← Chapters

မထီမဲမြင်ပြုမှု

Vol. 1 Ch. 13

မထီမဲမြင်ပြုမှု

Vol. 1 Ch. 13

ဒါက ကျန်းရီ ရဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပေမဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေကတော့ သူနဲ့အတူ တစ်ညလုံးရှိနေခဲ့ပါတယ်။

ဒီညမှာ ပထမဆုံး သရဲမျက်နာ အဖြစ်အပျက် ပြီးတော့ အခု ရှောင်ယွီရဲ့ ဒုတိယအကြိမ် ဖုန်းခေါ်ဆိုမှု။

ဒါပေမယ့် အစကနေအဆုံးအထိ ကျန်းရီ အခုလို ဒေါသထွက်တာကို ပထမဆုံးမြင်ဖူးတာပါပဲ။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များနှင့် ရှောင်ယွီတို့က အနည်းငယ်လန့်သွားသည်။ ဒါပေမယ့် မှန်ကို အသေအချာကြည့်လိုက်တဲ့အခါမှာ ရှောင်ယွီရဲ့ နောက်ကွယ်မှာ ဘယ်သူမှမသိလိုက်ဘဲ ရပ်နေတဲ့ ပုံရိပ်တစ်ခုရှိနေသည်ကို တွေ့လိုက်ရတယ်။

အဲ့တာကတော့ အားယုပါ။

အားယု က သူ့လက်ထဲတွင် အသီးအရွက်လှီးတဲ့ဓားတစ်ချောင်းကို ကိုင်ထားသည်။

ဓားကိုလည်း မြှောက်ထားပြီးပါပြီ။ ကျန်းရီရဲ့ ရုတ်တရက်အော်လိုက်တဲ့အသံကြောင့်သာမဟုတ်ပါက ဓားသည် ရှောင်ယွီ ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပေလိမ့်မည်။

ထိုအချိန်တွင် ချင်းချင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် မတ်တတ်ထရပ်လာသည်။

ထိုအချိန်တွင် သူမ၏ မျက်နှာသည် အလွန်ကြောက်စရာကောင်းနေပီး သူမ၏ မျက်လုံးများ၊ နှာခေါင်းနှင့် နားများမှ သွေးတွေထွက်နေတာပေါ့။

အားယုအမြန်နောက်ဆုတ်လိုက်ပြီးတော့ ချင်းချင်းကို ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ကြည့်ကာ “ဒီကနေ ထွက်သွား၊ ဒီကနေ ထွက်သွားစမ်း!”

“အားယု မင်း ဘာလုပ်ချင်တာလဲ!”

ရှောင်ယွီ က အားယုရဲ့လက်ထဲမှာရှိတဲ့ ဓားကိုတွေ့သောအခါ ထိတ်လန့်သွားသည်။

ဒါပေမယ့် အားယုက ရုတ်တရက် တဆတ်ဆတ်တုန်ပြီးတော့ ကြမ်းပြင်ပေါ် ချက်ချင်း လဲကျသွားတယ်။

ရှောင်ယွီက ပြေးလာပြီး “အားယု ထပါအုံး၊ အားယုမင်းဘာဖြစ်နေတာလဲ?”

“ဘယ်လောက်ထိကြာအောင် ဟန်ဆောင်အုံးမှာလဲ”

ကျန်းရီ ၏ အေးစက်သော အသံ ထွက်ပေါ်လာပြန်သည်။ အားယုသည် ကြမ်းပြင်ပေါ်တွင် တဆတ်ဆတ်တုန်နေသေးသော်လည်း အရင်ကထက်တော့ နှေးကွေးသွားသည်။

“အင်တာနက်မှာ ရေပန်းစားနေတဲ့ ဆိုရိုးစကားတစ်ခုရှိတယ်။

သရဲတစ္ဆေတွေက ကြောက်စရာကောင်းပေမယ့် လူတွေရဲ့ နှလုံးသားက ပိုပြီးတော့ကြောက်စရာကောင်းတယ်။

ပထမဆုံးသေတဲ့သူက ချင်းချင်း ဆိုတာကို ရှောင်ယွီက ငါ့ကို ပြောပြတဲ့အခါမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားတာပေါ့။

သူမက ဘာလို့ပထမဆုံး သေဆုံးသွားရတာလဲပေါ့။

ဘယ်လိုပဲ တွေးတွေး အရင်ဆုံးသေရမယ့်လူက မှန်ကိုအရင်ဆုံးသုံးတဲ့ အားယု ဖြစ်သင့်တယ်လေ”

“ဒါပေမဲ့ အခုတော့ ငါနားလည်လိုက်ပြီ ချင်းချင်းက စတေးခံလိုက်ရတာ ။ ချင်းချင်းနဲ့ ရှောင်းလင် နှစ်ယောက်ထဲက ဘာလို့ချင်းချင်းကို ရွေးရတာလဲဆိုရင် ပိုလှလာဖို့အတွက် အလဲအလှယ်လုပ်တဲ့အခါ အလှဆုံးဖြစ်တယ့်သူကိုပဲ စတေးခံရမယ်လေ ဟုတ်တယ်မလား။”

ချင်းချင်းက မင်းတို့ထဲမှာအလှဆုံး ၊ ဒါကြောင့်သူမက အရင်ဆုံး သေဆုံးသွားရတာ။ နောက်ထပ်သိပ်မကြာလိုက်ပါဘူး ရှောင်းလင် အလှည့်လာလိမ့်မည်။ အားယုကတော့ သူမလည်းသေမှာပါ။ ဒါပေမယ့် အဲ့ဒီအရာနဲ့ မူလဇစ်မြစ်ချင်းတူတဲ့အတွက်ကြောင့်မို့လို့ သေရင်တောင်မှ ခပ်ကြာကြာကြာနေရလိမ့်မယ်။

ကျန်းရီ၏ စကားများသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်အားလုံးကို မယုံနိုင်လောက်အောင် ဖြစ်စေခဲ့သည်။ ရှောင်ယွီပင် ကျန်းရီအား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

“စတွင်မာအကိုကြီး၊ ဒါဆို ဒီကစ္စတွေအကုန်လုံးကို အားယုကနောက်ကွယ်ကနေ လုပ်နေတာလို့ မင်းပြောနေတာလား။”

ကြည့်ရှုသူ A-“ဘယ်လိုတောင်လား၊ ဘယ်လိုလူမျိုးက ဒီလောက်ကြောက်စရာကောင်းတဲ့ အကြံဥာဏ်မျိုး ထွက်နိုင်တာလဲ၊ သူမက သရဲတစ္ဆေနဲ့ အပေးအယူလုပ်ခဲ့တာလား။”

ကြည့်ရှု့သူ B-“ဘာအကြောင်းပြချက်မှလည်း မယ်မယ်ရရမရှိပဲနဲ့ ။ သူတို့လေးယောက်ကြားက ဆက်ဆံရေးက အမြဲတမ်း ကောင်းနေတာပဲကို၊ အားယုက ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ”

ကျန်းရီ က စကားမပြောဘဲနဲ့ တဆက်ဆက်တုန်နေဟန်ဆောင်ကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေတဲ့ အားယုကို စိုက်ကြည့်နေတယ်။

“ရှောင်ယွီ၊ ဒီကြေးမှန်ကို အားယုရွာဆီ ယူသွားလိုက်။

ဒီကြေးမှန်က ရွာမှာ တားမြစ်ထားတဲ့ ပစ္စည်းတစ်ခုဆိုတာသေချာတယ်။

အဲ့ရွာက ကလန်ခေါင်းဆောင်ကိုပေးပြီးတော့ အားယုက ဘိုးဘွားခန်းမထဲသို့ ခိုးဝင်ပြီးတော့ ဒီကြေးမှန်ကို ခိုးယူခဲ့ကြောင်းပြောလိုက်။

ဒီအကြောင်းကို ရွာကသိရင်၊ ရိုးရာဓလေ့ကို အရေးထားတဲ့ ရွာတစ်ရွာအနေနဲ့ အားယုရဲ့ ကျူးကျော်ဝင်ရောက်မှုက အကြီးမားဆုံး ကံဆိုးမှုတစ်ခုပဲ၊ ကြေးကြေးမှန်ကို ခိုးယူတာဟာ ခွင့်မလွှတ်နိုင်တဲ့ ရာဇ၀တ်မှုတစ်ခုပဲ။”

ကျန်းရီဒီအကြောင်းပြောနေချိန်မှာပဲ ကြမ်းပြင်ပေါ်က အားယုက ဒေါသတကြီးနဲ့ ရုတ်တရက်အော်လိုက်ပြီး “ပါးစပ်ပိတ်ထား၊ ဒီကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ။ မင်းကဘာလို့ တခြားသူတွေရဲ့ကိစ္စတွေကိုဝင်စွက်ဖက်နေတာလဲ။ဘာလို့လဲ?”

“ရှောင်ယွီက ငါ့ရဲ့ ပရိသတ်ဖြစ်ပြီး ငါ့ကိုအကူအညီတောင်းတဲ့အတွက်၊ သူ့ကို သဘာဝအတိုင်း ငါက ကာကွယ်သွားမှာပဲ။” ကျန်းရီ က ဘာမှမဖြစ်သလို ပြန်ဖြေလိုက်တယ်။

အားယုက သွားများကို အံကြိတ်ကာ အလွန်အေးစက်တဲ့ အသံနဲ့

“သူမက လူကောင်းလို့မင်းထင်လား သူတို့အားလုံးကရော ကောင်းတဲ့လူတွေလို့ထင်လား။ ဟုတ်တယ် အမှန်ပဲ ဘိုးဘွားခန်းမထဲကို ခိုးဝင်ပြီးတော့ ငါ့အဒေါ်ကို ဖိတ်ခဲ့တယ်။

သူမကလည်း ငါ့လိုပဲ သနားစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်။

ငယ်ငယ်တုန်းက အဒေါ်က ရုပ်ဆိုးလို့ အမြဲဒုက္ခရောက်ခဲ့တယ်။

သူမကို လှောင်ပြောင်ခဲ့တယ်။

နောက်ပိုင်းမှာ သူမက သူမရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ ရွာမှာ တဖြည်းဖြည်း နေရာရလာ​တာတောင် သူမက အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့် ဘိုးဘွားခန်းမထဲကို ဝင်ရောက်ခွင့်မရခဲ့ဘူး။

သူမသေဆုံးသွားတဲ့အခါမှာတောင် သူမကို ဘိုးဘေးသချိုင်းမှာ သင်္ဂြိုဟ်ခွင့်မရခဲ့ဘူး။”

“နောက်တော့ အဘိုးဖန်တူးက သူမဟာ ရွာကို အနှေးနဲ့အမြန်ဆိုသလို ဒုက္ခပေးမယ့် ဘေးဥပဒ်ကြယ်ပဲလို့ ပြောတဲ့အတွက် ရွာကလူတွေက သူမကို ရွာနဲ့ဝေးဝေးမှာ သင်္ဂြိုဟ်ခဲ့တယ်။

ဒါကြောင့်ပဲ

ငါ့အဒေါ်က မကျွတ်မလွတ်ခဲ့ဘူး။

ငါ ဘိုးဘွားခန်းမထဲကို ဝင်တဲ့အခါမှာ ငါကသူမလိုပဲ အလှောင်ခံနေရတာကို သူတွေ့လိုက်ရတော့ သူက ငါ့ကို ကူညီခဲ့တယ်။ “

“ရှောင်ယွီ မင်းကိုယ်မင်းမေးကြည့်၊ ငါတို့နှစ်ယောက်အတူတူနေခဲ့တဲ့ နှစ်ပေါင်းများစွာမှာ ငါ့ရဲ့ရုပ်ရည်ကို မင်းဘယ်တုန်းကမှ မရယ်ခဲ့ဖူးဘူးလား၊ မငြင်းပါနဲ့၊ မင်းငါနဲ့ရှိတုန်းက အပေါ်ယံတွေပဲ လုပ်နေတာ ငါသိတယ်။ ငါနဲ့ တကယ်သူငယ်ချင်းဖြစ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူးမလား။

ငါနဲ့အတူတွဲနေမှ မင်းဟာ ငါ့ထက်သာပြီး ငါ့ထက် ပိုလှတယ်ဆိုတာ မင်းပြနိုင်မှာပေါ့!”

“မင်းနဲ့အတူရှိနေသရွေ့ ငါ့ကိုဘယ်သူမှ သတိမထားမိဘူး!”

အားယု အဲ့ဒီအကြောင်းတွေပြောတဲ့အခါမှာ သူမရဲ့အမူအရာက တော်တော်ကြီးကို ရုပ်ဆိုးပန်းဆိုးဖြစ်နေခဲ့တယ်။

ဒါပေမယ့် မကြာခင်မှာပဲ သူမဟာ ချင်းချင်းကို မကြောက်မလန့် လှောင်ရယ်လိုက်ပြီး “ပြီးတော့မင်း၊ မင်းက အဆိုးဆုံးပဲ၊ ငါ ဝူချန်းကို ကြိုက်နေတာလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်၊ ဘာလို့လဲ… ဘာလို့မင်းက သူ့ရည်းစားဖြစ်ချင်နေသေးတာလဲ။ ခွေးမ!”

“အခုလိုသေပြီးတော့ သရဲဖြစ်လာရင်တောင် မင်းငါ့ကိုဘာလုပ်နိုင်မှာလဲ ဟားဟားဟား၊ အိပ်မက်မက်နေလိုက်! ငါ့အဒေါ်က မင်းငါ့ကိုဒုက္ခပေးမှာကို ကြည့်နေမှာမဟုတ်ဘူး၊ မင်းငါ့အိပ်ရာအောက်မှာ နေ့တိုင်းပုန်းနေရပြီးတော့ မင်းငါ့အနားကိုကပ်နိုင်တဲ့အရည်အချင်းတောင် မရှိဘူး… ဟားဟားဟား!”

အားယု၏ စကားလုံးများသည် မောက်မာပြီးတော့၊ အလွန်ဆိုးရွား ကြမ်းတမ်းလှသည်။

အရူးအမူးရယ်မောပြီးနောက် သူမက ကျန်းရီကိုကြည့်ကာ “ပြီးတော့မင်း သူများကိစ္စဝင်ရှုပ်တက်တဲ့ သောက်ရူး ၊ တစ္ဆေလူသတ်တာက ငါနဲ့မဆိုင်ဘူး။ မှန်ကို ငါယူလာတာမှန်ပေမဲ့ မှန်ထဲမှာ သရဲတစ္ဆေရှိတယ်ဆိုတာ ငါတကယ်မသိခဲ့ဘူး” ဟားဟားဟား”

ပြောဆိုပြီးနောက်တွင် အားယုက ဂုဏ်ယူစွာဖြင့် နှုတ်ခမ်းကို မြှောက်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ သူမရဲ့ရုပ်ဆိုးသောမျက်နှာကို ကြည့်ပြီးတော့ မရေတွက်နိုင်သောလူများ ဒေါသတကြီးနဲ့- “ သေစမ်း ၊ လုရန်အနုပညာအကယ်ဒမီကျောင်း ဟုတ်တယ်မလား၊ မင်းနာမည်က အားယု ဟုတ်တယ်မလား၊ ငါ မင်းကျောင်းကိုလာပြီး မင်းပါးစပ်လာဆွဲဖြဲမှာကို စောင့်နေလိုက်​!”

ကြည့်ရှု့သူ A-“ငါသည်းမခံနိုင်တော့ဘူး။ ဒီကမ္ဘာမှာ ဒီလိုအရှက်မဲ့တဲ့မိန်းမ ဘယ်လိုရှိနိုင်မှာလဲ၊ သူမက တခြားသူတွေအပေါ် မနာလိုဖြစ်ပြီးတော့ စိတ်ဓာတ်ကလည်းမကောင်း၊ အခြားသူတွေကို အပြစ်လိုက်ပုပ်ချနေတာ။”

ကြည့်ရှု့သူ B-“ ဒေါသတွေတောင်ထွက်လာပြီ၊ စတွင်မာရေ…သူမကို တစ်ခုခုလုပ်ပါဦး!”

ကျန်းရီ က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး “စိတ်မကောင်းပါဘူး၊ အသက်ရှင်သူတွေရဲ့ ကိစ္စတွေက ငါ့ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘူး။ ရှောင်ယွီ မင်းအဖွားကို ကျေးဇူးတင်ရမယ်။ သူမမရှိရင် ကြေးမှန်မှာရှိတဲ့ အားယုရဲ့အဒေါ်က ရှောင်းလင် နဲ့ မင်းကို သတ်ပစ်လိမ့်မယ်။”

သူစကားဆုံးသည်နှင့် ရှောင်ယွီက အံ့အားသင့်သွားသည်။

အားယုရဲ့ အမူအရာက အေးခဲသွားပြီးတော့ သူမ တုန်လှုပ်သွားကာ “နင်ဘာတွေပြောနေတာလဲ၊ နင်ဘာမဟုတ်တာတွေပြောနေတာလဲ!”

“ဒီအဆောင်ထဲမှာ ရော အဲဒီမှန်ထဲမှာ ဘာသရဲတစ္ဆေမှ မရှိဘူး။” လို့ ငြင်းလေသည်။

ကျန်းရီ အေးအေးဆေးဆေးစကားပြောပြီးသောအခါ၊ ချင်းချင်းက ရုတ်တရက် လှုပ်ရှားသွားသည်။

သူမက အားယု၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဆိုသလို ခုန်ဝင်သွားသည်။ အားယုရဲ့ ခန္ဓာကိုယ်က တစ်ခဏ အေးခဲသွားပြီးတော့ ကြေးမှန်ကိုယူပြီး အပြင်ကို အပြေးအလွှားပြေးထွက်ခဲ့သည်။

ဒါတွေအားလုံးက မြန်လွန်းလို့ ရှောင်ယွီတောင် ဘာမှတုန်​့ပြန်ချိန်မရလိုက်ပါဘူး။

“ရှောင်ယွီ သူ့နောက်ကိုပြေးလိုက်။ ဘယ်အရာမဆိုလုပ်တဲ့သူကပဲ တန်ရာတန်ကြေးကို ပြန်ပေးဆပ်ရမယ်။ ငါက အသက်ရှင်သူတွေရဲ့အရေးကို မထိန်းချုပ်နိုင်ပေမယ့် တစ်စုံတစ်ယောက်က လုပ်နိုင်တယ်။”

ကျန်းရီပြောပြီးသည်နှင့် ရှောင်ယွီက သူမနောက်ကို အပြေးလိုက်နေပြီဖြစ်သည်။

All Chapters