတွေအားလုံးကို အဆောင်မှာ မထားရဲတဲ့အတွက် အကုန်ယူသွားခဲ့တယ်"

"ဓာတ်ပုံတွေဘာတွေရော ရှိသေးလား။"

"ဟုတ်တယ်၊ ငါတို့ ဆက်ဆံရေးကောင်းတုန်းက ရိုက်ထားတဲ့ပုံတွေ ကျွန်မမှာ အမြဲရှိတယ်။"

"အဲ့ဓာတ်ပုံကိုယူပြီး ကုတင်အောက်မှာ ထားလိုက်။ ပြီးတော့ ပုံကိုမတ်မတ်ထားရမယ် ။ သုံးစက္ကန့်လောက်ထားပြီး ဖြည်းဖြည်းချင်းထုတ်ရမယ်။"

ကျန်းရီပြောလိုက်တဲ့အခါ ရှောင်ယွီက သူမရဲ့ မသိစိတ်က ခေါင်းငုံ့ပြီး ကုတင်အောက်ကို ကြည့်လိုက်ပေမယ့် အတွင်းပိုင်းကို နက်နက်နဲနဲ မကြည့်တဲ့အတွက် လောလောဆယ်တော့ ဘာမှ မမြင်ရပါဘူး။

ကျန်းရီပြောသည့်အတိုင်း ရှောင်ယွီက ဓာတ်ပုံကို ဆွဲထုတ်လိုက်သည်။ သူမ ကုတင်အောက်ကို ရောက်ခါနီးချိန်မှာ ကျန်းရီက ရုတ်တရက် မေးလိုက်တယ် "ရှောင်ယွီ မင်းတို့ လေးယောက်ကြားက ဆက်ဆံရေးက အရင်က တကယ်ကောင်းခဲ့တာလား"

"တကယ်ကောင်းပါတယ်။ ကျောင်းသွားတာပဲဖြစ်ဖြစ်၊ နေ့လယ်စာစားတာပဲဖြစ်ဖြစ်၊ အားလပ်ရက်တွေ သူတို့အိမ်မပြန်ကြတဲ့အခါမျိုးမှာ ကျွန်မတို့လေးယောက်က ခွဲလို့မရပါဘူး။"

"ကောင်းပြီ၊ မင်းလက်ကို ကုတင်အောက်မှာထားလိုက် ပြီးတော့အထဲကို မကြည့်နဲ့။ သုံးစက္ကန့်ကြာတဲ့အခါ မင်းလက်ကို ပြန်ထုတ်ရမယ်။ ဒါပေမယ့် မင်းလက်ထဲမှာ ဘာပဲရှိရှိ အဲ့တာကိုဆွဲထုတ်ရမယ် လွှင့်မပစ်ရဘူး အဲ့တာကိုမှတ်ထား"

ရှောင်ယွီက ခေါင်းညိတ်လိုက်ပြီး ကုတင်အောက်ကို လက်ထည့်လိုက်သည် ။

All Chapters