ရှေ့ကိုတိုးရဲရင်တိုးကြည့်စမ်း
Vol. 1 Ch. 12
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်တွေက ကုတင်အောက်သို့ ရောက်ရှိနေတဲ့ ရှောင်ယွီရဲ့လက်ကို စိုက်ကြည့်နေကြသည်။ သူမလက် ကုတင်အောက်သို ရောက်တဲ့အခိုက်တွင် လူတိုင်းသည် တိတ်တဆိတ် အချိန်ရေတွက်နေပုံရသည်။
၃
၂
၁
အသံတိတ်ရေတွက်မှု ၁ သို့ရောက်တဲ့အခါမှာတော့ ရှောင်ယွီက ကျန်းရီ ခေါင်းညှိတ်လိုက်သည်ကိုတွေ့သောအခါ သူမ၏လက်ကို ဖြည်းညှင်းစွာပြန်ဆွဲထုတ်လိုက်သည်။
မလွှတ်ခင်မှာ ကျန်းရီက လူတော်တော်များများ နားမလည်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်။
ကျန်းရီက "ရှောင်ယွီ မင်းတို့လေးယောက်ကြားက ဆက်ဆံရေးက အမှန်တကယ်ကောင်းခဲ့တာလား"
ရှောင်ယွီ ရဲ့ အဖြေကတော့ ဟုတ်ပါတယ်။
အဲ့ဒီအချိန်မှာပဲ သူမလက်ကို ကုတင်အောက်ကနေဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပါတယ် ။ အဲ့တော့မှ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်တွေက သက်ပြင်းချနိုင်ကြတယ်။
ယခင်က သရဲမျက်နာ အဖြစ်အပျက်ကို သုံးသပ်ကြည့်မယ်ဆိုလျှင် ကျန်းရီ လုပ်ခိုင်းသမျှတွေဟာ ရည်ရွယ်ချက်ကိုယ်စီရှိနေတာကြောင့်ပါပဲ။
ဒါကြောင့် ရှောင်ယွီ သူမ၏လက်ကို ကုတင်အောက်ကနေ ထုတ်လိုက်တဲ့အချိန်မှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ထွက်လာမည်ကို သူတို့ အမှန်တကယ် စိုးရိမ်ခဲ့နေခဲ့ကြသည်။
ရှောင်ယွီလည်းပဲ ဘာမှပါမလာသောကြောင့် စိတ်အေးစွာ သက်ပြင်းချနိုင်တော့သည်။ ဒါပေမယ့် သူမ သက်ပြင်းချလို့မဆုံးခင်မှာပဲ သွေးသံတရဲရဲဖြစ်နေတဲ့ လက်တစ်စုံ ကုတင်အောက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
ရှောင်ယွီက ကြောက်လန့်တကြား အော်တော့မယ့်အချိန်မှာ ကျန်းရီရဲ့ လေးနက်သောအသံက ထွက်ပေါ်လာခဲ့သည် "အသံမထွက်နဲ့။ သူကြောက်ပြီးပြန်ဝင်သွားရင် ဒီကိစ္စက ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်!"
အော်တော့မယ့်အသံကို ပြန်မျိုချလိုက်ပြီးတော့ ရှောင်ယွီ က သူမ၏ ကြောက်စိတ်ကို ထိန်းညှိရန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပါတယ်။
ဒါပေမယ့် ကုတင်အောက်ကနေ တွားတွားပြီးထွက်လာတဲ့အရာက ရှောင်ယွီကို ပိုထိတ်လန့်သွားစေခဲ့တယ်။ အထူးသဖြင့် ဦးခေါင်းထွက်လာတဲ့ အချိန်မှာပဲ၊ ကျိုးပဲ့ပြီး ဗလာဖြစ်နေတဲ့ ဦးခေါင်းကြီး၊ ရှောင်ယွီက ကုတင်အောက်မှ ထွက်လာသည့်သူကို ဘယ်လိုလုပ် မသိပဲနေမှာလဲ။!
"ချင်းချင်း"
လွန်ခဲ့သည့်ရက်အနည်းငယ်က ကိုယ့်မျက်နှာကိုယ် လှီးဖြတ်ပြီး အဆောက်အဦးကနေ ခုန်ချကာ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ သူမရဲ့အခန်းဖော်။
ချင်းချင်းက သူမ၏ ရှေ့သို့ တရွေ့ရွေ့ တိုးလာသည်ကို မြင်လိုက်ရသည်နှင့် ရှောင်ယွီ ၏ခန္ဓာကိုယ်က ကြောက်လို့တုန်နေသည်။
သူမသည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ ကျန်းရီအား အကူအညီတောင်းလိုသည့်ပုံ ကြည့်လိုက်သည်။
အဲ့ဒီအချိန် ကျန်းရီက အသံတိုးတိုးဖြင့် "ရှောင်ယွီ၊ သွားပြီး သူမကို ကူညီပေးလိုက်ပါ၊ သူမကို ထိုင်ခုံပေါ် တင်ပေးလိုက် ပြီးရင်သူ့ရှေ့မှာ အဲ့ကြေးမှန်ကို ချထားလိုက်။ စကားမစပ် မင်းမိတ်ကပ်လိမ်းတတ်တယ်မလား?"
"ဟုတ်...ဟုတ်ကဲ့။" ရှောင်ယွီ က ပြန်ပြောသည် ။
"ကောင်းပြီ၊အခု သူမကို မိတ်ကပ်လိမ်းပေးရမယ်။ သူ့မမျက်နှာ ဘယ်လိုပုံစံဖြစ်နေလဲဆိုတာကို စိတ်မပူစရာမလိုဘူး။ အရင်ကလိမ်းနေကြအတိုင်း ပုံမှန်လေးပဲ လိမ်းပေးဖို့လိုတယ်။ နားလည်တယ်မလား?"
ကျန်းရီက ပြောလိုက်တယ်၊ ရှောင်ယွီရဲ့ခေါင်းက ကြက်ဆန်ကောက်သလိုပဲ ညှိတ်ပြလိုက်တယ်။
သို့သော် ချင်ချင်းက သွေးသံတရဲရဲနှင့် ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေသည်ကို ကြည့်နေရင်း သူမကို ကူညီရန် သတ္တိကထွက်မလာသေးပေ။
ကျန်းရီက သူမကို အလျင်စလိုလုပ်ရန် မတိုက်တွန်းတော့ပဲ ကြောက်စိတ်ပြေဖို့ အချိန်နည်းနည်းပေးလိုက်တယ်။
နောက်ဆုံးတွင် ရှောင်ယွီက ကြောက်စိတ်ကို ထိန်းချုပ်ပြီး ဒူးထောက်ကာ ချင်းချင်း၏ လက်မောင်းကို ကိုင်လိုက်သည်။
ချင်းချင်းရဲ့ ဦးခေါင်းက အောက်ကိုအမြဲငုံ့ထားတဲ့အတွက်ကြောင့် သူမ၏မျက်နှာကို လက်ကိုင်ဖုန်းဖြင့် မဖမ်းယူမိခဲ့ပါဘူး။
ရှောင်ယွီက သူမကို မှန်တင်ခုံဆီ ရောက်အောင် ကူညီပေးပြီးတဲ့အခါမှာ အဲ့ကြေးမှန်ကို သူမရှေ့မှာ ထားလိုက်တယ်။
ဒါပေမယ့် ရှောင်ယွီ က ချင်းချင်းရဲ့ မျက်နှာကို တိုက်ရိုက်ကြည့်လိုက်တဲ့အခါမှာ သူမက မျက်ရည်ထွက်မတက် ထိတ်လန့်သွားပြန်သည်။
"ကောင်းပြီ၊ သူမကို မိတ်ကပ်လိမ်းပေးလိုက်တော့။ သေသေချာချာလေး လိမ်းပေးဖို့ မမေ့နဲ့နော်။ ဒီမိန်းကလေးက အသက်ရှင်နေတဲ့အချိန်မှာ လှပခဲ့တယ်ဆိုတော့။ မိတ်ကပ်ကို ကောင်းကောင်းမလိမ်းပေးနိုင်ရင် အားယုရဲ့ရွာကို သွားရလိမ့်မယ်။"
ကျန်းရီပြောသည့်အတိုင်း ရှောင်ယွီက စားပွဲပေါ်ရှိ အလှကုန်ပစ္စည်းများကို အမြန်ကောက်လိုက်ပြီး သွေးစွန်းနေသော မျက်နှာပေါ်တွင် ပေါင်ဒါမှုန့်များကို သုတ်လိုက်သည်။
ပေါင်ဒါလိမ်းပြီးတဲ့နောက် မျက်ခုံးတွေဆွဲ၊ မျက်တောင်မွှေးတပ်၊ နှုတ်ခမ်းနီဆိုး တာတွေ ဆက်လုပ်လိုက်တယ်။
နှုတ်ခမ်းနီဆိုးပြီးတဲ့နောက်မှာ ကျန်းရီ က "သူ့ဆံပင်ကိုလည်း ဖြီးပေးရမယ်။"
"အိုး...အဆင်ပြေပါတယ်။"
ရှောင်ယွီသည် အနည်းငယ် လုပ်ရဲကိုင်ရဲလာသောကြောင့် သူမသည် ယခုအချိန်တွင် အလွန်ကြောက်ပုံမပေါ်ပေ။
သူမက ဘီးကို ကောက်ကိုင်လိုက်ပြီး ချင်းချင်းရဲ့နောက်မှာ ရပ်လိုက်ပြီး ရှုပ်နေတဲ့ ဆံပင်တွေကို တဖြည်းဖြည်းချင်း ဖြီးပေးတယ်။
ရှောင်ယွီက ချင်းချင်းကို မိတ်ကပ်ပြင်ပေးနေတဲ့ချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များ တုန်လှုပ်ခြောက်ခြားနေကြပြီဖြစ်သည်။
အခုအချိန်တွင် ချင်းချင်းရဲ့ဆံပင်ကို ဖြီးနေရင်း ဦးခေါင်းကအနည်းငယ်မော့လာသောအခါ ကြည့်နေသည့်ပရိတ်သတ်များကို ကြက်သီးမွှေးညှင်းများထသွားစေခဲ့သည်။
ဒါပေမယ့် သဘာဝလွန်ဖြစ်ရပ်များကို ညခင်းအချ်ိန်မတော်ရှာဖွေသူများသည် သူရဲကားကြိုက်တဲ့သူများမယ်ဆိုတာ ပြောဖို့မလိုပါဘူး။ ဒါကြောင့် သူတို့အဖို့ ဒီမြင်ကွင်းကို သူရဲကားကြည့်နေရသလို သဘောထားလိုက်ရင် စိတ်ထဲတွင် နေလို့ကောင်းသွားမည်ဖြစ်သည်။
ဆံပင်ကို ဖြီးလိုက်တိုင်း ရှောင်ယွီ ရဲ့လက်ပေါ်မှာ ဆံပင်တွေအများကြီး ကျွတ်ကျလာတယ်။
ဆံပင်တွေ ပိုပိုကျလာတာနဲ့အမျှ ရှောင်ယွီရဲ့ မျက်ရည်တွေကလည်း စိတ်ပျက်လက်ပျက်နဲ့ ပိုပြီးကျလာတာပေါ့။
"ဘာလုပ်ရမှာလဲ စတွင်မာရေ၊ သူ့ဆံပင်တွေက ကျွတ်နေတယ်!"
"ချင်းချင်းက အလှအပကို အရမ်းကြိုက်တာ။ သူက ငါတို့ အဆောင်မှာ အလှဆုံး မိန်းကလေး ဖြစ်ခဲ့ဖူးတယ်။ အခုသူ့ဆံပင်တွေ ကျွတ်အောင်လုပ်တော့ သူငါ့ကို လာခြောက်ရင် ဘယ်လိုလုပ်မလဲ!"
ကျန်းရီရဲ့အမူအရာက မပြောင်းဘဲနဲ့ "ရပါတယ်၊ သူမက နားလည်ပါတယ်၊ ဆံပင်ကိုပဲ ဆက်ဖြီးပါ။ မြန်မြန်လေးတော့လုပ်၊ မကြာခင် မိုးလင်းတော့မယ်"
"ကောင်းပြီ ငါ...သိပါပြီ"
ရှောင်ယွီက သူမပြောတဲ့အတိုင်း ဆက်လုပ်နေပြီး မကြာခင်မှာပဲ ကျွတ်ထွက်သွားတဲ့ ဆံပင်တွေကတဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။
အဲ့ဒီအခိုက်အတန့်မှာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၌ပင် ကြည့်ရှုသူအများအပြားက မှတ်ချက်များ အရူးအမူး ရေးနေကြသည်။
ကြည့်ရှု့သူ A-"ကြည့် ...ကြည့်စမ်း... မျက်နှာက တဖြည်းဖြည်းချင်း ပြောင်းလာတယ်။"
ကြည့်ရှု့သူ B-"မယုံနိုင်လောက်အောင်ပါပဲ၊ တကယ်ကို ..မယုံနိုင်လောက်အောင်ပါပဲ၊ ချင်းချင်း ရဲ့မျက်နှာက တဖြည်းဖြည်း ပြန်ကောင်းလာနေတယ်ဟ!"
ကြည့်ရှု့သူ C-" သူမက တကယ်ကိုလှခဲ့တာပဲ။ စောစောစီးစီးသေသွားရတာ သနားစရာပဲ။ တကယ်ကို သနားစရာပဲ!"
ကြေးမှန်ထဲတွင် အလွန်ချောမောသော မျက်နှာက တဖြည်းဖြည်း ပေါ်လာသည်။ သူမရဲ့ မျက်နှာက သွေးရောင်မသန်းပဲ ဖြူဖပ်ဖြူရော် ဖြစ်နေသည့်တိုင်အောင် သူမရဲ့လှပမှုကို အတိုင်းသားမြင်နေရသေးသည်။
ရှောင်ယွီက သူမ၏ ရင်းနှီးတဲ့ အခန်းဖော်ရဲ့မျက်နှာ လုံးလုံး ပြန်ကောင်းလာတာကို ကြည့်နေရင်းနဲ့ သူမရဲ့ လက်လှုပ်ရှားမှုတွေက နှေးကွေးလာခဲ့တယ်။
သို့သော် ထင်မထားတဲ့အချိန်မှာပဲ၊ ကျန်းရီရဲ့ အလွန်အေးစက်သော အသံက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ထွက်ပေါ်လာသည်။
"ရှေ့တစ်လမ်း တိုးရဲတိုးကြည့်စမ်း!"