စွမ်းအားကြီးသော အဖွား
Vol. 1 Ch. 14
ရှောင်ယွီက အားယုရဲ့နောက်ကို လိုက်ခဲ့ပေမဲ့ ဖုန်းကို အဆောင်ထဲမှာပဲ ထားခဲ့တယ်။
အပြင်မှာ မှောင်နေဆဲဖြစ်ပြီး ရှောင်းလင်ကတော့ အဆောင်ထဲမှာ နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေဆဲဖြစ်သည်။
ဖုန်းက မှန်တင်ခုံပေါ်မှာ ရှိနေတုန်းပါပဲ။ ကျန်းရီကဖုန်းကို သူမနဲ့အတူ ယူမသွားဖို့ တောင်းဆိုခဲ့တဲ့အတွက်ကြောင့်ပါပဲ။
နွေးထွေးပြီးအလွန်ကြင်နာပုံရတဲ့ မျက်နှာနဲ့ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ပေါ်လာခဲ့တယ်။
သူမပြုံးလိုက်တဲ့အခါ သူ့မမျက်နှာပေါ်ရှိ အရေးအကြောင်းများ တစုတစည်းတည်း ဖြစ်ကာ ခါးကလည်း ကုန်းနေပြီးတော့ ခေါင်းမှာလည်း ဆံပင်ဖြူများ ပြည့်နေသည်။
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်။"
အဘွားကြီးသည် ကျန်းရီဘက်သို့ ဦးညွှတ်လျက်ကျေးဇူးတင်နေသည်ကို တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားနေရသည်။
သူမသည် ရှောင်ယွီ၏ အဖွားဖြစ်သည်။
ကျန်းရီက သူမကို အသာအယာခေါင်းခါပြီး ပြုံးကာ "အဖွား၊ အမြန်ဆုံး လူဝင်စားဖို့လုပ်တော့။ ငရဲကိုသွားတဲ့လမ်းက မလွယ်ပေမယ့် အဖွားက သာမာန်လူမဟုတ်တဲ့အတွက် လမ်းမှာရှိတဲ့ အရာလေးတွေက အဖွားကိုထိခိုက်စေနိုင်မှာ မဟုတ်ဘူး။"
"ဟုတ်ပါပြီ၊ လူငယ်လေးကို ဒုက္ခပေးမိလို့ စိတ်မကောင်းပါဘူး၊ မဟုတ်ရင် ဒီကိစ္စက အဖွားအတွက် ဖြေရှင်းဖို့ သိပ်လွယ်မှာ မဟုတ်ဘူး။"
အဖွားသည် ကြင်နာသောအပြုံးဖြင့် ပြောလိုက်သည်။ အဲ့အချိန်ကြမှ ပရိတ်သတ်တွေက သတိဝင်လာသည်။
သူမရဲ့ အဖွားက မထွက်သေးဘဲ ဒီမှာပဲ နေသေးတာကို ကျန်းရီက ယခုပင် ရှောင်ယွီကို ညာလိုက်ခြင်းဖြစ်သည်။
နောက်တော့မှ တရားခံ အားယုရဲ့ အဒေါ်ကို ဘာလို့ တစ်ခါမှ မတွေ့လိုက်ရဘူး ဆိုတာကို အားလုံး နားလည်သွားကြတယ်။
အဲဒီအဒေါ်ဆိုတဲ့လူကို အဖွားက ထိန်းသိမ်းထားပုံရသည်။ သူမ ကွယ်လွန်ခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သော်လည်း သူမ၏ အစွမ်းအစက မနှစ်ကမှ ဆုံးပါးသွားခဲ့သော အဖွားထက် နိမ့်ကျနေပုံရသည်။
အဖွားရဲ့ပြုံးနေသော မျက်နှာကို ကြည့်ပြီးတော့ပရိသတ်တွေက ကြောက်ရွံ့မှုကို မခံစားရဘဲနဲ့ ဆန့်ကျင်ဘက်အနေနဲ့ သူတို့တစ်ဦးချင်းစီက - "စတွင်မာရေ အဖွားကို နှုတ်ဆက်တယ်လို့ ကူပြောပေးပါ။
ကြည့်ရှု့သူ A-"ဟုတ်တယ်စတွင်မာရေ၊ ကျေးဇူးပြုပြီး အဖွားကို နှုတ်ဆက်တယ်လို့ပြောပေးပါ ပြီးတော့ သူ့ကို ဘာကြောင့် ဒီလောက် တန်ခိုးကြီးနေတာလဲဆိုတာ မေးပေးပါအုံး။ အားယုရဲ့ မိသားစုထဲက အဲဒီနှစ်ချို့သရဲကိုတောင် ကိုင်တွယ်နိုင်တာဆိုတော့!"
ကျန်းရီက ပရိသတ်တွေရဲ့ စကားများကို အဖွားကို တဆင့်ပြောလိုက်တယ်။ အဖွားက ပြုံးလိုက်ပြီးတော့ "အဖွားလည်းမသိဘူး အဖွားဆုံးတော့ လူပြန်ဝင်စားဖို့ နည်းလမ်း ရှာမတွေ့ဘဲနဲ့ အဖွားမြေးလေးရဲ့နေရာကို တစ်ခါတည်းရောက်လာတာ။"
“အဲ့အချိန်တုန်းက ဘုန်းဘုန်းက သူမဒီနှစ်ထဲမှာ ဒုက္ခရောက်နိုင်တယ်လို့ မိန့်ကြားခဲ့ဖူးတယ်။ ဒါကြောင့်မို့ မထွက်သွားခင်မှာ ကူညီဖြေရှင်းခဲ့ပေးဖို့ စဉ်းစားခဲ့တယ်။
ခုတော့ သူမအဆင်ပြေသွားပါပီ။
ငါ့မြေးလေးက ဒီဘဝမှာ သူ့ကိုကူညီဖို့ သူတော်ကောင်းတွေရှိလိမ့်မယ်လို့ အဖွားမမျှော်လင့်ထားခဲ့ဘူး။
ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်။ “
အဖွားက တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို ဦးညွှတ်လိုက်ပြီး ကျန်းရီ က “အဘွား၊ ဒီလိုမလုပ်ပါနဲ့။
ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေက အဖွားဦးညွတ်တာကို မခံနိုင်ကြဘူး။
ဒါပေမယ့် အလေးအနက်ပြောရရင် အဖွားဘဝမှာ ဘာတွေလုပ်ခဲ့လို့။ အခုလို သရဲဘဝနဲ့တောင်မှ ကောင်းချီးတွေက များပြားနေရတာလဲ။ အဖွားသာ လူဝင်စားလိုက်ရင် နောက်ဘဝမှာ ဘာဖြစ်မလဲတောင် မတွေးနိုင်ဘူး"လို့
ကျန်းရီက မေးပေမယ့် အဖွားက မေ့သွားပြီလို့ ဖြေတယ်၊ ဒါပေမယ့် ကျန်းရီကဆက်မေးတာပေါ့။
အဖွားက "ဘာပဲဖြစ်ဖြစ် ငါ့ဘဝမှာ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးသလို ဘယ်သူ့ကိုမှ မနာလိုခဲ့ဖူးဘူး။
သူများတွေငါ့ကိုအနိုင်မကျင့်မချင်း သူတို့ဘာပြောပြော အဖွားကပြုံးပြလိုက်တယ်။
ကိုယ့်ကိုကိုယ်အတွက်သာ အသက်ရှင်နေလိုက်တယ်။
အိမ်မှာရှိတဲ့အခါလည်း တခြားသူတွေရဲ့ကိစ္စထဲမှာ မပါဝင်ပါဘူး၊ သူတို့လိုရင် ကူညီပေးလိုက်တယ်၊ ဒါပါပဲ။”
အဖွားက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြီးတော့ ကျန်းရီကလည်း ပြုံးပြီး ခေါင်းညိတ်ပြပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာလည်း ရှားရှားပါးပါး စည်စည်ကားကား ရှိနေတယ်။
ကြည့်ရှု့သူ A-"အဖွားက လောကကြီးကို၊ စစ်မှန်တဲ့ အဓိပ္ပါယ်နဲ့ရှင်သန်နေတာပဲ!"
ကြည့်ရှု့သူ B-"ဟုတ်တယ် အဖွား၊ ဒါကမှ စစ်မှန်တဲ့နေထိုင်မှုပဲ၊ ဒါကို ဘဝပညာလို့ခေါ်တယ်"
ကျန်းရီက ပရိတ်သတ်တွေရဲ့ စကားကို အဖွားကို ပြန်ပြောသည် ။ အဖွားက လက်ကိုဝှေ့ယမ်းပြီး အနည်းငယ်ရှက်နေပုံရသည်။
ဒါပေမယ့် မနက်မိုးလင်းခါနီးအရောက်မှာတော့ အဖွားက သက်ပြင်းချပြီးတော့ “ကောင်ပြီ ကလေးတို့ အဖွား သွားပြီ… အင်း ဒီတစ်ခါတော့ တကယ်သွားရတော့မှာ ဒါပေမယ့် သွားဖို့ဝန်လေးနေတယ်”
အဖွားက စကားပြောနေရင်းနဲ့ ရှောင်ယွီရဲ့ စောင်ကို လက်နှင့်ထိလိုက်တယ်၊ ကျန်းရီက ခေါင်းညှိတ်လိုက်ပြီးတော့
"ကောင်းပါပြီ အဖွား၊ ဂရုတစိုက်နဲ့သွားပါ။ ပြီးတော့သွားတဲ့လမ်းမှာ နောက်ကိုပြန်မကြည့်ဖို့ မမေ့ပါနဲ့၊ လမ်းမှာဘာပဲတွေ့တွေ့ နောက်ပြန်လှည့်မကြည့်ဖို့ ဂရုစိုက်ပါ။ ပြီးတော့ အဲ့ဒီကမိန်းမတစ်ယောက်နဲ့တွေ့တဲ့အခါ သူဘာပြောပြော ဂရုမစိုက်ပါနဲ့။"
အဖွားက ကျန်းရီ ကို လေးလေးနက်နက် ကြည့်ပြီးတော့ ဟုတ်ကဲ့လို့ ပြုံးပြပြီး ပျောက်ကွယ်သွားတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက နှစ်စက္ကန့် သို့မဟုတ် သုံးစက္ကန့်လောက် တိတ်ဆိတ်သွားကာ နောက်ဆုံးတွင် ပထမဆုံး ကွန်မန့် ပေါ်လာသည်။
ကြည့်ရှုသူ C-"စတွင်မာ အဖွားကို ဘဝကူးခိုင်းလို့မရဘူးလား အဖွားက တကယ်ကို ကြင်နာတတ်တဲ့သူပါ"
ကြည့်ရှု့သူ D-"အဖွားရဲ့ နောက်ဆုံးစကားက မျက်ရည်တောင် နည်းနည်းစို့သွားစေတယ်။ ဟူး.....ငါ့အဖွားကိုတောင် လွမ်းလာတယ်"
ကြည့်ရှု့သူ E-"ငါရောပဲ ၊မနက် လက်မှတ်ဝယ်ပြီး အိမ်ပြန်အုံးမယ်။ အဖွားတို့ကို နောက်ဆုံးအကြိမ် ဖုန်းခေါ်ခဲ့တာ နှစ်လလောက်ရှိပြီ။"
တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ လူတော်တော်များများ မျက်ရည်စို့နေကြပေမယ့် အခြေအနေကောင်းနေတဲ့အတွက်ကြောင့် ကျန်းရီကတော့ ပြုံးနေမြဲပါပဲ။
"ကောင်းပြီ၊ အားလုံး စိတ်အေးအေးထားကြပါအုံး။ ဒီညကတော့ ကြောက်စရာကောင်းပြီး ရင်ထဲထိတဲ့ကိစ္စတွေ ကြုံတွေ့ခဲ့ရပြီးပြီ ပင်လည်းပင်ပန်းနေပီ။ မနက်လည်းမိုးလင်းတော့မှာမို့ ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာပဲ အဆုံးသတ်လိုက်တော့မယ်။ ညနေစောင်းရင်တော့ မစ္စတာဝူနဲ့ ရှောင်ယွီက ငါတို့ကို နောက်ဆုံးရလဒ်ကို ပေးနိုင်မယ်လို့ထင်တယ်။"
ကျန်းရီ က ပြုံးပြုံးရွှင်ရွှင်နဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲကို ကျယ်ကျယ်လောင်လောင် ပြောလိုက်တယ်။
သို့သော် အဲ့ဒီအချိန်မှာပဲ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ဖုန်းခေါ်ဆိုသံ ရုတ်တရက်ထွက်ပေါ်လာသည်။
ကျန်းရီက ဖုန်းကိုကြည့်လိုက်ပြီးတော့ "မိုးတောင်လင်းတော့မယ်၊ နောက်ထပ်ဖြစ်ရပ်အသစ်တော့ မဖြစ်နိုင်ဘူး မလား"
ကြည့်ရှု့သူ A-"စတွင်မာ၊ ဘာလို့ဖုန်းမကိုင်တာလဲ။ ငါထင်တာတော့ မင်းဖြေရှင်းနိုင်တဲ့ပြဿနာကို လူတော်တော်များများက မဖြေရှင်းနိုင်ဘူး"
ကြည့်ရှု့သူ B-"ဟုတ်တယ် စတွင်မာ ၊ ကိုင်လိုက်ပါ"
"ငါးလိုရေသောက်"က ငရဲဘုရင်ရဲ့ အမိန့် ၁၀ခုကို ပေးခဲ့သည်။"
ငါးလိုရေသောက်-"စတွင်မာ၊ မင်းက ငါမြင်ဖူးသမျှထဲမှာ အတော်ဆုံးလူပဲ။ မင်း ပင်ပန်းနေမှန်း ငါသိပေမဲ့ ဘာပြောမလဲဆိုတာ ခဏ နားထောင်ကြည့်လိုက်ပါလား။"
ကျန်းရီက ပြုံးပြီးတော့ "ကောင်းပြီ၊ ဒါဆို ငါဖုန်းကိုင်ပြီးတော့ နားထောင်ကြည့်လိုက်မယ်"
ဖုန်းကိုင်ပြီးနောက် ကျန်းရီစကားမပြောရန် အချိန်မရသေးမီ ဖုန်း၏အခြားတစ်ဖက်မှ အသံတစ်ခုထွက်လာသည်။
"စတွင်မာအစ်ကိုရေ အရမ်းနောက်ကျသွားပြီလား။"
ဖုန်းပြောသံကိုကြားတော့ ကျန်းရီ က "ပြဿနာကို ဖြေရှင်းဖို့ အရမ်းနောက်ကျနေပြီ၊ ဒါပေမယ့် မင်းအရင်ဆုံး ပြဿနာအကြောင်းကို ပြောပြထားလို့ရတယ်။ ည ရှစ်နာရီမှာ တွေ့မယ်။ အဲ့အချိန် ဖြေရှင်းရတာ ပိုအဆင်ပြေလိမ့်မယ်။ သြော် ဒါနဲ့၊ ဒါ မင်းနာမည် ဘယ်လိုခေါ်လဲ”
"ကောင်းပြီ၊ ငါ ဒါကို တိုတိုတုပ်တုပ် ပြောပါရစေ... ဒီဒီ... ဒီဒီဒီ..."
ဖုန်းခေါ်သံ ရုတ်တရက် ရပ်သွားသည်။